Unicode Version
သုတ္တံကျမ်း ၁၀:၉ "ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့
လိုက်သောသူမူကား၊ သဘောထင်ရှားလိမ့်မည်။"
ကြီးမားသော (သို့)
သေးငယ်သော ဆုံးဖြတ်ချက်တွေကို ပြုဖို့ ဖြစ်လာတဲ့အခါမှာ
သမ္မာကျမ်းစာက လျှံပယ်သော
အသိပညာ ၊
ဉာဏ်ပညာတို့ကို ပေးကမ်းထားပါတယ်။
တစ်ကြိမ်ထက်မကဘဲ ကြိမ်ဖန်များစွာ
ပေးကမ်းခြင်း၏ အခြေခံသဘောတရားကို
ဖြောင့်မတ်ခြင်းစမ်းသပ်မှုလို့ ကျွန်ုပ်မှတ်ယူပါတယ်။
ဆုံးဖြတ်ချက် လုပ်ဆောင်ရတော့မည်ဆိုလျှင် သင့်ကိုယ်သင်
ပြန်မေးလိုက်ပါ။ "ဤဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး လူတိုင်းကို သိစေဖို့ ကျွန်ုပ်အလိုရှိသလား"
သင်၏ ဆုံးဖြတ်ချက်က
သင့်ကို စိုးရိမ်မှုဖြစ်စေတယ်လို့ တခြားသူတွေက တွေးထင်ခဲ့ပါလျှင်
သင်သည် မှားယွင်းသော
ဆုံးဖြတ်ချက်လုပ်နေတာ ဖြစ်နိုင်ချေများပြီဖြစ်သည်။
မှားယွင်းတဲ့ဆုံးဖြတ်ချက် ၊ ဆိုးတဲ့ဆုံးဖြတ်ချက်တွေက လျို့ဝှက်ခြင်းကို ဦးတည်သွားစေပြီး ၎င်းလျှို့ဝှက် ချက်မျိုးက သင်၏ အသက်တာကို အမြဲတမ်းနာကျင်မှု ဖြစ်စေဖို့
ဦးတည်နေပါသည်။
သမ္မာကျမ်းစာက
ဆိုထားသည်မှာ " ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည်
အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့ လိုက်သော သူမူကား၊ သဘောထင်ရှားလိမ့်မည်။"
သုတ္တံ ၁၀:၉
အထက်ပါကျမ်းပိုဒ်က ဤစကားတို့ကို
မပြောထားပါ။ "တွေ့ရှိပါလိမ့်မည်" ၊ " တွေ့ဖို့ဖြစ်နိုင်ချေရှိပါတယ်" ၊ " သင်ရှာတွေ့မှာပါ"။
သင်မှားယွင်းသော ဆုံးဖြတ်ချက်ပြုဖို့ရှိပြီး မှားနေတယ်ဆိုတာသိတယ်ဆိုပေမဲ့ " ဘယ်သူမှ သိတာမှ မဟုတ်တာ ၊ ငါလုပ်လိုက်မယ်" ဆိုပြီးသင်တွေးထင်နေမည်။ ဤအရာ မည်သို့
ဖြစ်ပျက်သည်ကို သင်မြင်ပါသနည်း။
ဆုံးဖြတ်ချက်ချပြီးသည်နှင့် တစ်ပြိုင်နက်
"တစ်စုံတစ်ယောက်ကတော့ တွေ့ကောင်းတွေ့မည်" လို့
