How to Tackle the Impossible

Unicode Version


မဖြစ်နိုင်တာကို မည်သို့ ကိုင်တွယ်မည်နည်း။
သုတ္တံကျမ်း ၂၃:၂၃ “သမ္မာတရားကို ဝယ်လော့။ မရောင်းနှင့်။ ပညာ ကို၎င်း၊ ဆုံးမဩဝါဒကို၎င်း၊ ဉာဏ်သတ္တိကို၎င်း ထိုအတူ ပြုလော့။

မဖြစ်နိုင်တဲ့ အရာတစ်ခုခုကို တစ်စုံတစ်ယောက်က သင့်ကို လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ဖူးပါသလား။  သင့်အတွက် ကြီးမားလွန်းတယ်လို့ ထင်ရတဲ့အရာတစ်ခုခုကို သင်၏ မိဘ (သို့) သင်၏ သူဌေး ၊ သူငယ်ချင်း တို့သင့်ဆီ ရောက်လာပြီး လုပ်ဆောင်ဖို့ရန် အလိုရှိကောင်းရှိပါမည်။

၎င်းကဲ့သို့သော တောင်းဆိုမှုမျိုး ကိုယခုပင် ရင်ဆိုင်နေရပေမည်။ ဤကမ္ဘာပေါ်တွင် သင်မည်သို့စတင်ခဲ့သည်ကို သိလိုစိတ်တွေ ဖြစ်နေပါမည်။
နောက်ထပ် လာမည် Devotional တွင် မဖြစ်နိုင်တဲ့အရာတွေကို ကိုင်တွယ်ခြင်းနှင့် ပတ်သက်ပြီး သမ္မာကျမ်းစာက ဘာပြောသလဲဆိုတာကို ကျွန်ုပ်ဝေငှပေးပါမည်။

သို့ပေမဲ့ ဘယ်ကနေစတင်သလဲဆိုတာကို စတင်ပြောကြပါစို့
ပထမဉီးစွာ ကြောက်ရွံ့ခြင်း မရှိပါနှင့်။
ဒံယေလအနာဂတ္တိကျမ်း ၂ တွင် ရှင်ဘုရင် နေဗုခဒ်နေဇာမင်းကြီး သည် သူ၏အိပ်မက်ကို နိမိတ်ဖတ်ပေးရန် နက္ခတ်ဗေဒင်ဆရာကို သိလိုစိတ်ပြင်းပြစွာ ဆင့်ခေါ်ခဲ့ပါတယ်။ ဗေဒင်ဆရာတို့လည်း အိပ်မက်၏အနက်ကို မဖော်ပြနိုင်ခဲ့ကြပါ။ အဲဒီနောက်တွင် ဘုရင်သည် ဒံယေလနှင့် သူ၏သူငယ်ချင်းများအပါအဝင် အကြံပေးသူအား လုံးတို့ကို ကွပ်မျက်ဖို့ရန် အမိန့်ပေးခဲ့သည်။

ထိုသတင်းကို ဒံယေလကြားလျှင် ဘုရင်၏ကိုယ်ရံတော်မှူး အာရုတ်ကိုခေါ်၍ မေးလေ၏။ ဒံယေလက၊ ရှင်ဘုရင်၏အမိန့်တော်သည် အဘယ်ကြောင့် ဤမျှလောက် လျင်မြန်သနည်းဟု၊ ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းခြင်းငှါ ထွက် သွားသော ကိုယ်ရံတော်မှူးအာရုတ်ကို သတိပညာနှင့် မေးမြန်း၍၊ အာရုတ်သည် ထိုအကြောင်းကို ကြားပြော လျှင်၊ ဒံယေလသည် နန်းတော်သို့ ဝင်၍ အိပ်မက် တော်ကို ဖြေရသော နေ့ရက်အချိန်ကို ပေးတော်မူမည် အကြောင်း အသနားတော်ခံပြီးမှ၊ ၁၇မိမိအိမ်သို့ပြန်သွား၍၊ ထိုအကြောင်းကို မိမိ အပေါင်းအဘော် ဟာနနိ၊ မိရှေလ၊ အာဇရိတို့အား ကြားပြော၍၊ ၁၈ငါတိုပသည် အခြားသော ဗာဗုလုန်ပညာရှိတို့ နှင့်အတူ မသေမပျောက်စေခြင်းငှါ၊ ဤနက်နဲသော အရာ၌ကရုဏာ ကျေးဇူးတော်ကို ခံရမည်အကြောင်း၊ ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ဆုတောင်းကြကုန် အံ့ဟုပြောဆို၏။

