Is something other than Christ controlling your life?

ကောရိန္သု သြဝါဒစာ ပထမစောင် ၆:၁၂ " ငါသည် အပြစ်မသင့်ဘဲလျက်ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသော အမှုအရာကိုပြုနိုင်သည်မှန်စေတော့။ အဘယ်အမှုအရာ၌မျှ ငါသည်ကျွန်မခံ။"

သမ္မာကျမ်းစာတွင် ဆုံးဖြတ်ချက်ပြုဖို့အတွက် များစွာသော အမြော်အမြင် ၊ အသိပညာတွေဖြင့် ပြည့်ဝနေပါတယ်။ တစ်စုံတစ်ခုကို သင့်အသက်တာတွင် ဝင်ခွင့်ပြုရမလား ဆုံးဖြတ်ရမည့်အချိန်တွင် လွတ်လပ်သော စမ်းသပ်မှုအဖြစ် ၎င်းကို သင်စဉ်းစားနိုင်ပါတယ်။ 

"၎င်းသည် ကျွန်ုပ်အသက်တာကို ထိန်းချုပ်ဖို့နှင့် ကြီးစိုးဖို့များ ဖြစ်နေမလား" ၊ " ကျွန်ုပ်အတွက် စွဲလမ်းခြင်းမျိုးဖြစ်စေမလား " ၊ " ၎င်းအရာပေါ် ကျွန်ုပ် မှီခိုသူ ဖြစ်နေမလား" လို့ သင့်ကိုယ်သင် မေးလိုက်ပါ။ မည်သို့ပင် ပျော်ရွှင်စရာရှိနေသော်ငြားလည်း ၎င်းသည် စွဲလမ်းခြင်းဖြစ်နေပါလျှင် သင့်အတွက် အဆိုးသာ ဖြစ်စေပါသည်။

၎င်းသည် ဘာကြောင့်များ အရေးကြီးပါသနည်း။ ဘာကြောင့်လဲဆိုတော့ သင့်အသက်တာတွင် ဘယ်အရမဆို ကြီးစိုးခြင်းသည် နောက်ဆုံးတွင် သင်၏ကိုးကွယ်ရာဘုရားတစ်ဆူကဲ့သို့ ဖြစ်လာပါမည်။ ဘုရားသခင်၏ ပညတ်တော် (၁၀) ပါးမှ ပထမဦးဆုံးတစ်ခုဖြစ်တဲ့ ထွက်မြောက်ရာကျမ်း ၂၀:၃ "ငါမှတပါးအခြားသောဘုရားကို မကိုးကွယ်နှင့် "

တခြားသောအရာတွေ ကိုးကွယ်ခြင်းဆီ အလွယ်တကူ သင်ရောက်ရှိသွားနိုင်ကြောင်းကို ဘုရားသခင်သိပါသည်။ သငါ၌ ရုပ်ထု ဆင်းထု တို့၏ ကြီးစိုးမှုရှိသွားမည်ကို ဘုရားသခင်သိပါသည်။
ရုပ်ထု ဆင်းထုဆိုတာ ဘာလဲ။ အရင်အချိန်က တစ်စုံတစ်ရာလို့  သင်တွေးထင်ပါမည်။ ကိုးကွယ်ဖို့ရန်  ကျောက်သားဖြင်ဖ့်င့်ပြုသော ဆင်းထုရုပ်ထု တွေဖြစ်ကောင်းဖြစ်မည်။ သို့ပေမဲ့ လူတို့၌ ဆင်းထု ရုပ်ထုတို့ ရှိကြပါတယ်။   ၎င်းတို့မှာ သင်၏ကားကို ဖန်တီးပေးတဲ့သူ (သို့) အမှတ်အသားပါတဲ့ အဝတ်အသား (သို့) သင်၏ ရုံးအဆောက်အအုံရှိ ဒေါင့်တစ်နေရာပေါ့။ 

