Study what’s real to detect what don’t isn’t true
Unicode Version
ဆာလံကျမ်း ၁၁၉:၁၀၄ “ကိုယ်တော်၏ ဥပဒေသများအားဖြင့်၊ အကျွန်ုပ် သည် ဉာဏ်တိုး ပွား၍၊ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ၏။
တကယ်တမ်း အတုတွေကို သိရှိဖို့ရန် တစ်ခုတည်းသော နည်းလမ်းမှာ အစစ်အမှန်ကို သိရန်ဖြစ်ပါတယ်။
သမ္မာတရား ၊ အမှန်တရားကို မသိတဲ့အတွက်ကြောင့် လူတော်တော်များများ မိုက်မဲသော အယူအဆ ၊ အကြံဉာဏ်တွေကို ကျရှုံးနေကြပါတယ်။ အစစ်အမှန်တွေကို အသိကြတဲ့အတွက်ကြောင့်လည်း မုသာတွေကို မရိပ်မိကြပါ ၊ မတွေိ့နိုင်ကြပါ။
ဒါကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လေ့လာဖို့ရန် အင်မတန်အရေးကြီးပါတယ်။  သမ္မာကျမ်းဆိုင်ရာ အမှန်တရားတို့ကို သိရှိထားခြင်းဖြင့် သင်သည် မှားယွင်းသော သွန်သင်ချက်တို့ကို တွေ့နိုင်ပါလိမ့်မည်။
ဆာလံဆရာက ဤသို့ရေးထားပါတယ်။ ဆာလံကျမ်း ၁၁၉:၁၀၄ “ကိုယ်တော်၏ ဥပဒေသများအားဖြင့်၊ အကျွန်ုပ် သည် ဉာဏ်တိုး ပွား၍၊ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ၏။
ယနေ့ ပုံမှန် အမေရိကန် ကျောင်းသား/သူတို့ အထက်တန်းကျောင်းကို အောင်မြင်ပြီးတဲ့အချိန်မှာ သူတို့သည် ဗီဒီယို၊ ဂိမ်း၊ tablets, Laptop and TV တို့အပါအဝင် screen တွေရှေ့မှာ နာရီပေါင်း ၃၀,၀၀၀ မက အချိန်ဖြုန်းကြပါလိမ့်မည်။
ကျမ်းပေါင်း ၆၆ ကျမ်းပါတဲ့ သမ္မာကျမ်းစာအုပ်တစ်အုပ်လုံးကို ဖတ်ရန် အချိန်မည်မျှ ကြာသည်ကို ခန့်မှန်းကြည့် ပါ။ နာရီ ၈၀ ပဲကြာပါတယ်။
ကျွန်ုပ်တို့မှာ အချိန်ရှိပါတယ်။ မေးခွန်းက ကျွန်ုပ်တို့၏ အချိန်တွေကို မည်သို့အသုံးပြုပါသနည်း။
အကျိုးဖြစ်ထွန်းပြီး ပြည့်ဝစုံလင်တဲ့ အသက်တာတွင် ရှင်သန်နိုင်ဖို့ရန် လိုအပ်သော အသိဉာဏ်ကို နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင် ပေးပါတယ်။
ယနေ့နှင့် နေ့စဉ်နေ့တိုင်း လေ့လာရန် အချိန်ယူခြင်းအားဖြင့် အံ့ဩဖွယ်ဆုကျေးဇူးကို အပြည့်အဝအသုံးချပါ။
ဆင်ခြင်ရန်
-ပုံမှန် သမ္မာကျမ်းစာ လေ့လာမှုများမှတစ်ဆင့် တခြားသောသူတို့ ပို၍အသိပညာ ကြွယ်ဝကြောင်းကို သင်မည်သို့ မြင်ပါသနည်း။
-သမ္မာကျမ်းစာကို ပို၍ အချိန်ပေးပြီး ဖတ်ဖို့ရန် မည်သည့်အရာက တားဆီးနေပါသနည်း။
-သင်အများဆုံး အမြဲလိုလို လုပ်ဆောင်သောအရာများကို စဉ်းစားကြည့်ပါ။ ၎င်းတို့သည် သမ္မာကျမ်းစာနှင့် လေ့လာမှုနှင့် ယှဉ်လျှင် မည်မျှအရေးပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆာလံကျမ်း ၁၁၉:၁၀၄ “ကိုယ်တော်၏ ဥပဒေသများအားဖြင့်၊ အကျွန်ုပ် သည် ဥာဏ်တိုး ပွား၍၊ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ၏။”
ဆင်ခြင်ရန်