Unicode Version
စစ်မှန်သော ယုံကြည်ခြင်းသည် သင်၏ စိတ်ခံစားချက်ထက် ပိုပါသည်။
ရှင်ယာကုပ်ဩဝါဒစာ ၂:၁၅-၁၇ “ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊
နေ့တိုင်းစားရသောအစာ မရှိသောအခါ၊ သင်တို့တွင် တစုံတယောက်သောသူက၊
ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော
အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိ သနည်း။ ထိုနည်းတူ၊ အကျင့်နှင့်ကင်းသော
ယုံကြည်ခြင်းသည် တပါးတည်းရှိသောကြောင့် အသေဖြစ်၏။”
အမေရိကန်ပြည်ထောင်စုတွင်
ခန့်မှန်းခြေ လူဉီးရေ သန်း၄၀ ကျော်တို့သည် လက်ရှိတွင် အလက်လက်မဲ့ ဖြစ်ကြပါ တယ်။ သူတို့ထဲက လူတစ်ချို့တို့သည်
အစာကို လိုအပ်နေကြပြီး တချို့ကတော့ သူတို့၏ အိမ်ငှားရမ်းခြင်း (သို့) ပေါင်းနှံခြင်းအတွက်
မည်သို့ပေးချေရမလဲဆိုတာကို စဉ်းစားနေကြပါတယ်။ တခြားသောသူတွေအတွက် အထောက်အပံ့ပေးမှုတို့တွင်
သူတို့တွေ ပါဝင်နိုင်ကြောင်းနှင့် သူတို့ကို မမေ့ထားကြောင်းကို သူတို့သိဖို့ လိုအပ်ပါ
တယ်။
သူတို့၏ အခြေအနေတွေ အားလုံးအတွက် ကျွန်ုပ်တို့တွေ ဘယ်လို ဝမ်းနည်းရကြောင်းကို ပြောရုံနဲ့တော့ မလုံလောက်ပါ။ (သို့) အပ်ကြောင်းထပ်၍ ဟန်ပြလုပ်သောအရာတွေကို messanger/tweet
ပို့ခြင်းတွေ နှင့် မလုံလောက်ပါဘူး။
ဝမ်းနည်းမှုကို
စာနာမျှဝေခံစားခြင်းသည် မလုံလောက်ပါ။ သူတို့ တကယ့် အကူအညီ လိုအပ်နေပါတယ်။
ရှင်ယာကုပ်
ဆိုထားသည်မှာ စစ်မှန်သော ယုံကြည်ခြင်းသည် ကောင်းသော ဆုတောင်းမေတ္တာပြုထာထက် ပိုပါသည်။ အကယ်၍ အစာရေစာ တောင်းခံဖို့ရန် တန်းစီနေတဲ့ လူတစ်ယောက်ယောက်ဆီ သင်သွားပြီး “သင့်အတွက် ခံစားရပါတယ်။ အားတင်းထားပါ .. မစိုးရိမ်ပါနဲ့…
ပျော်ပျော်နေပါ” လို့သင်ပြောခဲ့တဲ့ အတွေးကို မြင်ယောင်ကြည့်လိုက်ပါ။ ၎င်းသည် ဆိုးဝါးတဲ့အခြေအနေမှာ
မည်ကဲ့သို့ အနှစ်သာရမရှိ ၊ ပေါ့တန်သောစကား ဖြစ်စေသလား။ သူတို့တွေက သင်၏စကားလုံးတို့ကို
မလိုအပ်ပါ။ အစာကိုသာ လိုအပ်ပါတယ်။
စစ်မှန်သော ယုံကြည်ခြင်းသည် လက်တွေ့ကျပါတယ်။ ဒါသည် လူတို့၏ လိုအပ်ချက်တွေ၌ ပါဝင်ဖို့ ဖြစ်ပါတယ်။
ဤကဲ့သို့သော
ယုံကြည်ခြင်းမျိုးကို သခင်ခရစ်တော် သာဓကပြခဲ့ပြီးဖြစ်တယ်။ ကျွန်ုပ်တို့၏ နာကျင်ခြင်းများနှင့်
အကျပ်အတည်း ပြသနာတို့ကို သခင်ခရစ်တော် ထပ်တူခံစားခဲ့ရုံမကပါဘူး။ ဘုရားသခင်နှင့် ကျွန်ုပ်တို့ကို
ဝေးကွာစေတဲ့ အပြစ်တရားနှင့်ဆိုင်သော တစ်စုံတစ်ခုကိုလည်း လုပ်ဆောင်ဖို့ရန် လောကသို့
ကြွလာခဲ့ပါ တယ်။ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၃:၁၆ “ခရစ်တော်သည် ငါတို့အဘို့အလိုငှါ အသက်တော်ကို စွန့်တော်မူသည် အရာကို
ငါတို့သည် ထောက်၍၊ မေတ္တာတော်ကို သိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်း တို့အဘို့အလိုငှါ
အသက်ကိုစွန့်ရကြ၏။”
သင်၏
လူမှုအဖွဲ့အစည်းရှိ လူများ၏ နာကျင်ခံစားရမှုပေါ် သင်တုံ့ပြန်သောအရာသည် သင်၏ယုံကြည်ခြင်းကို
တလောကလုံးကို ဖော်ပြပေးပါလိမ့်မည်။ ဉပမာအားဖြင့် Saddleback အသင်းတော်က အစားအစာ ဖြန့်ဖြူးမှုကို
ဆောင်ရွက်ခဲ့ပါတယ်။ ၎င်းအရာများထဲမှ ကျွန်ုပ်တို့တွေ တစ်နေ့ကို မိသားစုပေါင်း ၈၄၀ ကို
