စစ်မှန်သော ယုံကြည်ခြင်းသည် စကားလုံးတွေထက် ပိုပါသည်။

Unicode Version

စစ်မှန်သော ယုံကြည်ခြင်းသည် စကားလုံးတွေထက် ပိုပါသည်။

ရှင်ယာကုပ်ဩဝါဒစာ ၂:၁၄ “ငါ့ညီအစ်ကိုတို့၊ တစုံတယောက်သောသူက၊ ငါသည်ယုံကြည်ခြင်းရှိ၏ဟုပြောလျက်၊ အကျင့်ကို မကျင့် ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။

အမေရိကန်ပြည်တော်စုတွင် မိမိကိုယ်ကို ခရစ်ယာန်လို့ ပြောကြသူတွေ အများကြီးရှိပါတယ်။ တကယ်တော့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုများအရ ၇၀ ရာခိုင်နှုန်းက ဤအချက်ကို အခိုင်အမာဆိုထားပါတယ်။

ဤလူအများတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကိုးစားယုံကြည်ခြင်းအားဖြင့် မဟုတ်ဘဲ မိမိကိုယ်ပိုင် စည်းမျဉ်းများနှင့်အညီ အသက်ရှင်နေထိုင်လျက်ရှိပါတယ်။ သူတို့ပြောသော သူတို့၏ယုံကြည်ခြင်းအကြောင်းနှင့် နေထိုင် အသက်ရှင်မှုတွေက လမ်းကြောင်းမတူညီပါ။ စစ်မှန်သော ယုံကြည်ခြင်းသည် သူတို့ပြောသော စကားလုံး တွေထက် သာလွန်ပါတယ်။

အဲဒီအစား ကျွန်ုပ်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ကတတ်သောသူဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ သို့ပေမဲ့ ၎င်းအရာက ကျွန်ုပ်စတင်ပြီး မကဘူးဆိုလျှင် မှန်ကန်မှု မဖြစ်နိုင်ပါဘူး။ မမှန်ကန်ဘူးဆိုတာကိုလည်း သင်သိ ပါတယ်။

ယုံကြည်ခြင်းရှိတယ်လို့ ဆိုလိုက်ခြင်းသည် မှန်ကန်တယ်လို့ အဓိပ္ပါယ်မဟုတ်ပါ။ ဤအရာကို ရှင်ယာကုပ် ကျမ်းတွင် ဖော်ပြထားပါတယ်။  ရှင်ယာကုပ်ဩဝါဒစာ ၂:၁၄ “ငါ့ညီအစ်ကိုတို့၊ တစုံတယောက်သော သူက၊ ငါသည် ယုံကြည်ခြင်းရှိ၏ဟုပြောလျက်၊ အကျင့်ကို မကျင့် ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။”

ကျွန်ုပ်တို့၏ စကားအားဖြင့် ကယ်တင်ခြင်းရသည်လို့ ရှင်ယာကုပ်ဆိုထားခြင်း မဟုတ်ပါ။ သခင်ခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ ကယ်တင်ခြင်းရသည် ဟု သမ္မာကျမ်းစာက ရှင်လင်းစွာ ဖော်ပြထားပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့၏ သဘောထားများနှင့် လုပ်ရပ်များသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို သက်သေပြသင့် ပါသည်။

၎င်းသည် ယုံကြည်ခြင်းအတု နှင့် စစ်မှန်သော ယုံကြည်ခြင်းတို့ကြားက ခြားနားခြင်းဖြစ်ပါတယ်။ ဤကပ်ရောဂါ နှင့် ဆူပူအုံကြွမှု ကာလတွင် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အစစ်အမှန်ဖြစ်သင့်ပါသည်။ ၎င်းအဖြစ်အပျက်များ ကို ကျွန်ုပ်တို့၏တုံ့ပြန်မှုက ကျွန်ုပ်တို့၏ ကြောက်ရွံ့ခြင်းများမှ မဟုတ်ဘဲ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းမှ လာသင့် ပါသည်။ ဤအချိန်သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို လုပ်ဆောင်ရန် အချိန်ဖြစ်ပါတယ်။

