Obey God always, no matter what
Faith needs to include action
ဆာလံကျမ်း ၁၁၉:၁၁၂ "အထုံးအဖွဲ့တော်တို့ကို အဆုံးတိုင်အောင် အစဉ် လိုက်ခြင်းအလိုငှာ၊ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏။"
အသက်တာသည် မာရသွန် ပြေးပွဲ တစ်ခုဖြစ်ပါတယ်။ မီတာ ၅၀ တာတိုပြေးပွဲမဟုတ်ပါ။ အဝေးပြေးသမားတစ်ဦး မာရသွန်ပြေးပွဲတွင် နာခံလုပ်ဆောင်ရသလိုမျိုး သင်သည်လည်း ဘုရားသခင်အား နာခံခြင်း၌ ဝန်ခံဖို့ရန် ဘုရားသခင် အလိုတော်ရှိပါတယ်။ ပြိုင်ပွဲတစ်ခုလုံးတွင် သင့်အား ပါဝင်စေလိုပါသည်။
၎င်းရွေးချယ်မှုမျိုး သည်ပြုခဲ့ဖူးပါသလား။ ကျွန်ုပ်ပြုဖူးပါတယ်။ သေသည့်တိုင်အောင် ဘုရားသခင်အား နာခံရန် ကျွန်ုပ်သန္နိဋ္ဌာန်ချထားပါတယ်။ ဤအခြင်းအရာကြောင့် ကောင်းကြီးမင်္ဂလာတို့ကို ကျွန်ုပ် ၏စိတ်ကူးအိမ်မက်တွေထက်မက ခံစားခဲ့ရပါတယ်။
ဆာလံကျမ်း ၁၁၉:၃၃-၃၄ "အို ထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ။ အဆုံးတိုင်အောင် လိုက်သွားပါမည်။ ဉာဏ်ကို ပေးတော်မူပါ။ တရားတော်ကို စောင့်ပါမည်။ စိတ်နှလုံးအကြွင်းမဲ့စော င့်ပါမည်။"
"ဘာလုပ်ရမလဲ ကျွန်ုပ်ကိုပြောပါ" သင့်ဘာလုပ်ဆောင်ရမည်ကို ဘုရားသခင်မဖော်ပြဘူးလို့ ခံစားရဘူးပါသလား။ သင့်အား လုပ်ဆောင်ဖို့ ဘုရား ပြောထားသည်များကို သင်မလုပ်ဆောင်သောကြောင့် ဖြစ်ကောင်းဖြစ်မည်။
ဖိလိပိဩဝါဒစာ ၃:၁၆ " သို့မဟုတ်သော်လည်း၊ ယခုမီသမျှအတိုင်း တစ်နည်းတည်းကျင့်၍ တစ်သဘောတည်း ရှိရကြမည်။"
သင့်အားပြောထားသည်များကို သင်မနာခံသရွေ့ နောက်ထပ်အရာတွေကို သင့်အား သင်ကြားပေးမည်မဟုတ်ပါ။
ဘုရားသခင် ကစားနေတာ မဟုတ်ပါဘူး။ " အဖဘုရား ဘာကိုလုပ်ဆောင်ရမလဲ ကျွန်ုပ်အားပြောပါ။ ထိုနောက် ကျွန်ုပ်လုပ်ဆောင်မည် (သို့) မလုပ်ဆောင်မည်ကို ဆုံးဖြတ်ပါမည်" လို့ သင်ပြောကောင်းပြောမည်။
သို့ပေမယ့် ဤပုံစံမျိုး ဘုရားအလုပ်မလုပ်ပါ။ သင့်အား ဘုရားသခင် ပြောစေချင်တာက "ဘယ်လိုပဲဖြစ်ဖြစ် ဘုရားပြောသမျှအရာတို့ကို ကျွန်တော်လုပ်ဆောင်ပါမည်။
၎င်းသည် ယုံကြည်ခြင်းဖြစ်ပါသည်။
