When making a decision, Use the Investment test
When making a decision use the investment test
ဧဖက်၅:၁၅-၁၇ ထိုကြောင့်ပညာမဲ့ကဲ့သို့မဟုတ်၊ပညာရှိကဲ့သို့စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်းသတိပြုကြလော့။ယခုနေ့ရက်ကာလတို့သည်ဆိုးယုတ်သောကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလော့။  ထိုကြောင့်သတိမရှိသောသူမဖြစ်၊သခင်ဘုရား၏အလိုတော်ရှိရာကိုပိုင်းခြင်း၍သိသောသူဖြစ်ကြလော့။
သင်၏အသက်တာကို အကောင်းဆုံး အသုံးပြုလိုပါလျှင် သင်၏အချိန်တွေကို ထိန်းချု‌ပ်ဖို့ရန် လိုအပ်ပါတယ်။ သင်၏အချိန်ကို စီမံဖို့ရန် မလေ့လာဘူးဆိုလျှင် သင့်အသက်တာသည် ဝေးဝေးသွားလိမ့်မည်မဟုတ်ပါ။
ဒါကြောင့် ဆုံးဖြတ်ချက်ချသည့်အချိန်တွင် ရင်းနှီးမြုပ်နှံမှုစစ်ဆေးခြင်းကို အသုံးပြုပါ။ ၎င်းသည် ကျွန်ုပ်၏အချိန်အတွက် အကောင်းဆုံးဖြစ်ပါသလား။
ကျွန်တော်တို့အားလုံး အပတ်စဉ်တိုင်း တူညီသောအချိန် ၁၆၈ နာရီကို ပိုင်ဆိုင်ကြပါတယ်။ သင်၏အသက်တာတွင် အချိန်သည် ငွေကြေးထက်ပို၍ အရေးကြီးပါတယ်။ ငွေပိုမိုရနိုင်သော်လည်း အချိန်ကို ပိုမရနိုင်ပါ။
ဤကမ္ဘာပေါ်တွင် တိကျသောနေရက်များဖြင့် သင်သတ်မှတ်ခြင်းခံထားရပါတယ်။ ၎င်းနေ့ရက်တို့ကို သင်ဖြုန်းတီးခြင်းသည် သင့်ကိုယ်သင်ဖြုန်းတီးနေခြင်းဖြစ်ပြီး အချိန်ကိုသင်ဖြုန်းတီးပါလျှင် သင့်အသက်တာကို သင်ဖြုန်းတီးခြင်းဖြစ်သည်။
အရာအားလုံးအတွက် သင်၌အချိန်မရှိပါ။ ကောင်းသတင်းက အရာအားလုံးကို သင်လုပ်ဆောင်ဖို့ ဘုရားမမျှော်လင့်ပါ။ စင်စစ်အားဖြင့် လုပ်ရကျိုးနပ်သည့် အရာအနည်းငယ်သာရှိပါတယ်။
ထက်မြတ်သောလူတို့သည် မရှိမဖြစ်လိုအပ်သောအရာနှင့် အရေးမပါသောအရာတို့ကို တွက်ဆကြပါတယ်။ ပြီးတော့ မရှိမဖြစ်လိုအပ်သောအရာတို့ကို အချိန်များစွာပေးလျက် လုပ်ဆောင်ကြပြီး အရေးမပါလှသောအရာတွေမှာ အချိန်လျှော့ချပါတယ်။ 
ကြားရလွယ်သလိုပါပဲ။ သို့ပေမယ့် အလွန်တရာခက်ခဲပါတယ်။ အလွယ်ကူဆုံးသောအရာထက် အကောင်းဆုံးသောအရာကို ရွေးချယ်ဖို့ရန်ခက်ခဲပါတယ်။
