When God instructs, obey immediately

When God instructs, obey immediately
"If you weren't the blessings of God, follow his instructions"

ဆာလံကျမ်း ၁၁၉:၃၂ "အ​ကျွန်ုပ်​ဉာဏ်​ကို ပွင့်​စေ​တော်​မူ​သည်​ဖြစ်၍၊ ပ​ညတ်​တော်​လမ်း​သို့ အ​လျင်​အ​မြန် လိုက်​ပါ​မည်။" 

နာခံခြင်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာတွင် များစွာဖော်ပြထားပါတယ်။ နာခံဖို့ရန် သင့်အား ဘုရားသခင်အလိုတော်ရှိပါတယ်။ သို့မှသာ သင့်အားကောင်းကြီးပေးနိုင်မည်။ သူ၏လမ်းညွှန်ချက်တို့ကလည်း သင့်အကျိုးအတွက်ဖြစ်ပါတယ်။ 

မည်သို့နာခံရမည်ကိုလည်း ပြောပြထားပါတယ်။ သမ္မာကျမ်းစာတွင် နာခံခြင်းနှင့်ပတ်သက်ပြီး သင်လေ့လာနေတဲ့တစ်ခုသော အရေးကြီးဆုံးအရာက ချက်ချင်းနာခံခြင်းဖြစ်ပါတယ်။ 

ဆာလံကျမ်း ၁၁၉:၃၂ "အ​ကျွန်ုပ်​ဉာဏ်​ကို ပွင့်​စေ​တော်​မူ​သည်​ဖြစ်၍၊ ပ​ညတ်​တော်​လမ်း​သို့ အ​လျင်​အ​မြန် လိုက်​ပါ​မည်။"
နောက်ကျမ်းပိုက်တွေမှာ ဆာလံဆရာက တူညီတဲ့ အဓိပ္ပါယ်ကိုပင် ခြားနားသောနည်းလမ်းဖြင့် ဖော်ပြထားပါတယ်။ 
ဆာလံကျမ်း ၁၁၉:၆၀ " ပ​ညတ်​တော်​တို့​ကို​စောင့်​ခြင်း​ငှာ မ​ဖင့်​မ​နွှဲ အ​လျင်​အ​မြန် ပြု​ပါ​၏။"

တစ်စုံတစ်ခုကို လုပ်ဆောင်ဖို့ရန် သင့်အား ဘုရားသခင် ပြောတဲ့အခါမှာ အချိန်မဆွဲပါနဲ့။ ဆင်ခြေမပေးပါနဲ့။ သင်၏ခြေကိုမဆွဲနဲ့။ လုပ်ဆောင်ပါ။ ယခုပင်လုပ်ဆောင်ပါ။ 
"သို့ပေမယ့် ဘုရားသခင်က ငါ့ကို ဘာလို့ တစ်ခုခုလုပ်ဆောင်ဖို့ တောင်းဆိုရသလဲဆိုတာ ငါနားမလည်ဘူးဆိုရင် ဘာဖြစ်မည်နည်း။" လို့သင်ပေးကောင်းပေးပါမည်။ 
၎င်းကနေ တစုံတခုသောအကျိုးရရန်လည်း အသင်နားလည်ဖို့မလိုအပ်ပါ။ လေထဲမှာ ပျံဝဲနေတဲ့ လေယာဉ်ပျံတွေ ဘယ်လောက်လေးသလဲ ကျွန်‌တော်နားမလည်ပေမယ့် လေယာဉ်ခရီးသွားခဲ့တယ်။ ကွန်ပျူတာတွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ကျွန်တော် နားမလည်ပါ။ သို့သော် ကျွန်တော်အီးမေးကို ကြိုက်နှစ်သက်ပါတယ်။

ပညတ်တော်တွေကိုနာခံပြီး အကျိုးရလာဒ်ရနိုင်ခြင်းကို သင်နားလည်ဖို့ရန် မလိုအပ်ပါ။
ကလေးများက " ဘာကြောင့်နာခံရမလဲလို့ အမြဲမေးလေ့ရှိကြပါတယ်။" မိဘတွေကတော့ "ငါပြောတာကြောင့်" လို့ပြောလေ့ရှိကြပါတယ်။
မိဘတွေဆိုလိုကြသည်မှာ "သင်ငယ်သေးလို့ နားမလည်သေးတာပါ။ သို့ပေမယ့် ငါ့ကိုယုံပါ။ ငါ ပိုသိပါတယ်။ သင့်အကျိုးအတွက် ဤအရာကိုလုပ်ဆောင်ဖို့အလိုရှိတာပါ။" 
ကလေးတစ်ယောက်လိုပင် တစ်ခါတရံမှာ သင်က ဘုရားသခင်ထံသို့" ဤအရာကို ဘာကြောင့် လုပ်ဆောင်ရမည်နည်း" လို့မေးမြန်းဖို့ သွေးဆောင်ခဲ့ရပါတယ်။

