Obey God joyfully

Unicode Version

Obey God joyfully
"Loving God means doing what he tells us to do"

ဆာလံကျမ်း ၁၀၀: ၂ "ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို ဝမ်း​မြောက်​စွာ ဆောင်​ရွက်​ကြ​လော့။ ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​လျက်၊ အ​ထံ​တော်​သို့ ဝင်​ကြ​လော့။"

နာခံခြင်းနဲ့ပတ်သက်ပြီး စဉ်းစားလိုက်တဲ့အခါမှာ "ဝမ်းမြောက်ခြင်း" ဟူသော စကားလုံးက အတွေးထဲကိုချက်ချင်း ရောက်လာပါသလား။ မရောက်နိုင်ပါ။

သို့ပေမယ့် သမ္မာကျမ်းစာက ဘုရားသခင်ကို ဝမ်း မြောက်စွာ နာခံဖို့ ဖော်ပြထားပါတယ်။ ထို့ပြင် ဘုရားသခင်ကို နာခံခြင်းဖြင့် ဝမ်းမြောက်ခြင်းအကြောင်းများစွာ ရှိပါတယ်။ 
ပထမဦးစွာ ဝမ်းမြောက်သော နာခံမှုနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဆိုထားသည်ကိုကြည့်ပါ။ 
ဆာလံကျမ်း ၁၀၀:၂ တွင်ပြောထားသည်မှာ "ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို ဝမ်း​မြောက်​စွာ ဆောင်​ရွက်​ကြ​လော့။ ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​လျက်၊ အ​ထံ​တော်​သို့ ဝင်​ကြ​လော့။"
နောက်ထပ်ဆာလံဆရာက ဆာလံကျမ်း ၁၁၉: ၁၆ "အ​ထုံး​အ​ဖွဲ့​တော်​တို့၌ မွေ့​လျော်​ပါ၏။ နှုတ်​က​ပတ်​တော်​ကို မ​မှတ်​ဘဲ​မ​နေ​ပါ။"
နောက်ပိုင်းကျမ်းပိုက်တွင် ဆာလံကျမ်း ၁၁၉:၄၇ "အ​ကျွန်ုပ်​သည် နှစ်​သက်​သော​ပ​ညတ်​တော်​တို့၌ မွေ့​လျော်​ပါ​မည်။"


ဤဆာလံကျမ်းကိုရေးသားသူ ဆာလံဆရာသည် ကျွန်ုပ်တို့အား ဘုရားသခင်ကို ဝမ်းမြောက်စွာဖြင့် နာခံဖို့ရန် လမ်းညွှန်ထားပြီး သူကိုယ်တိုင် ဘုရားသခင်၏ ပညတ်တော်တို့ကို နာခံခြင်းအရာ၌ ပျော်မွေ့ကြောင်း ပြောထားပါတယ်။ ဘုရားသခင်အား နာခံခြင်းအတွက် ဘယ်လောက်ပျော်ရွှင်စရာကောင်းသလဲ။ ဤတွင် အကြောင်းရင်း (၃) ချက် ရှိပါတယ်။ 

(၁) သင်သည် ဘုရားသခင်ကို နာခံတဲ့အခါ သင်၏ ပြဿနာတွေ နည်းသွားပါမည်။ ဘုရားသခင်သည် သင့်အား ဖန်ဆင်းထားပြီး သမ္မာကျမ်းစာအားဖြင့် သင့်အသက်တာအတွက် လမ်းညွှန်ချက်တွေ ပေးပါတယ်။ ဘုရားသခင်၏ လမ်းညွှန်ချက်တို့ကို သင်လိုက်လျှောက်အသက်ရှင်ပါလျှင် သင်၏ပြဿနာများ နည်းသွားပါလိမ့်မယ်။ စက်ဘီးကို ဘီးတပ်လိုက်သလိုပင် သင်သွားရာလမ်းတို့ကို ချောမွေ့သွားစေပါလိမ့်မယ်။ ထို့ပြင် အသက်တာမှာလည်း ပိုမိုပျော်ရွှင်မှုတွေကို တွေ့မြင်ရပါမည်။

