Give God the Credit So People Look to Him

Unicode Version

ဘုရားသခင်အား ဂုဏ်တင်ချီးကျူးလိုက်ပါ။ သို့မှသာ သူတစ်ပါးတို့ သူ့ကိုမြင်မည်။
ဒံယေလ အနာဂတ္တိကျမ်း ၂:၂၇-၂၈ “ဒံယေလက၊ အရှင်မင်းကြီးမေးမြန်းတော်မူ သောအရာကို ပညာရှိ၊ ဗေဒင်တတ်၊ မာဂုဆရာ၊ အနာ ဂတ္တိဆရာတို့သည် အရှင်မင်းကြီးအား ဘော်ခြင်းငှါ မတတ်နိုင်ကြပါ။ နက်နဲသော အရာတို့ကို ဖွင့်ပြ၍၊ နောင်ကာလ၌ ဖြစ်လတံ့သော အရာတို့ကို နေဗုခဒ်နေဇာမင်းကြီးအား ကြားပြောတော်မူ သော ဘုရားသခင်တဆူသည် ကောင်း ကင်ဘုံမှာ ရှိတော်မူ၏။”

လွန်ခဲ့တဲ့ ရက်တွေတုန်းက ဤ Devotionals ကနေ ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး (၂) တွင် မဖြစ်နိုင်သော အခြေအနေ တစ်ခုကြုံခဲ့ရတဲ့ ဒံယေလ အကြောင်းကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ခက်ခဲတဲ့ အိပ်မက်ကို အနက်အဓိပ္ပါယ် ဖော်ပြဖို့ရန် ဘုရင်နေဗုခဒ်နေဇာမင်းကြီးက တောင်းဆိုခဲ့ပါတယ်။ အိပ်မက်၏ အနက်ကို မဖော်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့် ဘုရင်၏ ပညာရှိတွေတောင် အသေသတ်ခြင်းကို ခံရလုနီးဖြစ်ခဲ့ပါတယ်။

လောင်းကြေးက မြင့်မားပါတယ်။ သို့ပေမဲ့ ဒံယေလက အံ့ဩဖွယ်ဖြစ်စဉ်တွေ ဖြစ်တဲ့ “စိုးရိမ်ထိတ်လန့်ခြင်းမရှိနှင့်အချက်အလက်တွေ ရယူပါ” ဆိုတဲ့အရာတွေနောက် လိုက်လျှောက်ခဲ့ပါတယ်။ အချိန်ပိုတောင်းခဲ့တယ်။ မိတ်ဆွေတွေနှင့်အတူ စုပေါင်းဝတ်ပြုကိုးကွယ်မှုတွေပြုပြီး ဘုရားသခင်ထံ သဘာဝလွန် အကူအညီတွေ တောင်းဆိုခဲ့ပါတယ်။ သင်လေ့လာ သင်ယူရတဲ့ အရာတွေကို အသုံးပြုပြီး သူတစ်ပါးကို ကယ်တင်ပါ။

ဘုရားသခင် တန်ခိုးဖော်ပြလာချိန်မှာ ဒံယေလသည် သူတစ်ပါးတို့အား ဘုရားသခင်ကို ညွှန်ပြရန် အခွင့်အရေးကို အသုံးပြုခဲ့သည်ကို ကျွန်ုပ်တို့ တွေ့ရပါတယ်။
ဒံယေလ ဘုရင်ကို ပြောတဲ့အရာတွေကို သမ္မာကျမ်းစာက ဖော်ပြထားပါတယ်။ ဘုရင်အိပ်မက်အား အံ့ဩဖွယ်ကောင်းသော အဖြေအတွက် ဒံယေလ ကိုယ့်ကိုကိုယ် ဂုဏ်မတင် ခဲ့ပါဘူး။ ဘုရားသခင် အဖြေပေးသည်ကို သူသိတဲ့အတွက်ကြောင့် သူရိုးသားခဲ့ပါတယ်။

