Unicode Version
---------------------------------------------------------------------------------
မဿဲ ၅:၁၁-၁၂ “ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ
တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။
အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှ ပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော
ပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲကြပြီ။”
ကျွန်ုပ်တို့
သခင်ခရစ်တော်နောက်သို့ လိုက်တဲ့အခါမှာ ဒုက္ခရောက်ရပါလိမ့်မည်။ ဒါကို အာမခံပါတယ်။ သင်၏
ယုံကြည်ခြင်းကြောင့် သင်သည် နှောင့်ယှက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း ၊ ငြင်းပယ်ခြင်းနှင့်
ကဲ့ရဲ့ခြင်းခံရပါလိမ့် မည်။
သို့သော်
၎င်းသည် ဇာတ်လမ်းအဆုံးမဟုတ်ပါ။ သမ္မာကျမ်းစာက ဆိုထားသည်မှာ သခင်ခရစ်တော်သည် ကားတိုင်ထက်
ညှဉ်းပန်းနှိပ်စက်မှုကို ကြံ့ကြံ့ခံပြီး ဘုရားသခင်၏ ပလ္လင်လကျ်ာဘက်၌ ထိုင်နေတော်မူ၏
လို့ဖော်ပြထားပါတယ်။ ဟေဗြဲ ၁၂:၂ “ယုံကြည်ခြင်းကို အစအဦးစီရင်၍
စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ ထားသော
ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာ ကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊
ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ ထိုင်နေတော်မူ၏။”
သင်၏လက်ရှိ
အခက်အခဲများကို ကျော်လွှားလိုပါက အနာဂတ်ဆုလဒ်ကို သင်အာရုံစိုက်သင့်ပါတယ်။
သမိုင်း၏
အဆုံးပိုင်းမြင်ကွင်းကို မြင်ယောင်ကြည့်ပါ။ အသက်ရှင်ခဲ့ဖူးသူတိုင်း တစ်နေ့တွင် သခင်ခရစ်တော်
ရှေ့တွင် ဒူးထောက်ရပါလိမ့်မည်။ “သခင်ခရစ်တော်သည် ဘုရားသခင်ဖြစ်သည်” လို့လူတိုင်း ပြောလာပါလိမ့်မည်။
တစ်ချို့သူတွေ သူတို့အသက်တာတလျှောက်လုံး လုပ်ဆောင်မှုပြီးမြောက်တဲ့အတွက်ကြောင့် သခင်ခရစ်တော်ကို ချီးမွမ်းပါလိမ့်မည်။ တခြားသူတွေသည်လည်း
သူတို့ကို စီရင်ခြင်း၌ သခင်ခရစ်တော်အား ချီးမွမ်းလိမ့်မည်။ ဘာကြောင့် လဲဆိုတော့ သူတို့
အသက်တာတလျှောက်လုံး သခင်ခရစ်တော်ကို ငြင်းပယ်ခဲ့သောကြောင့် ဖြစ်တယ်။
သင်၏ယုံကြည်ခြင်းကြောင့်
သင့်ကိုလှောင်ပြောင်ကြသော ပညာတတ်တွေ၊ ပါမောက္ခတွေ နှင့် သင်၏ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့ရန်
သိမ်းသွင်းစည်းရုံးသော သင်၏မိတ်ဆွေ သူငယ်ချင်းတို့သည် တစ်နေ့တွင် သခင်ခရစ်တော်ကို ချီးမွမ်းပါလိမ့်မည်။