သမ္မာကျမ်းစာတွင် ဘုရားသခင်၏ ကတိတော် ထောင်ပေါင်းများစွာ ရှိပါတယ်။ အခုအချိန်တွင် တည်ငြိမ်ပြီး ခိုင်ခံ့မြဲမြံဖို့ ဤကတိတော်တွေ သင်လိုအပ်ပါတယ်။ သို့ပေမဲ့ ဤကတိတော်တွေကို ရရှိရန် ဘုရားသခင်ကို အပြည့်အဝ ယုံကြည်ဖို့ လိုအပ်ပါမည်။ ၎င်းသည် အသက်တာကို ပြောင်းလဲခြင်းနှင့် ဖြေကြားခံရသော ဆုတောင်းခြင်းဆီ ဉီးတည်စေမည့် ယုံကြည်ခြင်းမျိုး ဖြစ်ပါတယ်။ ၎င်းသည် သင့်အား ကယ်တင်ပေးမည့် ယုံကြည်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် သင်၌ စစ်မှန်တဲ့ ယုံကြည်ခြင်းရှိတယ်ဆိုတာ မည်ကဲ့သို့ သိနိုင်မည်နည်း။ အသက်တာ၏ အကြီးမားဆုံးသော ဖိအားတွေကို ကြံ့ကြံ့ခံနိုင်မည်ကို မည်ကဲ့သို့ သိနိုင်မည်နည်း။ သင်၏ လုပ်ရပ်တွေကို ကြည့်ပြီး သင်ယုံကြည်တဲ့အရာကို သူတစ်ပါး ထောက်ခံခြင်းရှိမရှိ စမ်းသပ်ပါ။

ဤသို့ပြုလျှင် ခရစ်တော်၌ အပြစ်တစ်စုံတစ်ရာ မရှိဆိုတဲ့ သတင်းကောင်းကို သတိရပါ။ သင်၏ ယုံကြည်ခြင်းက စစ်မှန်မှု မရှိခဲ့ဘူးလို့ တွေးမြင်ပါလျှင် ၎င်းအကြောင်းအရာကို ဘုရားသခင်ထံပြောပါ။ သင်ယုံကြည်သော အရာ အတိုင်း သင်အသက်ရှင်နေထိုင်ခြင်း မပြုခဲ့ဘူးလို့ သူ့အားပြောပါ။ ယခုပင် ၎င်းကို တည့်မတ်ချင်ပါပြီလို့ ဘုရားသခင်အားပြောပါ။ ပြီးတော့ သင့်အသက်တာကို ဘုရားမည်ကဲ့သို့ စတင်ပြောင်းလဲမည်ကို စောင့်ကြည့်ပါ။

 ဆင်ခြင်ရန်

- COVID-19 ကပ်ရောဂါ ကာလအတွင်း မည်ကဲ့သို့သော နည်းလမ်းများမှ စစ်မှန်သော ယုံကြည်ခြင်းကို ကျွန်ုပ်တို့ပြနိုင်မည်နည်း။

- သင်၏ ယုံကြည်ခြင်းသည် စကားလုံးထက် သာလွန်ပါသလား။ မည်သို့သော နည်းလမ်းတွေက သင်ပြောသော သင်၏ယုံကြည်ရာသည် သင်၏အသက်တာဖြင့် ထပ်တူညီပါသနည်း။ မည်သို့သော နည်းလမ်းတွေဖြင့် သင် ပြောင်းလဲဖို့ရန် လိုအပ်ပါသနည်း။

- မဿဲ ၇:၂၁ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” ဤကျမ်းပိုဒ်သည် ယနေ့ Devotinal နှင့်မည်ကဲ့သို့ ဆက်စပ်ပါသနည်း။

 ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ ကယ်တင်ခံရပြီ။

ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်အားဖြင့် ကယ်တင်ခံရသည်ဟု ရှင်ယာကုပ် မဆိုထားပါ။ သခင်ခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ ကယ်တင်ခံရတယ်လို့ သမ္မာကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထားပါတယ်။

ဧဖက် ၂:၈-၉ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလို အလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင် တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။”

သို့ပေမဲ့ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြောင်းလဲစေပြီး ကျွန်ုပ်တို့၏ သဘောထားများနှင့် အပြုအမူများသည် ဘုရားသခင်ကို ယုံကြည်ကိုးစားကြောင်း ထင်ရှားစေပါသည်။ ဧဖက် ၂:၁၀ “အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။

သခင်ခရစ်တော်၌ သင်၏ယုံကြည်ချက်ကို တစ်ခါမှ ကိုးစားခြင်းမရှိပါလျှင် ယခုအချိန်သည် လုပ်ဆောင်ဖို့ အချိန်ဖြစ်ပါတယ်။ မည်သို့ရှာဖွေရမလဲဆိုရင် "What Does It Mean to Follow Christ? ဆိုတဲ့ ဗီဒီယိုကို ကြည့်ပါ။


---------------------------------------------------------------------------------------------


