Unicode Version
သုတ္တံ ၂:၃-၅၊ ၉ “သိပ္ပံအတတ်ကိုခေါ်၍၊ ဉာဏ်နောက်သို့ အသံ ကိုလွှင့်လျှင်၎င်း၊ ငွေကိုရှာတတ်သကဲ့သို့ ပညာကို ရှာ၍၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊
ဉာဏ်ကို စူးစမ်း လျှင်၎င်း၊ ထာဝရဘုရားကို ကြောက်သော
သဘော၌ ကျင်လည်၍၊ ဘုရားသခင်ကိုသိသော ဉာဏ်နှင့်ပြည့်စုံလိမ့်မည်။ ကျေးဇူးတော်ကြောင့်
သင်သည် ဖြောင့်မတ်စွာ ကျင့်ခြင်း။ တရားသဖြင့်စီရင်ခြင်း၊ လျစ်လျူစွာ ဆုံးဖြတ် ခြင်းမှစ၍၊
ကောင်းသော လမ်းရှိသမျှတို့ကို သိနားလည်လိမ့်မည်။”
ပြီးခဲ့တဲ့ရက်တွေတုန်းက
ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အသုံးပြုနိုင်သော ကွဲပြားသော စမ်းသပ်မှု (၆) မျိုးကို
တွေ့မြင်နိုင်ခဲ့ပြီ။ ယနေ့တွင် ၎င်းအရာတွေ အားလုံးကို အတူတကွ စုစည်းထားပါတယ်။ ၎င်းစမ်းသပ်မှုတွေကို
သင်ထပ်မံဖတ်ကြည့်တဲ့အခါ သင်၏ ဆုံးဖြတ်ချက်ချလေ့ရှိတဲ့ အလေ့အထများကို ပြန်လည်ဆင်ခြင်ပါ။
ပြီးတော့ သင်၏ ဆုံးဖြတ်ချက်သော အရာတွေပေါ် သခင်ခရစ်တော် မည်သို့ သင့်အား ပြောချင်သောအရာကို
ဖတ်ပါ။
(၁) စံပြစမ်းသပ်မှု
၎င်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်
ညီညွှတ်ပါသလား။ ဆုံးဖြတ်ချက်များစွာအတွက် သမ္မာကျမ်းစာ သည် ညွှန်ကြားချက်များ (သို့)
လိုက်နာရမည့် ရှင်းလင်းသော ဉပဒေသတို့ကို ပေးထားပါတယ်။ သင်ဆုံးဖြတ် ချက်ချသည့်အခါ ဘုရားသခင်၏
နှုတ်ကပတ်တော်က သင်ဘာလုပ်သင့်သည်ကို တိုက်ရိုက် ပြောဆိုခြင်း ရှိမရှိ ဆင်ခြင်တွေးတောပါ။
(၂) သမာဓိ စမ်းသပ်ခြင်း
ကျွန်ုပ်ချမှတ်သော
ဆုံးဖြတ်ချက်ကို လူတိုင်းအား သိစေချင်ပါသလား။
သင်သည်
သမာဓိရှိတဲ့ သူဖြစ်တဲ့အခါမှာ သင်၏ အတွင်းစိတ်သဘောတို့သည် အပြင်ပန်း၌ ဖြစ်သောပုံစံတို့နှင့်
ကိုက်ညီပါတယ်။ မမြင်ကွယ်ရာတွင် ရှိခြင်းနှင့် လူမြင်ကွင်းတွင် ရှိခြင်းတို့တွင် သင်၌
တူညီမှု ရှိနေပါမည်။
(၃) တိုးတက်မှု စစ်ဆေးခြင်း
ဤအရာက ကျွန်ုပ်ကို ပိုမိုကောင်းတဲ့
လူတစ်ယောက်ဖြစ်စေသလား။ သင်၏ အသက်တာတွင် ကောင်းသော အကျင့်နှင့် ဆိုးသော မကောင်းမှုတို့ကြား
ရွေးချယ်မှုကို ပြုမည်မဟုတ်ဘဲ ကောင်းသောအရာနှင့် အကောင်းဆုံး တို့ကြားရှိ ရွေးချယ်မှုကိုသာ
