သင်၏စိတ်နှလုံးကို ရှာဖို့ရန် ဘုရားသခင်အား တောင်းလျှောက်ပါ။

Unicode Version

သင်၏စိတ်နှလုံးကို ရှာဖို့ရန် ဘုရားသခင်အား တောင်းလျှောက်ပါ။ By Grietje Commelin

ဆာလံ ၁၃၉:၂၃ “အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍၊ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ် အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက်သည်ကို ကြည့်ရှု၍၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။”

ဒါဝိလ်မင်းကြီးသည် ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးရှိပါတယ်။ ဘုရားသခင်ကို သိခြင်း အကြောင်းနှင့် စပ်လျဉ်းပြီး သီချင်းတစ်ပုဒ်ကို ရေးသားခဲ့ပါတယ်။ ဆာလံ ၁၃၉:၄ “အကျွန်ုပ်သည် စကားတခွန်းကိုမျှ မမြွက်သော် လည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူ၏။”

ပထမဆုံးအမြင်အားဖြင့် ကြည့်လျှင် ကျွန်ုပ်တို့ကို စိတ်အနှောင့်အယှက် ဖြစ်စေပါမည်။ ကျွန်ုပ်တို့ ဘာမှ မပြောခင်မှာတောင် ကျွန်ုပ်တို့စဉ်းစာပြီး ပြောဆိုမည့်အရာအားလုံးတို့ကို တစ်စုံတစ်ယောက်က သိတယ်ဆိုတော့ … အဓိပ္ပါယ်က ကျွန်ုပ်တို့ ရှက်ကြောက်ခြင်းမရှိသောအရာများအပါအဝင် အရာအားလုံးတို့ကို ဘုရားသခင်ထံမှ ကွယ်ဝှက်ထားလို့ မရမှန်းကို ဆိုလိုပါသည်။

သို့ပေမဲ့ ၎င်းအရာသည် ဒါဝိလ်မင်းကြီးကို အနှောင့်အယှက် မဖြစ်သလိုမျိုး မြင်ရပါတယ်။ ဆန့်ကျင်ဘက် အနေဖြင့် ဘုရားသခင်အား သူ၏စိတ်နှလုံးကို သိဖို့ရန်နှင့် ရှာဖို့ရန်   အတိအလင်း တောင်းဆိုထားပါတယ်။ အတွေ့အကြုံများမှ အပြစ်များကို ဘုရားသခင်ထံမှ ဖုံးကွယ်ရန် ကြိုးစားခြင်းသည် စိတ်ဆင်းရဲမှုကိုသာ ဖြစ်ပေါ် စေကြောင်း ဒါဝိလ်သိပါသည်။ ဆာလံ ၃၂:၃ “ငါသည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ၊ တနေ့လုံးညည်း တွားသောအားဖြင့်၊ ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။

သင်၏အပြစ်များကို ဝန်ချတောင်းပန်ခြင်းနှင့် ဘုရားသခင် ခွင့်လွှတ်ခြင်းကို ခံယူခြင်းက ပို၍ကောင်းပါသည်။ ဒါဝိလ်သည် ဘုရားသခင်အား သူ၏စိတ်နှလုံးထဲရှိ မည်သည့်မကောင်းမှုကိုမဆို ၊ မိမိကိုယ်ကို သတိမပြုမိသော အပြစ်များကိုပင် ရှာဖွေရန်နှင့် ၎င်းကို ကိုင်တွယ်ရန် လိုလားပါသည်။

ဘုရားသခင် သင့်အားတောက်လျှောက် သိနေခြင်း၌ သင် သက်တောင့်သက်သာရှိတယ်လို့ ခံစားရပါသလား။


---------------------------------------------------------------------------------------------------------------


Zawgyi Version

သင္၏စိတ္ႏွလုံးကို ရွာဖို႔ရန္ ဘုရားသခင္အား ေတာင္းေလွ်ာက္ပါ။ By Grietje Commelin
ဆာလံ ၁၃၉:၂၃ “အိုဘုရားသခင္၊ အကြၽႏ္ုပ္ကို စစ္ေၾကာ၍၊ အကြၽႏ္ုပ္၏ႏွလုံးကို သိမွတ္ေတာ္မူပါ။ စုံစမ္း၍ စိတ္ အထင္မ်ားကိုလည္း သိမွတ္ေတာ္မူပါ။ ဆိုးေသာလမ္းသို႔ အကြၽႏ္ုပ္လိုက္သည္ မလိုက္သည္ကို ၾကည့္ရႈ၍၊ ထာဝရလမ္းထဲသို႔ ေသြးေဆာင္ေတာ္မူပါ။”