အသိပညာတွေကို ရိုးရှင်းစွာစုစည်းခြင်းက ယုံကြည်ခြင်းမဟုတ်ပါဘူး။ ယုံကြည်ခြင်းတွင် လုပ်ဆောင်မှုပါဝင်ရပါမယ်။ သမ္မာကျမ်းစာတွင် "အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏" ဟုဆိုပါတယ်။ ရှင်ယာကုပ်သြဝါဒစာ ၂၀:၂၆
သင်၏ယုံကြည်ခြင်းက မည်သို့နည်း။ ဘုရားသခင်၏ လမ်းညွှန်ချက်တို့ကို သင်ငြင်းပယ်ပြီး သင်၏ယုံကြည်ခြင်းအရာ၌ သေပြီဟု တွေ့မြင်နေပါသလား။ (သို့) ဘုရားသခင်၏ လမ်းညွှန်ချက်တို့ကို နာခံနေပြီး ယုံကြည်ခြင်းအရာ၌ ကြီးထွားတိုးပွားလာပါသလား။
ဘုရားသခင်၏ မိန့်တော်မူသော စကားတော်တို့ကို အားနာမခံတဲ့အသက်တာအစိတ်ပိုင်း တချို့ သင်၌ရှိကြောင်းကို သင်သဘောပေါက်နားလည်လာပါက ကျွန်ုပ် နှင့်အတူ ဆုတောင်းပါ။
"အဖဘုရား ကျွန်ုပ်အသက်တာ၌ ဘုရားပြုစေလိုသောအရာများစွာ ရှိကြောင်းကို ကျွန်ုပ်သိပါ၏။ သို့ပေမယ့် မလုပ်ဆောင်ခဲ့ပါ။ ကျွန်ုပ်စိတ်မကောင်းဖြစ်ပါ၏။ ကျွန်ုပ်၏ နာမခံမှုတွေအတွက် ခွင့်လွှတ်တော်မူပါ။ ၎င်းသည် ယုံကြည်ခြင်းကင်းမဲ့နေကြာင်းကို ကျွန်ုပ်သိပါ၏။ ဘုရားအကောင်းဆုံးကို သိရှိသည်ကို ကျွန်ုပ် မယုံကြည်ခဲ့ပါဘူး။ ကျွန်ုပ်အသက်တာတလျှောက်လုံးတွင် အဖဘုရား၏ လမ်းညွှန်ချက်တို့ကို ချက်ချင်း၊ အပြည့်အဝ၊ ဝမ်းမြောက်စွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ဖို့ရန် ခွန်အားပေးသနားတော်မူပါ။ သခင်ခရစ်တော်၏ နာမတော်မြတ်၌ ဆုတောင်းပဌနာပြုပါ၏။ အာမင်။"
သင်၏အတိတ်က အကြောင်းရာတွေက အရေးမကြီးပါဘူး။ ယနေ့မှစ၍ အသက်တာတလျှောက်လုံး ဘုရားသခင်ကို နာခံဖို့ရန် ဝန်ခံကတိ ပြုနိုင်ပါသည်။ ၎င်းအတွက် သင်နောင်တမရရှိနိုင်ပါ။
ဆင်ခြေရန်
-တာတိုပြေးပွဲနဲ့ မာရသွန်ပြေးပွဲတို့ကြားက တချို့သောခြားနားချက်က မည်သို့ဖြစ်မည်နည်း။ သင်၏ယုံကြည်ခြင်းကို တာတိုပြေးပွဲ(သို့) မာရသွန်ပြေးပွဲလိုမျိုး သဘောထားမှတ်ယူပါသနည်း။
-ယုံကြည်ခြင်းသည် မာရသွန်ပြိုင်ပွဲနှင့်ပိုတူသဖြ င့် ပြိုင်ပွဲတစ်ခုလုံးကို ကောင်းစွာပြေးနိုင်ရန် သင်၏အသက်တာကို မည်ကဲ့သို့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ပါမည်နည်း။
-ဘုရားသခင်ကို သင်နာခံခြင်းအားဖြင့် သင်၏ယုံကြည်ခြင်း တိုးပွားလာသည်ကို သင်မည်သို့မြင်ပါသနည်း။
