Looking for Truth? Go to the Book

Unicode Version

တိမောသေဩဝါဒစာ ဒုတိယစောင် ၃:၁၆-၁၇ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ ၁၇ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။”

သမ္မာကျမ်းစာတွင် မြောက်များစွာသော အမှန်တရားများဖြင့် တည်နေပါတယ်။ ၎င်းအား သင်မည်မျှရရှိ ကြောင်း ကို သင်မည်သို့ ချဉ်းကပ်သည်က ဆုံးဖြတ်ပါလိမ့်မည်။
သမ္မာကျမ်းစာကို အဆိုးမြင်ခြင်းအနေဖြင့် ချဉ်းကပ်ပါလျှင် ၎င်းသည် သင့်အတွက် ပိတ်သွားစေမည့် စာအုပ်ဖြစ် သွားပါလိမ့်မည်။ သမ္မာကျမ်းစာကို ရိုသေလေးစားခြင်းနှင့် နှိမ့်ချသောစိတ်ဖြင့် ချဉ်းကပ်ပါလျှင် ပန်းပွင့်ကဲ့သို့ ပွင့်နေကြောင်း သင်တွေ့ရှိရပါလိမ့်မည်။

ပွင့်လင်းသော စိတ်နှလုံးနှင့်အတူ ဘုရားသခင် သင့်အား သွန်သင်ပေးဖို့ရန် စိတ်အားထက်သန်စွာ ချဉ်းကပ်ပါ။ အဲဒီလို မလုပ်ဆောင်ပါလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်ရှိ သမ္မာတရား၏ အခြေခံအကြောင်းရင်းကို သင် ဘယ်တော့မှ မရရှိပါ။

သက်သာလောနိတ်ဩဝါဒစာ ပဌမစောင် ၂:၁၃ “ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏ နှုတ်ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်း သို့ရောက်သော သင်တို့အထဲ၌ ပြုပြင်သော ဘုရားသခင်၏ နှုတ်ကပတ် တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် အစဉ်မပြတ်ချီးမွမ်းကြ၏။” 

သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်ဟု ဆိုထားသည်ကို သတိပြုပါ။ ၎င်းသည် တခြားသော စာအုပ်များနှင့် ကွဲပြားစေသည်။ အဘယ်ကြောင့်ဆိုသော် ဆုတောင်းခြင်းအားဖြင့် ၎င်းကိုရေးသားသူ နှင့် သင်စကားပြောနိုင်ပြီး သင်ဖတ်သည့်အခါတိုင်း မေးခွန်းမေးနိုင်ပါသည်။

ကျွန်ုပ်တို့ အိမ်တွေမှာ စာအုပ်များစွာ ရှိကြပါတယ်။ အားလုံးက ကောင်းတဲ့ စာအုပ်ချည်းပါပဲ။ သို့ပေမဲ့ စာအုပ်တအုပ်တည်းကသာ စာအုပ်ဖြစ်ပါတယ်။

တိမောသေဩဝါဒစာ ဒုတိယစောင် ၃:၁၆-၁၇ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ ၁၇ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။”

သမ္မာကျမ်းစာရှိ နှုတ်ကပတ်တော်တို့ကို ဘုရားသခင်မှုတ်သွင်းခြင်းက မည်သို့သော အဓိပ္ပါယ်ဖြစ်သနည်း။ လူတို့ကို ဘုရားသခင် အသုံးပြုပြီး သမ္မာကျမ်းစာရှိနှုတ်ကပတ်တော်တို့ကို ချရေးစေခဲ့သည်။ သို့ပေမဲ့ ၎င်းနှုတ်ကပတ်တော်အားလုံးတို့သည် ဘုရားသခင်ထံမှ တိုက်ရိုက်လာခြင်းဖြစ်သည်။ ၎င်းသည် သမ္မာကျမ်းစာကို တခြားသော စာအုပ်များနှင့် ခြားနားစေပါတယ်။