သင်တွေးထင် မည်။ အဲဒီကနေ
ဖြစ်ပေါ်လာတဲ့ ကြောက်စိတ်ကို
သင်ခံစားရမည်။ ၎င်းသည် သင်၏သမာဓိ ၊ သမာသမတ်စမ်းသပ် မှုကို သင်ချိုးဖောက်လိုက်တဲ့အချိန်မှာ
ဖြစ်ပါတယ်။
သင် သမာဓိရှိတဲ့အခါမှာ သင်၏ မမြင်ကွယ်ရာ နှင့် မျက်မြင်တွေ့မြင်ရတဲ့
အသက်တာက ထပ်တူညီနေပါလိမ့် မည်။ သင်၏ မျက်မြင် တွေ့ရတဲ့အတိုင်း သင့်စိတ်နှင့် တူညီသောအရာဖြစ်နေမည်။
သင်၏ ပြောဆိုခြင်းတွေ ၊ လုပ်ဆောင်ခြင်းတွေက
သဟဇာတ ဖြစ်နေမည်။
သမာသမတ်
ဖြစ်မဖြစ် အချိန်ကျရောက်လာတဲ့အခါမှာ သင်သူတစ်ပါးကို အရူးလုပ်နိုင်ပေမဲ့ သင့်ကိုယ်သင်တော့
အရူးလုပ်လို့မရခြင်းက အမှန်တရား ဖြစ်ပါတယ်။ သင်၏ အသိတရား (ကောင်းကျိုးဆိုးပြစ်
ကို ခွဲခြားသိမြင်တတ်သော) ကို သင်ချိုးဖောက်ပါလျှင် ၎င်းအတွက် သင်ပေးဆပ်ရပါမည်။
ရှင်ယာကုပ်ဩဝါဒစာ ၄:၁၇ “ထိုကြောင့်၊ ကောင်းသောအကျင့်ကို သိလျက် မကျင့်ဘဲနေသော သူသည်အပြစ်
ရှိ၏။”
ဆုံးဖြတ်ချက်
ချတော့မယ်ဆိုလျှင် သင့်ကိုယ်သင် ပြန်မေးပါ။ “ဤအရာကို ရှင်းလင်းသောစိတ်
၊ ရှင်းလင်းစွာ ခွဲခြားသိမြင်တတ်သော စိတ် ဖြင့် ကျွန်ုပ်လုပ်နိုင်မည်လား”
သင်၏အသိတရား (ကောင်းကျိုးဆိုးပြစ် ကို ခွဲခြားသိမြင်တတ်သော)
ကို ချိုးဖောက်ခြင်းသည် ကြီးမားတဲ့ မှားယွင်းမှု တစ်ခုဖြစ်ပါတယ်။ သင်ပြုသော မှားယွင်းခြင်းအတွက်
ဘုရားသခင် ခွင့်လွှတ်ပေးပါလိမ့်မည်။ သို့ပေမဲ့ ဤ ခွင့်လွှတ်ခြင်းသည် ဆိုးသော ဆုံးဖြတ်ချက်၏
အကျိုးဆက်ကနေ သင့်ကို လွှတ်မြောက်ခြင်း မဖြစ်စေပါ။
သင်၌
ခွင့်လွှတ်ခြင်းခံရနိုင်ပြီး ဝမ်းနည်းခြင်း နောင်တ ရှိကောင်းရှိနေမည်။ သင်၌ ခွင့်လွှတ်ခြင်းခံရပြီး
နာကျင်မှုကို ခံစားရဆဲ ဖြစ်နိုင်သည်။ ကျိုးပဲ့နေတဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ရှိနေဆဲ
ဖြစ်နိုင်သည်။
သင်ပြုသော