----------------------------------------------------------------------------------------------------
Zawgyi Version
Obey God always, no matter what
Faith needs to include action
ဆင်ခြေရန်
ဆာလံကျမ်း ၁၁၉:၁၁၂ "အထုံးအဖွဲ့တော်တို့ကို အဆုံးတိုင်အောင် အစဉ် လိုက်ခြင်းအလိုငှာ၊ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏။"
အသက်တာသည် မာရသွန် ပြေးပွဲ တစ်ခုဖြစ်ပါတယ်။ မီတာ ၅၀ တာတိုပြေးပွဲမဟုတ်ပါ။ အဝေးပြေးသမားတစ်ဦး မာရသွန်ပြေးပွဲတွင် နာခံလုပ်ဆောင်ရသလိုမျိုး သင်သည်လည်း ဘုရားသခင်အား နာခံခြင်း၌ ဝန်ခံဖို့ရန် ဘုရားသခင် အလိုတော်ရှိပါတယ်။ ပြိုင်ပွဲတစ်ခုလုံးတွင် သင့်အား ပါဝင်စေလိုပါသည်။
ဆာလံကျမ်း ၁၁၉:၁၁၂ "အထုံးအဖွဲ့တော်တို့ကို အဆုံးတိုင်အောင် အစဉ် လိုက်ခြင်းအလိုငှာ၊ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏။"
၎င်းရွေးချယ်မှုမျိုး သည်ပြုခဲ့ဖူးပါသလား။ ကျွန်ုပ်ပြုဖူးပါတယ်။ သေသည့်တိုင်အောင် ဘုရားသခင်အား နာခံရန် ကျွန်ုပ်သန္နိဋ္ဌာန်ချထားပါတယ်။ ဤအခြင်းအရာကြောင့် ကောင်းကြီးမင်္ဂလာတို့ကို ကျွန်ုပ် ၏စိတ်ကူးအိမ်မက်တွေထက်မက ခံစားခဲ့ရပါတယ်။
ဆာလံကျမ်း ၁၁၉:၃၃-၃၄ "အို ထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ။ အဆုံးတိုင်အောင် လိုက်သွားပါမည်။ ဉာဏ်ကို ပေးတော်မူပါ။ တရားတော်ကို စောင့်ပါမည်။ စိတ်နှလုံးအကြွင်းမဲ့စော
"ဘာလုပ်ရမလဲ ကျွန်ုပ်ကိုပြောပါ" သင့်ဘာလုပ်ဆောင်ရမည်ကို ဘုရားသခင်မဖော်ပြဘူးလို့ ခံစားရဘူးပါသလား။ သင့်အား လုပ်ဆောင်ဖို့ ဘုရား ပြောထားသည်များကို သင်မလုပ်ဆောင်သောကြောင့် ဖြစ်ကောင်းဖြစ်မည်။
ဖိလိပိဩဝါဒစာ ၃:၁၆ " သို့မဟုတ်သော်လည်း၊ ယခုမီသမျှအတိုင်း တစ်နည်းတည်းကျင့်၍ တစ်သဘောတည်း ရှိရကြမည်။"
သင့်အားပြောထားသည်များကို သင်မနာခံသရွေ့ နောက်ထပ်အရာတွေကို သင့်အား သင်ကြားပေးမည်မဟုတ်ပါ။
ဘုရားသခင် ကစားနေတာ မဟုတ်ပါဘူး။ " အဖဘုရား ဘာကိုလုပ်ဆောင်ရမလဲ ကျွန်ုပ်အားပြောပါ။ ထိုနောက် ကျွန်ုပ်လုပ်ဆောင်မည် (သို့) မလုပ်ဆောင်မည်ကို ဆုံးဖြတ်ပါမည်" လို့ သင်ပြောကောင်းပြောမည်။