သင့်အတွေးကိုတော့ ကျွန်ုပ်မသိပါ။ အကယ်၍ ကျွန်ုပ်သာ ၁၇ နှစ်အရွယ်ကောင်လေးတစ်ဉီးသာ ဖြစ်ခဲ့ပြီး တစ်စုံတစ်ခုပြုလို့ ဘုရင်ကို ပျော်ရွှင်စေခဲ့တယ်ဆိုလျှင် ကိုယ့်ကိုကိုယ် ဂုဏ်တင်မိဖို့ သွေးဆောင်ခံရပါမည်။

ဒံယေလ ဆုတောင်းခဲ့တယ်။ သူနားထောင်ပြီး  နာခံခဲ့ပါတယ်။
သူဂုဏ်တင်ချီးမြှောက်မှုကို ယူနိုင်ပေမဲ့ သူမယူခဲ့ပါဘူး။ အဲဒီအစား လူတွေကို ဘုရားသခင်ဆီ ညွှန်ပြခဲ့ပါတယ်။

သင်သည်လည်း ထိုကဲ့သို့ လုပ်ဆောင်ပါ။ ဘုရားကောင်းချီးပေးပါမည်။ ဘုရားသခင်သည် ဂုဏ်ပကာသနတွေကို ဂရုမစိုက်သောသူတွေပေါ် ကြီးသောအမှုတို့ကို့ ပြုလိမ့်မည်။
ဘုရားမဲ့ အယူဝါဒီဘုရင်သည် ဒံယေလအား ပြောခဲ့သည်မှာ - ဒံယေလအနာဂတ္တိကျမ်း ၂:၄၇ “ကိုယ်တော်သည် ဤနက်နဲသောအရာကို ဖွင့်ပြ နိုင်သည်ဖြစ်၍၊ အကယ်စင်စစ် ကိုယ်တော်၏ ဘုရား သခင်သည် ဘုရားတို့၏ဘုရား၊ ဘုရင်တို့၏ အရှင်၊ နက်နဲသော အရာကိုဖွင့်ပြတော်မူသော သခင်ဖြစ် တော်မူ၏ဟု မိန့်တော်မူ၍ ..”

ဒါက ဘယ်လိုဖြစ်တာလဲ။ ဘုရားမဲ့တဲ့ ခေါင်းဆောင်တစ်ဉီး၏ စကြာဝဌာကို ဖန်ဆင်းသော စစ်မှန်တဲ့ ဖန်ဆင်းရှင်ကို အသိအမှန်ပြုခဲ့ပါတယ်။

သင်၏အသက်တာကို လူတို့အား ဘုရားသခင်ထံ ညွှန်ပြခြင်းဖြင့် သင်၌အံ့ဩဖွယ်အမှုများ ဖြစ်လာပါမည်။

ဆင်ခြင်ရန်
-ကောင်းသောအရာတွေ ဖြစ်ပျက်လာတဲ့အခါမှာ သူတစ်ပါးတို့အား ဘုရားသခင်ကို ဆက်တိုက် ညွှန်ပြသော သူအကြောင်းကို တွေးမြင်ကြည့်ပါ။ ဘုရားသခင်၏ နောက်လိုက်ခြင်းနှင့်ပတ်သက်ပြီး ထိုသူထံမှ မည်သည့်အရာ တို့ကို သင် လေ့လာသင်ယူပါသနည်း။
-ဘုရားသခင် သင့်အသက်တာတွင် လုပ်ဆောင်မှု ပြုတဲ့အခါ “တခြားတို့အား ဘုရားသခင်ကို ညွှန်ပြခြင်း”အတွက် မည်သည့်အရာက တားဆီးမှု ဖြစ်သနည်း။
-ကောင်းသောအရာတွေအားလုံးသည် ဘုရားသခင်ဆီမှ လာသော လက်ဆောင်မွန်ဖြစ်သည်ဟု ရှုမြင်သော အတွေးအခေါ်ကို သင်မည်သို့ ပုံဖော်သနည်း။



---------------------------------------------------------------------------------