ပြုပါမည်။ မြင့်မြတ်သော အသက်တာဖြင့် အကောင်းဆုံးတွေကိုသာ ပြည့်စေပါ။
(၄) လွှတ်လပ်မှု စမ်းသပ်ခြင်း
၎င်းသည်
ကျွန်ုပ်၏အသက်တာကို စတင်ထိန်းသိမ်းဖို့နှင့် ကြီးစိုးဖို့ ဖြစ်နေမလား။
တစ်စုံတစ်ခုသည်
စွဲလမ်းခြင်းမျိုး ဖြစ်လာပါလျှင် အပြင်ပန်းမှာဆိုလျှင် သင့်အတွက်လည်း အဆိုးဖြစ်ပါတယ်။
သခင်ခရစ်တော်သာလျှင် သင့်အသက်တာ၌ ထိန်းချုပ်ထိုက်သူ တစ်ဉီးဖြစ်ပါတယ်။
(၅) ဩဇာ လွမ်းမိုးမှုစမ်းသပ်ခြင်း
ဤအရာသည် တခြားသူတွေအတွက် အန္တရာယ်ဖြစ်မလား။
ကျွန်ုပ်တို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံတွေက “သင်ဘာလိုအပ်သလဲ” လို့မေးပါတယ်။
သို့ပေမဲ့ ဘုရားသခင်ကတော့ တခြားသူတွေအတွက် စဉ်းစားပေးဖို့ တောင်းဆိုပါတယ်။ သင်ချမှတ်သော
ဆုံးဖြတ်ချက်သည် တခြားသူတွေကို ထိခိုက်မည်ဆိုလျှင် သင်၏ဆုံးဖြတ်ချက် မှားနေပြီဖြစ်တယ်။
(၆) ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စမ်းသပ်ခြင်း
ဤအရာသည်
ကျွန်ုပ်၏ အချိန်ကို အကောင်းဆုံးအသုံးပြုမှုရှိသလား။
အရာအားလုံးတို့အတွက်
သင်၌အချိန်မရှိပါ။ ဘုရားသခင်သည်လည်း သင် အရာအားလုံကို လုပ်ဆောင်ဖို့ မမျှော်လင့်ပါဘူး။
သင့်အတွက် ဘုရားသခင် ပေးအပ်သော တာဝန်ကို သင်၏ အချိန်ကို ရင်းနှီးမြှုပ်နှံပြီး ပုံဖော်ပါ။
အထက်ပါ
ရေးသားဖော်ပြချက်တွေကို ဖတ်ရှုပြီးတဲ့အခါ သင်ချမှတ်လိုက်သော မှားယွင်းသော ဆုံးဖြတ်ချက်
များကြောင့် စိတ်ထိခိုက်နိုင်ပါသည်။ ရှက်ကြောက်ခြင်း ၊ အပြစ်ရှိခြင်းတွေ ခံစားရပြီး
နောင်တရခြင်းတွေ ဖြစ်နိုင်ပါ တယ်။ သင်၏ အိမ်ထောင်ဘက် အပေါ် သစ္စာမရှိသောကြောင့် ဖြစ်နိုင်သည်။
သင်ကိုယ်တိုင် ကာကွယ်ဖို့ လိမ်ပြော တာဖြစ်နိုင်သည်။ ဆိုးရွားလွန်းသော တစ်စုံတစ်ရာကို
သင်ပြုခဲ့မိသော်လည်း ၎င်းအကြောင်းအရာကို မည်သူကိုမျှ ပြောပြခဲ့ခြင်းမရှိပါ။
ယနေ့တွင်
သခင်ယေရှုပြောချင်သောအရာကို ကျွန်ုပ်စဉ်းစားမိပါတယ်။
“သင်ပြုသော မည်သည့် မကောင်းသော၊ ဆိုးသော ဆုံးဖြတ်ချက်ကို မဆို ငါဂရုမစိုက်ပါ။
သင်သည် ငါ့အတွက် အရေးကြီးပါတယ်။ သင့်ကို ငါချစ်တယ်။ သင့်ကို ခွင့်လွှတ်ပြီး ပြန်လည်ရွေးနုတ်မည်။