အလုပ် ၊ လိင်၊ ငွေကြေး Internet တွေ၏ ကြီးစိုးခြင်းခံရနိုင်မှုတွေအားလုံးကို မဖော်ပြချင်တော့ပါ။ ဖော်ပြလျှင်လည်း ပြီးဆုံးမှာ မဟုတ်ပါ။
ကြီးစိုးမှုတစ်ခုသို့ သင်ကျရှုံးသွားပါလျှင် မည်သို့ သိနိုင်မည်နည်း။ တစ်စုံတစ်ခုက သငိ့ကို ကြီးစိုးဖို့ စတင်နေတယ်ဆိုလျှင်မည်သို့သိနိုင်ပါမည်နည်း။ ၎င်းအတွက် ဘယ်တော့မှ မလွှတ်မြောက်တော့ဘူးလား။ သင့်ကိုယ်သင်မေးပါ။ "ကျွန်ုပ် မည်သာိ့အရာကို အများဆုံးစဉ်းစားသနည်း။ တစ်ဦးတည်းဖြစ်နေချိန်မှာ ကျွန်ုပ်၏မိတ်ဆွေ ဘယ်ရောက်နေသနည်း။" 

ကျွန်ုပ်တို့အများစုအတွက်ကတော့ အသက်တာကို လွမ်းမိုးသောအရာများနှင့် ပတ်သက်ပြီးရိုးသားဖို့ ခက်ခဲပါတယ်။ "ဤအရာတွေက ကျွနု်ပ်စွဲလန်းတဲ့အရာ မဟုတ်ပါ။ ဒါမဖြစ်နိုင်ပါ။" လို့သင်တွေးထင်ပါလျှင် ဘာဖြစ်မယ်လို့ သင်ထင်ပါသနည်း။ သင်ရုန်းကန်နေရတဲ့အရာ ဖြစ်နိုင်ချေ ရှိပါတယ်။

ကောရိန္သု သြဝါဒစာ ပထမစောင် ၆:၁၂ " ငါသည် အပြစ်မသင့်ဘဲလျက်ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသော အမှုအရာကိုပြုနိုင်သည်မှန်စေတော့။ အဘယ်အမှုအရာ၌မျှ ငါသည်ကျွန်မခံ။""

တမန်တော်ရှင်ပေါလုက သူ၏အသက်တာကို သခင်ထရစ်တော်ထက် တခြားဘာကိုမှ ခွင့်မပြုဖို့ ဆုံးဖြတ်ထားပါတယ်။ သခင်ခရစ်တော် တစ်ပါးတည်းသာ သင်အသက်တာ  နေရာတွင်အထိုက်တန်ဆုံး ဖြစ်ပါတယ်။ ၎င်းနေရာတွင် တခြားသောအရာတွေ ထည့်သွင်းခြင်းက သင်၏အသက်တာကို နောက်ဆုံးတွင် ဧကန်အမှန် ကြီးစိုးပြီးပျက်စီးစေပါလိမ့်မည်။ သို့ပေမဲ့ သခင်ခရစ်တော်၏ ထိန်းချုပ်မှုကို ရပါလျှင် ခွန်အားပေးမှု၊ တတ်နိုင်စွမ်းအင်အားတို့ကို ပေးပါသည်။
သင့်အသက်တာတွင် တစ်စုံတစ်ခုက သင့်လျော်သော နေရာတွင်ရှိမရှိ ဆုံးဖြတ်ရန် လွှတ်လပ်ခြင်း စစ်ဆေးမှုကို အသုံးပြုပါ။ သခင်ခရစ်တော်သာလျှင် သင်မှီခိုဖို့ရန် ထိုက်တန်သူတစ်ဦးသာ ဖြစ်ပါတယ်။

ဆင်ခြင်ရန်
-သင်၏ အသက်တာကို သခင်ခရစ်တော်ထိန်းချုပ်ခြင်းနှင့် တခြားသောအရာများထိန်းချုပ်ခြင်းကြားတွင် မည်သို့သော ကွာခြားချက်ရှိပါသနည်း။
-သင်သည် ခရစ်တော်မှလွှဲ၍ တခြားအရာတစ်ခုခုသို့ အဘယ်အချိန်၌ မှီခိုခဲ့သနည်း။ ရလဒ်ကား အဘယ်နည်း။
- သင်၏အချိန်၊ ခွန်အားနှင့် အတွေးအခေါ်တွေက မကြာသေးမီက မည်ကဲ့သို့ အာရုံစိုက်ခဲ့ပါသနည်း။ ၎င်းအရာတို့ကို သင်၏ဆင်းတု ဖြစ်ဖို့ရန် သင်ခွင့်ပြု မပြုခြင်းကို ဆင်ခြင်နိုင်ဖို့ရန် လွှတ်လပ်သော စမ်းသပ်မှုကို အသုံးပြုပါ။