ချစ်ခင်ရသော မိဘတဦးအနေဖြင့် သူဤသို့ပြောကောင်းပြောပါမည် " ငါပြောခဲ့သလိုပါပဲ။ သင့်ထက်ပိုပြီးသိပါတယ်။ တစ်နေ့ကျရင် သင် နားလည်ပါလိမ့်မည်။ ဒါပေမယ့် ဒီနေ့ သင်နားမလည်ပါ။ ဤအရာတွေကို သင့်အား လုပ်ဆောင်စေခြင်းသည် သင်၏ ကောင်းကျိုးအတွက်ဖြစ်ပါတယ်။"

ကောင်းသောစိတ်ထားဖြင့် ဘုရားသခင်ကို နာခြင်း မပြုနိုင်လျှင် ဘာဖြစ်မည်နည်း။ ဆက်လက်နာခံသင့်သလား။ နောက်ခံသင့်ပါသည်။ ၎င်းသည် နာခံခြင်းထက်တော့များစွာဖို့ကောင်းပါတယ်။ ရင့်ကျက်သောသူတွေသည် သူတို့၏ စိတ်ခံစားချက်ရှိသော်ငြားလည်း မှန်ကန်သောအရာကိုသာ လုပ်ဆောင်ကြပါတယ်။ 
၎င်းတွင်အခြေခံသဘောတရားရှိပါတယ်။ သမ္မာကျမ်းစာတွင် ဘုရားသခင်က တိကျသောနေရက်မရှိဘဲ အမိန့်တော် ဖော်ပြခြင်းတွေသည် ယခုပင်သင့်အား လုပ်ဆောင်စေလိုခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့ ကလေးတွေကြီးပြင်းလာတဲ့အခါမှာ ကျွန်ုပ်ဇနီး "Kay" က "ညနေ 6နာရီမှာ ညစာစားကြမယ်" လို့ဆိုလျှင် ညနေ 6 နာရီတွင် ညစာစားသင့်သည်ဟု ဆိုလိုပါသည်။ သို့သော် တခြားအချိန်တွင် သူမက "ညစာစားဖို့ စားပွဲသို့လာပါ" လို့ပြောပါလျှင် ချက်ချင်းသွားသင့်သည့် အဓိပ္ပါယ်ဖြစ်ပါတယ်။ 

ဘုရားသခင်သည်လည်း ထိုနည်း၎င်းပင်ဖြစ်ပါတယ်။ အချိန်အတိအကျမရှိဘဲ တစ်စုံတစ်ခုကို လုပ်ဆောင်ဖို့ရန် ဘုရားပြောလာခြင်းသည် ၎င်းကို ယခုပင် လုပ်ဆောင်သင့်ကြောင်းကို ဆိုလိုပါသည်။ 

နာခံခြင်းကို ကျွန်ုပ်တို့ ကြန့်ကြာစေတဲ့အခါတွင် ဘုရားထံ မေးခွန်းတွေ မေးနေပါတယ်။ " အဖဘုရား ဘယ်အရာ အကောင်းဆုံးဖြစ်သည်ကို အမှန်တကယ် သိပါသလား။"