ကျွန်‌တော် ရင့်ကျက်လာသည်နှင့်အမျှ လှုပ်ရှားမှုများစွာ မပြုဖို့ရန် ရွေးချယ်ရပါတယ်။ ၎င်းလှုပ်ရှားမှုတွေက ဆိုးဝါးခဲ့လို့မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့အချိန်တွေကို တိုးမြှင့်ချင်သောကြောင့်ဖြစ်ပါတယ်။ အကောင်းဆုံးတွေကိုသာ ကျွန်တော် ရွေးချယ်ချင်ပါတယ်။ ကျွန်တော့ကိုဤနေရာသို့အလိုတော်ပြည့်စေဖို့ရန် စေလွှတ်သောဘုရားသခင်၏ သာသနာအတွက် ကျွန်တော့်အသက်တာကိုကုန်ဆုံးချင်ပါတယ်။ 
အကြောင်းရင်းတစ်ရပ်ကြောင့် သင်သည်လည်း ဤလောကသို့ရောက်ရှိနေကြောင်းကို သင်သိပါသလား။ ဤကမ္ဘာပေါ်သို့ သင်လွှင့်‌မျောဖို့ ထားရှိထားတာမဟုတ်ပါဘူး။ သာသနာတခုအတွက် သင့်ကိုဘုရားသခင် ဖန်ဆင်းပါတယ်။ 
သာသနာဆိုတာကို သင်သိပါလျှင် သင့်အသက်တာရှိ ရှုပ်ထွေးမှုများကို စတင်ရှင်းလင်းခြင်းတွေ ပြုပါမည်။ သို့မှသာ သင်၏သာသနာပေါ် အသက်တာကိုကုန်ဆုံးနိုင်ပါသည်။
သင်၏လုပ်ဆောင်မှုက ဘာလဲဆိုတာကို သေချာမသိဘူးလား။ ပထမဦးစွာ သင့်အသက်တာ အစိတ်အပိုင်းတော်တော်များများကို လွမ်းမိုးနေရာယူနေတဲ့ အရေးမပါလှတဲ့အရာတွေ ၊ မရေရာတဲ့အရာတွေ လုပ်ဆောင်ခြင်းကို ရပ်တန့်ပစ်ပါ။ မရေရာတဲ့အရာတွေ ရှင်းသွားပါလျှင် ဘုရားသခင်၏စကားတော်တို့ကို ကြားရဖို့ရန် သင်၌အချိန်ပိုရရှိပါမည်။
သင်၌ ရွေးချယ်မှုရှိပါတယ်။ ဒုတိယအကောင်းဆုံးအတွက် မဖြေရှင်းပါနဲ့။ သင့်အတွက် ဘုရား၏အကောင်းဆုံးသောအရာ ဘာဖြစ်မလဲဆိုတာကိုရှာဖွေပြီး ၎င်းပေါ်မှာအသက်တာကိုအသုံးချလိုက်ပါ။
ဆင်ခြင်ရန်
- ပုံမှန်‌နေ့ရက်တွေမှာ သင်အချိန်ဖြုန်းသောအရာများကို စာရင်းပြုစုပါ။ ပစ္စည်းတစ်ခုချင်းစီကို မရှိမဖြစ်သောအရာ(သို့) မလိုအပ်သောအရအဖြစ် အမှတ်အသားပြုပါ။ စာရင်းကိုကြည့်ပြီး ဆုတောင်းပါ။ မရှိမဖြစ်လိုအပ်သောအရာတွေအတွက် အချိန်ပိုပေးနိုင်ရန် မလိုအပ်သောမည့်သည့်အရာတို့ကို သင့်လျှော့ချရန်လိုအပ်သနည်း။
-သင့်အသက်တာရှိ သင်၏လုပ်ဆောင်ရမည့်အရာတွေကိုသိပါသလား။ သင်ပြုသောစရင်းကိုပြန်ကြည့်ပါ။ သင်၏အချိန်ကို ဖြည့်ဆည်းနိုင်သည့် နည်းလမ်းများက ထိုတာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ရန်လား။ သင်လုပ်ဆောင်ရမည့်အရာကို မသိပါလျှင် ဆုတောင်းတာကိုရပ်ပြီး ဘုရားထံမေးလိုက်ပါ။ နောက်လာမည့်နေ့ရက်တွေမှာ ဘုရားသခင်ကိုဆက်၍ ဆုတောင်းပြီး ဘုရားဆီမှအဖြေကို သေကြရသည်အထိနားထောင်ပါ။
-------------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်