ဆုံးဖြတ်ချက်တွေကို ရှင်းလင်းစွာ ပယ်ထုတ်ပြီးပေမဲ့ မှားယွင်းနေတဲ့ အရာကနေ အမှန်ကို
သိဖို့ရန် ခက်ခဲခြင်းက မည်သို့ဖြစ်မည်နည်း။ ဤအရာကို သမ္မာကျမ်းစာတွင် - ရောမ ၁၄:၁၄ “အဘယ်အစာမျှ ပကတိအ တိုင်း မညစ်ညူးကြောင်းကို၊ ငါသည်သခင်ယေရှုကို
အမှီပြုလျက်သဘော ကျ၍ အမှန်သိ၏။ သို့သော်လည်း၊ ညစ်ညူးသည်ဟု အကြင်သူသည်ထင်၏။ ထိုသူ၌ ညစ်ညူး၏။”
ဤနေရာသည်
ရိုးစင်းပါတယ်။ သံသယ ဖြစ်တဲ့အခါ မဆုံးဖြတ်ပါနဲ့။ သင့်အသက်တာတွင် သစ္စာတရား မရှိတဲ့အရာ
၊ သဘောရိုးမရှိတဲ့အရာ ၊ ယုံကြည်မှု မရှိတဲ့အရာ မှန်သမျှသည် အပြစ်ဖြစ်ပါတယ်။
ဆုံးဖြတ်ချက်ချဖို့
နောက်ထပ်တွေ့ကြုံရတဲ့အခါမှာ သမာဓိစမ်းသပ်မှုနောက် လိုက်လျှောက်ပြီး မေးပါ “ ဤဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သူတစ်ပါး တွေးထင်တာတွေအတွက် ကျွန်ုပ်အဆင်ပြေရဲ့လား”။
“ဤဆုံးဖြတ် ချက်ကို ရှင်းလင်းသောစိတ် ၊ ရှင်းလင်းစွာ ကောင်းကျိုးဆိုးပြစ် ခွဲခြားသိမြင်သောစိတ်
ဖြင့် ရွေးချယ်ပြီး ပြုနိုင်ပါမည်လား”
ဘုရားသခင်
သင့်ကို ချစ်တဲ့အတွက်ကြောင့် သမ္မာတရား ၊ ကောင်းကျိုးဆိုးပြစ် ခွဲခြားသိမြင်တတ်ခြင်းဆိုင်ရာ
သမ္မာကျမ်းစာကို ပေးခဲ့ပြီဖြစ်ပါတယ်။ “သင့်အတွက် ကောင်းသောအရာကို
ဘုရားသိတယ်” ဆိုတဲ့ လမ်းပေါ်တွင် တည်နေဖို့ရန် သမာသမတ် စမ်းသပ်မှုက သင့်ကို
ကူညီပါလိမ့်မည်။
ဆင်ခြင်ရန်
-
ရိုးသားဖြောင့်မတ်ခြင်းရှိခြင်းက မည်သို့ အမြင်ရှိစေပါသနည်း။
-ရိုးသားဖြောင့်မတ်ခြင်း၏
စမ်းသပ်မှုကို သင်မလိုက်လျှောက်တဲ့ အတွက်ကြောင့် မည်သို့သော အချိန်တွင် ခက်ခဲတဲ့အကျိုးဆက်ကို
သင်တွေ့ကြုံနေရပါသနည်း။
-မည်သို့သော
ဆုံးဖြတ်ချက်တစ်ခုအတွက် သင်ရုန်းကန်နေခဲ့ပါသနည်း။ အချိန်ယူလျက် ရိုးသားဖြောင့်မတ်သော
စမ်းသပ်မှုကို ဖြတ်သန်းကြည့်ပါ။ သင့်အား ရှင်းလင်းသော အဖြေပေးဖို့ရန် ဘုရားသခင်အား
တောင်းလျှောက် လိုက်ပါ။