ညဉ့်အခါ ဗျာဒိတ်တော်အားဖြင့် ထိုနက်နဲသော အရာကို ဒံယေလအား ဘုရားသခင်ဘော်ပြတော်မူ၏။ ထိုအခါ ဒံယေလသည် ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ဘုရား သခင်၏ နာမတော်သည် ထာဝရမင်္ဂလာရှိပါစေ သတည်း။ ပညာနှင့်၎င်း၊ အစွမ်းသတ္တိနှင့်၎င်း ပြည့်စုံ တော်မူ၏။ ကာလအချိန် ဥတုများကို ပြောင်းလဲစေတော် မူ၏။ ရှင်ဘုရင်တို့ကိုလည်း နှိမ့်ချချီးမြှောက်တော်မူ၏။ ပညာရှိတို့အားပညာကို ပေးတော်မူ၏။ ဉာဏ်ရှိသော သူတို့သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍ နားလည်တတ်ကြ၏။ နက်နဲခက်ခဲသော အရာတို့ကို ထင်ရှားစွာ ပြတော်မူ၏။ မှောင်မိုက်၌ရှိသမျှတို့ကို သိမြင်၍ အလင်း ၏တည်ရာ ဖြစ်တော်မူ၏။ အကျွန်ုပ် ဘိုးဘေးတို့၏ ဘုရားသခင်၊ အကျွန်ုပ် အား ပညာအစွမ်းသတ္တိကို ပေးသနား၍၊ အကျွန်ုပ်တို့ ဆုတောင်းသည်အတိုင်း၊ ရှင်ဘုရင်၏ အိပ်မက်ကို ဖွင့်ပြတော် မူသော ကျေးဇူးတော်ကို ချီးမွမ်းထောမနာ ပြုပါ၏ဟု ဒံယေလမြွက်ဆိုပြီးမှ ..” ဒံယေလအနာဂတ္တိကျမ်း ၂:၁၄-၂၃
ဒံယေလသည် စိုးရိမ်တုန်လှုပ်ခြင်းအစား အချက်အလက်များကို လေ့လာပြီး တောင်းဆိုမှု နောက်ကွယ်က လှုံ့ဆော်မှုများကို နားလည်ရန် ကြိုးစားခဲ့ပါတယ်။ မဖြစ်နိုင်သောအရာကို တစ်စုံတစ်ယောက် သင့်အား လုပ်ဆောင်ဆို့ တောင်းဆိုလာတဲ့အခါ ဘာကြောင့်လဲဆိုတာကို သင်နားလည်ဖို့ လိုအပ်ပါတယ်။ အချက်အလက်အားလုံးတို့ကို သင်လိုအပ်ပါသည်။

ဘုရင်က သေဖို့ကြောက်ခဲ့တယ်။ လူတွေ စိုးရိမ်ကြောက်လန့်တဲ့အခါမှာ စိတ်ခံစားမှုတွေရကြပါတတယ်။ သူတို့ ယုတ္တိမဆန်တဲ့ တောင်းဆိုမှုတွေကိ စတင်ပြုလုပ်ကြပါတယ်။ ရှေ့ဆက်မသွားမှီ ဘာကြောင့်လဲဆိုတာကို သင်နားလည်ဖို့ လိုအပ်ပါတယ်။

