သင်၏ရဲရင့်ခြင်းက မယုံကြည်သူတွေကို ဘုရားသခင်ထံ ဆွဲခေါ်စေပါတယ်။

Unicode Version

သင်၏ရဲရင့်ခြင်းက မယုံကြည်သူတွေကို ဘုရားသခင်ထံ ဆွဲခေါ်စေပါတယ်။

ဒံယေလအနာဂတ္တိကျမ်း ၆:၂၆ “ငါအစိုးရသော တနိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ၏ ဘုရားသခင်ကို ကြောက်ရွံရိုသေ ကြကုန်ဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထို ဘုရားသခင်သည် အသက်ရှင်တော်မူသောဘုရား၊ နိစ္စထာဝရတည်တော်မူသော ဘုရားဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်း သို့ မရောက်နီုင်။ အာဏာ စက်တော်လည်း အစဉ်အဆက်တည်လိမ့်မည်။”

လူတိုင်း သရော်လှောင်ပြောင်ကြတဲ့အခါ သင်သိထားသော ဘုရားသခင် အလိုတော်ရှိပြီး မျှော်လင့်သော အရာအတွက် တစ်ခါတစ်ရံ ရပ်တည်ပေးဖို့ ခက်ခဲပါတယ်။

သို့ပေမဲ့ သင်လုပ်ဆောင်တဲ့အခါမှာ မယုံကြည်သူတွေကို ဘုရားသခင်ထံ ဆွဲခေါ်စေပါလိမ့်မည်။

ဤအရာကို ဒံယေလ၏ အသက်တာတွင် သင်တွေ့မြင်ပါမည်။  ဒါရိမင်းကြီး၏ ဆင်းတုကို ကိုးကွယ် မည့်အစား ဘုရားသခင်အတွက် ရဲဝံ့စွာ ရပ်တည်ပြီး စစ်မှန်သော ဘုရားကို လူသိရှင်ကြား ကိုးကွယ်ခဲ့တဲ့အခါတွင် ဆာလောင်နေတဲ့ခြင်္သေ့ တွင်းထဲသို့ ပစ်ချခံခဲ့ရပါတယ်။ သို့ပေမဲ့ မကြာသေးခင်က တင်ပြဖူးခဲ့တဲ့ devotional တွင် ဘုရားသခင် ဒံယေလကို ကယ်တင်ပေးခဲ့ပါတယ်။

ဘုရင် ဒါရိမင်းကြီးသည် ဤအချက်ကို မှတ်ယူခဲ့ပါတယ်။

သမ္မာကျမ်းစာ ပြောထားသည်မှာ ဒံယေလအနာဂတ္တိကျမ်း ၆:၂၅-၂၈ ထိုအခါ မြေကြီးတပြင်လုံးတွင် အရပ်ရပ်တို့၌ နေ၍၊ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ၏။ စာချုပ်ဟူမူကား၊ သင်တို့၌ ငြိမ်ဝပ် ချမ်းသာခြင်း များပြားစေ သော။ ငါအစိုးရသော တနိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ၏ ဘုရားသခင်ကို ကြောက်ရွံရိုသေ ကြကုန်ဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထိုဘုရားသခင်သည် အသက်ရှင်တော်မူသောဘုရား၊ နိစ္စထာဝရတည်တော်မူသော ဘုရားဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်။ အာဏာ စက်တော်လည်း အစဉ်အဆက်တည်လိမ့်မည်။ မစကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကောင်းကင်မြေကြီး၌ နိမိတ်လက္ခဏာ၊ အံ့ဩဘွယ်တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလကို ခြင်္သေ့လက်မှ ကယ်လွှတ် တော်မူသော ဘုရားသခင်သည် ထိုသို့သော ဘုရားဖြစ် တော်မူ၏ဟု အမိန့်တော်ရှိ၏။

ထိုသို့ဒံယေလသည်ဒါရိမင်းကြီး လက်ထက်၌၎င်း၊ ပေရသိ အမျိုးကုရုမင်းကြီး လက်ထက်၌၎င်း ကောင်းစားလျက် နေ၏။

တခြားသော ဘုရားကို ကိုးကွယ်သော ဘုရင်တွေသည် ဤကဲ့သို့သော အမိန့်ကို မထုတ်ပြန်ကြပါဘူး။ ဒါရိမင်းကြီးသည် စစ်မှန်သော တစ်ဆူတည်းသော ဘုရားနောက် လျှောက်လှမ်းသောသူ ဖြစ်လာခြင်းမှာ ထင်ရှားပေါ်လွင်ပါတယ်။ ခက်ခဲလွန်းတဲ့ အခြေအနေအလယ်တွင် ဒံယေလသည် ဘုရားသခင်အတွက် ရပ်တည်ပြီး ရဲရင့်ခဲ့ ကြောင်းကို ဒံယေလ ပြခဲ့ပါတယ်။ သူ၏ ဘုရားသခင်အတွက် သက်သေဖြစ်ခြင်းက ထိုဘုရင်ကို ဘုရားသခင် နောက်သို့ လိုက်ဖို့ခြင်းအရာ၌ ဆုံးဖြတ်ချက်ပြုဖို့ရန် ဉီးတည်စေခဲ့ပါတယ်။

