ကောရိန္သုသြဝါဒစာ ပထမစောင် ၁၀:၂၃ "ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာတို့သည် သူတပါးကို တည်ဆောက်တတ်သည်မဟုတ်။ "
နေ့စဉ် ဆုံးဖြတ်ချက်များစွာ သင်ပြုပါတယ်။ သင်ပြုသော အမျာစုဖြစ်သော သွားတိုက်ခြင်း (သို့) Gas ဖြည့်ခြင်းတို့ကိုတောင် သင်စဉ်းစားစရာ မလိုပါ။ တခြားကျန်သောအရာတွေက သင်၏ အသိတရားနှင့် သမ္မာကျမ်းစာပေါ်တည်သော ဉာဏ်အမြော်အမြင် ပေါ်တည်ပြီး အမှန် (သို့) အမှား အတွက် အရေးကြီးပါတယ်။
တစ်ခါတစ်ရံတော့လည်း ကောင်းသော (သို့) အကောင်းဆုံးသော ရွေးချယ်မှုကြားမှာ ဆုံးဖြတ်ရပါတယ်။ အဲဒီ အခြေအနေမှာ တိုးတက်စေသော စမ်းသပ်မှုကို အသုံးပြုပါ။
ကောရိန္သုသြဝါဒစာ ပထမစောင် ၁၀:၂၃ "ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာတို့သည် သူတပါးကို တည်ဆောက်တတ်သည်မဟုတ်။ "
သင်၌ရှိသောလွှတ်မြောက်ခြင်းကို အထက်ပါကျမ်းပိုဒ်တွင် သတိပြုပါ။ သို့ပေမဲ့ ခရစ်ယာန်တစ်ဉီးအနေဖြင့် တစ်စုံတစ်ခုကို လုပ်ဆောင်နျုင်သည့်တိုင် သင့်ကိုဘအကျိုးမဖြစ်စေနိုင်သလို တည်ဆောက်စရာလည်းမဖြစ်စေပါ။
တစ်သုံတစ်ခုကတော့ သေချာပေါက် မှားနေတာ မဟုတ်ပါ။ မလိုအပ်ခြင်းသးသာဖြစ်ပြီး သင့်အတွက်လည်း အကောင်းဆုံး မဖြစ်ပါ။
သင့်အသက်တာတွင်ပြုသော ရွေးချယ်မှုအများစုသည် ကောင်းခြင်းနှင့်ဆိုးခြင်းကြား လုပ်ဆောင်ခြင်းမဟုတ်ပါ။ "ငါကျမ်းသာ ဖတ်ရမလား (သို့) အမှားတစ်ခုလောက် ချိုးဖောက်ရမလား" ဆိုပြီးမေးဖို့ အစောကြီးရထစရာမလိုပါ။
မှန်ခြင်း ၊ မှားခြင်းအရာတွေအတွက် သင်၌ မြင့်သော စံထားသရာရှိနေဖို့တော့ လျုအပ်ပါတယ်။ တိုးတက်စေသော စမ်းသပ်မှုတွေကို သင်အသုံးပြုရန် လိုအပ်ပြီး အဓိပ္ပာယ်ရှိသောသူ တစ်ဦးဖြစ်လာစေရန် မည်သို့ပြုရမည်ကို မေးပါ။
သမ္မာကျမ်းသာမှာ ဖော်ပြထားတဲ့ လူတွေရဲ့ စရိုက်လက္ခဏာထက် TVကနေ ဖော်ပြတဲ့ ဇာတ်ကောင်တွေ (သို့) သင့်မိသားစုဝင်တို့၏ စရိုက်သလက္ခဏာ တို့ကို သင်ပိုသိပါသလား။
စာအုပ် (သို့) မဂ္ဂဇင်းတွေဖတ်ပြီး အချိန်များစွာပေးလျက် အရေးမပါတဲ့ အရာတွေကို သင်၏အတွေးထဲသို့ ဖြည့်ဆည်းကောင်း ဖြည့်ဆည်းမည်။ (သို့) သင်၏ အားလပ်ရက်မှာ ခုံမှာထိုင်ပြီး အားကစားပွဲတွေ ကြည့်ကောင်းကြည့်နေပါမည်။ ယနေ့ကမ္ဘာတွင် လူတော်တော်များများ သူတို့၏ ဖုန်းတွေကို ကြည့်ခြင်းတွင် မရေတွက်နိုင်သော အချိန်နာရီပေါင်းများစွာကို ကုန်ဆုံးစေကြပါတယ်။
အထက်ပါကိစ္စက အမြဲတမ်းဆိုးဝါး ပါသလား။ မဟုတ်ပါ။
အချိန်အများစုကိုညဖြုန်းတီးနေပါသလား။ မှန်ပါတယ်။
အဓိပ္ပါယ်ရှိတဲ့သူ ဖြစ်စေပါသလာ။ လုံးဝ မဖြစ်စေပါ။
အမှန်တကယ်က လူတော်တော်များများသည် သူတို့အသက်တာကို ဒုတိယ အမှုအတွက် ကုန်ဆုံးစေကြပါတယ်။ သို့ပေမဲ့ သင်ပြုဖို့မလိုပါ။ ဒါကြောင့် နေ့စဉ်ဆုံးဖြတ်နေရသော သင်သည် "၎င်းနှင့်ပတ်သက်ပြီး မှားနေတာ ရှိသလား" လို့ မမေးပါနှင့်။ အဲဒီအသးစား " ၎င်းက ကျွန်န်ုပ်အတွက် အဓိပ္ပါယ်ရှိသောသူ ဖြစ်စေမလား" လို့မေးပါ။
သင့်အသက်တာကို အကောင်းဆုံး မဟုတ်တဲ့ အရာတွေဖြင့်ဖြည့်ပြီး မလျှောက်လှမ်းပါနှင့်။ အဲဒီအစား သင့်အသက်တာတွင် သင်အသုံးပြုသောအရာ၊ ရွေးချယ်လုပ်ဆောင်သောအရာတွေကို ကိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ဖြင့် မှီလျက် ၎င်းတို့သည်အကောင်းဆုံးဖြစ်မဖြစ်ဆိုတာကို စောင့်ကြည့်စစ်ဆေးပါ။
ဆင်ခြင်ရန်
-ကောင်းသော (သို့) အကောင်းဆုံးသော ရွေးချယ်သရာပြုရတော့မည့်အချိန်ကို အောက်မေ့လိုက်ပါ။ မည်သို့သော ဆုံးဖြတ်ချက်ကို သင်ပြုခဲ့ပါသနည်း။
-နေ့စဉ်သင်ပြုသော အရေးကြီးသောအရာတွေကို စာရင်းပြုစုပါ။ ပြီးလျှင် ဘုရားသခင်၏ နဗုတ်ကပတ်တော်ကိုဖွင့်ပြီး ဆုတောင်းကာ ၎င်းအရာတွေသည် အကောင်းဆုံးဖြစ်မဖြစ်ကို စဉ်းစားဆင်ခြင်ပါ။