(၂) နောက်ဆုံးတွင် သင်သည် ကောင်းကင်ဘုံ၌ ဆုချခြင်းခံရမည်ဖြစ်ပြီး ဘုရား၏ကတိတော်တို့ ပြည့်စုံသည်ကို မြင်ရလိမ့်မယ်။ "စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သည်း​ခံ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ စစ်​ကြော​စုံ​စမ်း​ခြင်း​ကို ခံ​ပြီး​မှ သ​ခင်​ဘု​ရား​ကို ချစ်​သော​သူ​တို့​အား က​တိ​ထား​တော်​မူ​သော အ​သက်​သ​ရ​ဖူ​ကို ရ​လိမ့်​မည်။-
ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ ၁:၁၂"

(၃) ဘုရားသခင်ကို သင်ချစ်တဲ့အခါမှာ သူ့အား နာခံဖို့ရန် သဘာဝအလျောက် ဖြစ်လာပါမယ်။ "ပ​ညတ်​တော်​တို့​ကို စောင့်​ခြင်း​အ​ရာ​သည် ဘု​ရား​သ​ခင်​ကို ချစ်​ရာ​ရောက်၏။ ရှင်ယောဟန်ဩဝါဒစာပထမစောင် ၅:၃"

အိမ်ထောင်ရေးဆက်နွယ်မှုအကြောင်းကို စဉ်းစားကြည့်ပါ။ လူ နှစ်ဦးလက်ထပ်ထားတာ ကြာလာလေလေ သူတပါးကို စိတ်အနှောက်အယှက် ဖြစ်စေသည့်အရာကို သူတို့ကိုသိလာကြတယ်။ ဒါကြောင့် ၎င်းအရာတို့ကို မရွေးချယ်ခြင်းက သူတို့ချစ်သောသူတို့ကို အနှောက်အယှက်မဖြစ်စေချင်ကြဘူး။ ဘုရားသခင်နှင့်အတူ နှစ်ပေါင်းများစွာ သင်လျှောက်လှမ်းတဲ့အခါ သင့်အတွက် သူပြုခဲ့သောအရာတွေနဲ့ နှစ်သင့်အပေါ်မည်မျှကောင်းခဲ့တာတွေ အားလုံးကို ၏သင်သဘောပေါက်ပါမည်။ ဒါကြောင့် ဘုရားသခင်အား စိတ်အနှောက်အယှက်နည်းသွားအောင်လုပ်ချင်သည်။ သူ၏ပညတ်တော်တို့ကို စောင့်ရှောက်ခြင်း၌ သင်ပျော်ရွှင်လာမည်။ ဤသို့လုပ်ဆောင်ခြင်းက သင်သူ့ကို ချစ်သောကြောင့် ဖြစ်ပါတယ်။

သင်၏မေတ္တာကို ဘုရားသခင် မည်သို့တိုင်းတာသည်ကို သင်သိပါသလား။ သင်ပြောသလိုတော့မဟုတ်ပါ။ သင်၏နာခံခြင်းအားဖြင့် သင်၏မေတ္တာကို ဘုရားသခင် တိုင်းတာပါတယ်။ သခင်ခရစ်တော် ပြောထားသည်မှာ "ငါ့​ကို​ချစ်​လျှင် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ကြ​လော့။ ရှင်ယောဟန်ခရစ်ဝင် ၁၄:၁၅" ဤနည်းဖြင့် ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာကို သက်သေပြကြပါတယ်။

ဒါကြောင့် ယနေ့ပင် ဘုရားသခင်အား နာခံဖို့ရန် စတင်လိုက်ပါ။ ဘုရားသခင်အတွက် သင်၏ချစ်ခြင်းမေတ္တာ၌ ကြီးထွားမှုရှိသည်နှင့်အမျှ ဘုရားသခင်၏ ပညတ်တော်တွေကို နာခံခြင်းအရာ၌ ပို၍ပို၍ ပျော်မွေ့ပါလိမ့်မည်။ 