Zawgyi Version

စစ္မွန္ေသာ ယုံၾကည္ျခင္းသည္ စကားလုံးေတြထက္ ပိုပါသည္။

ရွင္ယာကုပ္ဩဝါဒစာ ၂:၁၄ “ငါ့ညီအစ္ကိုတို႔၊ တစုံတေယာက္ေသာသူက၊ ငါသည္ယုံၾကည္ျခင္းရွိ၏ဟုေျပာလ်က္၊ အက်င့္ကို မက်င့္ ဘဲေနလွ်င္ အဘယ္အက်ိဳးရွိသနည္း။ ထိုယုံၾကည္ျခင္းသည္ ထိုသူကို ကယ္တင္ႏိုင္သေလာ။”


အေမရိကန္ျပည္ေတာ္စုတြင္ မိမိကိုယ္ကို ခရစ္ယာန္လို႔ ေျပာၾကသူေတြ အမ်ားႀကီးရွိပါတယ္။ တကယ္ေတာ့ မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈမ်ားအရ ၇၀ ရာခိုင္ႏႈန္းက ဤအခ်က္ကို အခိုင္အမာဆိုထားပါတယ္။ 


ဤလူအမ်ားတို႔သည္ ဘုရားသခင္၏ႏႈတ္ကပတ္ေတာ္ကို ကိုးစားယုံၾကည္ျခင္းအားျဖင့္ မဟုတ္ဘဲ မိမိကိုယ္ပိုင္ စည္းမ်ဥ္းမ်ားႏွင့္အညီ အသက္ရွင္ေနထိုင္လ်က္ရွိပါတယ္။ သူတို႔ေျပာေသာ သူတို႔၏ယုံၾကည္ျခင္းအေၾကာင္းႏွင့္ ေနထိုင္ အသက္ရွင္မႈေတြက လမ္းေၾကာင္းမတူညီပါ။ စစ္မွန္ေသာ ယုံၾကည္ျခင္းသည္ သူတို႔ေျပာေသာ စကားလုံး ေတြထက္ သာလြန္ပါတယ္။


အဲဒီအစား ကြၽႏ္ုပ္သည္ ကမာၻေပၚတြင္ အေကာင္းဆုံး ကတတ္ေသာသူျဖစ္တယ္လို႔ ဆိုႏိုင္ပါတယ္။ သို႔ေပမဲ့ ၎အရာက ကြၽႏ္ုပ္စတင္ၿပီး မကဘူးဆိုလွ်င္ မွန္ကန္မႈ မျဖစ္ႏိုင္ပါဘူး။ မမွန္ကန္ဘူးဆိုတာကိုလည္း သင္သိ ပါတယ္။


ယုံၾကည္ျခင္းရွိတယ္လို႔ ဆိုလိုက္ျခင္းသည္ မွန္ကန္တယ္လို႔ အဓိပၸါယ္မဟုတ္ပါ။ ဤအရာကို ရွင္ယာကုပ္ က်မ္းတြင္ ေဖာ္ျပထားပါတယ္။  ရွင္ယာကုပ္ဩဝါဒစာ ၂:၁၄ “ငါ့ညီအစ္ကိုတို႔၊ တစုံတေယာက္ေသာ သူက၊ ငါသည္ ယုံၾကည္ျခင္းရွိ၏ဟုေျပာလ်က္၊ အက်င့္ကို မက်င့္ ဘဲေနလွ်င္ အဘယ္အက်ိဳးရွိသနည္း။ ထိုယုံၾကည္ျခင္းသည္ ထိုသူကို ကယ္တင္ႏိုင္သေလာ။”


ကြၽႏ္ုပ္တို႔၏ စကားအားျဖင့္ ကယ္တင္ျခင္းရသည္လို႔ ရွင္ယာကုပ္ဆိုထားျခင္း မဟုတ္ပါ။ သခင္ခရစ္ေတာ္၌ ယုံၾကည္ျခင္းအားျဖင့္ ကြၽႏ္ုပ္တို႔ ကယ္တင္ျခင္းရသည္ ဟု သမၼာက်မ္းစာက ရွင္လင္းစြာ ေဖာ္ျပထားပါတယ္။ သို႔ေပမဲ့ ကြၽႏ္ုပ္တို႔၏ သေဘာထားမ်ားႏွင့္ လုပ္ရပ္မ်ားသည္ ကြၽႏ္ုပ္တို႔၏ ယုံၾကည္ျခင္းကို သက္ေသျပသင့္ ပါသည္။