ဘုရားသခင်၏နှုတ်ကပတ်တော်တို့သည် ကောင်းခြင်း (၄) မျိုးအတွက် ဖြစ်တယ်လို့ ကျမ်းပိုဒ်တွေက ဆိုပါတယ်။ အမှန်တရားကို သင့်အားဖော်ပြပေးတယ်။ သင်၏ ဆုံးမရခက်မှုတွေကို ဖွင့်ပြပါတယ်။ သင်၏ အမှားတွေကို တည့်မတ်စေပြီး ဘုရားသခင်၏ လမ်းတော်အတိုင်း နေထိုင်ဖို့ရန် သင်ကြားပေးပါတယ်။ တနည်းပြောရရင် ဘုရားသခင်၏ နှုတ်ကပတ်တော်က လမ်းကို မည်သို့လျှောက်ရမည် ၊ မည်သို့ ချန်ထားရမည်။ မည်သို့ ပြန်သွားရမည် ၊ မည်သို့ နေထိုင်ရမည် ကို ဖော်ပြပေးပါတယ်။

ဘုရားသခင်၏နှုတ်ကပတ်တော်တို့သည် အဆုံးတိုင်တည်နေမည်ကိုလည်း သမ္မာကျမ်းစာက သတိပေးနေ ပါတယ်။ ရှင်မဿဲခရစ် ၂၄:၃၅ “ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည် လိမ့်မည်။ ”

အသက်တာတွင် မည်သည့်အရာက မှန်သည် (သို့) မည်သည့်အရာက တရားလမ်းကျသည် ဆိုတဲ့ မေးခွန်းတွေကို ရင်ဆိုင်ရတဲ့အခါမှာ ဘုရားသခင်ကို တွေ့ဆုံနိုင်သော မျှော်လင့်ခြင်းဖြင့် သမ္မာကျမ်းစာဆီ သွားပါ။ တခြားသော စာအုပ်တွေနဲ့ မတူခြင်းကို သင်တွေ့ရှိပါလိမ့်မည်။

ဆင်ခြင်ရန်
-      မည်ကဲ့သို့သော နည်းလမ်းဖြင့် သမ္မာကျမ်းစာကို သင်ချဉ်းကပ်ခြင်းသည် ၎င်းမှ ရရှိလာသောအရာများကို
ဆုံးဖြတ်မှုပေးပါသနည်း။ ဖြစ်နိုင်လျှင် သင့်အသက်တာ၏ အတွေ့အကြုံကို ဖော်ပြပေးပါ။
-      မည်သို့အရာက သမ္မာကျမ်းစာကို တခြားသော စာအုပ်တွေနှင့် ကွဲပြားစေပါသနည်း။
သင်လမ်းမှားသို့ ရောက်နေတဲ့အခါ လမ်းမှန်သို့ မည်သို့ပြန်ရောက်ရမည်ကို သမ္မာကျမ်းစာက မည်သည့်အချိန်တွင် ဖော်ပြခဲ့ပါသနည်း။


-----------------------------------------------------------------------------------------------------

Zawgyi Version

တိေမာေသဩဝါဒစာ ဒုတိယေစာင္ ၃:၁၆-၁၇ “ထိုက်မ္းစာရွိသမွ်သည္ ဘုရားသခင္ မႈတ္သြင္းေတာ္မူေသာ အားျဖင့္ျဖစ္၍၊ ၁၇ဘုရားသခင္၏ လူသည္စုံလင္ေသာသူ၊ ေကာင္းေသာ အမႈအမ်ိဳးမ်ိဳးတို႔ကို ျပဳစုျခင္းအလိုငွါ ျပင္ဆင္ေသာသူ ျဖစ္မည္အေၾကာင္း၊ ဩဝါဒေပးျခင္း၊ အျပစ္ကိုေဘာ္ျပျခင္း၊ ေျဖာင့္မတ္စြာ ျပဳျပင္ျခင္း၊ တရားကို သြန္သင္ျခင္း၊ ေျဖာင့္မတ္စြာ ျပဳျပင္ျခင္း၊ တရားကိုသြန္သင္ျခင္း ေက်းဇူးမ်ားကို ျပဳတတ္၏။”