---------------------------------------------------------------------------------------------------------------
Zawgyi Version
သုတၱံက်မ္း ၁၀:၉ "ေျဖာင့္မတ္ျခင္းလမ္းသို႔ လိုက္ေသာသူသည္ အနင္းမွန္လိမ့္မည္။ ေကာက္ေသာလမ္းသို႔ လိုက္ေသာသူမူကား၊ သေဘာထင္ရွားလိမ့္မည္။"
ႀကီးမားေသာ (သို႔) ေသးငယ္ေသာ ဆုံးျဖတ္ခ်က္ေတြကို ျပဳဖို႔ ျဖစ္လာတဲ့အခါမွာ သမၼာက်မ္းစာက လွ်ံပယ္ေသာ အသိပညာ ၊ ဉာဏ္ပညာတို႔ကို ေပးကမ္းထားပါတယ္။
တစ္ႀကိမ္ထက္မကဘဲ ႀကိမ္ဖန္မ်ားစြာ ေပးကမ္းျခင္း၏ အေျခခံသေဘာတရားကို ေျဖာင့္မတ္ျခင္းစမ္းသပ္မႈလို႔ ကြၽႏ္ုပ္မွတ္ယူပါတယ္။
ဆုံးျဖတ္ခ်က္ လုပ္ေဆာင္ရေတာ့မည္ဆိုလွ်င္ သင့္ကိုယ္သင္ ျပန္ေမးလိုက္ပါ။ "ဤဆုံးျဖတ္ခ်က္ႏွင့္ ပတ္သက္ၿပီး လူတိုင္းကို သိေစဖို႔ ကြၽႏ္ုပ္အလိုရွိသလား"
သင္၏ ဆုံးျဖတ္ခ်က္က သင့္ကို စိုးရိမ္မႈျဖစ္ေစတယ္လို႔ တျခားသူေတြက ေတြးထင္ခဲ့ပါလွ်င္ သင္သည္ မွားယြင္းေသာ ဆုံးျဖတ္ခ်က္လုပ္ေနတာ ျဖစ္ႏိုင္ေခ်မ်ားၿပီျဖစ္သည္။
မွားယြင္းတဲ့ဆုံးျဖတ္ခ်က္ ၊ ဆိုးတဲ့ဆုံးျဖတ္ခ်က္ေတြက လ်ိဳ႕ဝွက္ျခင္းကို ဦးတည္သြားေစၿပီး ၎လွ်ိဳ႕ဝွက္ ခ်က္မ်ိဳးက သင္၏ အသက္တာကို အၿမဲတမ္းနာက်င္မႈ ျဖစ္ေစဖို႔ ဦးတည္ေနပါသည္။
သမၼာက်မ္းစာက ဆိုထားသည္မွာ " ေျဖာင့္မတ္ျခင္းလမ္းသို႔ လိုက္ေသာသူသည္ အနင္းမွန္လိမ့္မည္။ ေကာက္ေသာလမ္းသို႔ လိုက္ေသာ သူမူကား၊ သေဘာထင္ရွားလိမ့္မည္။" သုတၱံ ၁၀:၉
အထက္ပါက်မ္းပိုဒ္က ဤစကားတို႔ကို မေျပာထားပါ။ "ေတြ႕ရွိပါလိမ့္မည္" ၊ " ေတြ႕ဖို႔ျဖစ္ႏိုင္ေခ်ရွိပါတယ္" ၊ " သင္ရွာေတြ႕မွာပါ"။
သင္မွားယြင္းေသာ ဆုံးျဖတ္ခ်က္ျပဳဖို႔ရွိၿပီး မွားေနတယ္ဆိုတာသိတယ္ဆိုေပမဲ့ " ဘယ္သူမွ သိတာမွ မဟုတ္တာ ၊ ငါလုပ္လိုက္မယ္" ဆိုၿပီးသင္ေတြးထင္ေနမည္။ ဤအရာ မည္သို႔ ျဖစ္ပ်က္သည္ကို သင္ျမင္ပါသနည္း။