ဘုရားသခင်သည် သင်၏လိုအပ်ချက်များကို သင်နာခံသည်အရှိန်အဟုန်ဖြင့် သင့်အားတုံ့ပြန်လျှင်ကော။ ဤမေးခွန်းကိုစဉ်းစားကြည့်ပါ။ သင်ဒုကခရောက်တဲ့အခါ ဘုရားထံမှ အကူအညီကို သင်ချက်ချင်းလိုချင်တယ်။ ဘုရားသခင်က သင့်ကို တခုခုလုပ်ဖို့ ပြောတဲ့အခါ သူကသင့်ကို ချက်ချင်းနာခံ စေ ချင်ပါတယ်။ 
နာခံခြင်းကို နှောင့်နှေးစေခြင်းသည် မနာခံခြင်းသဘောဖြစ်ပါတယ်။ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာကို သင်အလိုရှိပါလျှင် သူ၏လမ်းညွှန်ချက်တို့ကို ချက်ချင်းလိုက်လျှောက်အသက်ရှင်ပါ။
ဆင်ခြင်ရာ
- နှောင့်နှေးသောနာခံခြင်းနှင့် မနာခံခြင်းတို့သည် မည်သို့ကွာခြားသနည်း။
- သင်သည် ဘုရားသခင်၏ ပညတ်တော်များထဲမှ တခုကို အလျင်အမြန် နာခံရမည့်အစား "ဘာကြောင့်" လို့ ဘုရားသခင်အား မေးမြန်းခဲ့ပါသနည်း။ မိနစ် အနည်းငယ်အချိန်ယူလျက် ဆုတောင်းပါ။ ယနေ့တွင် ၎င်းပညတ်ချက်ကို စတင်နာခံပါမည်လို့ ဘုရားသခင်အားပြောပါ။ 
- သင်၌ကြန့်ကြာနေသည့် ယခုပင်လုပ်ဆောင်ရန် ဘုရားသခင်က တိကျသော အမိန့်ပေးခဲ့ဘူးပါသလား။ ယနေ့တွင် နှောင့်နှေးမှုကိုရပ်တန့်ပြီး လုပ်ဆောင်မည်ကို ဝန်ခံလိုက်ပါ။


------------------------------------------------------------------------------------------------------

Zawgyi Version

When God instructs, obey immediately

"If you weren't the blessings of God, follow his instructions"



ဆာလံက်မ္း ၁၁၉:၃၂ "အ​ကြၽႏ္ုပ္​ဉာဏ္​ကို ပြင့္​ေစ​ေတာ္​မူ​သည္​ျဖစ္၍၊ ပ​ညတ္​ေတာ္​လမ္း​သို႔ အ​လ်င္​အ​ျမန္ လိုက္​ပါ​မည္။" 

နာခံျခင္းနဲ႔ပတ္သက္ၿပီး သမၼာက်မ္းစာတြင္ မ်ားစြာေဖာ္ျပထားပါတယ္။ နာခံဖို႔ရန္ သင့္အား ဘုရားသခင္အလိုေတာ္ရွိပါတယ္။ သို႔မွသာ သင့္အားေကာင္းႀကီးေပးႏိုင္မည္။ သူ၏လမ္းၫႊန္ခ်က္တို႔ကလည္း သင့္အက်ိဳးအတြက္ျဖစ္ပါတယ္။ 

မည္သို႔နာခံရမည္ကိုလည္း ေျပာျပထားပါတယ္။ သမၼာက်မ္းစာတြင္ နာခံျခင္းႏွင့္ပတ္သက္ၿပီး သင္ေလ့လာေနတဲ့တစ္ခုေသာ အေရးႀကီးဆုံးအရာက ခ်က္ခ်င္းနာခံျခင္းျဖစ္ပါတယ္။ 

ဆာလံက်မ္း ၁၁၉:၃၂ "အ​ကြၽႏ္ုပ္​ဉာဏ္​ကို ပြင့္​ေစ​ေတာ္​မူ​သည္​ျဖစ္၍၊ ပ​ညတ္​ေတာ္​လမ္း​သို႔ အ​လ်င္​အ​ျမန္ လိုက္​ပါ​မည္။"

ေနာက္က်မ္းပိုက္ေတြမွာ ဆာလံဆရာက တူညီတဲ့ အဓိပၸါယ္ကိုပင္ ျခားနားေသာနည္းလမ္းျဖင့္ ေဖာ္ျပထားပါတယ္။ 

ဆာလံက်မ္း ၁၁၉:၆၀ " ပ​ညတ္​ေတာ္​တို႔​ကို​ေစာင့္​ျခင္း​ငွာ မ​ဖင့္​မ​ႏႊဲ အ​လ်င္​အ​ျမန္ ျပဳ​ပါ​၏။"


တစ္စုံတစ္ခုကို လုပ္ေဆာင္ဖို႔ရန္ သင့္အား ဘုရားသခင္ ေျပာတဲ့အခါမွာ အခ်ိန္မဆြဲပါနဲ႔။ ဆင္ေျခမေပးပါနဲ႔။ သင္၏ေျခကိုမဆြဲနဲ႔။ လုပ္ေဆာင္ပါ။ ယခုပင္လုပ္ေဆာင္ပါ။ 

