Successful Learning Starts by Studying God’s Word

Unicode Version



အောင်မြင်သော သင်ယူခြင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို လေ့လာခြင်းမှ စတင်ပါသည်။

ယောရှုမှတ်စာ ၁:၈ “ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာ ကို မဘတ်မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ် မည်။ 

အသစ်သော ကျွမ်းကျင်မှု ၊ အသစ်သော သီအိုရီ (သို့) လူသစ်နှင့် ပတ်သက်သော အစုံတရာ ၊ သင်လေ့လာနေသမျှ အရာတို့တွင် အမှန်တကယ် ထူးချွန်ဖို့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ သင့်ကိုယ်သင် ဉီးစွာ စိမ်ထား သင့်ပါသည်။

“စိမ်” ဆိုသော စကားလုံးကို ရည်ရွယ်ချက်ရှိရှိ ကျွန်ုပ်သုံးထားပါတယ်။ ရေနွေးပူထဲတွင် လက်ဖက်ရည် အိတ် ကလေးကို ထည့်လိုက်ပြီး အလျင်အမြန် အပေါ် အောက်ပြန်ကျစေလျက် ပြုပါလျှင် မည်သည့် လက်ဖက်ရည်မှ သင်ရရှိမည် မဟုတ်ပါ။ သို့သော်ငြားလည်း ၎င်းကို ဖြည်းဖြည်းချင်း စိမ်ထားပါလျှင် အနံ့အရသာတို့အားလုံး အိတ်ကလေးထဲကနေ ထွက်လာအောင် ထုတ်ယူသလိုဖြစ်သွားပါလိမ့်မည်။

သင်အမှန်တကယ် လေ့လာသင်ယူနေသည့်အရာအားလုံးတို့တွင် ထူးချွန်လိုပါက ဘုရားသခင်၏ နှုတ်ကပတ် တော် တို့ကိုလည်း ထိုနည်းတူစွာ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျွန်ုပ်သည် စာဖတ်ခြင်းတွေကို အလျင်အမြန် ဖတ်ခြင်းကို ပြုလေ့ရှိသော်လည်း သမ္မာကျမ်းစာကိုတော့ လျင်မြန်စွာ မဖတ်ပါ။ တဖြည်းဖြည်းဖတ်ပါတယ်။ စကားလုံး တစ်လုံးချင်းစီ ဖတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စကားလုံးတိုင်းတို့သည် ဘုရားသခင်၏ စင်ကြယ် ခြင်းကို ဖော်ဆောင်ထားပါတယ်။

သင်ဘာကိုမှ မလေ့လာခင်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်တို့၌ သင့်ကိုယ်သင် စိမ်ထားခြင်းဖြင့် စတင်ပါ။ ၎င်းသည် အောင်မြင်ဖို့ရန်အတွက် သော့ချက် ဖြစ်ပါတယ်။

လူတိုင်း အောင်မြင်ချင်ကြပါတယ်။ သင်သည်လည်း သင်၏ အသက်မွေးဝမ်းကျောင်းတွင် သင်အောင်မြင်မှု လိုချင်ပါသည်။ ပေါင်းသင်းဆက်ဆံရေး နှင့် သင်၏ လေ့လာသင်ယူမှုတွေမှာ အောင်မြင်ချင်ပါသည်။ အောင်မြင်ချင်သော လူတိုင်းကိုလည်း သမ္မာကျမ်းစာက ဩဝါဒပေးထားပါတယ်။

ယောရှုမှတ်စာ ၁:၈ တွင် ဖော်ပြထားသည်မှာ “ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာ ကို မဘတ်မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်။ 

ဘုရားသခင်သည် မုသာသုံးသောသူ မဟုတ်ပါ။ သင်အား ကတိတော်ပေးထားခြင်းဖြစ်ပါတယ်။ သင့်အသက်တာတွင် ကြွယ်ဝချမ်းသာပြီး အောင်မြင်ချင်ပါလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို အစဉ်မပြတ် လေ့လာပါ။

