Find friends who build you up
Unicode Version
Find friends who build you up
ကောရိန္တုသြဝါဒစာပဌမစောင် ၁၅:၃၃ "မကောင်းသောသူတို့နဲ့ ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။"
ဘုရားသခင်သည် သင့်အား ယုံကြည်သူမဟုတ်သူများနှင့် မိတ်ဆွေဖြစ်စေလိုပါသည်။ သင့်အား လူတိုင်းကို ချစ်ခြင်းမေတ္တာထားဖို့ ၊ ကြင်နာမှုပြဖို့နဲ့ တတ်နိုင်သမျှ ကူညီဖို့ ဘုရားသခင် အလိုတော်ရှိပါသည်။ သင်၌ မယုံကြည်သူ မိတ်ဆွေသူငယ်ချင်း မရှိပါလျှင် သတင်းကောင်းကို မျှဝေနိုင်ဖို့ရန် သင်၌ ရှိလာမည်မဟုတ်ပါ။
သို့ပေမယ့် သင်၏ အကောင်းဆုံးသော မိတ်ဆွေသူငယ်ချင်းတို့သည် ယုံကြည်သူခရစ်ယာန်များ ဖြစ်သင့်ပါသည်။ သူတို့သည် ခိုင်မာသော ယုံကြည်သူများ ဖြစ်သင့်ပါသည်။
လူတွေကို ဆွဲတင်ဖို့ထက် ဆွဲချဖို့က အမြဲတမ်း ပိုပြီး လွယ်ကူပါတယ်။ ဒါကြောင့် သင်နှင့်အတူ လက်တွဲဖြစ်သောသူတို့သည် သင့်အား မှန်ကန်သောလမ်းကြောင်းပေါ်သို့ ရွေ့လျားစေသော သူတွေဖြစ်ဖို့ရန် သေချာလုပ်ဆောင်ရပါမယ်။ သူတို့သည် သင့်အား ဆွဲချနေမည့်အစား တည်ဆောက်စရာအဖြစ် သင့်ကို ဖြစ်စေသင့်ပါတယ်။
လာမည့်ဆယ်နှစ်တွင် သင်ဘယ်ကိုရောက်ချင်ပါသလဲ။ ဘယ်လိုလူစားမျိုးဖြစ်ချင်ပါသလဲ။ သင့်ကို ကျွန်တော်လုံးဝမသိသည့်တိုင် သင်ကျွန်တော့အား သင်နဲ့အချိန်ဖြုန်းနေသောသူတွေ၊ သင့်ဖတ်နေသောအရာ နှစ်ခုအကြောင်းကို ပြောပြပါလျှင် သင်မည့်သည့်နေရာတွင် သင်တည်နေမည်ကို ကျွန်‌တော် ပြောနိုင်ပါတယ်။ အဲဒီအချက်နှစ်ချက်က သင့်အနာဂတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။
သမ္မာကျမ်းစာက "မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။ "ကောရိန္တုသြဝါဒစာပဌစောင် ၁၅:၃၃
မိတ်ဆွေသူငယ်ချင်းတို့ကို အခွင့်အရေးအားဖြင့် ရွေးချယ်ခြင်းက အလွန်အရေးကြီးပါတယ်။ ရည်ရွယ်ချက်ရှိရှိ ဖြစ်သင့်ပါတယ်။ ဒါကြောင့် သင်၌အသင်းတော်ဆိုတဲ့အိမ်လိုအပ်ပါတယ်။ အသင်းတော်မှာရှိတဲ့သူတွေနဲ့ သိကျွမ်းအောင်နေပါ။ ပေါင်းသင်းဆက်ဆံရေး တည်ဆောက်ပါ။ အဖွဲ့ငယ်တစ်ခုနှင့် ပူးပေါင်းပါ။ (သို့) အဖွဲ့ငယ်တစ်ခုဖြင့် စတင်လိုက်ပါ။ နေ့လယ်အစာစားချိန်မှာ သမ္မာကျမ်းစာကို အတူတကွလေ့လာဖို့ရန် သင်၏အိမ်နီးချင်း (သို့)သင်၏တစ်ချို့သောယုံကြည်သူ လုပ်ဖော်ကိုင်ဘက်တို့နှင့် စုဝေးပါ။
ယုံကြည်သူမိတ်ဆွေသူငယ်ချင်းတို့ကို သင်လိုအပ်ပါတယ်။ ၎င်းပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ဖို့ရန် လိုအပ်သမျှကို လုပ်ဆောင်ပါ။
ဆင်ခြင်ရန်
-မည်သို့သောပုဂ္ဂိုလ်တွေသည် သင်၏အသက်တာကို အလွမ်းမိုးဆုံးသောသူတွေ ဖြစ်သနည်း။ သူတို့သင့်ကို လမ်းကြောင်းမှန်ပေါ် ရွေ့စေကြပါသလား။
-သင်၏ ယုံကြည်သူ ခရစ်ယာန်မိတ်ဆွေတို့ကို ဝိညာဉ်ရေးရာ ကြီးထွားလာစေရန် သင်မည်သို့ အားပေးပါသနည်း။
-မိတ်ဆွေသူငယ်ချင်းတို့ကို ရွေးချယ်ခြင်း၌ ရည်ရွယ်ချက်ရှိရှိ ဖြစ်စေခြင်းကား မည်သို့သော အဓိပ္ပါယ် ဖြစ်သနည်း။
---------------------------------------------------------------------------------------------------------------------
Zawgyi Version
Find friends who build you up
ဆင်ခြင်ရန်