ဆင်ခြင်ရန်
- ချစ်ခြင်းမေတ္တာနဲ့ နာခံခြင်းကြားရှိ ဆက်နွယ်မှုက မည်သို့နည်း။
- ဘုရားသခင်ကို သင်နာခံသည်နှင့်အမျှ သူအပေါ်ထားသော သင်၏ချစ်ခြင်းကြီးထွားလာသည်ကို သင်မည်သို့မြင်ပါသနည်း။
-မည်သို့သော ဘုရားသခင်၏ လမ်းညွှန်ချက်တို့ကို သင်နာခံခဲ့ဘူးပါသနည်း။ (သို့) ဆိုးသောစရိုက်အဖြစ် တုန့်ပြန်ခဲ့ဘူးပါသလား။ ဝမ်းမြောက်ခြင်းဖြင့် နာခံဖို့ရန် ဘုရားသခင်ထံ အကူအညီ တောင်းလျှောက်လိုက်ပါ။

------------------------------------------------------------------------------------------------------

Zawgyi Version
Obey God joyfully

"Loving God means doing what he tells us to do"


ဆာလံက်မ္း ၁၀၀: ၂ "ထာ​ဝ​ရ​ဘု​ရား၏​အ​မႈ​ေတာ္​ကို ဝမ္း​ေျမာက္​စြာ ေဆာင္​႐ြက္​ၾက​ေလာ့။ ႐ႊင္​လန္း​စြာ​သီ​ခ်င္း​ဆို​လ်က္၊ အ​ထံ​ေတာ္​သို႔ ဝင္​ၾက​ေလာ့။"

နာခံျခင္းနဲ႔ပတ္သက္ၿပီး စဥ္းစားလိုက္တဲ့အခါမွာ "ဝမ္းေျမာက္ျခင္း" ဟူေသာ စကားလုံးက အေတြးထဲကိုခ်က္ခ်င္း ေရာက္လာပါသလား။ မေရာက္ႏိုင္ပါ။


သို႔ေပမယ့္ သမၼာက်မ္းစာက ဘုရားသခင္ကို ဝမ္း ေျမာက္စြာ နာခံဖို႔ ေဖာ္ျပထားပါတယ္။ ထို႔ျပင္ ဘုရားသခင္ကို နာခံျခင္းျဖင့္ ဝမ္းေျမာက္ျခင္းအေၾကာင္းမ်ားစြာ ရွိပါတယ္။ 

ပထမဦးစြာ ဝမ္းေျမာက္ေသာ နာခံမႈႏွင့္ပတ္သက္၍ သမၼာက်မ္းစာက မည္သို႔ဆိုထားသည္ကိုၾကည့္ပါ။ 

ဆာလံက်မ္း ၁၀၀:၂ တြင္ေျပာထားသည္မွာ "ထာ​ဝ​ရ​ဘု​ရား၏​အ​မႈ​ေတာ္​ကို ဝမ္း​ေျမာက္​စြာ ေဆာင္​႐ြက္​ၾက​ေလာ့။ ႐ႊင္​လန္း​စြာ​သီ​ခ်င္း​ဆို​လ်က္၊ အ​ထံ​ေတာ္​သို႔ ဝင္​ၾက​ေလာ့။"

ေနာက္ထပ္ဆာလံဆရာက ဆာလံက်မ္း ၁၁၉: ၁၆ "အ​ထုံး​အ​ဖြဲ႕​ေတာ္​တို႔၌ ေမြ႕​ေလ်ာ္​ပါ၏။ ႏႈတ္​က​ပတ္​ေတာ္​ကို မ​မွတ္​ဘဲ​မ​ေန​ပါ။"
ေနာက္ပိုင္းက်မ္းပိုက္တြင္ ဆာလံက်မ္း ၁၁၉:၄၇ "အ​ကြၽႏ္ုပ္​သည္ ႏွစ္​သက္​ေသာ​ပ​ညတ္​ေတာ္​တို႔၌ ေမြ႕​ေလ်ာ္​ပါ​မည္။"



