Unicode Version
မာနထောင်လွှားခြင်း၏ လက္ခဏာတို့ကို မလွှတ်သွားစေနှင့်။
ဒံယေလအနာဂတ္တိကျမ်း ၄:၂၇ “သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အကျွန်ုပ်စကားကို
နာယူတော်မူပါ။ တရားသော အမှုကိုပြုခြင်း၊ ဆင်းရဲ သောသူတို့ကို သနားခြင်းအားဖြင့် ဒုစရိုက်အပြစ်တို့ကို
ပယ်ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။”
အသက်တာ
အဆင်ပြေချောမွေ့စွာ ဖြတ်သန်းရချိန်တွေမှာ မကြာခဏဆိုသလိုပင် ကျွန်ုပ်တို့ကို သတိပေးတဲ့
လက္ခဏာတွေကို လွှဲချော်သွားရပါတယ်။
မာနက
ကျွန်ုပ်တို့ကို မျက်စိကွယ်စေပါတယ်။ မီးအလင်းထိုးနေသလိုပေါ့။
ဒါကြောင့်
အသက်တာတွင် အောင်မြင်မှုတစ်ချို့ကို တွေ့မြင်ကြတဲ့လူတွေသည် အိမ်ကိုပြန်ပြီး ကလေး ခါးတောင်းကျိုက်
တစ်ချို့ကို လဲရန် ၊ မြက်ခင်းတွေကို ရိတ်ရန် နှင့် သူတို့၏ ပန်းကန်ခွက်ယောက်တွေကို
ဆေးကြောရန် လိုအပ်သည်။ ကျွန်ုပ်တို့ အောင်မြင်မှု တစ်ချို့ကို ပိုင်ဆိုင်တဲ့အခါ ကျရှုံးခြင်းနှင့်ဆိုင်သော
လက္ခဏာတွေကို လက်လွှတ်မခံရဖို့ရန် သင်၏အရင်းအမြစ်များနှင့် ဆက်သွယ်မှု မပြတ်ဖို့ သေချာစေပါ။
နေဗုခဒ်နေဇာမင်းကြီး၏ အသက်တာကား
ဤသို့သော ရှင်းလင်းသော ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။ ဒံယေလ အနဂတ္တိကျမ်း အခန်းကြီး
(၄) တွင် မည်သို့သောအရာတွေ ရောက်လာမည့်အကြောင်းကို ဘုရင်အား သတိပေးဖို့ရန် ဘုရားသခင်သည်
ဘုရင်ကို ဤမျှလောက် ဂရုပြုတော်မူသည်။ ဘုရားသခင်သည် ဘုရင် နေဗုခဒ်နေဇာမင်းကြီးကို အရိုက်အရာကနေ
မဖယ်ရှားခဲ့ပါဘူး။ သူ့အား အိပ်မက်ပေးခဲ့တယ်။ အဲဒီအိပ်မက်၏ အနက်ကိုလည်း ဖော်ပြဖို့ရန်
ဒံယေလကို စေလွှတ်ခဲ့ပါတယ်။ ဒံယေလကလည်း ဘုရင်အား ဖြစ်ပျက်လာမည့် အရာတို့ကို ဖော်ပြပြီး
၎င်းတိုကို မည်သို့ရှောင်ရှားရမည်ကို ပြောခဲ့ပါတယ်။ ဤအရာထက် ရှင်းလင်းတာတွေ သင်မရနိုင်ပါ။
ဒံယေလက
ဘုရင်အား “သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အကျွန်ုပ်စကားကို
နာယူတော်မူပါ။ တရားသော အမှုကိုပြုခြင်း၊ ဆင်းရဲ သောသူတို့ကို သနားခြင်းအားဖြင့် ဒုစရိုက်အပြစ်တို့ကို
ပယ်ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။”
ဒံယေလအနာဂတ္တိကျမ်း ၄:၂၇
ဒံယေလက
ဘုရင်အား လုပ်ဆောင်ဖို့ရန်အရာ (၃) ခုကိုပေးခဲ့ပြီး လိုက်လျှောက်ပါလျှင် အောင်မြင်မည်လို့
ပြောခဲ့ပါတယ်။ သို့ပေမဲ့ ဘုရင်သည် ထိုလက္ခဏာတို့ကို မေ့နေခဲ့ပါတယ်။
သင်၌လည်း
တစ်ခုလောက် မေ့သွားနိုင်ခြေရှိပါသလား။
၎င်းသည်
ပေါင်းသင်းဆက်ဆံရေးတွင် ရှုပ်ထွေးစေနိုင်ပါတယ်။ သူတစ်ပါး၏ ပြသနာဖြစ်စရာအဖြစ် သင်ဖြတ်သန်း
သွားခဲ့ပါတယ်။ သို့ပေမဲ့ ဘုရားသခင်သည် သင်၏အသက်တာတွင် လမ်းကြောင်းပျောက်နေခြင်းကို
သင့်အား ဖော်ပြချင်ပါသည်။
သင့်ကိုယ်သင် ဆိုးညစ်မှုတွေဆက်တိုက် ပြုနေခြင်းကြောင့် စုံစမ်းသွေးဆောင်မှုကို
သင်ဆန့်ကျင်တိုက် ခိုက်နေရ နိုင်ပါသည်။ ၎င်းသည် သင့်အသက်တာတွင် ပရမ်းပတာ ရှုပ်ထွေးနေမှု
ဖြစ်နေနိုင်သည်။ ၎င်းတို့ နှစ်မျိုးလုံးသည် သင်ဘုရားသခင်နှင့် ကောင်းစွာ ချိတ်ဆက်မထားခြင်းဖြစ်သည်။
သင်၏အသက်တာကို သင့်အကြံအစည်ဖြင့်သာ သွားရန် ကြိုးစားနေသည်။
“အပြစ်ပြုခြင်းတွေကို
ရပ်တန့်ပစ်ပါ။ ငါ့ဆီပြန်လာပါ။” ဆိုတဲ့ သင်္ကေတ လက္ခဏာများဖြင့် ဘုရားသခင် သင့်အား ပြောဖို့
ကြိုးစားနေပါတယ်။ မှားယွင်းတဲ့လမ်းပေါ် သင်ဉီးတည်နေပါလျှင် ဘုရားသခင်သည် သင့်အား လုံလောက်သော
ချစ်ခြင်းမေတ္တာဖြင့် သတိပေးမှုတွေ ပေးဖို့ ရှိပါတယ်။
သင်အာရုံစိုက်မှု ပြုပါရဲ့လား။
ဆင်ခြင်ရန်
-မာနကြီးခြင်းသည်
မည်သို့သောနည်းလမ်းများဖြင့် ကျွန်ုပ်တို့ကို မျက်စိကွယ်စေပါသနည်း။
-လူအများစု
မကြာခဏဆိုသလို လက်လွှတ်သွားကြတဲ့ သတိပေးလက္ခဏာတွေက ဘာတွေဖြစ်မည်နည်း။ (သို့) ဘာကြောင့်နည်း။
-အရင်က
သတိပေး လက္ခဏာတို့ကို သင်မည်ကဲ့သို့ လွှတ်သွားခဲ့ပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်