သုတ္တံကျမ်း ၂၃:၂၃ “သမ္မာတရားကို ဝယ်လော့။ မရောင်းနှင့်။ ပညာ ကို၎င်း၊ ဆုံးမဩဝါဒကို၎င်း၊ ဉာဏ်သတ္တိကို၎င်း ထိုအတူ ပြုလော့။
မဖြစ်နိုင်သောအရာကို သင့်လုပ်ဆောင်ဖို့ ဖြစ်လာပါလျှင် မထိတ်လန့်ပါနှင့်။ ပထမဉီးစွာ အချက်အလက် အားလုံးကို ရယူပါ။

ဆင်ခြင်ရန်
-သင်စိတ်ဖိစီးမှု ခံစားရတဲ့အခါမှု သင်၏စိတ်လှုပ်ရှားမှုတွေက သင်၏ဆုံးဖြတ်ချက်တွေအပေါ်မည်သို့ လွှမ်းမိုးမှု ဖြစ်စေပါသနည်း။
-မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့အရာတွေကို လုပ်ဆောင်ဖို့ တောင်းဆိုခံရတဲ့အခါမှာ စိတ်၏လှုံ့ဆော်မှုတွေကို နားလည်ဖို့ ဘာကြောင့်များ အရေးကြီးပါသနည်း။
-မဖြစ်နိုင်သော အခြေအနေတွင် ဘုရားသခင် မည်သို့ အလုပ်လုပ်ခဲ့သည်ကို သင်မည်သို့ မြင်ခဲ့ဖူးပါသနည်း။



---------------------------------------------------------------------------------


Zawgyi Version

မျဖစ္ႏိုင္တာကို မည္သို႔ ကိုင္တြယ္မည္နည္း။
သုတၱံက်မ္း ၂၃:၂၃ “သမၼာတရားကို ဝယ္ေလာ့။ မေရာင္းႏွင့္။ ပညာ ကို၎၊ ဆုံးမဩဝါဒကို၎၊ ဉာဏ္သတၱိကို၎ ထိုအတူ ျပဳေလာ့။”

မျဖစ္ႏိုင္တဲ့ အရာတစ္ခုခုကို တစ္စုံတစ္ေယာက္က သင့္ကို လုပ္ေဆာင္ဖို႔ ေတာင္းဆိုခဲ့ဖူးပါသလား။  သင့္အတြက္ ႀကီးမားလြန္းတယ္လို႔ ထင္ရတဲ့အရာတစ္ခုခုကို သင္၏ မိဘ (သို႔) သင္၏ သူေဌး ၊ သူငယ္ခ်င္း တို႔သင့္ဆီ ေရာက္လာၿပီး လုပ္ေဆာင္ဖို႔ရန္ အလိုရွိေကာင္းရွိပါမည္။

၎ကဲ့သို႔ေသာ ေတာင္းဆိုမႈမ်ိဳး ကိုယခုပင္ ရင္ဆိုင္ေနရေပမည္။ ဤကမာၻေပၚတြင္ သင္မည္သို႔စတင္ခဲ့သည္ကို သိလိုစိတ္ေတြ ျဖစ္ေနပါမည္။
ေနာက္ထပ္ လာမည္ Devotional တြင္ မျဖစ္ႏိုင္တဲ့အရာေတြကို ကိုင္တြယ္ျခင္းႏွင့္ ပတ္သက္ၿပီး သမၼာက်မ္းစာက ဘာေျပာသလဲဆိုတာကို ကြၽႏ္ုပ္ေဝငွေပးပါမည္။

သို႔ေပမဲ့ ဘယ္ကေနစတင္သလဲဆိုတာကို စတင္ေျပာၾကပါစို႔
ပထမဉီးစြာ ေၾကာက္႐ြံ႕ျခင္း မရွိပါႏွင့္။
ဒံေယလအနာဂတၱိက်မ္း ၂ တြင္ ရွင္ဘုရင္ ေနဗုခဒ္ေနဇာမင္းႀကီး သည္ သူ၏အိပ္မက္ကို နိမိတ္ဖတ္ေပးရန္ နကၡတ္ေဗဒင္ဆရာကို သိလိုစိတ္ျပင္းျပစြာ ဆင့္ေခၚခဲ့ပါတယ္။ ေဗဒင္ဆရာတို႔လည္း အိပ္မက္၏အနက္ကို မေဖာ္ျပႏိုင္ခဲ့ၾကပါ။ အဲဒီေနာက္တြင္ ဘုရင္သည္ ဒံေယလႏွင့္ သူ၏သူငယ္ခ်င္းမ်ားအပါအဝင္ အႀကံေပးသူအား လုံးတို႔ကို ကြပ္မ်က္ဖို႔ရန္ အမိန႔္ေပးခဲ့သည္။