ဒါဝိလ္မင္းႀကီးသည္ ဘုရားသခင္ႏွင့္ ရင္းႏွီးကြၽမ္းဝင္ေသာ ဆက္ဆံေရးရွိပါတယ္။ ဘုရားသခင္ကို သိျခင္း အေၾကာင္းႏွင့္ စပ္လ်ဥ္းၿပီး သီခ်င္းတစ္ပုဒ္ကို ေရးသားခဲ့ပါတယ္။ ဆာလံ ၁၃၉:၄ “အကြၽႏ္ုပ္သည္ စကားတခြန္းကိုမွ် မႁမြက္ေသာ္ လည္း၊ အိုထာဝရဘုရား၊ ကိုယ္ေတာ္သည္ အႂကြင္းမဲ့ သိေတာ္မူ၏။”

ပထမဆုံးအျမင္အားျဖင့္ ၾကည့္လွ်င္ ကြၽႏ္ုပ္တို႔ကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစပါမည္။ ကြၽႏ္ုပ္တို႔ ဘာမွ မေျပာခင္မွာေတာင္ ကြၽႏ္ုပ္တို႔စဥ္းစာၿပီး ေျပာဆိုမည့္အရာအားလုံးတို႔ကို တစ္စုံတစ္ေယာက္က သိတယ္ဆိုေတာ့ … အဓိပၸါယ္က ကြၽႏ္ုပ္တို႔ ရွက္ေၾကာက္ျခင္းမရွိေသာအရာမ်ားအပါအဝင္ အရာအားလုံးတို႔ကို ဘုရားသခင္ထံမွ ကြယ္ဝွက္ထားလို႔ မရမွန္းကို ဆိုလိုပါသည္။

သို႔ေပမဲ့ ၎အရာသည္ ဒါဝိလ္မင္းႀကီးကို အေႏွာင့္အယွက္ မျဖစ္သလိုမ်ိဳး ျမင္ရပါတယ္။ ဆန႔္က်င္ဘက္ အေနျဖင့္ ဘုရားသခင္အား သူ၏စိတ္ႏွလုံးကို သိဖို႔ရန္ႏွင့္ ရွာဖို႔ရန္   အတိအလင္း ေတာင္းဆိုထားပါတယ္။ အေတြ႕အႀကဳံမ်ားမွ အျပစ္မ်ားကို ဘုရားသခင္ထံမွ ဖုံးကြယ္ရန္ ႀကိဳးစားျခင္းသည္ စိတ္ဆင္းရဲမႈကိုသာ ျဖစ္ေပၚ ေစေၾကာင္း ဒါဝိလ္သိပါသည္။ ဆာလံ ၃၂:၃ “ငါသည္ အျပစ္ကိုမေဘာ္မျပဘဲ ေနစဥ္အခါ၊ တေန႔လုံးညည္း တြားေသာအားျဖင့္၊ ငါ့အ႐ိုးတို႔သည္ ေဆြးေျမ့ျခင္းသို႔ ေရာက္ၾက၏။”

သင္၏အျပစ္မ်ားကို ဝန္ခ်ေတာင္းပန္ျခင္းႏွင့္ ဘုရားသခင္ ခြင့္လႊတ္ျခင္းကို ခံယူျခင္းက ပို၍ေကာင္းပါသည္။ ဒါဝိလ္သည္ ဘုရားသခင္အား သူ၏စိတ္ႏွလုံးထဲရွိ မည္သည့္မေကာင္းမႈကိုမဆို ၊ မိမိကိုယ္ကို သတိမျပဳမိေသာ အျပစ္မ်ားကိုပင္ ရွာေဖြရန္ႏွင့္ ၎ကို ကိုင္တြယ္ရန္ လိုလားပါသည္။ 

ဘုရားသခင္ သင့္အားေတာက္ေလွ်ာက္ သိေနျခင္း၌ သင္ သက္ေတာင့္သက္သာရွိတယ္လို႔ ခံစားရပါသလား။