Zawgyi Version

ဘုရားသခင္အား ဂုဏ္တင္ခ်ီးက်ဴးလိုက္ပါ။ သို႔မွသာ သူတစ္ပါးတို႔ သူ႔ကိုျမင္မည္။

ဒံေယလ အနာဂတၱိက်မ္း ၂:၂၇-၂၈ “ဒံေယလက၊ အရွင္မင္းႀကီးေမးျမန္းေတာ္မူ ေသာအရာကို ပညာရွိ၊ ေဗဒင္တတ္၊ မာဂုဆရာ၊ အနာ ဂတၱိဆရာတို႔သည္ အရွင္မင္းႀကီးအား ေဘာ္ျခင္းငွါ မတတ္ႏိုင္ၾကပါ။ နက္နဲေသာ အရာတို႔ကို ဖြင့္ျပ၍၊ ေနာင္ကာလ၌ ျဖစ္လတံ့ေသာ အရာတို႔ကို ေနဗုခဒ္ေနဇာမင္းႀကီးအား ၾကားေျပာေတာ္မူ ေသာ ဘုရားသခင္တဆူသည္ ေကာင္း ကင္ဘုံမွာ ရွိေတာ္မူ၏။”

လြန္ခဲ့တဲ့ ရက္ေတြတုန္းက ဤ Devotionals ကေန ဒံေယလအနာဂတၱိက်မ္း အခန္းႀကီး (၂) တြင္ မျဖစ္ႏိုင္ေသာ အေျခအေန တစ္ခုႀကဳံခဲ့ရတဲ့ ဒံေယလ အေၾကာင္းကို ေဖာ္ျပခဲ့ၿပီး ျဖစ္ပါတယ္။ ခက္ခဲတဲ့ အိပ္မက္ကို အနက္အဓိပၸါယ္ ေဖာ္ျပဖို႔ရန္ ဘုရင္ေနဗုခဒ္ေနဇာမင္းႀကီးက ေတာင္းဆိုခဲ့ပါတယ္။ အိပ္မက္၏ အနက္ကို မေဖာ္ျပႏိုင္ခဲ့တဲ့ အတြက္ေၾကာင့္ ဘုရင္၏ ပညာရွိေတြေတာင္ အေသသတ္ျခင္းကို ခံရလုနီးျဖစ္ခဲ့ပါတယ္။ 

ေလာင္းေၾကးက ျမင့္မားပါတယ္။ သို႔ေပမဲ့ ဒံေယလက အံ့ဩဖြယ္ျဖစ္စဥ္ေတြ ျဖစ္တဲ့ “စိုးရိမ္ထိတ္လန႔္ျခင္းမရွိႏွင့္ ၊ အခ်က္အလက္ေတြ ရယူပါ” ဆိုတဲ့အရာေတြေနာက္ လိုက္ေလွ်ာက္ခဲ့ပါတယ္။ အခ်ိန္ပိုေတာင္းခဲ့တယ္။ မိတ္ေဆြေတြႏွင့္အတူ စုေပါင္းဝတ္ျပဳကိုးကြယ္မႈေတြျပဳၿပီး ဘုရားသခင္ထံ သဘာဝလြန္ အကူအညီေတြ ေတာင္းဆိုခဲ့ပါတယ္။ သင္ေလ့လာ သင္ယူရတဲ့ အရာေတြကို အသုံးျပဳၿပီး သူတစ္ပါးကို ကယ္တင္ပါ။

ဘုရားသခင္ တန္ခိုးေဖာ္ျပလာခ်ိန္မွာ ဒံေယလသည္ သူတစ္ပါးတို႔အား ဘုရားသခင္ကို ၫႊန္ျပရန္ အခြင့္အေရးကို အသုံးျပဳခဲ့သည္ကို ကြၽႏ္ုပ္တို႔ ေတြ႕ရပါတယ္။
ဒံေယလ ဘုရင္ကို ေျပာတဲ့အရာေတြကို သမၼာက်မ္းစာက ေဖာ္ျပထားပါတယ္။ ဘုရင္အိပ္မက္အား အံ့ဩဖြယ္ေကာင္းေသာ အေျဖအတြက္ ဒံေယလ ကိုယ့္ကိုကိုယ္ ဂုဏ္မတင္ ခဲ့ပါဘူး။ ဘုရားသခင္ အေျဖေပးသည္ကို သူသိတဲ့အတြက္ေၾကာင့္ သူ႐ိုးသားခဲ့ပါတယ္။