သမၼာက်မ္းစာတြင္ ေျမာက္မ်ားစြာေသာ အမွန္တရားမ်ားျဖင့္ တည္ေနပါတယ္။ ၎အား သင္မည္မွ်ရရွိ ေၾကာင္း ကို သင္မည္သို႔ ခ်ဥ္းကပ္သည္က ဆုံးျဖတ္ပါလိမ့္မည္။
သမၼာက်မ္းစာကို အဆိုးျမင္ျခင္းအေနျဖင့္ ခ်ဥ္းကပ္ပါလွ်င္ ၎သည္ သင့္အတြက္ ပိတ္သြားေစမည့္ စာအုပ္ျဖစ္ သြားပါလိမ့္မည္။ သမၼာက်မ္းစာကို ႐ိုေသေလးစားျခင္းႏွင့္ ႏွိမ့္ခ်ေသာစိတ္ျဖင့္ ခ်ဥ္းကပ္ပါလွ်င္ ပန္းပြင့္ကဲ့သို႔ ပြင့္ေနေၾကာင္း သင္ေတြ႕ရွိရပါလိမ့္မည္။

ပြင့္လင္းေသာ စိတ္ႏွလုံးႏွင့္အတူ ဘုရားသခင္ သင့္အား သြန္သင္ေပးဖို႔ရန္ စိတ္အားထက္သန္စြာ ခ်ဥ္းကပ္ပါ။ အဲဒီလို မလုပ္ေဆာင္ပါလွ်င္ ဘုရားသခင္၏ႏႈတ္ကပတ္ေတာ္ရွိ သမၼာတရား၏ အေျခခံအေၾကာင္းရင္းကို သင္ ဘယ္ေတာ့မွ မရရွိပါ။

သက္သာေလာနိတ္ဩဝါဒစာ ပဌမေစာင္ ၂:၁၃ “ငါတို႔ေဟာေျပာေသာ ဘုရားသခင္၏ ႏႈတ္ကပတ္တရားကို သင္တို႔သည္ ခံယူၾကေသာအခါ၊ လူ၏ ႏႈတ္ထြက္စကားကို မခံမယူဘဲ၊ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ အမွန္ျဖစ္သည္ႏွင့္အညီ၊ ယုံၾကည္ျခင္း သို႔ေရာက္ေသာ သင္တို႔အထဲ၌ ျပဳျပင္ေသာ ဘုရားသခင္၏ ႏႈတ္ကပတ္ တရားကို ခံယူၾကသည္ အေၾကာင္းအရာကို ငါတို႔သည္ အစဥ္မျပတ္ခ်ီးမြမ္းၾက၏။” 

သမၼာက်မ္းစာသည္ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ျဖစ္သည္ဟု ဆိုထားသည္ကို သတိျပဳပါ။ ၎သည္ တျခားေသာ စာအုပ္မ်ားႏွင့္ ကြဲျပားေစသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဆုေတာင္းျခင္းအားျဖင့္ ၎ကိုေရးသားသူ ႏွင့္ သင္စကားေျပာႏိုင္ၿပီး သင္ဖတ္သည့္အခါတိုင္း ေမးခြန္းေမးႏိုင္ပါသည္။

ကြၽႏ္ုပ္တို႔ အိမ္ေတြမွာ စာအုပ္မ်ားစြာ ရွိၾကပါတယ္။ အားလုံးက ေကာင္းတဲ့ စာအုပ္ခ်ည္းပါပဲ။ သို႔ေပမဲ့ စာအုပ္တအုပ္တည္းကသာ စာအုပ္ျဖစ္ပါတယ္။

တိေမာေသဩဝါဒစာ ဒုတိယေစာင္ ၃:၁၆-၁၇ “ထိုက်မ္းစာရွိသမွ်သည္ ဘုရားသခင္ မႈတ္သြင္းေတာ္မူေသာ အားျဖင့္ျဖစ္၍၊ ၁၇ဘုရားသခင္၏ လူသည္စုံလင္ေသာသူ၊ ေကာင္းေသာ အမႈအမ်ိဳးမ်ိဳးတို႔ကို ျပဳစုျခင္းအလိုငွါ ျပင္ဆင္ေသာသူ ျဖစ္မည္အေၾကာင္း၊ ဩဝါဒေပးျခင္း၊ အျပစ္ကိုေဘာ္ျပျခင္း၊ ေျဖာင့္မတ္စြာ ျပဳျပင္ျခင္း၊ တရားကို သြန္သင္ျခင္း၊ ေျဖာင့္မတ္စြာ ျပဳျပင္ျခင္း၊ တရားကိုသြန္သင္ျခင္း ေက်းဇူးမ်ားကို ျပဳတတ္၏။”