ဆင်ခြင်ရန်
-ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လေ့လာခြင်းနှင့် သိရှိခြင်းများမှ မည်သို့သော သမ္မာတရားကို သင်လေ့လာခဲ့ရပါသနည်း။ ၎င်းသမ္မာတရားက သင့်အား သခင်ခရစ်တော်နှင့် ပို၍ ရင်းနှီးလာစေဖို့ရန် မည်သို့ ကူညီပေးပါသနည်း။
-အမြဲတမ်း ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို လေ့လာခြင်းအတွက် သင်၌ မည်သို့သော လက်ရှိအစီအစဉ် ရှိပါသနည်း။
-နေ့စဉ်ကျမ်းစာဖတ်ဖို့ရန် မည်သည့်အရာက သင့်အား အခက်အခဲဖြစ်စေပါသနည်း။ ကျမ်းစာဖတ်ခြင်းတွင် ပိုပြီး သစ္စာရှိသူဖြစ်လာစေဖို့ရန် မည်သို့သော အပြောင်းအလဲက သင့်အား ကူညီပေးနိုင်မည်နည်း။

---------------------------------------------------------------------------------


Zawgyi Version

ေအာင္ျမင္ေသာ သင္ယူျခင္းသည္ ဘုရားသခင္၏ႏႈတ္ကပတ္ေတာ္တို႔ကို ေလ့လာျခင္းမွ စတင္ပါသည္။

ေယာရႈမွတ္စာ ၁:၈ “ထိုပညတၱိက်မ္းစာ၌ ေရးထားသမွ်အတိုင္း က်င့္မည္ဟု ေစာင့္ေရွာက္ျခင္းအလိုငွါ က်မ္းစာ ကို မဘတ္မ႐ြတ္ဘဲမေန၊ ေန႔ညဥ့္မျပတ္ ၾကည့္ရႈဘတ္႐ြတ္ရမည္။သို႔ျပဳလွ်င္ သင္သည္ အႀကံထေျမာက္၍ ေအာင္ျမင္လိမ္ မည္။ ”

အသစ္ေသာ ကြၽမ္းက်င္မႈ ၊ အသစ္ေသာ သီအိုရီ (သို႔) လူသစ္ႏွင့္ ပတ္သက္ေသာ အစုံတရာ ၊ သင္ေလ့လာေနသမွ် အရာတို႔တြင္ အမွန္တကယ္ ထူးခြၽန္ဖို႔ရန္ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္၌ သင့္ကိုယ္သင္ ဉီးစြာ စိမ္ထား သင့္ပါသည္။

“စိမ္” ဆိုေသာ စကားလုံးကို ရည္႐ြယ္ခ်က္ရွိရွိ ကြၽႏ္ုပ္သုံးထားပါတယ္။ ေရေႏြးပူထဲတြင္ လက္ဖက္ရည္ အိတ္ ကေလးကို ထည့္လိုက္ၿပီး အလ်င္အျမန္ အေပၚ ေအာက္ျပန္က်ေစလ်က္ ျပဳပါလွ်င္ မည္သည့္ လက္ဖက္ရည္မွ သင္ရရွိမည္ မဟုတ္ပါ။ သို႔ေသာ္ျငားလည္း ၎ကို ျဖည္းျဖည္းခ်င္း စိမ္ထားပါလွ်င္ အနံ႔အရသာတို႔အားလုံး အိတ္ကေလးထဲကေန ထြက္လာေအာင္ ထုတ္ယူသလိုျဖစ္သြားပါလိမ့္မည္။ 

သင္အမွန္တကယ္ ေလ့လာသင္ယူေနသည့္အရာအားလုံးတို႔တြင္ ထူးခြၽန္လိုပါက ဘုရားသခင္၏ ႏႈတ္ကပတ္ ေတာ္ တို႔ကိုလည္း ထိုနည္းတူစြာ လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ ကြၽႏ္ုပ္သည္ စာဖတ္ျခင္းေတြကို အလ်င္အျမန္ ဖတ္ျခင္းကို ျပဳေလ့ရွိေသာ္လည္း သမၼာက်မ္းစာကိုေတာ့ လ်င္ျမန္စြာ မဖတ္ပါ။ တျဖည္းျဖည္းဖတ္ပါတယ္။ စကားလုံး တစ္လုံးခ်င္းစီ ဖတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စကားလုံးတိုင္းတို႔သည္ ဘုရားသခင္၏ စင္ၾကယ္ ျခင္းကို ေဖာ္ေဆာင္ထားပါတယ္။