ဤဆာလံက်မ္းကိုေရးသားသူ ဆာလံဆရာသည္ ကြၽႏ္ုပ္တို႔အား ဘုရားသခင္ကို ဝမ္းေျမာက္စြာျဖင့္ နာခံဖို႔ရန္ လမ္းၫႊန္ထားၿပီး သူကိုယ္တိုင္ ဘုရားသခင္၏ ပညတ္ေတာ္တို႔ကို နာခံျခင္းအရာ၌ ေပ်ာ္ေမြ႕ေၾကာင္း ေျပာထားပါတယ္။ ဘုရားသခင္အား နာခံျခင္းအတြက္ ဘယ္ေလာက္ေပ်ာ္႐ႊင္စရာေကာင္းသလဲ။ ဤတြင္ အေၾကာင္းရင္း (၃) ခ်က္ ရွိပါတယ္။ 


(၁) သင္သည္ ဘုရားသခင္ကို နာခံတဲ့အခါ သင္၏ ျပႆနာေတြ နည္းသြားပါမည္။ ဘုရားသခင္သည္ သင့္အား ဖန္ဆင္းထားၿပီး သမၼာက်မ္းစာအားျဖင့္ သင့္အသက္တာအတြက္ လမ္းၫႊန္ခ်က္ေတြ ေပးပါတယ္။ ဘုရားသခင္၏ လမ္းၫႊန္ခ်က္တို႔ကို သင္လိုက္ေလွ်ာက္အသက္ရွင္ပါလွ်င္ သင္၏ျပႆနာမ်ား နည္းသြားပါလိမ့္မယ္။ စက္ဘီးကို ဘီးတပ္လိုက္သလိုပင္ သင္သြားရာလမ္းတို႔ကို ေခ်ာေမြ႕သြားေစပါလိမ့္မယ္။ ထို႔ျပင္ အသက္တာမွာလည္း ပိုမိုေပ်ာ္႐ႊင္မႈေတြကို ေတြ႕ျမင္ရပါမည္။

(၂) ေနာက္ဆုံးတြင္ သင္သည္ ေကာင္းကင္ဘုံ၌ ဆုခ်ျခင္းခံရမည္ျဖစ္ၿပီး ဘုရား၏ကတိေတာ္တို႔ ျပည့္စုံသည္ကို ျမင္ရလိမ့္မယ္။ "စုံ​စမ္း​ေႏွာင့္​ယွက္​ျခင္း​ကို သည္း​ခံ​ေသာ​သူ​သည္ မဂၤ​လာ​ရွိ၏။ အ​ေၾကာင္း​မူ​ကား၊ စစ္​ေၾကာ​စုံ​စမ္း​ျခင္း​ကို ခံ​ၿပီး​မွ သ​ခင္​ဘု​ရား​ကို ခ်စ္​ေသာ​သူ​တို႔​အား က​တိ​ထား​ေတာ္​မူ​ေသာ အ​သက္​သ​ရ​ဖူ​ကို ရ​လိမ့္​မည္။-

ရွင္​ယာ​ကုပ္​ဩ​ဝါ​ဒ​စာ ၁:၁၂"

(၃) ဘုရားသခင္ကို သင္ခ်စ္တဲ့အခါမွာ သူ႔အား နာခံဖို႔ရန္ သဘာဝအေလ်ာက္ ျဖစ္လာပါမယ္။ "ပ​ညတ္​ေတာ္​တို႔​ကို ေစာင့္​ျခင္း​အ​ရာ​သည္ ဘု​ရား​သ​ခင္​ကို ခ်စ္​ရာ​ေရာက္၏။ ရွင္ေယာဟန္ဩဝါဒစာပထမေစာင္ ၅:၃"

