Unicode Version
---------------------------------------------------------------------------------
Zawgyi Version
အပူမီးထဲတွင် သင်နှင့်အတူ ဘုရားသခင် ဖြတ်သန်းပါတယ်။
ဟေရှာယအနာဂတ္တိကျမ်း ၄၃:၂
“သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို ရှောက်သွားသောအခါ၊
မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင် ရ။ မီးလျှံလည်း မညိရ။”
ဖိအားတွေ
ပြင်းထန်လာတဲ့အခါ နှင့် သတ်မှတ်ရက် နီးလားတဲ့အခါတွေမှာ တစ်ချို့သောသူတွေ သုံးနှုန်းတဲ့အရာ
ရှိပါတယ်။ သူတို့ “အပူမီးတွေ့ပြီ” လို့ပြောကြပါတယ်။
၎င်းခံစားချက်မျိုးကို
မည်သူတစ်ဉီးမျှ မနှစ်သက်ပါ။
ပရောဖက်
ဒံယေလတွင် မိတ်ဆွေ (၃) ဉီးရှိပြီး သူတို့ပေါ်သို့ အပူမီးကျရောက်မှုကို အမှန်တကယ် တွေ့ကြုံခံစား
ခဲ့ရပါတယ်။ ဒံယေလ (၃) တွင် သူ၏မိတ်ဆွေတို့ ဘုရင်နေဗုခဒ်နေဇာမင်းကြီး၏ ရုပ်ထုကို မကိုးကွယ်တဲ့အခါမှာ
ဘုရင်က ဒေါသတကြီး သူတို့ကို မီးထဲသို့ပစ်ချလိုက်ပြီး မီးအပူငွေ့သည် သာမာန်ထက် ခုနှစ်ဆပိုပြီး
ပူလာပါတယ်။
တကယ့်ကို
အပူကြီးနေခဲ့ပါတယ်။
သို့ပေမဲ့
သူတို့နှင့်အတူ ဘုရားသခင် ဖြတ်သန်းခဲ့ပါတယ်။ ဒံယေလအနာဂတ္တိကျမ်း
၃:၂၄-၂၅ “ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည်
အံ့ဩ မိန်းမော၍ အလျင်တဆောထပြီးလျှင်၊ လူသုံးယောက် တို့ကို တုပ်နှောင်၍ မီးထဲသို့ ချပစ်သည်
မဟုတ်လောဟု တိုင်ပင်မှူးမတ်တို့အား မေးတော်မူ၏။ မှူးမတ်တို့က လည်း၊ မှန်ပါ၏ဘုရားဟု
ပြန်လျှောက်ကြလျှင်၊ ရှင်ဘုရင်က၊ လူလေးယောက်တို့သည်
မတုပ် မနှောင်ဘဲ မီးထဲ၌သွား လာ၍ ဘေးဥပဒ်နှင့် ကင်းလွတ် သည်ကို ငါမြင်သည်တကား။ စတုတ္ထသူသည်
ဘုရားသား ၏ အဆင်းသဏ္ဌာန် ရှိသည်ဟု မိန့်တော်မူ၍ …”
ဟုတ်ပါတယ်။
သင်နှင့် ကျွန်ုပ်တို့ သိထားတာက “ဘုရား၏သားတော်”သည် သူတို့နှင့်အတူရှိခဲ့သည်။ သခင်ခရစ်တော်
- ဘုရား၏ တဉီးတည်းသောသားတော်ဖြစ်သည်။ သူတို့နှင့်အတူ မီးထဲတွင် လမ်းလျှောက် နေခဲ့ပါတယ်။
သင်နှင့်အတူ မီးထဲတွင်လည်း လျှောက်လှမ်းပါလိမ့်မည်။
သခင်ခရစ်တော်ဆိုထားသည်မှာ မဿဲဩဝါဒစာ ၂၈:၂၀ “ငါသည် သင်တို့အား ပေးသမျှသော
ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင်
သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ၏။”
သင်တစ်ဉီးတည်း
အထီးကျန်မနေရဘူးလို့ သမ္မာကျမ်းစာကို ဆိုထားပါတယ်။ ဘုရားသခင်သည် သင့်အတွက် နှင့် သင်နှင့်အတူ
အမြဲတမ်းရှိနေလိမ့်မည်။
ဟေရှာယအနာဂတ္တိကျမ်း ၄၃:၂
“သင်သည် ရေကိုလျှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို လျှောက်သွားသောအခါ၊
မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်း မညိရ။”
သင်၌ အခက်အခဲပြသနာတွေ
ရှိနေပါလိမ့်မည်။ သို့ပေမဲ့ အဲဒီအရာတွေအားလုံးကို သခင်ခရစ်တော် သင်နှင့်အတူ အမြဲတမ်း
ဖြတ်ကျော်ပေးပါမည်။
ဆင်ခြင်ရန်
- ခက်ခဲသော အချိန်များတွင်
ဘုရားသခင် သင်နှင့်အတူ လျှောက်လှမ်းခြင်းကို သင်မည်ကဲ့သို့ မြင်ခဲ့ပါသနည်း။
-ခက်ခဲတဲ့အချိန်တွေမှာ
လုပ်ငန်းခွင်ထဲ၌ ဘုရားသခင်ကို မြင်ရဖို့ရန် တစ်ခါတစ်ရံ ဘာကြောင့်များ ခက်ခဲနေရပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်