ဆုံးျဖတ္ခ်က္ခ်ၿပီးသည္ႏွင့္ တစ္ၿပိဳင္နက္ "တစ္စုံတစ္ေယာက္ကေတာ့ ေတြ႕ေကာင္းေတြ႕မည္" လို႔ သင္ေတြးထင္ မည္။ အဲဒီကေန ျဖစ္ေပၚလာတဲ့ ေၾကာက္စိတ္ကို သင္ခံစားရမည္။ ၎သည္ သင္၏သမာဓိ ၊ သမာသမတ္စမ္းသပ္ မႈကို သင္ခ်ိဳးေဖာက္လိုက္တဲ့အခ်ိန္မွာ ျဖစ္ပါတယ္။
သင္ သမာဓိရွိတဲ့အခါမွာ သင္၏ မျမင္ကြယ္ရာ ႏွင့္ မ်က္ျမင္ေတြ႕ျမင္ရတဲ့ အသက္တာက ထပ္တူညီေနပါလိမ့္ မည္။ သင္၏ မ်က္ျမင္ ေတြ႕ရတဲ့အတိုင္း သင့္စိတ္ႏွင့္ တူညီေသာအရာျဖစ္ေနမည္။ သင္၏ ေျပာဆိုျခင္းေတြ ၊ လုပ္ေဆာင္ျခင္းေတြက သဟဇာတ ျဖစ္ေနမည္။
သမာသမတ္ ျဖစ္မျဖစ္ အခ်ိန္က်ေရာက္လာတဲ့အခါမွာ သင္သူတစ္ပါးကို အ႐ူးလုပ္ႏိုင္ေပမဲ့ သင့္ကိုယ္သင္ေတာ့ အ႐ူးလုပ္လို႔မရျခင္းက အမွန္တရား ျဖစ္ပါတယ္။ သင္၏ အသိတရား (ေကာင္းက်ိဳးဆိုးျပစ္ ကို ခြဲျခားသိျမင္တတ္ေသာ) ကို သင္ခ်ိဳးေဖာက္ပါလွ်င္ ၎အတြက္ သင္ေပးဆပ္ရပါမည္။
ရွင္ယာကုပ္ဩဝါဒစာ ၄:၁၇ “ထိုေၾကာင့္၊ ေကာင္းေသာအက်င့္ကို သိလ်က္ မက်င့္ဘဲေနေသာ သူသည္အျပစ္ ရွိ၏။”
ဆုံးျဖတ္ခ်က္ ခ်ေတာ့မယ္ဆိုလွ်င္ သင့္ကိုယ္သင္ ျပန္ေမးပါ။ “ဤအရာကို ရွင္းလင္းေသာစိတ္ ၊ ရွင္းလင္းစြာ ခြဲျခားသိျမင္တတ္ေသာ စိတ္ ျဖင့္ ကြၽႏ္ုပ္လုပ္ႏိုင္မည္လား”
သင္၏အသိတရား (ေကာင္းက်ိဳးဆိုးျပစ္ ကို ခြဲျခားသိျမင္တတ္ေသာ) ကို ခ်ိဳးေဖာက္ျခင္းသည္ ႀကီးမားတဲ့ မွားယြင္းမႈ တစ္ခုျဖစ္ပါတယ္။ သင္ျပဳေသာ မွားယြင္းျခင္းအတြက္ ဘုရားသခင္ ခြင့္လႊတ္ေပးပါလိမ့္မည္။ သို႔ေပမဲ့ ဤ ခြင့္လႊတ္ျခင္းသည္ ဆိုးေသာ ဆုံးျဖတ္ခ်က္၏ အက်ိဳးဆက္ကေန သင့္ကို လႊတ္ေျမာက္ျခင္း မျဖစ္ေစပါ။
သင္၌ ခြင့္လႊတ္ျခင္းခံရႏိုင္ၿပီး ဝမ္းနည္းျခင္း ေနာင္တ ရွိေကာင္းရွိေနမည္။ သင္၌ ခြင့္လႊတ္ျခင္းခံရၿပီး နာက်င္မႈကို ခံစားရဆဲ ျဖစ္ႏိုင္သည္။ က်ိဳးပဲ့ေနတဲ့ ေပါင္းသင္းဆက္ဆံေရးေတြ ရွိေနဆဲ ျဖစ္ႏိုင္သည္။
