Unicode Version
မည်သည့် အကြောင်းအရာ ရှိပါစေ ထာဝရဘုရားရှင်အား ကိုးကွယ်လော့။
မည်သည့် အကြောင်းအရာ ရှိပါစေ ထာဝရဘုရားရှင်အား ကိုးကွယ်လော့။
ဒံယေလအနာဂတ္တိကျမ်း ၁:၁၉-၂၀ “ညဉ့်အခါ ဗျာဒိတ်တော်အားဖြင့် ထိုနက်နဲသော
အရာကို ဒံယေလအား ဘုရားသခင်ဘော်ပြတော်မူ၏။ ထိုအခါ ဒံယေလသည် ကောင်းကင်ဘုံရှင် ဘုရားသခင်၏
ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ဘုရား သခင်၏ နာမတော်သည် ထာဝရမင်္ဂလာရှိပါစေ သတည်း။ ”
ကျွန်ုပ်တို့အများစုသည်
မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုကြုံတွေ့ရတဲ့အခါမှာ ဘာကိုလုပ်ဆောင်ရမှန်း တကယ်မသိ ကြပါဘူး။
နှစ်ပေါင်းထောင်ချီက ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက် ကူညီနိုင်တာကို သင်သိပါ သလား။
ကျန်ခဲ့တဲ့ devotionals တို့တွင် ဒံယေလသည်
သူ့အချိန်ကာလ၏ အင်အားအကြီးမားဆုံး ရှင်ဘုရင်၏ မဖြစ်နိုင်တဲ့ တောင်းဆိုမှုကို
မည်သို့ကိုင်တွယ်ခဲ့ပုံကနေ မယုံနိုင်စရာအခြေခံ တစ်ချို့တို့ကို ကျွန်ုပ်တို့ လေ့လာခဲ့ကြပါတယ်။
ဒါ့ပြင် ဒံယေလ၏ပုံစံဖြင့် ပြုလုပ်ဆောင်ရွက်သောအရာ (၄) မျိုးကို တွေ့ခဲ့ရပါတယ်။
(၁) ထိတ်လန့်ခြင်း မရှိပါနှင့် ။ အချက်အလက်အားလုံးတို့ကို ရယူပါ။
(၂) အချိန်ပို တောင်းဆိုပါ။
(၃) ဝတ်ပြုဆုတောင်းခြင်း၌ မိတ်ဖက်စုပေါင်းပါ။
(၄) ဘုရားသခင်၏ သဘာဝလွန် အကူအညီကို တောင်းလျှောက်ပါ။
နောက်တစ်ခုက ဒံယေလဆီမှ သင်ယူခဲ့ရတာက ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းပါဘဲ။
ဝတ်ပြုကိုးကွယ်ခြင်းသည်
သီဆိုချီးမွမ်းခြင်းမျှသာ မဟုတ်ဘဲ ပိုမိုနားလည်ဖို့ရန် အလွန်အရေးကြီးပါတယ်။ ကိုးကွယ်ဖို့ရန်
နည်းလမ်းပေါင်း ထောင်ချီရှိပါတယ်။ ဘုရားသခင်ထံ သင်၏အာရုံကို ထားရှိတဲ့အခါတိုင်းသည်
ကိုးကွယ်မှုဖြစ်ပါတယ်။ သင်၏ချစ်ခြင်းမေတ္တာကို ဘုရားထံဖော်ပြခြင်းသည်လည်း ကိုးကွယ်ခြင်း
ဖြစ်ပါတယ်။ ကိုးကွယ်ဖို့ရာ ဘုရားကျောင်းထဲရောက်နေမှ မဟုတ်ပါဘူး။
ဘုရားသခင်ကို
ဝတ်ပြုကိုးကွယ်တဲ့အခါ သင်၏ပြသနာတွေပေါ် အာရုံစိုက်နေတာတွေကို ဖြတ်တောက်ပြီး ဘုရားသခင်ထံ
ပြောင်းရွေ့လိုက်ပါ။
သမ္မာကျမ်းစာက ဆိုထားသည်မှာ ဒံယေလ အနာဂတ္တိကျမ်း ၂:၁၉ “ညဉ့်အခါ ဗျာဒိတ်တော်အားဖြင့်
ထိုနက်နဲသော အရာကို ဒံယေလအား ဘုရားသခင်ဘော်ပြတော်မူ၏။ ထိုအခါ ဒံယေလသည် ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊
ဘုရား သခင်၏ နာမတော်သည် ထာဝရမင်္ဂလာရှိပါစေ သတည်း။ ပညာနှင့်၎င်း၊ အစွမ်းသတ္တိနှင့်၎င်း
ပြည့်စုံ တော်မူ၏။”
ဤကျမ်းပိုဒ်ကား
အခက်အခဲကာလအတွင်းမှာ ဘုရားသခင်ထံ မည်သို့ ဝတ်ပြုကိုးကွယ်ဖို့ရန်
ဖော်ပြထား ပါတယ်။ အထူးသဖြင့် ဒံယေလ လုပ်ရပ် (၃) ခုကိုပြုခဲ့ပါတယ်။ ထာဝရဘုရားရှင်ကို ချီးမွမ်းခဲ့တယ် ၊ ဘုရားရှင် ပြုခဲ့သမျှ အတွက်
ချီးကျူးဂုဏ်တင်ခြင်းပြုတယ်၊ ဘုရား၏အကူအညီအတွက်လည်း ကျေးဇူးတင်ခဲ့ပါတယ်။
၎င်းသည်
ကိုးကွယ်မှု ဖြစ်ပါတယ် ။ ထို့သို့ လုပ်ဆောင်ပါ။ သင့်ကိုယ်သင် အာရုံထားခြင်း ၊ ပြသနာတွေကနေ
ကင်းဝေးစေပြီး ဘုရားသခင်ထံ တည်ထားလိုက်ပါ။
ကျွန်ုပ်တို့ မည်သည့်အရာအတွက် အာရုံစိုက်သင့်သည်ကို ထာဝရဘုရားရှင် အမြဲတမ်းဖော်ပြပေးပါမည်။
ဆင်ခြင်ရန်
-
အထူးသဖြင့် ခက်ခဲ့တဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်ရတဲ့အခါမှာ ဝတ်ပြုကိုးကွယ်ခြင်းက တစ်ခါတစ်ရံ
ဘာကြောင့် ခက်ခဲရပါသနည်း။
-သင်၏
အသက်တာ ကြိုးစားရုန်းကန်နေရစဉ် ဝတ်ပြုကိုးကွယ်ခြင်းသည် သင်၏ စိတ်ဖိစီးမှု အဆင့်ကို
မည်သို့ အကျိုးသက်ရာက်ကြောင်း တွေ့မြင်ခဲ့ပါသနည်း။
-ဤ
devotional
ဖော်ပြထားသော ဝတ်ပြုကိုးကွယ်ခြင်း
(၃) မျိုးအနက် (ထာဝရ ဘုရားသခင်အား ချီးမွမ်းခြင်း ၊ သူပြုသော အမှုအတွက် ချီးကျူးဂုဏ်တင်ခြင်း
နှင့် အကူအညီပေးမှုအတွက် ကျေးဇူးတင်ရှိခြင်း) မည်သည့်အချက်က သင် အကျပ်အတည်းကာလအတွင်း
လုပ်ဆောင်ဖို့ရန် ခက်ခဲစေပါသနည်း။
--------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်