Unicode Version
ကျွန်ုပ်တို့၏ စိတ်နှလုံးကို အသစ် ဖြစ်စေသင့်ပါသည်။ By Grietje Commelin
ယေဇကျေလအနာဂတ္တိကျမ်း ၃၆:၂၆ “စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို
သွင်းထားမည်း။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကို နှုတ်၍ အသားနှလုံးကို ပေးမည်။”
လူသားများကို ဘုရားသခင် ဖန်ဆင်းစဉ်တွင် သူတို့သည် စုံလင်ကြပါတယ်။ သူတို့၏ စိတ်နှလုံးတို့သည် သန့်စင်ပြီး အပြစ်ကင်းကြပါတယ်။ သို့ပေမဲ့ စာတန်၏ မက်လုံးပေးမှုတွင် သူတို့၏ဖန်ဆင်းရှင်ထံမှ လွှဲသွားသောအခါ ဤအရာအားလုံးတို့ သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်။ နောက်ကာလအနည်းငယ် အကြာတွင် ကျွန်ုပ်တို့ ယခုဖတ်ရတဲ့ ကမ္ဘာဉီးကျမ်း ၆:၅ “မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏ စိတ်နှလုံးအကြံအစည် ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော်မူလျှင်၊ …”
ဤအကြောင်းအရာသည် လူတိုင်း၏ အခြေအနေ ဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ စိတ်နှလုံးကား စာတန်အားဖြင့် ဆိုးညစ်ခဲ့ပါတယ်။ ၎င်းရလဒ်သည် ဘုရားသခင်ကို နာမခံခြင်းနှင့် တခြားသူများအပေါ် အပြစ်အမျိုးမျိုး ဖြစ်ပေါ်စေပါတယ်။ တကယ်တော့ ဒီပြသနာတွေက ကျွန်ုပ်တို့၏ အတွင်းဖြစ်တည်မှုဖြစ်တဲ့အတွက် ဖြေရှင်း လို့မရပါ။ ၎င်းအရာကို ကျွန်ုပ်တို့ ပြောင်းလဲပစ်လို့ မရပါဘူး။
သို့ပေမဲ့ ဘုရားသခင် တတ်နိုင်ပါသည်။ ဖြစ်နိုင်တဲ့ ဖြေရှင်းနည်းတစ်ခု ဖြစ်တဲ့ “အသစ်သော စိတ်နှလုံးနှင့် ဝိညာဉ်”ကို သူပေးထားပါတယ်။ ဤပေးကမ်းမှုကို ကျွန်ုပ်တို့ လက်ခံပါလျှင် အတွင်း၌ ပြောင်းလဲခြင်း ခံရပါမည်။ ကျွန်ုပ်တို့ အပြစ်မဲ့တော့မဖြစ်လာသေးပါ - ဤဖြစ်စဉ်က အချိန်ယူပါတယ် ၊ နိစ္စထာဝရ၌သာ ပြီးပြည့်စုံ ပါလိမ့်မည်။ သို့ပေမဲ့ ကျွန်ုပ်တို့၏ အခြေအနေတွေက သိသိသာသာ ပြောင်းလဲပါတယ်။ ဘုရားသခင်၏ အမြင်ကနေ နောက်တဖန် ကျွန်ုပ်တို့ကို လက်ခံလာနိုင်စရာ ဖြစ်လာပါသည်။
သင်၌ “အသစ်သော စိတ်နှလုံး” ရရှိပြီးပြီလား။