"သို႔ေပမယ့္ ဘုရားသခင္က ငါ့ကို ဘာလို႔ တစ္ခုခုလုပ္ေဆာင္ဖို႔ ေတာင္းဆိုရသလဲဆိုတာ ငါနားမလည္ဘူးဆိုရင္ ဘာျဖစ္မည္နည္း။" လို႔သင္ေပးေကာင္းေပးပါမည္။ 

၎ကေန တစုံတခုေသာအက်ိဳးရရန္လည္း အသင္နားလည္ဖို႔မလိုအပ္ပါ။ ေလထဲမွာ ပ်ံဝဲေနတဲ့ ေလယာဥ္ပ်ံေတြ ဘယ္ေလာက္ေလးသလဲ ကြၽန္‌ေတာ္နားမလည္ေပမယ့္ ေလယာဥ္ခရီးသြားခဲ့တယ္။ ကြန္ပ်ဴတာေတြ ဘယ္လိုအလုပ္လုပ္တယ္ဆိုတာ ကြၽန္ေတာ္ နားမလည္ပါ။ သို႔ေသာ္ ကြၽန္ေတာ္အီးေမးကို ႀကိဳက္ႏွစ္သက္ပါတယ္။


ပညတ္ေတာ္ေတြကိုနာခံၿပီး အက်ိဳးရလာဒ္ရႏိုင္ျခင္းကို သင္နားလည္ဖို႔ရန္ မလိုအပ္ပါ။

ကေလးမ်ားက " ဘာေၾကာင့္နာခံရမလဲလို႔ အၿမဲေမးေလ့ရွိၾကပါတယ္။" မိဘေတြကေတာ့ "ငါေျပာတာေၾကာင့္" လို႔ေျပာေလ့ရွိၾကပါတယ္။

မိဘေတြဆိုလိုၾကသည္မွာ "သင္ငယ္ေသးလို႔ နားမလည္ေသးတာပါ။ သို႔ေပမယ့္ ငါ့ကိုယုံပါ။ ငါ ပိုသိပါတယ္။ သင့္အက်ိဳးအတြက္ ဤအရာကိုလုပ္ေဆာင္ဖို႔အလိုရွိတာပါ။" 

ကေလးတစ္ေယာက္လိုပင္ တစ္ခါတရံမွာ သင္က ဘုရားသခင္ထံသို႔" ဤအရာကို ဘာေၾကာင့္ လုပ္ေဆာင္ရမည္နည္း" လို႔ေမးျမန္းဖို႔ ေသြးေဆာင္ခဲ့ရပါတယ္။

ခ်စ္ခင္ရေသာ မိဘတဦးအေနျဖင့္ သူဤသို႔ေျပာေကာင္းေျပာပါမည္ " ငါေျပာခဲ့သလိုပါပဲ။ သင့္ထက္ပိုၿပီးသိပါတယ္။ တစ္ေန႔က်ရင္ သင္ နားလည္ပါလိမ့္မည္။ ဒါေပမယ့္ ဒီေန႔ သင္နားမလည္ပါ။ ဤအရာေတြကို သင့္အား လုပ္ေဆာင္ေစျခင္းသည္ သင္၏ ေကာင္းက်ိဳးအတြက္ျဖစ္ပါတယ္။"

ေကာင္းေသာစိတ္ထားျဖင့္ ဘုရားသခင္ကို နာျခင္း မျပဳႏိုင္လွ်င္ ဘာျဖစ္မည္နည္း။ ဆက္လက္နာခံသင့္သလား။ ေနာက္ခံသင့္ပါသည္။ ၎သည္ နာခံျခင္းထက္ေတာ့မ်ားစြာဖို႔ေကာင္းပါတယ္။ ရင့္က်က္ေသာသူေတြသည္ သူတို႔၏ စိတ္ခံစားခ်က္ရွိေသာ္ျငားလည္း မွန္ကန္ေသာအရာကိုသာ လုပ္ေဆာင္ၾကပါတယ္။ 

၎တြင္အေျခခံသေဘာတရားရွိပါတယ္။ သမၼာက်မ္းစာတြင္ ဘုရားသခင္က တိက်ေသာေနရက္မရွိဘဲ အမိန႔္ေတာ္ ေဖာ္ျပျခင္းေတြသည္ ယခုပင္သင့္အား လုပ္ေဆာင္ေစလိုျခင္း ျဖစ္ပါသည္။