သင္ဘာကိုမွ မေလ့လာခင္မွာ ဘုရားသခင္၏ႏႈတ္ကပတ္ေတာ္တို႔၌ သင့္ကိုယ္သင္ စိမ္ထားျခင္းျဖင့္ စတင္ပါ။ ၎သည္ ေအာင္ျမင္ဖို႔ရန္အတြက္ ေသာ့ခ်က္ ျဖစ္ပါတယ္။

လူတိုင္း ေအာင္ျမင္ခ်င္ၾကပါတယ္။ သင္သည္လည္း သင္၏ အသက္ေမြးဝမ္းေက်ာင္းတြင္ သင္ေအာင္ျမင္မႈ လိုခ်င္ပါသည္။ ေပါင္းသင္းဆက္ဆံေရး ႏွင့္ သင္၏ ေလ့လာသင္ယူမႈေတြမွာ ေအာင္ျမင္ခ်င္ပါသည္။ ေအာင္ျမင္ခ်င္ေသာ လူတိုင္းကိုလည္း သမၼာက်မ္းစာက ဩဝါဒေပးထားပါတယ္။

ေယာရႈမွတ္စာ ၁:၈ တြင္ ေဖာ္ျပထားသည္မွာ “ထိုပညတၱိက်မ္းစာ၌ ေရးထားသမွ်အတိုင္း က်င့္မည္ဟု ေစာင့္ေရွာက္ျခင္းအလိုငွါ က်မ္းစာ ကို မဘတ္မ႐ြတ္ဘဲမေန၊ ေန႔ညဥ့္မျပတ္ ၾကည့္ရႈဘတ္႐ြတ္ရမည္။သို႔ျပဳလွ်င္ သင္သည္ အႀကံထေျမာက္၍ ေအာင္ျမင္လိမ့္မည္။ ”

ဘုရားသခင္သည္ မုသာသုံးေသာသူ မဟုတ္ပါ။ သင္အား ကတိေတာ္ေပးထားျခင္းျဖစ္ပါတယ္။ သင့္အသက္တာတြင္ ႂကြယ္ဝခ်မ္းသာၿပီး ေအာင္ျမင္ခ်င္ပါလွ်င္ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္တို႔ကို အစဥ္မျပတ္ ေလ့လာပါ။

ဆင္ျခင္ရန္
-ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္တို႔ကို ေလ့လာျခင္းႏွင့္ သိရွိျခင္းမ်ားမွ မည္သို႔ေသာ သမၼာတရားကို သင္ေလ့လာခဲ့ရပါသနည္း။ ၎သမၼာတရားက သင့္အား သခင္ခရစ္ေတာ္ႏွင့္ ပို၍ ရင္းႏွီးလာေစဖို႔ရန္ မည္သို႔ ကူညီေပးပါသနည္း။
-အၿမဲတမ္း ဘုရားသခင္၏ႏႈတ္ကပတ္ေတာ္တို႔ကို ေလ့လာျခင္းအတြက္ သင္၌ မည္သို႔ေသာ လက္ရွိအစီအစဥ္ ရွိပါသနည္း။
-ေန႔စဥ္က်မ္းစာဖတ္ဖို႔ရန္ မည္သည့္အရာက သင့္အား အခက္အခဲျဖစ္ေစပါသနည္း။ က်မ္းစာဖတ္ျခင္းတြင္ ပိုၿပီး သစၥာရွိသူျဖစ္လာေစဖို႔ရန္ မည္သို႔ေသာ အေျပာင္းအလဲက သင့္အား ကူညီေပးႏိုင္မည္နည္း။