Why have you sometimes have to walk through fire
Unicode Version
Why have you sometimes have to walk through fire
"Trust God through the pain"
ဟေရှာယအနာဂတ္တိကျမ်း ၄၈:၁၀ "ငါ​သည် သင့်​ကို စစ်​ခဲ့​ပြီ။ သို့​သော်​လည်း၊ ငွေ​ကို စစ်​သ​ကဲ့​သို့ မ​ဟုတ်၊ ဒု​က္ခ​မှိုက်၌ သင့်​ကို စုံ​စမ်း​ခဲ့​ပြီ။"
မည်သည့်အရာက သင့်ကို ချည်နှောင်းခြင်းဖြစ်စေသတည်း။ သင့်အား ဘုရားသခင်အလိုတော်ရှိသောသူ ဖြစ်စေခြင်းမှ မည်သည့်အရာက ကန့်သတ်ထားပါသနည်း။ အင်အား ချုပ်ကိုင်ထားသောအရာတွေကို ရှင်းလင်းဖယ်ရှားပေးဖို့ရန် သင့်အသက်တာတွင် စမ်းသပ်စစ်ဆေးမှုများကို ဘုရားသခင် အသုံးပြုနိုင်ပါတယ်။ 
စိတ်ဖိစီးမှုများလာသောအခါ ၊ သတ်မှတ်ထားသော အချိန်ကာလမြန်ဆန်လာသောအခါ ၊ မျှော်လင့်ချက်များ မှန်းထားသလို မဖြစ်လာတဲ့ အချိန်အခါမျိုးတို့ကို မည်သူမျှ မနှစ်သက်ပါ။ သို့ပေမယ့် တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင့်အသက်တာ၌ အပူမီးကိုအသုံးပြုပြီး သင့်အားချည်နှောင်နေသော အရာများကို ဖယ်ရှားပေးပါတယ်။ နာကျင်မှုများမှတဆင့် ဘုရားသခင်ကိုသာ ယုံကြည်ရန် လိုအပ်ပါတယ်။
ဟေရှာယအနာဂတ္တိကျမ်း ၄၈:၁၀ "ငါ​သည် သင့်​ကို စစ်​ခဲ့​ပြီ။ သို့​သော်​လည်း၊ ငွေ​ကို စစ်​သ​ကဲ့​သို့ မ​ဟုတ်၊ ဒု​က္ခ​မှိုက်၌ သင့်​ကို စုံ​စမ်း​ခဲ့​ပြီ။"
သင့်အသက်တာတွင် အလွန်ပြင်းသောမီးထဲသို့သွားရန် ဆိုလိုသည်မဟုတ်ပါ။ သို့ပေမဲ့ ကြိမ်ဖန်များစွာ ဆင်းရဲဒုက္ခမီးကဲ့သို့ ခံစားမှုတွေကို ဖြတ်သန်းသွားရပါလိမ့်မယ်။ ၎င်းမီးကနေ သင့်ကို သန့်စင်စေမည်ဟု ဘုရားသခင်ကတိပြုထားပါတယ်။ 
၎င်းသည် ငွေနှင့် ရွှေကဲ့သို့ဖြစ်ကြ၏။ အပူချိန်တက်လာသောအခါ မစင်ကြယ်မှုတွေ ၊ အညစ်အကြေး တွေက လောင်ကျွမ်းသွားပြီး ၁၀၀ ရာခိုင်နှုန်းသော ရွှေ(သို့) ငွေ ကျန်ခဲ့ပါတယ်။
ပန်းပဲ သမားတစ်ဦးကို "ငွေ"ဘယ်အချိန်တွေမှာ စင်ကြယ်သလဲလို့မေးပါလျှင် "သင်၏ရောင်ပြန်ဟပ်မှုတွေကို မြင်ရတဲ့အချိန်" လို့ ပြန်ပြောပါလိမ့်မယ်။ 
သင်သည် သခင်ယေရှု နှင့် ပိုတူလာသောကြောင့် သင်၌ သူ၏ကိုယ်ပိုင်ရောင်ပြန်ဟပ်မှုကို မြင်တွေ့ရသောအခါ သင်သန့်စင်ပြီဆိုတာကို ဘုရားသခင်သိပါသည်။
၎င်းကို မီးကသာလျှင် သင့် အသက်တာတွင် လုပ်ဆောင်နိုင်ပါသည်။
ဆင်ခြင်ရန်
-သင့်အား ဘုရားသခင်စမ်းသပ်ခဲ့သည့် စမ်းသပ်မှုအချို့ကား မည်သို့နည်း။
-ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခများကြားမှ သခင်ခရစ်တော်ထံမှ ကျနော်တို့ကို သူနှင့်ပိုတူအောင် ခွင့်ပြုချက်ထက် တစ်ခါတစ်ရံတွင် ဝေးကွာခြင်းက ပို၍လွယ်ကူစေပါတယ်။ ဘာကြောင့် အဲဒီလိုဖြစ်ရသနည်း။
-ဤစမ်းသပ်မှုများက ကျွန်ုပ်တို့ကို ဘုရားသခင်၏ စွမ်းအားအပေါ် မီခိုအားထားစေသည်ကို တခြားသူများကို သိမြင်စေရန် ဘာကြောင့်များ အရေးကြီးပါသနည်း။
----------------------------------------------------------------------------------------------
Zawgyi Version
Why have you sometimes have to walk through fire
"Trust God through the pain"
ဆင်ခြင်ရန်