ကြၽႏ္ုပ္တို႔ ကေလးေတြႀကီးျပင္းလာတဲ့အခါမွာ ကြၽႏ္ုပ္ဇနီး "Kay" က "ညေန 6နာရီမွာ ညစာစားၾကမယ္" လို႔ဆိုလွ်င္ ညေန 6 နာရီတြင္ ညစာစားသင့္သည္ဟု ဆိုလိုပါသည္။ သို႔ေသာ္ တျခားအခ်ိန္တြင္ သူမက "ညစာစားဖို႔ စားပြဲသို႔လာပါ" လို႔ေျပာပါလွ်င္ ခ်က္ခ်င္းသြားသင့္သည့္ အဓိပၸါယ္ျဖစ္ပါတယ္။ 

ဘုရားသခင္သည္လည္း ထိုနည္း၎ပင္ျဖစ္ပါတယ္။ အခ်ိန္အတိအက်မရွိဘဲ တစ္စုံတစ္ခုကို လုပ္ေဆာင္ဖို႔ရန္ ဘုရားေျပာလာျခင္းသည္ ၎ကို ယခုပင္ လုပ္ေဆာင္သင့္ေၾကာင္းကို ဆိုလိုပါသည္။ 

နာခံျခင္းကို ကြၽႏ္ုပ္တို႔ ၾကန႔္ၾကာေစတဲ့အခါတြင္ ဘုရားထံ ေမးခြန္းေတြ ေမးေနပါတယ္။ " အဖဘုရား ဘယ္အရာ အေကာင္းဆုံးျဖစ္သည္ကို အမွန္တကယ္ သိပါသလား။"

ဘုရားသခင္သည္ သင္၏လိုအပ္ခ်က္မ်ားကို သင္နာခံသည္အရွိန္အဟုန္ျဖင့္ သင့္အားတုံ႔ျပန္လွ်င္ေကာ။ ဤေမးခြန္းကိုစဥ္းစားၾကည့္ပါ။ သင္ဒုကခေရာက္တဲ့အခါ ဘုရားထံမွ အကူအညီကို သင္ခ်က္ခ်င္းလိုခ်င္တယ္။ ဘုရားသခင္က သင့္ကို တခုခုလုပ္ဖို႔ ေျပာတဲ့အခါ သူကသင့္ကို ခ်က္ခ်င္းနာခံ ေစ ခ်င္ပါတယ္။ 

နာခံျခင္းကို ေႏွာင့္ေႏွးေစျခင္းသည္ မနာခံျခင္းသေဘာျဖစ္ပါတယ္။ ဘုရားသခင္ထံမွ ေကာင္းႀကီးမဂၤလာကို သင္အလိုရွိပါလွ်င္ သူ၏လမ္းၫႊန္ခ်က္တို႔ကို ခ်က္ခ်င္းလိုက္ေလွ်ာက္အသက္ရွင္ပါ။

ဆင္ျခင္ရာ

- ေႏွာင့္ေႏွးေသာနာခံျခင္းႏွင့္ မနာခံျခင္းတို႔သည္ မည္သို႔ကြာျခားသနည္း။

- သင္သည္ ဘုရားသခင္၏ ပညတ္ေတာ္မ်ားထဲမွ တခုကို အလ်င္အျမန္ နာခံရမည့္အစား "ဘာေၾကာင့္" လို႔ ဘုရားသခင္အား ေမးျမန္းခဲ့ပါသနည္း။ မိနစ္ အနည္းငယ္အခ်ိန္ယူလ်က္ ဆုေတာင္းပါ။ ယေန႔တြင္ ၎ပညတ္ခ်က္ကို စတင္နာခံပါမည္လို႔ ဘုရားသခင္အားေျပာပါ။ 


- သင္၌ၾကန႔္ၾကာေနသည့္ ယခုပင္လုပ္ေဆာင္ရန္ ဘုရားသခင္က တိက်ေသာ အမိန႔္ေပးခဲ့ဘူးပါသလား။ ယေန႔တြင္ ေႏွာင့္ေႏွးမႈကိုရပ္တန႔္ၿပီး လုပ္ေဆာင္မည္ကို ဝန္ခံလိုက္ပါ။