Help Others with What God Has Taught You
Unicode Version
ဘုရားသခင် သင့်အား သင်ကြားထားသည်များဖြင့် တခြားသူများကို ကူညီပါ။
ဒံယေလအနာဂတ္တိကျမ်း ၂:၂၄ “ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းစေခြင်းငှါ၊ ရှင်ဘုရင်ခန့်ထားတော်မူသော အာရုတ်ထံသို့သွား၍၊ ဗာဗုလုန် ပညာရှိတို့ကို မလုပ်ကြံပါနှင့်။ အကျွန်ုပ်ကို အထံတော်သို့ခေါ်သွင်းပါ။ အကျွန်ုပ်သည် အိပ်မက် တော်နှင့် အနက်ကိုဘော်ပြ၍ လျှောက်ပါမည်ဟုဆို၏။
မဖြစ်နိုင်စရာ ကြီးမားတဲ့ တောင်းဆိုမှုတစ်ခုကို သင်ရင်ဆိုင်တွေ့ကြုံရတဲ့အခါ လက်မြောက်အရှုံးပေးဖို့က လွယ်ကူစေပါတယ်။ သင်၏သူဌေးက တစ်စုံတစ်ယောက်ကို ရှာဖွေသင့်တယ်လို့ သင်ထင်မြင်ပါတယ်။ သင်၏ခင်ပွန်းက သင့်ကိုမရသင့်ဘူးလို့ သင်ယူဆပါတယ်။ သင်၏ဆရာက သင့်အားပေးသော assignments တွေပေါ် အာရုံမထားဘူးလို့ သင်သံသယဖြစ်နေတယ်။
သို့ပေမဲ့ ဘုရားသခင်၌ စိတ်ထဲတွင်ပိုမိုများသောအရာရှိမယ်ဆိုလျှင်ကော။ တစ်စုံတစ်ယောက်ကို သင်ကူညီဖို့ရန် ဘုရားသခင်အလိုရှိခြင်းကြောင့် သင့်ကို အခြေအနေတစ်ခုထဲ တွင် ရောက်စေလျှင်ကော။
လွန်ခဲ့တဲ့ ရက်တွေတုန်းက ကျွန်ုပ်တို့လေ့လာနေတဲ့ ဒံယေလအကြောင်းတွင် ဤအကြောင်းအရာကို သင်တွေ့မြင် ပါမည်။ မဖြစ်နိုင်တဲ့ အလုပ်တခုကို ပေးအပ်ခံရတဲ့အခါ ဒံယေလက ကျွန်ုပ်တို့ လိုက်လျှောက်ဖို့ရန် ပုံသက်သေကောင်း တစ်ခုကို ပေးခဲ့ပါတယ်။
၁. စိုးရိမ်ထိတ်လန့်မနေပါနှင့်။
၂. အချိန်ပိုတောင်းဆိုပါ။
၃. ဝတ်ပြုဆုတောင်းခြင်း၌ မိတ်ဖက်စုပေါင်းပါ။
. ဘုရားသခင်၏ သဘာဝလွန် အကူအညီကို တောင်းလျှောက်ပါ။
၅. ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပါ။
ပြီးတော့ ဒံယေလသည် ဘုရားသခင်သူ့အား ဖော်ပြသောအရာဖြင့် သူတစ်ပါးတို့ကို ကူညီဖို့ အသုံးပြုခဲ့ပါတယ်။ မဖြစ်နိုင်တဲ့အရာကနေ ဒံယေလကို ဘုရားသခင် ကယ်တင်ခဲ့ပါတယ်။ သို့ပေမဲ့ ဒံယေလ၏ ကိုယ်ပိုင် အကျိုးအတွက် လုပ်ဆောင်ခဲ့ရုံ ဘုရားပြုခဲ့ခြင်းမဟုတ်ပါ။ သူတစ်ပါးတို့ကိုလည်း ဒံယေလ ကူညီဖို့ရန်လည်း ဘုရားသခင် အလိုတော်ရှိခဲ့ပါတယ်။
သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ  ဒံယေလအနာဂတ္တိကျမ်း ၂:၂၄ “ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းစေခြင်းငှါ၊ ရှင်ဘုရင်ခန့်ထားတော်မူသော အာရုတ်ထံသို့သွား၍၊ ဗာဗုလုန် ပညာရှိတို့ကို မလုပ်ကြံပါနှင့်။ အကျွန်ုပ်ကို အထံတော်သို့ခေါ်သွင်းပါ။ အကျွန်ုပ်သည် အိပ်မက် တော်နှင့် အနက်ကိုဘော်ပြ၍ လျှောက်ပါမည်ဟုဆို၏။
ဘုရင်၏ အိမ်မက်အတွက် အဖြေကို ဒံယေလအား ဘုရားသခင်ပေးခဲ့ပေမဲ့ ဗာဗုလုန်ပညာရှိတို့၏ လုံခြုံမှုအတွက် သေချာမှုမရှိဘဲ ဘုရင်ကို ဒံယေလပြောမည် မဟုတ်ပါ။
သင့်ကိုသာ ကယ်တင်ဖို့ရန်အတွက် ဘုရားသခင်အလိုတော်မရှိပါ။ လူတိုင်းကို ကယ်တင်ချင်ပါသည်။ သင်၏ မိသားစုတွေ နှင့် သင်၏မိတ်ဆွေသူငယ်ချင်းအားလုံးတို့ကို ကယ်တင်ချင်ပါသည်။ သူ၏ ပြိုင်ဘက် နှင့် ရန်သူတွေကိုတောင် ကယ်တင်ချင်သူဖြစ်ပါတယ်။ လူတိုင်းကို ဘုရားရှင် ဂရုပြုတော်မူသည်။
ထိုနည်း၎င်းပင် ကျွန်ုပ်တို့လည်း ပြုသင့်ပါသည်။
ဒါကြောင့် သခင်ခရစ်တော်နှင့် ပတ်သက်သော သတင်းစကားကို လူတိုင်းဆီ ရောက်ရှိဖို့ရန် သင်ဆက်လက် လုပ်ဆောင်ဖို့ လိုအပ်နေခြင်းဖြစ်ပါတယ်။ လူတိုင်း ဘုရားကိုသိပြီး သူတို့အသက်တာအတွက် ဘုရား၏ ရည်ရွယ်ချက် တွေကို သိရှိဖို့ရန် ဘုရားသခင် အလိုတော်ရှိပါတယ်။
၎င်းသည် သင်၏အသိသက်သေဖြစ်တယ်။ ၎င်းသည် ဤကမ္ဘာလောကရှိ သင်၏ ရည်ရွယ်ရာဖြစ်ပါတယ်။
ဆင်ခြင်ရန်
-ဘုရားသခင် သင့်အား ဖော်ပြခဲ့သော သမ္မာတရားတို့ဖြင့် တခြားသူများကို မည်ကဲ့သို့ ကူညီနိုင်ပါမည်နည်း။
-သင့်အား ဘုရားသခင် မည်သို့ကယ်ခြင်းခဲ့ကြောင်းနှင့် ပတ်သက်ပြီး မည်သို့သောသူ ကြားသိဖို့ရန် လိုအပ်နေပါသနည်း။
-သတင်းကောင်း ဝေမျှဖို့ရန် အားနည်းနေလို့ (သို့) မပြင်ဆင်ရသေးလို့ ဆိုပြီးသင်ခံစားမိပါသလား။ ၎င်းနှင့် ပတ်သက်ပြီး ဘုရားသခင် သင့်အား ဘာပြောချင်သည်ကို သင်တွေးထင်ပါသနည်း။
--------------------------------------------------------------
Zawgyi Version
၎. ဘုရားသခင်၏ သဘာဝလွန် အကူအညီကို တောင်းလျှောက်ပါ။
ဆင်ခြင်ရန်