ဘုရားသခင်၏နာမတော်ကို မထီလေးစားပြုသူနှင့် သူ၏လမ်းစဉ်တို့ကို ဆန့်ကျင်သူ နိုင်ငံရေးသမားတို့သည်
သခင်ခရစ်တော်ကို ချီးမွမ်းကြလိမ့်မည်။
ဖိလိပ္ပိ ၂:၉-၁၁ “ထို့ကြောင့်
ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ် သော ဘွဲ့နာမကို
ပေးသနားတော်မူ၏။ အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊
မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါ တည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို
ဒူးထောက်၍၊ ယေရှုခရစ်သည် သခင်ဖြစ် တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်၊
ခမည်းတော်ဘုရား၏ ဘုန်းအသရေ တော်ကို ထင်ရှားစေကြမည် အကြောင်းတည်း။”
တစ်နေ့တွင်
လူတိုင်း သခင်ခရစ်တော်ရှေ့ ဒူးထောက်ကြရပါမည်။ အဲဒီအချိန်တွင် ဘုရားသခင်သည်လည်း သင်၏ယုံကြည်ခြင်းအတွက် သင်ရင်ဆိုင်ခဲ့ရသော အနှောင့်အယှက်ပေးခြင်းနှင့် ဝေဖန်မှုများကြားမှ သစ္စာစောင့်သိခြင်းအတွက် သင့်အား ဆုချပါလိမ့်မည်။
မဿဲ ၅:၁၁-၁၂ တွင် သခင်ခရစ်တော်ပြောထားသည်မှာ “ငါ့ကြောင့် သင်တို့ကို
ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူ ကား၊ ကောင်းကင်ဘုံ၌
သင်တို့၏ အကျိုးသည် ကြီးလှ ပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲကြပြီ။”
ညှဉ်းပန်းနှိပ်စက်ခြင်းကို
သင်ရင်ဆိုင်ရတဲ့အခါတိုင်း သင်သည် ဒံယေလ၊ ဟေရှာယ ၊ ယေရမိ ၊ မောရှေတို့နှင့် တူညီသော
အတန်းအစားဖြစ်သွားပါသည်။
ရှေးပရောဖက်များကဲ့သို့ပင်
တစ်နေ့တွင် သင်မတွေးတတ်လောက်သော ရွှင်လန်းမှုအပြည့်ဖြင့် ဘုရားသခင်နှင့် အတူ ထာဝရကာလကို
ခံစားရပါလိမ့်မည်။ သခင်ခရစ်တော်အလို့ငှာ သင်ယခု ရင်ဆိုင်နေရသော နှောင့်ယှက်ခြင်း ၊
ငြင်းပယ်ခြင်း ၊ ညှဉ်းပန်းနှိပ်စက်ခြင်း ၊ ကဲ့ရဲ့ရှုတ်ချခြင်းတွေသည် ဘုရားသခင်၏ထာဝရကာလဆုလဒ်
နှင့် နှိုင်းယှဉ်လို့မရပါ။
ဤသမ္မာတရား ၊ အမှန်တရားတို့ကို မျှော်လင့်ပါ။ သို့မှသာ
အသက်တာ အသက်တာအခက်အခဲရှိတဲ့အခါ သင်ခံနိုင်ရည်ရှိရန်ဖြစ်သည်။
ဆင်ခြင်ရန်
-မည်သည့်အချိန်က
နှောင့်ယှက်ခြင်းတွေ ၊ ညှဉ်းပန်းနှိပ်စက်ခြင်းတွေ ၊ ကဲ့ရဲ့လှောင်ပြောင်ခြင်းတွေက သင့်အား
သခင်ခရစ်တော်နှင့် ပို၍ ရင်းနှီးလာစေပါသနည်း။
-သင်ယခု
ရင်ဆိုင်ရတဲ့ ယာယီပြသနာတွေက ထာဝရဆုလဒ်နှင့် ကင်းဝေးစေပါသနည်း။ (သို့) ကင်းဝေးစေနိုင်သနည်း။
-အနာဂတ်ဆုကျေးဇူးကို