သင့္အေတြးကိုေတာ့ ကြၽႏ္ုပ္မသိပါ။ အကယ္၍ ကြၽႏ္ုပ္သာ ၁၇ ႏွစ္အ႐ြယ္ေကာင္ေလးတစ္ဉီးသာ ျဖစ္ခဲ့ၿပီး တစ္စုံတစ္ခုျပဳလို႔ ဘုရင္ကို ေပ်ာ္႐ႊင္ေစခဲ့တယ္ဆိုလွ်င္ ကိုယ့္ကိုကိုယ္ ဂုဏ္တင္မိဖို႔ ေသြးေဆာင္ခံရပါမည္။

ဒံေယလ ဆုေတာင္းခဲ့တယ္။ သူနားေထာင္ၿပီး  နာခံခဲ့ပါတယ္။
သူဂုဏ္တင္ခ်ီးေျမႇာက္မႈကို ယူႏိုင္ေပမဲ့ သူမယူခဲ့ပါဘူး။ အဲဒီအစား လူေတြကို ဘုရားသခင္ဆီ ၫႊန္ျပခဲ့ပါတယ္။

သင္သည္လည္း ထိုကဲ့သို႔ လုပ္ေဆာင္ပါ။ ဘုရားေကာင္းခ်ီးေပးပါမည္။ ဘုရားသခင္သည္ ဂုဏ္ပကာသနေတြကို ဂ႐ုမစိုက္ေသာသူေတြေပၚ ႀကီးေသာအမႈတို႔ကို႔ ျပဳလိမ့္မည္။
ဘုရားမဲ့ အယူဝါဒီဘုရင္သည္ ဒံေယလအား ေျပာခဲ့သည္မွာ - ဒံေယလအနာဂတၱိက်မ္း ၂:၄၇ “ကိုယ္ေတာ္သည္ ဤနက္နဲေသာအရာကို ဖြင့္ျပ ႏိုင္သည္ျဖစ္၍၊ အကယ္စင္စစ္ ကိုယ္ေတာ္၏ ဘုရား သခင္သည္ ဘုရားတို႔၏ဘုရား၊ ဘုရင္တို႔၏ အရွင္၊ နက္နဲေသာ အရာကိုဖြင့္ျပေတာ္မူေသာ သခင္ျဖစ္ ေတာ္မူ၏ဟု မိန္႔ေတာ္မူ၍ ..”

ဒါက ဘယ္လိုျဖစ္တာလဲ။ ဘုရားမဲ့တဲ့ ေခါင္းေဆာင္တစ္ဉီး၏ စၾကာဝဌာကို ဖန္ဆင္းေသာ စစ္မွန္တဲ့ ဖန္ဆင္းရွင္ကို အသိအမွန္ျပဳခဲ့ပါတယ္။

သင္၏အသက္တာကို လူတို႔အား ဘုရားသခင္ထံ ၫႊန္ျပျခင္းျဖင့္ သင္၌အံ့ဩဖြယ္အမႈမ်ား ျဖစ္လာပါမည္။

ဆင္ျခင္ရန္
-ေကာင္းေသာအရာေတြ ျဖစ္ပ်က္လာတဲ့အခါမွာ သူတစ္ပါးတို႔အား ဘုရားသခင္ကို ဆက္တိုက္ ၫႊန္ျပေသာ သူအေၾကာင္းကို ေတြးျမင္ၾကည့္ပါ။ ဘုရားသခင္၏ ေနာက္လိုက္ျခင္းႏွင့္ပတ္သက္ၿပီး ထိုသူထံမွ မည္သည့္အရာ တို႔ကို သင္ ေလ့လာသင္ယူပါသနည္း။
-ဘုရားသခင္ သင့္အသက္တာတြင္ လုပ္ေဆာင္မႈ ျပဳတဲ့အခါ “တျခားတို႔အား ဘုရားသခင္ကို ၫႊန္ျပျခင္း”အတြက္ မည္သည့္အရာက တားဆီးမႈ ျဖစ္သနည္း။ 
-ေကာင္းေသာအရာေတြအားလုံးသည္ ဘုရားသခင္ဆီမွ လာေသာ လက္ေဆာင္မြန္ျဖစ္သည္ဟု ရႈျမင္ေသာ အေတြးအေခၚကို သင္မည္သို႔ ပုံေဖာ္သနည္း။