Unicode Version
သုတ္တံ ၁:၇ “ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့် ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။ ”
သင်
ဘယ်လို ထူးချွန်တဲ့ ကျောင်းသား/သူ တစ်ဉီးဖြစ်လာသနည်း။
ဘုရားသခင်ကို
သင်ဝတ်ပြုကိုးကွယ်ပါသည်။
၎င်းကို
သမ္မာကျမ်းစာက ဤသို့ဆိုထားပါတယ်။ သုတ္တံ ၁:၇ “ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့် ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။ ”
ပြသနာများရှိနေသော
သူတွေသည် အသိပညာများစွာကို သိခဲ့ကြပေမဲ့လည်း အရေးကြီးဆုံးသောအရာကိုတော့ မသိခဲ့ကြပါလို့
တမန်တော်ရှင်ပေါလုက တိမောသေကို တစ်ခါက ပြောခဲ့ဖူးပါတယ်။ တကယ်တော့ ဘာသာရေး ခေါင်းဆောင်တွေကို
သခင်ခရစ်တော် ပြောခဲ့သည်မှာ ရှင်ယောဟန်ခရစ်ဝင် ၅:၃၉ “ကျမ်းစာအားဖြင့်
ထာဝရအ သက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်
ငါ၏သက်သေ ဖြစ်၏။”
တနေ့မှာ
သင်၏အသက်တာပြီးဆုံးတဲ့အခါ ဘုရားသခင်ရှေ့တွင် ရပ်ရပါလိမ့်မည်။ ၎င်းသည် သင်၏နောက်ဆုံး
စားမေးပွဲ စစ်ဆေးခြင်းဖြစ်ပါတယ်။ ၎င်းသည် ဆရာ (သို့) ပါမောက္ခပေးသော စမ်းသပ်မှုတွေထက်မဆို
ပို၍ အရေးကြီးပါတယ်။
နောက်ဆုံး
စာမေးပွဲတွင် ဘုရားသခင်သည် သင်၏သင်္ချာဉာဏ် (သို့) လူမှုရေး တွေးခေါ်မှုတွေကို မည်သို့ပြုခဲ့သည်ကို
ပြောလိမ့်မည် မဟုတ်ပါ။
သူက “ငါ့ကိုသိသလား” လို့မေးလိမ့်မည်။
သင်ဘယ်လို ဖြေမလဲ
ဆင်ခြင်ရန်
-အသက်တာတွင်
စစ်မှန်သော ဉီးတည်ချက်တွေ ၊ ဆိုလိုရင်းတွေနှင့် လွှဲချော်သွားသည့်တိုင် ပညာတတ်ဖြစ်ဖို့
မည်ကဲ့သို့ ဖြစ်နိုင်ခြေ ရှိပါသနည်း။
-စစ်မှန်သော
ဉာဏ်ပညာသည် အဘယ်ကြောင့် ဘုရားသခင်နှင့် စတင်ပါသနည်း။
-ဘုရားသခင်နှင့်
သင်၏ဆက်ဆံရေးက အသက်တာအတွက် သင်ယူသမျှတွေကို မည်ကဲ့သို့ တိုးတက်စေခဲ့ ပါသနည်း။
---------------------------------------------------------------------------------
Zawgyi Verison
သင်ဘယ်လို ဖြေမလဲ
ဆင်ခြင်ရန်