သင်ဘယ်ကိုဘဲ ရောက်နေပါစေ သင်နှင့် ပတ်သက်သောအရာတွင် ဘုရားသခင်အတွက် ရပ်တည်တဲ့အခါမှာ တခြားသူတွေ သတိပြုမိစေ ပါလိမ့်မည်။

စစ်မှန်စွာ ရဲရင့်ပါ။ ရဲရင့်မှုကို ဘုရားသခင် ဂုဏ်ပြုပါသည်။ လူတွေကို ဘုရားသခင်ထံ ဆွဲခေါ်ပါ။

ဆင်ခြင်ရန်

- မယုံကြည်သူတွေကို ဘုရားသခင်ထံ ခေါ်ဆောင်ခြင်းတွင် သတ္တိရှိရှိပြုမူခြင်းသည် ဘာကြောင့်များ အလွန်အစွမ်းထက်ပါသနည်း။

-တိကျသော ရဲစွမ်းသတ္တိရှိသည့် လုပ်ရပ်က မည်သည့်အချိန်၌ သခင်ယေရှုနှင့် သင်ပိုပြီး ရင်းနှီးစေပါသနည်း။

-ဘုရားသခင်အား ယုံကြည်ကိုးစားရန်နှင့် တခြားသူများအား ဘုရားသခင်ထံ ပို့ဆောင်ရာ၌ ရဲစွမ်းသတ္တိရှိရန် သင့်အား ဘုရားသခင် မည်သို့ လမ်းပြပါသနည်း။



------------------------------------------------------------------------------------


Zawgyi Version

သင္၏ရဲရင့္ျခင္းက မယုံၾကည္သူေတြကို ဘုရားသခင္ထံ ဆြဲေခၚေစပါတယ္။

ဒံေယလအနာဂတၱိက်မ္း ၆:၂၆ “ငါအစိုးရေသာ တႏိုင္ငံလုံးတြင္ ရွိေနေသာ သင္တို႔သည္ ဒံေယလ၏ ဘုရားသခင္ကို ေၾကာက္႐ြံ႐ိုေသ ၾကကုန္ဟု ငါအမိန္႔ေတာ္ရွိ၏။ အေၾကာင္းမူကား၊ ထို ဘုရားသခင္သည္ အသက္ရွင္ေတာ္မူေသာဘုရား၊ နိစၥထာဝရတည္ေတာ္မူေသာ ဘုရားျဖစ္ေတာ္မူ၏။ ႏိုင္ငံေတာ္သည္ ပ်က္စီးျခင္း သို႔ မေရာက္ႏီုင္။ အာဏာ စက္ေတာ္လည္း အစဥ္အဆက္တည္လိမ့္မည္။”

လူတိုင္း သေရာ္ေလွာင္ေျပာင္ၾကတဲ့အခါ သင္သိထားေသာ ဘုရားသခင္ အလိုေတာ္ရွိၿပီး ေမွ်ာ္လင့္ေသာ အရာအတြက္ တစ္ခါတစ္ရံ ရပ္တည္ေပးဖို႔ ခက္ခဲပါတယ္။
သို႔ေပမဲ့ သင္လုပ္ေဆာင္တဲ့အခါမွာ မယုံၾကည္သူေတြကို ဘုရားသခင္ထံ ဆြဲေခၚေစပါလိမ့္မည္။

ဤအရာကို ဒံေယလ၏ အသက္တာတြင္ သင္ေတြ႕ျမင္ပါမည္။  ဒါရိမင္းႀကီး၏ ဆင္းတုကို ကိုးကြယ္ မည့္အစား ဘုရားသခင္အတြက္ ရဲဝံ့စြာ ရပ္တည္ၿပီး စစ္မွန္ေသာ ဘုရားကို လူသိရွင္ၾကား ကိုးကြယ္ခဲ့တဲ့အခါတြင္ ဆာေလာင္ေနတဲ့ျခေသၤ့ တြင္းထဲသို႔ ပစ္ခ်ခံခဲ့ရပါတယ္။ သို႔ေပမဲ့ မၾကာေသးခင္က တင္ျပဖူးခဲ့တဲ့ devotional တြင္ ဘုရားသခင္ ဒံေယလကို ကယ္တင္ေပးခဲ့ပါတယ္။
ဘုရင္ ဒါရိမင္းႀကီးသည္ ဤအခ်က္ကို မွတ္ယူခဲ့ပါတယ္။

