To make decisions, use the influence test

God expects you to think of the people around you

ရောမ ၁၄:၁၂-၁၃ " သို့ဖြစ်၍၊ ငါတို့ရှိသမျှသည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံရကြမည်။
ထိုကြောင့်၊ ငါတို့သည် ယခုမှစ၍ အချင်းချင်း မစစ်ကြောမစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကိုချင်း ထိမိ၍ လဲစရာအခွင့်၊ မှားယွင်းစရာအခွင့်မရှိစေမည်အကြောင်း သာ၍ စီရင်ကြကုန်အံ့။ "

သင်လုပ်ဆောင်သော အရာရာတိုင်းသည် တစ်စုံတစ်ယောက်ကိုပင်လျှင် သက်ရောက်မှုရှိပါတယ်။ တစ်ချို့သော ဆုံးဖြတ်ချက်တွေသည် သင့်ကိုသော်လည်းကောင်း ၊ တခြားသူကိုသော်လည်းကောင်း အကျိုးရှိစေပါတယ်။ သို့ပေမယ့် တခါတစ်ရံ၌ ၎င်းသည် သင့်အတွက် အဆင်ပြေနိုင်သော်လည်း သင့်ပတ်ဝန်းကျင်ရှိလူများအား အန္တရာယ်ဖြစ်စေသည့် ဆုံးဖြတ်ချက်ချရန် သွေးဆောင်ခြင်းခံရပါတယ်။
ဒါကြောင့် ဆုံးဖြတ်ချက်ချတဲ့အခါမှာ လွမ်းမိုးသောဆစမ်းသပ်မှုကို အသုံးပြုရန် အထောက်အကူဖြစ်စေပါတယ်။ "၎င်းသည် တခြားသူများကို ထိခိုက်နိုင်မလား" လို့ မေးပါ။ လွမ်းမိုးသောစမ်းသပ်မှုသည် ယဉ်ကျေးမှုကိုအားပေးသောအရာနှင့် ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ သင်ဘာကိုလိုချင်သလဲ၊ ဘာကိုလိုအပ်နေသလဲ။

သို့ပေမယ့် ဘုရားသခင်ကသင့်ကို တခြားသူတွေအတွက် စဉ်းစားပေးရန် မျော်လင့်ပါတယ်။ 
ရောမ ၁၄:၁၂-၁၃ " သို့ဖြစ်၍၊ ငါတို့ရှိသမျှသည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံရကြမည်။
ထိုကြောင့်၊ ငါတို့သည် ယခုမှစ၍ အချင်းချင်း မစစ်ကြောမစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကိုချင်း ထိမိ၍ လဲစရာအခွင့်၊ မှားယွင်းစရာအခွင့်မရှိစေမည်အကြောင်း သာ၍ စီရင်ကြကုန်အံ့။ ""

သင်နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ သင်သည် တခြားသူများ၏ ကြည့်ရှုနေတာကို ခံနေရပါတယ်။ ကျွန်‌တော်တို့အားလုံး တစ်လှေထဲမှာရှိတဲ့ လူသားမျိုးနွယ် ဖြစ်ကြပါတယ်။ ဤလှေရဲ့အောက်ခြေမှာ ကျွန်တော် အပေါက်ဖောက်ဖို့ ဆုံးဖြတ်ပါလျှင် တခြားသူတွေကိုလည်း ထိခိုက်ပါလိမ့်မည်။ 
တနေ့တွင် ကျွန်တော်တို့၏ဆုံးဖြတ်ချက်တွေသည် တခြားသူများသို့ မည်သို့ အကျိုးသက်ရောက်ခြင်းရှိသည်ကို တရားစီရင်ခြင်းခံရမည်ဟု သမ္မာကျမ်းစာကဆိုပါတယ်။ ဤအရာကို ဘုရားသခင် အလေးနက်ထားပါတယ်။

ဤအရာကို ကွင်းကွင်းကွက်ကွက် မြင်သာစေသော ရုပ်ပုံတခုမှာ မိဘများနှင့် ကလေးရှိသော လူတို့၏ အသက်တာတွေဖြစ်ပါတယ်။ သင်၏ဆုံးဖြတ်ချက်ပြုသည့်အရာကို သင်၏သားသမီးတွေကြည့်ခြင်းသည် နောက်လာနောက်သားတို့ကို တိုက်ရိုက်လွမ်းမိုးမှုဖြစ်စေပါတယ်။ ရိုင်းစိုင်းတဲ့သူတွေပေါ်မှာ သင်လေးစားသလား (သို့) ရိုင်းစိုင်းခြင်းနဲ့ပဲ တုံ့ပြန်သလားဆိုတာ သားသမီးတွေကြည့်ပါတယ်။ 