သို့ပေမယ့် ဤပုံစံမျိုး ဘုရားအလုပ်မလုပ်ပါ။ သင့်အား ဘုရားသခင် ပြောစေချင်တာက "ဘယ်လိုပဲဖြစ်ဖြစ် ဘုရားပြောသမျှအရာတို့ကို ကျွန်တော်လုပ်ဆောင်ပါမည်။
၎င်းသည် ယုံကြည်ခြင်းဖြစ်ပါသည်။
အသိပညာတွေကို ရိုးရှင်းစွာစုစည်းခြင်းက ယုံကြည်ခြင်းမဟုတ်ပါဘူး။ ယုံကြည်ခြင်းတွင် လုပ်ဆောင်မှုပါဝင်ရပါမယ်။ သမ္မာကျမ်းစာတွင် "အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏" ဟုဆိုပါတယ်။ ရှင်ယာကုပ်သြဝါဒစာ ၂၀:၂၆
သင်၏ယုံကြည်ခြင်းက မည်သို့နည်း။ ဘုရားသခင်၏ လမ်းညွှန်ချက်တို့ကို သင်ငြင်းပယ်ပြီး သင်၏ယုံကြည်ခြင်းအရာ၌ သေပြီဟု တွေ့မြင်နေပါသလား။ (သို့) ဘုရားသခင်၏ လမ်းညွှန်ချက်တို့ကို နာခံနေပြီး ယုံကြည်ခြင်းအရာ၌ ကြီးထွားတိုးပွားလာပါသလား။
ဘုရားသခင်၏ မိန့်တော်မူသော စကားတော်တို့ကို အားနာမခံတဲ့အသက်တာအစိတ်ပိုင်း
"အဖဘုရား ကျွန်ုပ်အသက်တာ၌ ဘုရားပြုစေလိုသောအရာများစွာ ရှိကြောင်းကို ကျွန်ုပ်သိပါ၏။ သို့ပေမယ့် မလုပ်ဆောင်ခဲ့ပါ။ ကျွန်ုပ်စိတ်မကောင်းဖြစ်ပါ၏။ ကျွန်ုပ်၏ နာမခံမှုတွေအတွက် ခွင့်လွှတ်တော်မူပါ။ ၎င်းသည် ယုံကြည်ခြင်းကင်းမဲ့နေကြာင်းကို ကျွန်ုပ်သိပါ၏။ ဘုရားအကောင်းဆုံးကို သိရှိသည်ကို ကျွန်ုပ် မယုံကြည်ခဲ့ပါဘူး။ ကျွန်ုပ်အသက်တာတလျှောက်လုံးတွင် အဖဘုရား၏ လမ်းညွှန်ချက်တို့ကို ချက်ချင်း၊ အပြည့်အဝ၊ ဝမ်းမြောက်စွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ဖို့ရန် ခွန်အားပေးသနားတော်မူပါ။ သခင်ခရစ်တော်၏ နာမတော်မြတ်၌ ဆုတောင်းပဌနာပြုပါ၏။ အာမင်။"
သင်၏အတိတ်က အကြောင်းရာတွေက အရေးမကြီးပါဘူး။ ယနေ့မှစ၍ အသက်တာတလျှောက်လုံး ဘုရားသခင်ကို နာခံဖို့ရန် ဝန်ခံကတိ ပြုနိုင်ပါသည်။ ၎င်းအတွက် သင်နောင်တမရရှိနိုင်ပါ။
ဆင်ခြေရန်
-တာတိုပြေးပွဲနဲ့ မာရသွန်ပြေးပွဲတို့ကြားက တချို့သောခြားနားချက်က မည်သို့ဖြစ်မည်နည်း။ သင်၏ယုံကြည်ခြင်းကို တာတိုပြေးပွဲ(သို့) မာရသွန်ပြေးပွဲလိုမျိုး သဘောထားမှတ်ယူပါသနည်း။
-ယုံကြည်ခြင်းသည် မာရသွန်ပြိုင်ပွဲနှင့်ပိုတူသဖြ