အိမ္ေထာင္ေရးဆက္ႏြယ္မႈအေၾကာင္းကို စဥ္းစားၾကည့္ပါ။ လူ ႏွစ္ဦးလက္ထပ္ထားတာ ၾကာလာေလေလ သူတပါးကို စိတ္အေႏွာက္အယွက္ ျဖစ္ေစသည့္အရာကို သူတို႔ကိုသိလာၾကတယ္။ ဒါေၾကာင့္ ၎အရာတို႔ကို မေ႐ြးခ်ယ္ျခင္းက သူတို႔ခ်စ္ေသာသူတို႔ကို အေႏွာက္အယွက္မျဖစ္ေစခ်င္ၾကဘူး။ ဘုရားသခင္ႏွင့္အတူ ႏွစ္ေပါင္းမ်ားစြာ သင္ေလွ်ာက္လွမ္းတဲ့အခါ သင့္အတြက္ သူျပဳခဲ့ေသာအရာေတြနဲ႔ ႏွစ္သင့္အေပၚမည္မွ်ေကာင္းခဲ့တာေတြ အားလုံးကို ၏သင္သေဘာေပါက္ပါမည္။ ဒါေၾကာင့္ ဘုရားသခင္အား စိတ္အေႏွာက္အယွက္နည္းသြားေအာင္လုပ္ခ်င္သည္။ သူ၏ပညတ္ေတာ္တို႔ကို ေစာင့္ေရွာက္ျခင္း၌ သင္ေပ်ာ္႐ႊင္လာမည္။ ဤသို႔လုပ္ေဆာင္ျခင္းက သင္သူ႔ကို ခ်စ္ေသာေၾကာင့္ ျဖစ္ပါတယ္။



သင္၏ေမတၱာကို ဘုရားသခင္ မည္သို႔တိုင္းတာသည္ကို သင္သိပါသလား။ သင္ေျပာသလိုေတာ့မဟုတ္ပါ။ သင္၏နာခံျခင္းအားျဖင့္ သင္၏ေမတၱာကို ဘုရားသခင္ တိုင္းတာပါတယ္။ သခင္ခရစ္ေတာ္ ေျပာထားသည္မွာ "ငါ့​ကို​ခ်စ္​လွ်င္ ငါ့​ပ​ညတ္​တို႔​ကို ေစာင့္​ေရွာက္​ၾက​ေလာ့။ ရွင္ေယာဟန္ခရစ္ဝင္ ၁၄:၁၅" ဤနည္းျဖင့္ ကြၽႏ္ုပ္တို႔၏ ခ်စ္ျခင္းေမတၱာကို သက္ေသျပၾကပါတယ္။


ဒါေၾကာင့္ ယေန႔ပင္ ဘုရားသခင္အား နာခံဖို႔ရန္ စတင္လိုက္ပါ။ ဘုရားသခင္အတြက္ သင္၏ခ်စ္ျခင္းေမတၱာ၌ ႀကီးထြားမႈရွိသည္ႏွင့္အမွ် ဘုရားသခင္၏ ပညတ္ေတာ္ေတြကို နာခံျခင္းအရာ၌ ပို၍ပို၍ ေပ်ာ္ေမြ႕ပါလိမ့္မည္။ 

ဆင္ျခင္ရန္

- ခ်စ္ျခင္းေမတၱာနဲ႔ နာခံျခင္းၾကားရွိ ဆက္ႏြယ္မႈက မည္သို႔နည္း။

- ဘုရားသခင္ကို သင္နာခံသည္ႏွင့္အမွ် သူအေပၚထားေသာ သင္၏ခ်စ္ျခင္းႀကီးထြားလာသည္ကို သင္မည္သို႔ျမင္ပါသနည္း။


-မည္သို႔ေသာ ဘုရားသခင္၏ လမ္းၫႊန္ခ်က္တို႔ကို သင္နာခံခဲ့ဘူးပါသနည္း။ (သို႔) ဆိုးေသာစ႐ိုက္အျဖစ္ တုန႔္ျပန္ခဲ့ဘူးပါသလား။ ဝမ္းေျမာက္ျခင္းျဖင့္ နာခံဖို႔ရန္ ဘုရားသခင္ထံ အကူအညီ ေတာင္းေလွ်ာက္လိုက္ပါ။