သင်၏ အသက်တာနှင့် သူတစ်ပါးတို့၏ အသက်တာဆီသို့ သင်ယူဆောင်လာသော ထိခိုက်နစ်နာမှုတစ်ချို့တို့ကို
ပြန်လည် ပြုပြင်ပေးနိုင်သည်။ သင်ပြန်လာဖို့ရန် ပွေ့ဖက်လက်ကမ်းကြိုဆိုမည်။ သင်၏ ညံ့ဖျင်းသော
ဆုံးဖြတ်ချက်တွေ ပြုခဲ့မှုအတွက် ငါအသေခံခဲ့ပါတယ်။ ၎င်းအရာတွေသည် လက်ဝါးကပ်တိုင်တွင်
ငါပေးဆပ်ခဲ့ပြီးပြီ။ ငါ့ထံသို့ ပြန်လာ ပြီး သင်၏ ကောင်းသော အပိုင်းများ ၊ ဆိုးသော အစိတ်အပိုင်းများနှင့်
သင့်ကို အရှက်ရစေသော အရာများကို ငါ့အား ပေးပါ။ သင့်အား ငြိမ်သက်ခြင်း ကို ငါပေးမည်။
အရင်က သင်၏ ဆုံးဖြတ်ချက်တစ်ချို့ကြောင့် သင်၌ အမာရွတ်တွေ ၊ အရှက်ရခြင်းတွေ ဖြစ်နေမည်။
ကျေနပ်အားရမှုနှင့် အရေးပါမှုကို ဖြစ်ပေါ်စေမည့် ကောင်းမွန်သော ဆုံးဖြတ်ချက်များကို
စတင်ရန် သင့်အား စွမ်းအားနှင့် ဉာဏ်ပညာကို ငါပေးမည်။”
ဘယ်လောက်ကောင်းပါသလဲ။
ဘယ်သူက ဤအရာမျိုးကို ဖယ်ထုတ်ပစ်နိုင်မလဲ။ သင်၏ ကိုယ်ပိုင် ဆုံးဖြတ်ချက် တွေကို ပြန်လည်ဆင်ခြင်ပြီး
ယနေ့တွင် သဘောပေါက်ပါလျှင် ၎င်းတို့ကို ဘုရားသခင်ထံ ထိန်းချုပ်မှုကို ပေးလိုက် ပါ။
ပြီးနောက် နောက်လာမည့် ငြိမ်သက်ခြင်းကို ခံစားလိုက်ပါ။
ဆင်ခြင်ရန်
-
ဆုံးဖြတ်ချက်ချသော စမ်းသပ်မှု (၆) မျိုးကို သင်ကြည့်တဲ့အခါမှာ မည်သည့် စမ်းသပ်မှုက
အထင်ရှား ဆုံးဖြစ်သနည်း။ သင့်အတွက် တကယ်ပင် ခက်ခဲတယ်လို့ ထင်ရတဲ့ အရာ (သို့) သင်မကျင့်သုံးရ
သေးသော အရာဖြစ်ကောင်းဖြစ်မည်။ ဤတစ်ပတ်တွင် ၎င်းစမ်းသပ်မှုကို သင်ဆုံးဖြတ်ချက်ပြုတဲ့အခါမှာ
အသုံးပြု လိုက်ပါ။
-မည်သို့သော
ဆိုးဝါးတဲ့ ဆုံးဖြတ်ချက်ကို မည်သူနှင့်မျှ သင်မပြောဖူးခဲ့ပါသနည်း။ ယခုပင် ဘုရားသခင်ထံ ဝန်ခံ လိုက်ပါ။ သင့်အား ခွင့်လွှတ်ဖို့ရန်
ဘုရားသခင် စောင့်ဆိုင်းနေပါသည်။ ထို့နောက် သူ၏ ခွင့်လွှတ်မှုအတွက် ကျေးဇူးတင်ကြောင်းနှင့်
သင့်အား ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ ချနိုင်ရန် ကူညီပေးပါဟု တောင်း လျှောက်လိုက်ပါ။
---------------------------------------------------------------------------------
Zawgyi Version
(၁) စံပြစမ်းသပ်မှု
(၂) သမာဓိ စမ်းသပ်ခြင်း
ဆင်ခြင်ရန်