စိတ်ထဲထားရှိခြင်းသည် ဤလောကရှိ အခက်အခဲတို့ကို
ကိုင်တွယ်ဖို့ရန် သင့်အား မည်သို့ အကူအညီပေးပါသနည်း။
Zawgyi Version
မႆဲ ၅:၁၁-၁၂ “ငါ့ေၾကာင့္ သင္တို႔ကို ကဲ့ရဲ႕ညႇဥ္းဆဲ၍ မမွန္ဘဲလ်က္ အျပစ္တကာ တင္ၾကေသာအခါ၊ သင္တို႔သည္ မဂၤလာရွိၾက၏။ ဝမ္းေျမာက္႐ႊင္ျမဴးျခင္းရွိၾကေလာ့။ အေၾကာင္းမူကား၊ ေကာင္းကင္ဘုံ၌ သင္တို႔၏ အက်ိဳးသည္ ႀကီးလွ ေပ၏။ သင္တို႔ေရွ႕က ေပၚထြန္းေသာ ပေရာဖက္တို႔ကို ထိုနည္းတူညႇဥ္းဆဲၾကၿပီ။”
ကြၽႏ္ုပ္တို႔ သခင္ခရစ္ေတာ္ေနာက္သို႔ လိုက္တဲ့အခါမွာ ဒုကၡေရာက္ရပါလိမ့္မည္။ ဒါကို အာမခံပါတယ္။ သင္၏ ယုံၾကည္ျခင္းေၾကာင့္ သင္သည္ ေႏွာင့္ယွက္ျခင္း၊ ညႇဥ္းပန္းႏွိပ္စက္ျခင္း ၊ ျငင္းပယ္ျခင္းႏွင့္ ကဲ့ရဲ႕ျခင္းခံရပါလိမ့္ မည္။
သို႔ေသာ္ ၎သည္ ဇာတ္လမ္းအဆုံးမဟုတ္ပါ။ သမၼာက်မ္းစာက ဆိုထားသည္မွာ သခင္ခရစ္ေတာ္သည္ ကားတိုင္ထက္ ညႇဥ္းပန္းႏွိပ္စက္မႈကို ႀကံ့ႀကံ့ခံၿပီး ဘုရားသခင္၏ ပလႅင္လက်္ာဘက္၌ ထိုင္ေနေတာ္မူ၏ လို႔ေဖာ္ျပထားပါတယ္။ ေဟၿဗဲ ၁၂:၂ “ယုံၾကည္ျခင္းကို အစအဦးစီရင္၍ စုံလင္ေစေတာ္မူေသာ သခင္ေယရႈကို ေစ့ေစ့ေထာက္ရႈၾကကုန္အံ့။ ထိုသခင္သည္ မိမိေရွ႕၌ ထားေသာ ဝမ္းေျမာက္ျခင္း အေၾကာင္းေၾကာင့္၊ ရွက္ေၾကာက္ေသာအရာ ကိုမမွတ္ဘဲ လက္ဝါးကပ္တိုင္၌ခံၿပီးမွ၊ ဘုရားသခင္၏ ပလႅင္ေတာ္ လက္်ာဘက္၌ ထိုင္ေနေတာ္မူ၏။”
သင္၏လက္ရွိ အခက္အခဲမ်ားကို ေက်ာ္လႊားလိုပါက အနာဂတ္ဆုလဒ္ကို သင္အာ႐ုံစိုက္သင့္ပါတယ္။
သမိုင္း၏ အဆုံးပိုင္းျမင္ကြင္းကို ျမင္ေယာင္ၾကည့္ပါ။ အသက္ရွင္ခဲ့ဖူးသူတိုင္း တစ္ေန႔တြင္ သခင္ခရစ္ေတာ္ ေရွ႕တြင္ ဒူးေထာက္ရပါလိမ့္မည္။ “သခင္ခရစ္ေတာ္သည္ ဘုရားသခင္ျဖစ္သည္” လို႔လူတိုင္း ေျပာလာပါလိမ့္မည္။ တစ္ခ်ိဳ႕သူေတြ သူတို႔အသက္တာတေလွ်ာက္လုံး လုပ္ေဆာင္မႈၿပီးေျမာက္တဲ့အတြက္ေၾကာင့္ သခင္ခရစ္ေတာ္ကို ခ်ီးမြမ္းပါလိမ့္မည္။ တျခားသူေတြသည္လည္း သူတို႔ကို စီရင္ျခင္း၌ သခင္ခရစ္ေတာ္အား ခ်ီးမြမ္းလိမ့္မည္။ ဘာေၾကာင့္ လဲဆိုေတာ့ သူတို႔ အသက္တာတေလွ်ာက္လုံး သခင္ခရစ္ေတာ္ကို ျငင္းပယ္ခဲ့ေသာေၾကာင့္ ျဖစ္တယ္။
သင္၏ယုံၾကည္ျခင္းေၾကာင့္ သင့္ကိုေလွာင္ေျပာင္ၾကေသာ ပညာတတ္ေတြ၊ ပါေမာကၡေတြ ႏွင့္ သင္၏ယုံၾကည္ျခင္းကို စြန႔္လႊတ္ဖို႔ရန္ သိမ္းသြင္းစည္း႐ုံးေသာ သင္၏မိတ္ေဆြ သူငယ္ခ်င္းတို႔သည္ တစ္ေန႔တြင္ သခင္ခရစ္ေတာ္ကို ခ်ီးမြမ္းပါလိမ့္မည္။ ဘုရားသခင္၏နာမေတာ္ကို မထီေလးစားျပဳသူႏွင့္ သူ၏လမ္းစဥ္တို႔ကို ဆန႔္က်င္သူ ႏိုင္ငံေရးသမားတို႔သည္ သခင္ခရစ္ေတာ္ကို ခ်ီးမြမ္းၾကလိမ့္မည္။