၎သည္ ယုံၾကည္ျခင္းအတု ႏွင့္ စစ္မွန္ေသာ ယုံၾကည္ျခင္းတို႔ၾကားက ျခားနားျခင္းျဖစ္ပါတယ္။ ဤကပ္ေရာဂါ ႏွင့္ ဆူပူအုံႂကြမႈ ကာလတြင္ ကြၽႏ္ုပ္တို႔၏ ယုံၾကည္ျခင္းသည္ အစစ္အမွန္ျဖစ္သင့္ပါသည္။ ၎အျဖစ္အပ်က္မ်ား ကို ကြၽႏ္ုပ္တို႔၏တုံ႔ျပန္မႈက ကြၽႏ္ုပ္တို႔၏ ေၾကာက္႐ြံ႕ျခင္းမ်ားမွ မဟုတ္ဘဲ ကြၽႏ္ုပ္တို႔၏ ယုံၾကည္ျခင္းမွ လာသင့္ ပါသည္။ ဤအခ်ိန္သည္ ကြၽႏ္ုပ္တို႔၏ ယုံၾကည္ျခင္းကို လုပ္ေဆာင္ရန္ အခ်ိန္ျဖစ္ပါတယ္။


သမၼာက်မ္းစာတြင္ ဘုရားသခင္၏ ကတိေတာ္ ေထာင္ေပါင္းမ်ားစြာ ရွိပါတယ္။ အခုအခ်ိန္တြင္ တည္ၿငိမ္ၿပီး ခိုင္ခံ့ၿမဲၿမံဖို႔ ဤကတိေတာ္ေတြ သင္လိုအပ္ပါတယ္။ သို႔ေပမဲ့ ဤကတိေတာ္ေတြကို ရရွိရန္ ဘုရားသခင္ကို အျပည့္အဝ ယုံၾကည္ဖို႔ လိုအပ္ပါမည္။ ၎သည္ အသက္တာကို ေျပာင္းလဲျခင္းႏွင့္ ေျဖၾကားခံရေသာ ဆုေတာင္းျခင္းဆီ ဉီးတည္ေစမည့္ ယုံၾကည္ျခင္းမ်ိဳး ျဖစ္ပါတယ္။ ၎သည္ သင့္အား ကယ္တင္ေပးမည့္ ယုံၾကည္ျခင္း ျဖစ္ပါတယ္။ 


ဒါေၾကာင့္ သင္၌ စစ္မွန္တဲ့ ယုံၾကည္ျခင္းရွိတယ္ဆိုတာ မည္ကဲ့သို႔ သိႏိုင္မည္နည္း။ အသက္တာ၏ အႀကီးမားဆုံးေသာ ဖိအားေတြကို ႀကံ့ႀကံ့ခံႏိုင္မည္ကို မည္ကဲ့သို႔ သိႏိုင္မည္နည္း။ သင္၏ လုပ္ရပ္ေတြကို ၾကည့္ၿပီး သင္ယုံၾကည္တဲ့အရာကို သူတစ္ပါး ေထာက္ခံျခင္းရွိမရွိ စမ္းသပ္ပါ။ 


ဤသို႔ျပဳလွ်င္ ခရစ္ေတာ္၌ အျပစ္တစ္စုံတစ္ရာ မရွိဆိုတဲ့ သတင္းေကာင္းကို သတိရပါ။ သင္၏ ယုံၾကည္ျခင္းက စစ္မွန္မႈ မရွိခဲ့ဘူးလို႔ ေတြးျမင္ပါလွ်င္ ၎အေၾကာင္းအရာကို ဘုရားသခင္ထံေျပာပါ။ သင္ယုံၾကည္ေသာ အရာ အတိုင္း သင္အသက္ရွင္ေနထိုင္ျခင္း မျပဳခဲ့ဘူးလို႔ သူ႔အားေျပာပါ။ ယခုပင္ ၎ကို တည့္မတ္ခ်င္ပါၿပီလို႔ ဘုရားသခင္အားေျပာပါ။ ၿပီးေတာ့ သင့္အသက္တာကို ဘုရားမည္ကဲ့သို႔ စတင္ေျပာင္းလဲမည္ကို ေစာင့္ၾကည့္ပါ။


ဆင္ျခင္ရန္

- COVID-19 ကပ္ေရာဂါ ကာလအတြင္း မည္ကဲ့သို႔ေသာ နည္းလမ္းမ်ားမွ စစ္မွန္ေသာ ယုံၾကည္ျခင္းကို ကြၽႏ္ုပ္တို႔ျပႏိုင္မည္နည္း။

