တရားဟောရာကျမ်း ၅:၃၃ " သင်တို့ဝင်စားလတ္တံ့သောပြည်၌ သင်တို့သည် သေဘေးလွတ်လျက် ချမ်းသာရ၍၊ အသက်တာရှည်မည်အကြောင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသော လမ်းအပေါင်းတို့၌ လျှောက်သွားရကြမည်"
ယုံကြည်ခြင်းနှင့် နာခံခြင်းကြားက ဆက်စပ်မှုကို သင်စဉ်းစားဖူးပါသလား။ တစ်စုံတစ်ယောက်ကို သင်ယုံကြည်တဲ့အခါ သူပြောသမျှကိုသင်လုပ်ဆောင်ပါသည်။ တစ်စုံတစ်ယောက်ကသင့်အား လုပ်ဆောင်ရန်ပြောသည့်အတိုင်း သင်မလုပ်ပါလျှင် သင်သူ့ကိုတရားဟောရာကျမ်း ၅:၃၃ "သင်တို့ဝင်စားလတ္တံ့သော
မယုံကြည်သော အဓိပ္ပါယ်ရောက်ပါတယ်။
သမ္မာကျမ်းစာတွင် ဘုရားသခင်သည် ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို ထပ်ခါတလဲ ဆက်စပ်ထားပါတယ်။ ဘုရားသခင်၏ ကတိတော်တို့သည် ပေးထားသော လမ်းညွှန်ချက်တို့ကို လိုက်နာသော သင့်အပေါ်မှာ တည်ပါတယ်။ပြည်၌ သင်တို့သည် သေဘေးလွတ်လျက် ချမ်းသာရ၍၊ အသက်တာရှည်မည်အကြောင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသော လမ်းအပေါင်းတို့၌ လျှောက်သွားရကြမည်။ "
ဘုရားသခင်သည် နုတ်ကပတ်တော် နာခံခြင်းနဲ့ ပတ်သက်ပြီး တိကျပြီးထူးခြားသော ကတိတော်တချို့ကို ပြုလုပ်ထားပါတယ်။ တစ်ကယ်တော့ ၎င်းတို့အားလုံးကို ဤစာတွင် ကျွန်ုပ် တပေါင်းတည်းပြုစုလို့မရနိုင်ပါ။ သို့ပေမယ့် အနည်းငယ်ကိုတော့ ဝေငှထားပါတယ်။
သုတ္တံကျမ်း ၁၆:၂၀ "ပညာနှင့် အမှုစောင့်သောသူသည် အကျိုးကိုရလိမ့်မည်။ ထာဝရဘုရားကို ခိုလှုံသောသူသည်လည်း မင်္ဂလာရှိ၏။ "သုတ္တံကျမ်း ၁၉:၁၆ "ပညတ်တရားကို စောင့်သောသူသည် မိမိအသက်ဝိညာဉ်ကို စောင့်ရာရောက်၏။ မိမိသွားရာလမ်းတို့ကို မထီလေးစား ပြုသောသူမူကား၊ အသေခံရ၏။ "သုတ္တံကျမ်း ၂၈:၁၄ "အစဉ်မပြတ်ကြောက်ရွံ့သောသူသည် မင်္ဂလာရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေးဥပဒ်နှင့် တွေ့လိမ့်မည်။ "
ဆာလံကျမ်း ၇:၁၀ "သဘောဖြောင့်သောသူတို့ကို ကယ်တင်တတ်သော ဘုရားသခင်သည် ငါ၏အကွယ်အကာ ဖြစ်တော်မူ၏။ "ဆာလံကျမ်း ၃၃:၁၈ "ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့နှင့် ကရုဏာတော်ကို ခိုလှုံသောသူတို့သည်၊ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ အစာခေါင်းပါးသည်ကာလ၌ အသက်ရှင်မည်အကြောင်း၊ သူတို့ကိုကြည့်ရှုလျက် ရှိရှိတော်မူ၏ "ဆာလံကျမ်း ၃၄:၉-၁၀ "ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သောသူတို့၌ ဆင်းရဲခြင်းမရှိရာ။ ခြင်္သေ့တို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကိုခံရသော်လည်း၊ ထာဝရဘုရားကို ရှာသောသူတို့၌ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မလိုရာ။ " ဆာလံကျမ်း ၃၇:၁၈ " "ဖြောင့်မတ်သောသူတို့၏နေ့ရက်ကာလကို ထာဝရဘုရား သိမှတ်တော်မူ၍၊ သူတို့၏အမွေဥစ္စာသည် အစဉ်အမြဲ တည်လိမ့်မည်။"