သမၼာက်မ္းစာ ေျပာထားသည္မွာ ဒံေယလအနာဂတၱိက်မ္း ၆:၂၅-၂၈ “ထိုအခါ ေျမႀကီးတျပင္လုံးတြင္ အရပ္ရပ္တို႔၌ ေန၍၊ အသီးသီးအျခားျခားေသာ ဘာသာစကားကို ေျပာေသာ လူမ်ိဳးတကာတို႔ရွိရာသို႔ အမိန္႔ေတာ္စာႏွင့္ ေစလႊတ္ေတာ္မူ၏။ စာခ်ဳပ္ဟူမူကား၊ သင္တို႔၌ ၿငိမ္ဝပ္ ခ်မ္းသာျခင္း မ်ားျပားေစ ေသာ။ ငါအစိုးရေသာ တႏိုင္ငံလုံးတြင္ ရွိေနေသာ သင္တို႔သည္ ဒံေယလ၏ ဘုရားသခင္ကို ေၾကာက္႐ြံ႐ိုေသ ၾကကုန္ဟု ငါအမိန္႔ေတာ္ရွိ၏။ အေၾကာင္းမူကား၊ ထိုဘုရားသခင္သည္ အသက္ရွင္ေတာ္မူေသာဘုရား၊ နိစၥထာဝရတည္ေတာ္မူေသာ ဘုရားျဖစ္ေတာ္မူ၏။ ႏိုင္ငံေတာ္သည္ ပ်က္စီးျခင္းသို႔ မေရာက္ႏိုင္။ အာဏာ စက္ေတာ္လည္း အစဥ္အဆက္တည္လိမ့္မည္။ မစကယ္တင္ျခင္း ေက်းဇူးကို ျပဳေတာ္မူ၏။ ေကာင္းကင္ေျမႀကီး၌ နိမိတ္လကၡဏာ၊ အံ့ဩဘြယ္တို႔ကို ျဖစ္ေစေတာ္မူ၏။ ဒံေယလကို ျခေသၤ့လက္မွ ကယ္လႊတ္ ေတာ္မူေသာ ဘုရားသခင္သည္ ထိုသို႔ေသာ ဘုရားျဖစ္ ေတာ္မူ၏ဟု အမိန္႔ေတာ္ရွိ၏။
ထိုသို႔ဒံေယလသည္ဒါရိမင္းႀကီး လက္ထက္၌၎၊ ေပရသိ အမ်ိဳးကု႐ုမင္းႀကီး လက္ထက္၌၎ ေကာင္းစားလ်က္ ေန၏။”

တျခားေသာ ဘုရားကို ကိုးကြယ္ေသာ ဘုရင္ေတြသည္ ဤကဲ့သို႔ေသာ အမိန႔္ကို မထုတ္ျပန္ၾကပါဘူး။ ဒါရိမင္းႀကီးသည္ စစ္မွန္ေသာ တစ္ဆူတည္းေသာ ဘုရားေနာက္ ေလွ်ာက္လွမ္းေသာသူ ျဖစ္လာျခင္းမွာ ထင္ရွားေပၚလြင္ပါတယ္။ ခက္ခဲလြန္းတဲ့ အေျခအေနအလယ္တြင္ ဒံေယလသည္ ဘုရားသခင္အတြက္ ရပ္တည္ၿပီး ရဲရင့္ခဲ့ ေၾကာင္းကို ဒံေယလ ျပခဲ့ပါတယ္။ သူ၏ ဘုရားသခင္အတြက္ သက္ေသျဖစ္ျခင္းက ထိုဘုရင္ကို ဘုရားသခင္ ေနာက္သို႔ လိုက္ဖို႔ျခင္းအရာ၌ ဆုံးျဖတ္ခ်က္ျပဳဖို႔ရန္ ဉီးတည္ေစခဲ့ပါတယ္။

သင္ဘယ္ကိုဘဲ ေရာက္ေနပါေစ သင္ႏွင့္ ပတ္သက္ေသာအရာတြင္ ဘုရားသခင္အတြက္ ရပ္တည္တဲ့အခါမွာ တျခားသူေတြ သတိျပဳမိေစ ပါလိမ့္မည္။
စစ္မွန္စြာ ရဲရင့္ပါ။ ရဲရင့္မႈကို ဘုရားသခင္ ဂုဏ္ျပဳပါသည္။ လူေတြကို ဘုရားသခင္ထံ ဆြဲေခၚပါ။

ဆင္ျခင္ရန္
- မယုံၾကည္သူေတြကို ဘုရားသခင္ထံ ေခၚေဆာင္ျခင္းတြင္ သတၱိရွိရွိျပဳမူျခင္းသည္ ဘာေၾကာင့္မ်ား အလြန္အစြမ္းထက္ပါသနည္း။
-တိက်ေသာ ရဲစြမ္းသတၱိရွိသည့္ လုပ္ရပ္က မည္သည့္အခ်ိန္၌ သခင္ေယရႈႏွင့္ သင္ပိုၿပီး ရင္းႏွီးေစပါသနည္း။
-ဘုရားသခင္အား ယုံၾကည္ကိုးစားရန္ႏွင့္ တျခားသူမ်ားအား ဘုရားသခင္ထံ ပို႔ေဆာင္ရာ၌ ရဲစြမ္းသတၱိရွိရန္ သင့္အား ဘုရားသခင္ မည္သို႔ လမ္းျပပါသနည္း။