ကျွေးနိုင်ခဲ့ပါတယ်။ သင်၏ အသင်းတော်သည်လည်း အလားတူ တစ်စုံတစ်ရာကို လုပ်ဆောင်ခဲ့ပြီးဖြစ်နေမည်။
သို့သော် ယခုအချိန်တွင် အသင်းတော်တိုင်း ဤသို့ပြုခဲ့ပါလျှင် မည်သို့ဖြစ်မည်ကို တွေးမြင်ကြည့်လိုက်ပါ။
စစ်မှန်သော
ယုံကြည်ခြင်းသည် သနားကြင်နာမှုကို ဖြစ်ပေါ်စေပါတယ်။ ၎င်းသည် “သင်တို့၏ ဝန်ထုပ်ဝန်ပိုးကို ငါကူညီမည် ၊ သခင်ခရစ်တော် ရှိသော
ချစ်ခြင်းမေတ္တာကို ငါပြမည်” လို့ပြောခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ လုပ်ဆောင်သည့်အရာတွေအားဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို
တွေ့မြင်နိုင်သည်။
ဆင်ခြင်ရန်
-
သင် ယခု လိုအပ်နေသူလား။ သင်၏ အသင်းတော်ဆီသွားပြီး သူတို့ မည်သည့် ပံ့ပိုးမှု ပြုနိုင်မလဲဆိုတာကို
မေးမြန်းပါ။
-
သင် ၊ သင့်အဖွဲ့ ၊ သင့် အသင်းတော်တို့သည် ယခုတွင် မည်သို့သော
တိကျသောနည်းလမ်း (သို့) နောက်ထပ် နည်းလမ်း တစ်ခုခုဖြင့် နာကျင်ခံစားနေရသော လူတို့ကို
ကူညီနိုင်ပါသနည်း။ ဉပမာ တစ်စုံတစ်ယောက်၏ ကုန်ကျစရိတ်တစ်ခုခုကို ဖြေရှင်းဖို့ရန် သင်ကူညီနိုင်မလား။
ကုန်စုံဆိုင်သို့ မသွားနိုင်သော quarantine ဝင်နေသူတွေ ၊ သက်ကြီးရွယ်အိုတွေကို သင်ကူညီနိုင်ပါသလား။ ကလေးသူငယ် စောင့်ရှောက်ခြင်းတွင်
ကူညီခြင်း (သို့) အသေးစား စီးပွားရေးတစ်ခု ပိတ်သိမ်းခြင်းမှ ပြန်မတ်လာအောင် ကြိုးစားနေတာကို
အထောက်အပံ့ ပေးခြင်း တွေ၌ တစ်စုံတစ်ယောက်ကို ကူညီလျှင်ကော။
-Covid-19
ကပ်ရောဂါက ကျွန်ုပ်တို့ကို သီးသန့်ဖြစ်စေတဲ့အတွက်ကြောင့် လူတော်တော်များများ ကြောင့်ကြမှု
၊ စိတ်ဓါတ်ကျမှုတွေ နှင့် ပူဆွေးမှုတွေဖြင့် ရုန်းကန်နေရပါတယ်။ မတရား စော်ကားမှုတွေ
၊ နိုင်ထက်စီး နှင်းပြုမှုတွေက နောက်ထပ် ပြသနာတစ်ခု ဖြစ်နေပါတယ်။
-
စိတ်ထိခိုက်မှုတွေကို အထောက်အမဖြစ်ဖို့ (သို့) စိတ်ရောဂါဆိုင်ရာ
ကျန်းမာရေး အရင်းအမြစ်ကို လိုအပ်နေသူများဆီ သင်၊ သင့်အဖွဲ့ကလေး ၊ သင့်အသင်းတော် အနေဖြင့်
မည်သို့သော နည်းလမ်းတွေဖြင့် ကမ်းလှမ်းနိုင်မည်နည်း။ (ဗီဒီယို ၊ အထောက်အကူအဖွဲ့များ
၊ ကိရိယာဖြင့် ကူးယူးနိုင်သော ၊ download လုပ်နိုင်သော အရာများအပါအဝင် စိတ်ကျန်းမာရေးနှင့်
ပတ်သက်သော လက်တွေ့ကျသော အရင်းအမြစ်များကို ရှာဖွေရန်
Kay Warren’s website (http://kaywarren.com/mentalhealth/?roi=echo7-37397573078-55621714-361dfeebaba9f948b76c205865e6e467&) သို့ဝင်ပါ။
- Saddleback အသင်းတော်က အလုပ်အတွက် ရှာဖွေတဲ့လူတွေကို
ပြင်ဆင်ကူညီမှုတွေ (သို့) တခြား အသက်မွေးဝမ်းကျောင်း တစ်ခုခုကို ပြောင်းလဲဖို့ရန် ကြိုးစားနေတဲ့သူတွေကို
------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်
career coaching workshops (https://thepeaceplan.com/careercoachingkit-access/?roi=echo7-37397573078-55621715-9c4edf0ae1c89718c084a82681cb0d9e) ကမ်းလှမ်းမှုတွေ ပေးပါတယ်။ လူတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန်လည်ရပ်တည်ဖို့ရန် မည်သို့သော နည်းလမ်းဖြင့် သင်ကူညီပေးနိုင်မည်နည်း။ အသင်းတော်ရှိ အလုပ်အကိုင်ရှိနေသော လူ (သို့) အသင်းအဖွဲ့ရှိ အလားအလာရှိသော အလုပ်ရှင်တွေကို သင်မည်သို့ ခွဲခြားသိမြင်နိုင်ပါသနည်း။