- သင္၏ ယုံၾကည္ျခင္းသည္ စကားလုံးထက္ သာလြန္ပါသလား။ မည္သို႔ေသာ နည္းလမ္းေတြက သင္ေျပာေသာ သင္၏ယုံၾကည္ရာသည္ သင္၏အသက္တာျဖင့္ ထပ္တူညီပါသနည္း။ မည္သို႔ေသာ နည္းလမ္းေတြျဖင့္ သင္ ေျပာင္းလဲဖို႔ရန္ လိုအပ္ပါသနည္း။

- မႆဲ ၇:၂၁ “သခင္၊ သခင္ဟု ငါ့ကိုေလွ်ာက္ေသာသူတိုင္း ေကာင္းကင္ႏိုင္ငံေတာ္သို႔ ဝင္ရလိမ့္မည္မဟုတ္။ ေကာင္းကင္ဘုံ၌ ရွိေတာ္မူေသာ ငါ့ခမည္းေတာ္၏အလိုကို ေဆာင္ေသာသူသာလွ်င္ ဝင္ရလိမ့္မည္။” ဤက်မ္းပိုဒ္သည္ ယေန႔ Devotinal ႏွင့္မည္ကဲ့သို႔ ဆက္စပ္ပါသနည္း။


ယုံၾကည္ျခင္းအားျဖင့္ ကြၽႏ္ုပ္တို႔ ကယ္တင္ခံရၿပီ။

ကြၽႏ္ုပ္တို႔၏ လုပ္ေဆာင္ခ်က္အားျဖင့္ ကယ္တင္ခံရသည္ဟု ရွင္ယာကုပ္ မဆိုထားပါ။ သခင္ခရစ္ေတာ္၌ ယုံၾကည္ျခင္းအားျဖင့္ ကြၽႏ္ုပ္တို႔ ကယ္တင္ခံရတယ္လို႔ သမၼာက်မ္းစာက ရွင္းလင္းစြာ ေဖာ္ျပထားပါတယ္။

ဧဖက္ ၂:၈-၉ “ယုံၾကည္ေသာအားျဖင့္ ေက်းဇူးေတာ္ေၾကာင့္ ကယ္တင္ျခင္းသို႔ ေရာက္ရ၏။ ကိုယ္အလို အေလ်ာက္ ေရာက္သည္မဟုတ္။ ဘုရားသခင္ သနားေတာ္မူရာျဖစ္သတည္း။ ကိုယ္ကုသိုလ္ေၾကာင့္ ကယ္တင္ ေတာ္မူျခင္းသို႔ ေရာက္သည္မဟုတ္။ သို႔ျဖစ္၍ အဘယ္သူမွ် ဝါႂကြားစရာ အခြင့္မရွိ။”


သို႔ေပမဲ့ ကြၽႏ္ုပ္တို႔၏ ယုံၾကည္ျခင္းအားျဖင့္ ဘုရားသခင္သည္ ကြၽႏ္ုပ္တို႔ကို ေျပာင္းလဲေစၿပီး ကြၽႏ္ုပ္တို႔၏ သေဘာထားမ်ားႏွင့္ အျပဳအမူမ်ားသည္ ဘုရားသခင္ကို ယုံၾကည္ကိုးစားေၾကာင္း ထင္ရွားေစပါသည္။ ဧဖက္ ၂:၁၀ “အဘယ္ေၾကာင့္နည္းဟူမူကား၊ ငါတို႔သည္ ေကာင္းေသာအက်င့္တို႔ကို က်င့္ရမည္အေၾကာင္း၊ ေယရႈခရစ္၌ ျပဳျပင္၍ ဖန္ဆင္းေတာ္မူရာျဖစ္ၾက၏။ ထိုေကာင္းေသာ အက်င့္တို႔၌ ငါတို႔သည္ က်င္လည္ရမည္ အေၾကာင္း၊ ဘုရားသခင္သည္ ငါတို႔ကို ျပင္ဆင္ေတာ္မူႏွင့္ၿပီ။”


သခင္ခရစ္ေတာ္၌ သင္၏ယုံၾကည္ခ်က္ကို တစ္ခါမွ ကိုးစားျခင္းမရွိပါလွ်င္ ယခုအခ်ိန္သည္ လုပ္ေဆာင္ဖို႔ အခ်ိန္ျဖစ္ပါတယ္။ မည္သို႔ရွာေဖြရမလဲဆိုရင္ "What Does It Mean to Follow Christ? ဆိုတဲ့ ဗီဒီယိုကို ၾကည့္ပါ။