သင်က အလုပ်ရှင်ကို နေမကောင်းတာနဲ့ပတ်သက်ပြီးလိမ်ပြောရင် ခွင့်တစ်ရက်ရတယ်ဆိုတာ ကလေးကနားလည်သွားပါမည်။ ရုပ်မြင်သံကြား၌ သင်ကြည့်သောအရာနှင့် ကလေးတွေကိုသင်ကြည့်ရှုစေခြင်းဖြင့် သူတို့လေးတွေကို မည်သို့သင့်လျော်‌သော အရာတွေကို သင်ကြားပေးနေပါသနည်း။ 
သင်၌ သားသမီးမရှိတာဖြစ်ကောင်းဖြစ်မည်။ သို့ပေမယ့် လူတိုင်းနီးပါး အိမ်နီချင်း (သို့)တစုံတစ်ယောက်ဖြစ်ကြပါတယ်။ "ကျွန်တော် နှင့်အနီးဆုံးနေတဲ့သူတွေအတွက် ကျွန်တော်အိမ်နီးချင်းကောင်း တစ်ယောက်ဖြစ်ရဲ့လား" လို့ သင့်ကိုယ်သင်မေးပါ။ 

နေ့စဉ်နေ့တိုင်း သင်နှင့်ဆက်သွယ်သော လူတို့သည်လည်း သင့်ကိုစောင့်ကြည့်နေကြပါတယ်။ လက်လီစတိုးဆိုင်ရှိ ငွေရှင်းကောင်တာတွင် အလုပ်လုပ်သောသူ (သို့) ခက်ခဲသောနေ့တစ်နေ့ကြုံနေရတဲ့ စားသောက်ဆိုင်ကစားပွဲထိုးတွေလည်း ပါပါတယ်။

ခရစ်ယာန်တစ်ဦးအနေဖြင့် ဤအရာများပေါ် မည်သို့ပင်အလိုရှိပေမယ့် သင်မတုန့်ပြန်နိုင်ပါ။ သင်တုန့်ပြန်ပါလျှင် တခြားသူတွေ သင်အနားရှိမယုံကြည်သောသူတွေက "အဲဒါဟာရစ်ယာန်တွေပေါ့၊ မေ့လိုက်ပါ" လို့ပြောပါမည်။
ကျွန်တော့ကိုစွပ်စွဲဖို့ရန် ကျွန်တော် နှင့်ပတ်သက်ပြီး ကြိုက်သလို ပြုမူတဲ့အတိုင်းကျွန်ုပ်အသက်တာကို ကြိုးစားပြီးဘယ်လို အသက်ရှင်ရမလဲ သိပါတယ်။ ၎င်းသည် ကျွန်တော် ၏ပန်းတိုင်၊ သင်၏ပန်းတိုင်လည်းဖြစ်သည်ကို ကျွန်တော်ယုံကြည်ပါသည်။
ရောမ ၁၅:၁-၂ " သို့ဖြစ်၍၊ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏ အားနည်းခြင်းကို သည်းခံရကြမည်။ ထိုသို့ငါရှိသမျှသည်ကိုယ်နှင့်စပ်ဆိုင်သော သူ၏ အကျိုးကို ထောက်၍၊ သူ့ကိုတည်ဆောက်စေခြင်းငှါ သူ၏ အလိုသို့ လိုက်ကြကုန်အံ့။"

ရင့်ကျက်တဲ့သူတွေသည် သူတို့၏လွတ်လပ်မှုကို တခြားသူတွေအကျိုးအတွက် ကန့်သတ်ထားပါတယ်။ သူတို့၏ဆုံးဖြတ်ချက်တွေသည် အနားမှာရှိတဲ့သူတွေကို မည်သို့သက်ရောက်မှုရှိကြောင်းကို သူတို့စဉ်းစားကြပါတယ်။ ချစ်ခြင်းမေတ္တာကြောင့်သာ သူတို့၏လွတ်လပ်မှုကို ကန့်သတ်ထားကြတယ်။ " တခြားသူတွေကို မည်သို့သက်ရောက်မှုရှိသလဲ" ဆိုပြီး သူတို့ လွှမ်းမိုးသောစမ်းသပ်မှုကို အသုံးပြုပါတယ်။
ဆင်ခြင်ရန်
-ဆုံးဖြတ်ချက်ချတဲ့အခါမှာ ခရစ်ယာန်တစ်ဦးသည် တခြားသူတွေကို ဘာကြောင့်များ ထည့်သွင်းစဉ်းစားရန် လိုအပ်သနည်း။
-သင်၏ဆုံးဖြတ်ချက်သည် သင့်ဝန်းကျင်ရှိ လူတစ်ဦးအား မည်သည့်အချိန်တွင် အန္တရာယ် ရှိစေပါသနည်း။ မည်သည့်အချိန်တွင်ဆုံးဖြတ်ချက်ချခြင်းက သင်နှင့်တခြားသူတွေအတွက် အကျိုးရှိပါသနည်း။
-သင်၏လွမ်းမိုးမှု နယ်ပယ်ရှိ လူတွေ၏စာရင်းကိုပြုစုပါ။ လာမည့်ရက်တွင် သင်၏ဆုံးဖြတ်ချက်တွေက ထိုသူတို့ကို မည်သို့ အကျိုးသက်ရောက်မည်ဆိုတာကို ထည့်သွင်းစဉ်းစားပါ။