ထိုသတင္းကို ဒံေယလၾကားလွ်င္ ဘုရင္၏ကိုယ္ရံေတာ္မႉး အာ႐ုတ္ကိုေခၚ၍ ေမးေလ၏။ “ဒံေယလက၊ ရွင္ဘုရင္၏အမိန္႔ေတာ္သည္ အဘယ္ေၾကာင့္ ဤမွ်ေလာက္ လ်င္ျမန္သနည္းဟု၊ ဗာဗုလုန္ပညာရွိတို႔ကို ပယ္ရွင္းျခင္းငွါ ထြက္ သြားေသာ ကိုယ္ရံေတာ္မႉးအာ႐ုတ္ကို သတိပညာႏွင့္ ေမးျမန္း၍၊ အာ႐ုတ္သည္ ထိုအေၾကာင္းကို ၾကားေျပာ လွ်င္၊ ဒံေယလသည္ နန္းေတာ္သို႔ ဝင္၍ အိပ္မက္ ေတာ္ကို ေျဖရေသာ ေန႔ရက္အခ်ိန္ကို ေပးေတာ္မူမည္ အေၾကာင္း အသနားေတာ္ခံၿပီးမွ၊ ၁၇မိမိအိမ္သို႔ျပန္သြား၍၊ ထိုအေၾကာင္းကို မိမိ အေပါင္းအေဘာ္ ဟာနနိ၊ မိေရွလ၊ အာဇရိတို႔အား ၾကားေျပာ၍၊ ၁၈ငါတိုပသည္ အျခားေသာ ဗာဗုလုန္ပညာရွိတို႔ ႏွင့္အတူ မေသမေပ်ာက္ေစျခင္းငွါ၊ ဤနက္နဲေသာ အရာ၌က႐ုဏာ ေက်းဇူးေတာ္ကို ခံရမည္အေၾကာင္း၊ ေကာင္းကင္ဘုံရွင္ဘုရားသခင္ကို ဆုေတာင္းၾကကုန္ အံ့ဟုေျပာဆို၏။

ညဥ့္အခါ ဗ်ာဒိတ္ေတာ္အားျဖင့္ ထိုနက္နဲေသာ အရာကို ဒံေယလအား ဘုရားသခင္ေဘာ္ျပေတာ္မူ၏။ ထိုအခါ ဒံေယလသည္ ေကာင္းကင္ဘုံရွင္ ဘုရားသခင္၏ ေက်းဇူးေတာ္ကို ခ်ီးမြမ္းလ်က္၊ ဘုရား သခင္၏ နာမေတာ္သည္ ထာဝရမဂၤလာရွိပါေစ သတည္း။ ပညာႏွင့္၎၊ အစြမ္းသတၱိႏွင့္၎ ျပည့္စုံ ေတာ္မူ၏။ ကာလအခ်ိန္ ဥတုမ်ားကို ေျပာင္းလဲေစေတာ္ မူ၏။ ရွင္ဘုရင္တို႔ကိုလည္း ႏွိမ့္ခ်ခ်ီးေျမႇာက္ေတာ္မူ၏။ ပညာရွိတို႔အားပညာကို ေပးေတာ္မူ၏။ ဉာဏ္ရွိေသာ သူတို႔သည္ ေက်းဇူးေတာ္အားျဖင့္သာ၊ ထိုးထြင္း၍ နားလည္တတ္ၾက၏။ နက္နဲခက္ခဲေသာ အရာတို႔ကို ထင္ရွားစြာ ျပေတာ္မူ၏။ ေမွာင္မိုက္၌ရွိသမွ်တို႔ကို သိျမင္၍ အလင္း ၏တည္ရာ ျဖစ္ေတာ္မူ၏။ အကြၽႏ္ုပ္ ဘိုးေဘးတို႔၏ ဘုရားသခင္၊ အကြၽႏ္ုပ္ အား ပညာအစြမ္းသတၱိကို ေပးသနား၍၊ အကြၽႏ္ုပ္တို႔ ဆုေတာင္းသည္အတိုင္း၊ ရွင္ဘုရင္၏ အိပ္မက္ကို ဖြင့္ျပေတာ္ မူေသာ ေက်းဇူးေတာ္ကို ခ်ီးမြမ္းေထာမနာ ျပဳပါ၏ဟု ဒံေယလႁမြက္ဆိုၿပီးမွ ..” ဒံေယလအနာဂတၱိက်မ္း ၂:၁၄-၂၃