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၃:၂၂ " "ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက်၍၊ နှစ်သက်တော်မူသောအကျင့်တို့ကို ကျင့်သောကြောင့်၊ ဆုတောင်းသမျှတို့ကို ဘုရားသခင့် ထံတော်မှရကြ၏။"
၎င်းတို့သည် ထူးခြားသောကတိတော့တွေ ဖြစ်ပါတယ်။ သင်သည် ဘုရားသခင်၏ လမ်းညွှန်ချက်များအတိုင်း လိုက်လျှောက်အသက်ရှင်ပါလျှင် ကောင်းကြီးခံစားရပါမည်။ ကယ်တင်ခြင်းဆုကျေးဇူး ၊ ဂရုစိုက်တော်မူခြင်း၊ တောင်းလျှောက်သောအရာအတွက်ပေးကမ် းခြင်း၊ ပျော်ရွှင်ခြင်း ၊ အသက်ရှည်ခြင်း၊ မကောင်းသောအရာများမှကင်းဝေးရခြ င်းတို့ကို ခံစားရရှိပါမည်။
နာခံခြင်းသည် အားလုံးသော ကတိတော်တွေနောက်ကွယ်က အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ဘုရားသခင်သည် သင့်အား ကတိတော်များကို ကျေးဇူးတော်အားဖြင့် ပေးထားပါတယ်။ သို့ပေမယ့် ဘုရား၏ညွှန်ကြားချက်များကို သင်လိုက်လျှောက်တဲ့အခါမှာ သူ၏ကတိတော်တွေကို သင်ဝမ်းမြောက်ခံစားရပါမည်။
တစ်ခါတစ်ရံ ဘုရားသခင်၏ လမ်းညွှန်ချက်တို့ကို သင် နားလည်ပေမယ့် တစ်ခါတစ်လေ သင့်နားမလည်ပါ။ သင်နားလည်သည်ဖြစ်စေ ၊ နားမလည်သည်ဖြစ်စေ နာခံဖို့တော့ လိုအပ်ပါတယ်။
ဘုရားသခင်၏ နှုတ်ကပတ်တော်တချို့က ရှုပ်ထွေးနေပုံရပါတယ်။ တချို့က မတရားဘူးလို့ထင်ရတယ်။ ဥပမာအားဖြင့် သမ္မာကျမ်းစာတွင် သင်၏ဆယ်ဖို့တစ်ဖို့ဝင်ငွေကို ပြန်ပေးရမည်ဟုဆိုသည်။ သူတပါးက သင့်ကိုမကောင်းတာလုပ်လျှင် သင်ကကောင်းရမည်လို့ပြောပါတယ်။ ဤအရာတွေက လူ၏ရှုထောင့်မှကြည့်လျှင် အမြဲတမ်းအဓိပ္ပါယ်မရှိပါ။ သို့သော် ၎င်းတို့ကို ယုံကြည်ခြင်းအားဖြင့် လုပ်ဆောင်ရန် ဘုရားသခင် တောင်းဆိုထားပါတယ်။ ကျွန်ုပ်တို့ကို ယုံကြည်စေပြီး မည်သို့ပင် ဖြစ်စေကာမူ နာခံစေချင်သည်။
ဘုရားသခင်၏ ကတိတော်အားလုံးတို့ကို သင်တို့ခံစားရရှိဖို့ရန် ကျွန်ုပ်အလိုရှိပါသည်။ နာခံခြင်းကသာ ဖွင့်ပေးသောသော့ချက်ဖြစ်ပါတယ်။ ယနေ့တွင်ယုံကြည်ခြင်း၌ ဘုရားသခင်၏ လမ်းညွှန်ချက်များကို လိုက်လျှောက်ရန်ရွေးချယ်ပါ။ သင်၏နာခံမှုအတွက် သင့်အားဆုချပါလိမ့်မယ်။
ဆင်ခြင်ရန်
- ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ကတိတော်များသည် တစ်ခုနှင့်တစ်ခု မည်ကဲ့သို့ မှီတည်နေပါသနည်း။
-"ဘာကြောင့်နာခံရမည်" ကို သင်နားမလည်သည့်အတွက် မည်သို့သော ဘုရားသခင်၏ ပညတ်တော်များထဲမှ အရာကို သင်နာမခံခဲ့ပါသနည်း။ သင်နားမလည်သည့်တိုင် ယုံကြည်ခြင်း၌ နာခံမှုပြုရန် ဝန်ခံပါမည်လား။
- ဘုရားသခင်၏ ကတိတော်များကို နောက်တစ်ကြိမ်ထပ်ဖတ်ပါ။ မည်သည့်ကတိတော်က သင့်အတွက် ထူးခြားပါသနည်း။ ဆုတောင်းခြင်း၌ အနည်းငယ်အချိန်ယူလျက် ကတိတော်တွေအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပြီး သူ၏လမ်းညွှန်ချက်တွေကို နာခံခြင်းအတွက် ကူညီပေးဖို့ရန် တောင်းလျှောက်လိုက်ပါ။
---------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်