သင္ျပဳေသာ ဆုံးျဖတ္ခ်က္ေတြကို ရွင္းလင္းစြာ ပယ္ထုတ္ၿပီးေပမဲ့ မွားယြင္းေနတဲ့ အရာကေန အမွန္ကို သိဖို႔ရန္ ခက္ခဲျခင္းက မည္သို႔ျဖစ္မည္နည္း။ ဤအရာကို သမၼာက်မ္းစာတြင္ - ေရာမ ၁၄:၁၄ “အဘယ္အစာမွ် ပကတိအ တိုင္း မညစ္ညဴးေၾကာင္းကို၊ ငါသည္သခင္ေယရႈကို အမွီျပဳလ်က္သေဘာ က်၍ အမွန္သိ၏။ သို႔ေသာ္လည္း၊ ညစ္ညဴးသည္ဟု အၾကင္သူသည္ထင္၏။ ထိုသူ၌ ညစ္ညဴး၏။”
ဤေနရာသည္ ႐ိုးစင္းပါတယ္။ သံသယ ျဖစ္တဲ့အခါ မဆုံးျဖတ္ပါနဲ႔။ သင့္အသက္တာတြင္ သစၥာတရား မရွိတဲ့အရာ ၊ သေဘာ႐ိုးမရွိတဲ့အရာ ၊ ယုံၾကည္မႈ မရွိတဲ့အရာ မွန္သမွ်သည္ အျပစ္ျဖစ္ပါတယ္။
ဆုံးျဖတ္ခ်က္ခ်ဖို႔ ေနာက္ထပ္ေတြ႕ႀကဳံရတဲ့အခါမွာ သမာဓိစမ္းသပ္မႈေနာက္ လိုက္ေလွ်ာက္ၿပီး ေမးပါ “ ဤဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး သူတစ္ပါး ေတြးထင္တာေတြအတြက္ ကြၽႏ္ုပ္အဆင္ေျပရဲ႕လား”။ “ဤဆုံးျဖတ္ ခ်က္ကို ရွင္းလင္းေသာစိတ္ ၊ ရွင္းလင္းစြာ ေကာင္းက်ိဳးဆိုးျပစ္ ခြဲျခားသိျမင္ေသာစိတ္ ျဖင့္ ေ႐ြးခ်ယ္ၿပီး ျပဳႏိုင္ပါမည္လား”
ဘုရားသခင္ သင့္ကို ခ်စ္တဲ့အတြက္ေၾကာင့္ သမၼာတရား ၊ ေကာင္းက်ိဳးဆိုးျပစ္ ခြဲျခားသိျမင္တတ္ျခင္းဆိုင္ရာ သမၼာက်မ္းစာကို ေပးခဲ့ၿပီျဖစ္ပါတယ္။ “သင့္အတြက္ ေကာင္းေသာအရာကို ဘုရားသိတယ္” ဆိုတဲ့ လမ္းေပၚတြင္ တည္ေနဖို႔ရန္ သမာသမတ္ စမ္းသပ္မႈက သင့္ကို ကူညီပါလိမ့္မည္။
ဆင္ျခင္ရန္
- ႐ိုးသားေျဖာင့္မတ္ျခင္းရွိျခင္းက မည္သို႔ အျမင္ရွိေစပါသနည္း။
-႐ိုးသားေျဖာင့္မတ္ျခင္း၏ စမ္းသပ္မႈကို သင္မလိုက္ေလွ်ာက္တဲ့ အတြက္ေၾကာင့္ မည္သို႔ေသာ အခ်ိန္တြင္ ခက္ခဲတဲ့အက်ိဳးဆက္ကို သင္ေတြ႕ႀကဳံေနရပါသနည္း။
-မည္သို႔ေသာ ဆုံးျဖတ္ခ်က္တစ္ခုအတြက္ သင္႐ုန္းကန္ေနခဲ့ပါသနည္း။ အခ်ိန္ယူလ်က္ ႐ိုးသားေျဖာင့္မတ္ေသာ စမ္းသပ္မႈကို ျဖတ္သန္းၾကည့္ပါ။ သင့္အား ရွင္းလင္းေသာ အေျဖေပးဖို႔ရန္ ဘုရားသခင္အား ေတာင္းေလွ်ာက္ လိုက္ပါ။