God brings new life out of the fire
Unicode Version
God brings new life out of the fire
"How do you handle pain is a great witness next to the world.
ဒံယေလအနာဂတ္တိကျမ်း ၃:၂၈ " နေ​ဗု​ခဒ်​နေ​ဇာ မင်း​ကြီး​က​လည်း၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၏ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ မိ​မိ​တို့​ဘု​ရား​မှ​တစ်​ပါး၊ အ​ခြား​သော ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကိုး​စား၍ မင်း​ကြီး​အ​မိန့်​တော်​ကို ဆန်​လျက်၊ မိ​မိ​တို့​ကိုယ်​ကို​ပင် အပ်​နှံ​သော ကျွန်​တော်​ရင်း​တို့​ရှိ​ရာ​သို့၊ ထို​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ကယ်​တင်​တော်​မူ​ပြီ။"
နာကျင်ခံစားရမှုတွေကို သင်ကိုင်တွယ်ဖြေရှင်းပုံက ကမ္ဘာကြီးအတွက် သက်သေကောင်းတစ်ခုဖြစ်ပါတယ်။ ဆင်းရဲဒုက္ခများကြားမှ ဘုရားသခင်အား ယုံကြည်ကိုးစားခြင်းသည် မယုံကြည်သောသူများကိုပင် ဘုရားသခင်ဆီ ညွှန်ပြရာရောက်ပါတယ်။
အမှန်စင်စစ် သင်နှင့်ကျွန်ုပ်သည်လည်း အသက်တာကောင်းစားချိန်တွေမှာ သက်သေများစွာမဖြစ်စေပါ။ ၎င်းအချိန်တွင်မှာ လူတိုင်း ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နိုင်ပါတယ်။ သို့သော် ခက်ခဲသောအချိန်ကာလတွေမှာတော့ ကွဲပြားသောအကြောင်းရာဖြစ်စေပါတယ်။ 
ဒံယေလ၏မိတ်ဆွေ သုံး ဦးတို့ မီးထဲသို့ပစ်ချခံရကြောင်းကို သတိရပါသလား။ သူတို့ဘုရားသခင်ကို ယုံကြည်ခဲ့ပါတယ်။ ဘုရားသခင်သူတို့ကို အံ့သြဘွယ်နည်းဖြင့် ကယ်တင်ခဲ့ပါတယ်။
သူတို့၏ယုံကြည်ခြင်းသည် ဘုရင်ကို စိတ်ထဲစွဲမှတ်သွားစေသည်။ ထိုအချိန်က ဘုရင် နေ​ဗု​ခဒ်​နေ​ဇာသည် အင်အားအကြီးဆုံးဧကရာဇ်မင်းတစ်ပါးဖြစ်ပါတယ်။ 
ဘုရင်ကဆိုသည်မှာ ဒံယေလအနာဂတ္တိကျမ်း ၃:၂၈ " နေ​ဗု​ခဒ်​နေ​ဇာ မင်း​ကြီး​က​လည်း၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၏ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ မိ​မိ​တို့​ဘု​ရား​မှ​တစ်​ပါး၊ အ​ခြား​သော ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကိုး​စား၍ မင်း​ကြီး​အ​မိန့်​တော်​ကို ဆန်​လျက်၊ မိ​မိ​တို့​ကိုယ်​ကို​ပင် အပ်​နှံ​သော ကျွန်​တော်​ရင်း​တို့​ရှိ​ရာ​သို့၊ ထို​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ကယ်​တင်​တော်​မူ​ပြီ။"
ဤလူတို့သည် ဘုရင်နေဗုခဒ်နေဇာ မင်းကြီး၏ အမိန့်တော်ကို ငြင်းပယ်ပြီး သေခြင်းတရားကို အရဲစွန့်နေကြခြင်းသည် ဘုရားသခင်ကို ယုံကြည်ကြောင်းကို ဘုရင်သည် သိမှတ်တော်မူသည်။
သင်ကော ဘာအတွက်သေချင်ရပါသနည်း။
မည့်သည့်ဆန္ဒကြောင့် သေဖို့ရန်မသိပါလျှင် သင်ဘယ်တော့မှ စစ်မှန်သောအသက်ရှင်ခြင်း ရှိလိမ့်မည်မဟုတ်ပါ။ အသက်ရှိခြင်းသက်သက်သာ ဖြစ်နေပါလိမ့်မယ်။ 
ကျွန်ုပ်တို့သည်လည်း ထိုနည်းအတိုင်း ထပ်တူဖြစ်သည်။
ကျွန်ုပ်တို့ ဆင်းရဲဒုက္ခကို ဖြတ်ကျော်စဉ် ဘုရားသခင်အား ယုံကြည်ကြောင်းကို တခြားသောသူတွေ တွေ့မြင်ပါတယ်။ အဲဒီအတွက်ကြောင့် သူတို့တွေဆီ အသစ်သောအသက်တာကို တစ်ခါတစ်ရံ ဘုရားသခင် ယူဆောင်လာ‌ပေးပါတယ်။
ဆင်ခြင်ရန်
-တစ်စုံတစ်ယောက်နာကျင်ခံစားရချိန် တုံ့ပြန်မှုကို သင်မြင်ရခြင်းအားဖြင့် ဘုရားသခင်ထံ သင်ချည်းကပ်သောအချိန်ကား မည်သို့သောအချိန်ဖြစ်ပါသနည်း။ 
-သင်သေဖို့ရန် ဆန္ဒရှိနေသော အရာတစ်ချို့ကား မည်သို့နည်း။
-ကျွန်ုပ်တို့သည် ကောင်းစားသောအချိန်ထက် ခက်ခဲသောအချိန်တွေက ပိုမိုကောင်းတဲ့သက်သေတွေ ဘာကြောင့်ဖြစ်ရသနည်း။
------------------------------------------------------------------------------------
Zawgyi Version
God brings new life out of the fire
"How do you handle pain is a great witness next to the world.
ဆင်ခြင်ရန်