ဖိလိပၸိ ၂:၉-၁၁ “ထို႔ေၾကာင့္ ဘုရားသခင္သည္ ကိုယ္ေတာ္ကိုအလြန္ခ်ီးေျမႇာက္၍ ဘြဲ႕နာမတကာတို႔ထက္ ႀကီးျမတ္ ေသာ ဘြဲ႕နာမကို ေပးသနားေတာ္မူ၏။ အေၾကာင္းမူကား၊ ေကာင္းကင္သတၱဝါ၊ ေျမႀကီးသတၱဝါ၊ ေျမႀကီးေအာက္၌ရွိေသာ သတၱဝါ တည္းဟူေသာ ခပ္သိမ္းေသာ သတၱဝါတို႔သည္ ေယရႈ၏ဘြဲ႕နာမေတာ္ကို ဒူးေထာက္၍၊ ေယရႈခရစ္သည္ သခင္ျဖစ္ ေတာ္မူ၏ဟု ႏႈတ္ႏွင့္ဝန္ခံသျဖင့္၊ ခမည္းေတာ္ဘုရား၏ ဘုန္းအသေရ ေတာ္ကို ထင္ရွားေစၾကမည္ အေၾကာင္းတည္း။”
တစ္ေန႔တြင္ လူတိုင္း သခင္ခရစ္ေတာ္ေရွ႕ ဒူးေထာက္ၾကရပါမည္။ အဲဒီအခ်ိန္တြင္ ဘုရားသခင္သည္လည္း သင္၏ယုံၾကည္ျခင္းအတြက္ သင္ရင္ဆိုင္ခဲ့ရေသာ အေႏွာင့္အယွက္ေပးျခင္းႏွင့္ ေဝဖန္မႈမ်ားၾကားမွ သစၥာေစာင့္သိျခင္းအတြက္ သင့္အား ဆုခ်ပါလိမ့္မည္။
မႆဲ ၅:၁၁-၁၂ တြင္ သခင္ခရစ္ေတာ္ေျပာထားသည္မွာ “ငါ့ေၾကာင့္ သင္တို႔ကို ကဲ့ရဲ႕ညႇဥ္းဆဲ၍ မမွန္ဘဲလ်က္ အျပစ္တကာ တင္ၾကေသာအခါ၊ သင္တို႔သည္ မဂၤလာရွိၾက၏။ ဝမ္းေျမာက္႐ႊင္ျမဴးျခင္းရွိၾကေလာ့။ အေၾကာင္းမူ ကား၊ ေကာင္းကင္ဘုံ၌ သင္တို႔၏ အက်ိဳးသည္ ႀကီးလွ ေပ၏။ သင္တို႔ေရွ႕က ေပၚထြန္းေသာ ပေရာဖက္တို႔ကို ထိုနည္းတူညႇဥ္းဆဲၾကၿပီ။”
ညႇဥ္းပန္းႏွိပ္စက္ျခင္းကို သင္ရင္ဆိုင္ရတဲ့အခါတိုင္း သင္သည္ ဒံေယလ၊ ေဟရွာယ ၊ ေယရမိ ၊ ေမာေရွတို႔ႏွင့္ တူညီေသာ အတန္းအစားျဖစ္သြားပါသည္။
ေရွးပေရာဖက္မ်ားကဲ့သို႔ပင္ တစ္ေန႔တြင္ သင္မေတြးတတ္ေလာက္ေသာ ႐ႊင္လန္းမႈအျပည့္ျဖင့္ ဘုရားသခင္ႏွင့္ အတူ ထာဝရကာလကို ခံစားရပါလိမ့္မည္။ သခင္ခရစ္ေတာ္အလို႔ငွာ သင္ယခု ရင္ဆိုင္ေနရေသာ ေႏွာင့္ယွက္ျခင္း ၊ ျငင္းပယ္ျခင္း ၊ ညႇဥ္းပန္းႏွိပ္စက္ျခင္း ၊ ကဲ့ရဲ႕ရႈတ္ခ်ျခင္းေတြသည္ ဘုရားသခင္၏ထာဝရကာလဆုလဒ္ ႏွင့္ ႏႈိင္းယွဥ္လို႔မရပါ။
ဤသမၼာတရား ၊ အမွန္တရားတို႔ကို ေမွ်ာ္လင့္ပါ။ သို႔မွသာ အသက္တာ အသက္တာအခက္အခဲရွိတဲ့အခါ သင္ခံႏိုင္ရည္ရွိရန္ျဖစ္သည္။
ဆင္ျခင္ရန္
-မည္သည့္အခ်ိန္က ေႏွာင့္ယွက္ျခင္းေတြ ၊ ညႇဥ္းပန္းႏွိပ္စက္ျခင္းေတြ ၊ ကဲ့ရဲ႕ေလွာင္ေျပာင္ျခင္းေတြက သင့္အား သခင္ခရစ္ေတာ္ႏွင့္ ပို၍ ရင္းႏွီးလာေစပါသနည္း။
-သင္ယခု ရင္ဆိုင္ရတဲ့ ယာယီျပသနာေတြက ထာဝရဆုလဒ္ႏွင့္ ကင္းေဝးေစပါသနည္း။ (သို႔) ကင္းေဝးေစႏိုင္သနည္း။
-အနာဂတ္ဆုေက်းဇူးကို စိတ္ထဲထားရွိျခင္းသည္ ဤေလာကရွိ အခက္အခဲတို႔ကို ကိုင္တြယ္ဖို႔ရန္ သင့္အား မည္သို႔ အကူအညီေပးပါသနည္း။