သမၼာက်မ္းစာရွိ ႏႈတ္ကပတ္ေတာ္တို႔ကို ဘုရားသခင္မႈတ္သြင္းျခင္းက မည္သို႔ေသာ အဓိပၸါယ္ျဖစ္သနည္း။ လူတို႔ကို ဘုရားသခင္ အသုံးျပဳၿပီး သမၼာက်မ္းစာရွိႏႈတ္ကပတ္ေတာ္တို႔ကို ခ်ေရးေစခဲ့သည္။ သို႔ေပမဲ့ ၎ႏႈတ္ကပတ္ေတာ္အားလုံးတို႔သည္ ဘုရားသခင္ထံမွ တိုက္႐ိုက္လာျခင္းျဖစ္သည္။ ၎သည္ သမၼာက်မ္းစာကို တျခားေသာ စာအုပ္မ်ားႏွင့္ ျခားနားေစပါတယ္။

ဘုရားသခင္၏ႏႈတ္ကပတ္ေတာ္တို႔သည္ ေကာင္းျခင္း (၄) မ်ိဳးအတြက္ ျဖစ္တယ္လို႔ က်မ္းပိုဒ္ေတြက ဆိုပါတယ္။ အမွန္တရားကို သင့္အားေဖာ္ျပေပးတယ္။ သင္၏ ဆုံးမရခက္မႈေတြကို ဖြင့္ျပပါတယ္။ သင္၏ အမွားေတြကို တည့္မတ္ေစၿပီး ဘုရားသခင္၏ လမ္းေတာ္အတိုင္း ေနထိုင္ဖို႔ရန္ သင္ၾကားေပးပါတယ္။ တနည္းေျပာရရင္ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္က လမ္းကို မည္သို႔ေလွ်ာက္ရမည္ ၊ မည္သို႔ ခ်န္ထားရမည္။ မည္သို႔ ျပန္သြားရမည္ ၊ မည္သို႔ ေနထိုင္ရမည္ ကို ေဖာ္ျပေပးပါတယ္။

ဘုရားသခင္၏ႏႈတ္ကပတ္ေတာ္တို႔သည္ အဆုံးတိုင္တည္ေနမည္ကိုလည္း သမၼာက်မ္းစာက သတိေပးေန ပါတယ္။ ရွင္မႆဲခရစ္ ၂၄:၃၅ “ေကာင္းကင္ႏွင့္ ေျမႀကီးမတည္ေသာ္လည္း ငါ့စကားတည္ လိမ့္မည္။ ” 

အသက္တာတြင္ မည္သည့္အရာက မွန္သည္ (သို႔) မည္သည့္အရာက တရားလမ္းက်သည္ ဆိုတဲ့ ေမးခြန္းေတြကို ရင္ဆိုင္ရတဲ့အခါမွာ ဘုရားသခင္ကို ေတြ႕ဆုံႏိုင္ေသာ ေမွ်ာ္လင့္ျခင္းျဖင့္ သမၼာက်မ္းစာဆီ သြားပါ။ တျခားေသာ စာအုပ္ေတြနဲ႔ မတူျခင္းကို သင္ေတြ႕ရွိပါလိမ့္မည္။

ဆင္ျခင္ရန္
- မည္ကဲ့သို႔ေသာ နည္းလမ္းျဖင့္ သမၼာက်မ္းစာကို သင္ခ်ဥ္းကပ္ျခင္းသည္ ၎မွ ရရွိလာေသာအရာမ်ားကို
ဆုံးျဖတ္မႈေပးပါသနည္း။ ျဖစ္ႏိုင္လွ်င္ သင့္အသက္တာ၏ အေတြ႕အႀကဳံကို ေဖာ္ျပေပးပါ။
- မည္သို႔အရာက သမၼာက်မ္းစာကို တျခားေသာ စာအုပ္ေတြႏွင့္ ကြဲျပားေစပါသနည္း။
- သင္လမ္းမွားသို႔ ေရာက္ေနတဲ့အခါ လမ္းမွန္သို႔ မည္သို႔ျပန္ေရာက္ရမည္ကို သမၼာက်မ္းစာက မည္သည့္အခ်ိန္တြင္ ေဖာ္ျပခဲ့ပါသနည္း။