ဒံေယလသည္ စိုးရိမ္တုန္လႈပ္ျခင္းအစား အခ်က္အလက္မ်ားကို ေလ့လာၿပီး ေတာင္းဆိုမႈ ေနာက္ကြယ္က လႈံ႕ေဆာ္မႈမ်ားကို နားလည္ရန္ ႀကိဳးစားခဲ့ပါတယ္။ မျဖစ္ႏိုင္ေသာအရာကို တစ္စုံတစ္ေယာက္ သင့္အား လုပ္ေဆာင္ဆို႔ ေတာင္းဆိုလာတဲ့အခါ ဘာေၾကာင့္လဲဆိုတာကို သင္နားလည္ဖို႔ လိုအပ္ပါတယ္။ အခ်က္အလက္အားလုံးတို႔ကို သင္လိုအပ္ပါသည္။

ဘုရင္က ေသဖို႔ေၾကာက္ခဲ့တယ္။ လူေတြ စိုးရိမ္ေၾကာက္လန႔္တဲ့အခါမွာ စိတ္ခံစားမႈေတြရၾကပါတတယ္။ သူတို႔ ယုတၱိမဆန္တဲ့ ေတာင္းဆိုမႈေတြကိ စတင္ျပဳလုပ္ၾကပါတယ္။ ေရွ႕ဆက္မသြားမွီ ဘာေၾကာင့္လဲဆိုတာကို သင္နားလည္ဖို႔ လိုအပ္ပါတယ္။

သုတၱံက်မ္း ၂၃:၂၃ “သမၼာတရားကို ဝယ္ေလာ့။ မေရာင္းႏွင့္။ ပညာ ကို၎၊ ဆုံးမဩဝါဒကို၎၊ ဉာဏ္သတၱိကို၎ ထိုအတူ ျပဳေလာ့။”

မျဖစ္ႏိုင္ေသာအရာကို သင့္လုပ္ေဆာင္ဖို႔ ျဖစ္လာပါလွ်င္ မထိတ္လန႔္ပါႏွင့္။ ပထမဉီးစြာ အခ်က္အလက္ အားလုံးကို ရယူပါ။

ဆင္ျခင္ရန္
-သင္စိတ္ဖိစီးမႈ ခံစားရတဲ့အခါမႈ သင္၏စိတ္လႈပ္ရွားမႈေတြက သင္၏ဆုံးျဖတ္ခ်က္ေတြအေပၚမည္သို႔ လႊမ္းမိုးမႈ ျဖစ္ေစပါသနည္း။
-မျဖစ္ႏိုင္ဘူးလို႔ ထင္ရတဲ့အရာေတြကို လုပ္ေဆာင္ဖို႔ ေတာင္းဆိုခံရတဲ့အခါမွာ စိတ္၏လႈံ႕ေဆာ္မႈေတြကို နားလည္ဖို႔ ဘာေၾကာင့္မ်ား အေရးႀကီးပါသနည္း။
-မျဖစ္ႏိုင္ေသာ အေျခအေနတြင္ ဘုရားသခင္ မည္သို႔ အလုပ္လုပ္ခဲ့သည္ကို သင္မည္သို႔ ျမင္ခဲ့ဖူးပါသနည္း။