Unicode Version
ဆာလံ ၁၁၉:၄ “အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဘို့ရာ၊ ကိုယ်တော်သည် ဩဝါဒပေးတော်မူပြီ။”
---------------------------------------------------------------------------------
Zawgyi Version
ဆာလံ ၁၁၉:၄ “အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဘို့ရာ၊ ကိုယ်တော်သည် ဩဝါဒပေးတော်မူပြီ။”
သူ့သင်နာခံဖို့ရန်
ဘုရားသခင်အလိုတော်ရှိပါတယ်။
၎င်းသည် သင်သဘောမတူနိုင်ချေရှိတဲ့ အခြေခံ သမ္မာတရား ဖြစ်ပါတယ်။
သို့ပေမဲ့
ဘုရားသခင်၌ သင်နာခံဖို့ရန်အလိုတော်ရှိတဲ့
တိကျသေချာတဲ့ နည်းလမ်းတွေရှိတယ်ဆိုတာ သင်သိပါ သလား။ ဘုရားသခင်က ၎င်းအရာထဲမှ
တစ်ခုကို သင့်အားအလုံးစုံ နာခံစေချင်ပါတယ်။
လမ်းညွှန်ချက်ကိုရွေးပြီး
လိုက်လျှောက်ခြင်းကို ဘုရားသခင်အလိုတော်မရှိပါ။ သင့်ကို အပြည့်အဝ နာခံမှု ရှိစေချင်ပါသည်။
ဆာလံ ၁၁၉:၄ “အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဘို့ရာ၊ ကိုယ်တော်သည်
ဩဝါဒပေးတော်မူပြီ။”
ဘုရားသခင်ကို
အပြည့်အဝ နာခံဖို့ရန် (၂) ခုသော သမ္မာတရားကို သင်နားလည်ဖို့ လိုအပ်ပါတယ်။
ပထမဉီးစွာ အမှား နှင့် အမှန်တို့၏စံနှုန်းသည် ဘယ်တော့မှ မပြောင်းလဲပါဘူး။
ယဉ်ကျေးမှု အပြောင်းအလဲများ ၊ လူ့အကြိုက်အပြောင်းအလဲများဖြစ်တယ်။ သို့ပေမဲ့ အမှန်တရားက
ဘယ်တော့မှ မပြောင်းလဲပါ။ တစ်စုံတစ်ခုသည် လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ပေါင်း ကတည်းက မှားခဲ့လျှင်
ယနေ့တိုင် မှားနေစဲဖြစ်တယ်။ မှန်နေခဲ့ပါလျှင် ယခုတိုင် မှန်နေမည်ဖြစ်သည်။ အမှန်တရားက
ထာဝစဉ်တည်မြဲမှုဖြစ်ပါတယ်။
ဒုတိယအနေဖြင့် ဘုရားသခင်၌ သင့်ထက် ကြီးမားသော အမြင်ရှုဒေါင့်ရှိပါတယ်။
သင်မမြင်နိုင်တဲ့ အရာကို ဘုရား သခင် မြင်ပါတယ်။ ဘုရားသခင်၏ အမြင်ရှုဒေါင့်ကနေ ကြိုးစားပြီး
ကြည့်တဲ့အခါ ပုရွက်ဆိတ် ကလေး တစ်ကောင်းက သင်၏ရှုဒေါင့်အမြင်ကနေ ကြိုးစားကြည့်နေသလိုဖြစ်ပါသည်။
ဖြစ်ပျက်လာမှာတော့ မဟုတ်ပါ ဘူး။ ဘုရားသခင်၏ အမြင်အတိုင်းတော့ သင်မတတ်စွမ်းနိုင်ပါ။
ဒါကြောင့် သင်ယုံကြည်ဖို့ လိုအပ်ပါတယ်။
ရှင်ယာကုပ်ဩဝါဒစာ ၄:၁၁ “ညီအစ်ကိုတို့၊
အချင်းချင်းတယောက်ကိုတယောက် ကဲ့ရဲ့ခြင်းကိုမပြုကြနှင့်။ ညီအစ်ကိုချင်းကို ကဲ့ရဲ့၍၊
သူ၌အပြစ်ရှိသည်ဟု စီရင်သောသူသည် တရားကို ကဲ့ရဲ့၏။ တရား၌အပြစ် ရှိသည်ဟု စီရင်၏။ ထိုသို့ပြုလျှင်၊
သင်သည်တရားကို ကျင့်သောသူမဟုတ်၊ တရားကို စစ်ကြောစီရင် သောသူဖြစ်၏။ ”
လူသားတို့၏
အရေးအကြီးဆုံး စုံစမ်းနှောင့်ယှက်ခြင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သံသယဝင်ခြင်း ဖြစ်ပါတယ်။ ဧဒင်ဉယျာဉ်ထဲတွင် စာတန်က ဧဝထံသို့
ချဉ်းကပ်တဲ့အခါမှာ “မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော
မြေတိရစ္ဆာန်သကာတို့ထက် လိမ္မာသည် ဖြစ်၍၊ မိန်းမအား သင်တို့သည် ဥယျာဉ်၌ ရှိသမျှသောအပင်
တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရား သခင်မိန့်တော်မူသလောဟု မေး၏။”
သင်စုံစမ်းနှောင့်ယှက်ခြင်း
ခံရတဲ့အခါမှာ စာတန်သည်လည်း တူညီသောနည်းလမ်းတွေဖြင့်သင့်ကို ရှုပ်ထွေးမှုစေဖို့ ကြိုးစားပါတယ်။
သင့်ကိုယ်သင် “သမ္မာကျမ်းစာက ဤကဲ့သို့ မပြုဖို့ ပြောထားတာကို
ငါသိတယ်။ သို့ပေမဲ့ ငါ့အတွက် တကယ်စစ်မှန်ရဲ့လား။” ဟုသင်တွေးထင်မိသည်။ သို့ “ဘုရားသခင် ဤအရာကို တကယ်ပြော တာလား”။
ဧဝထံသို့ စာတန်စုံစမ်းခြင်း ပြုသကဲ့သို့ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်၌
သံသယဖြစ်စေဖို့ရန် စာတန် သင့်ကို စုံစမ်းပါလိမ့်မည်။
သံသယဝင်ဖို့ရန် သင်စုံစမ်းခြင်း ခံရတဲ့အခါမှာ ဤသမ္မာတရား (၂) ချက်ကို အမှတ်ရနေပါ။ ဘုရားသခင်၏ သမ္မာတရားသည်
ဘယ်တော့မှ မပြောင်းလဲပါ။ သင်၏အမြင်ထက် ဘုရားသခင်၏ အမြင်ကပိုပြီး ကြီးမြတ်တယ်။ သင်ယုံကြည်ဖို့
နှင့် နာခံဖို့သာ လိုအပ်ပါတယ်။
ဆင်ခြင်ရန်
-ဘုရားသခင်အား
အလုံးစုံနာခံခြင်းက ဘာနှင့်တူပါသနည်း။ ၎င်းသည် သင်၏လုပ်ရိုးလုပ်စဉ် (သို့) မကြာခဏ ရွေးချယ်မှုများကို
မည်သို့စိန်ခေါ်မည်နည်း။
-ဧဒင်ဉယျာဉ်ထဲ၌
ဧဝကြုံခဲ့တဲ့ တူညီသော သွေးဆောင်မှုမျိုးကို သင်မည်သို့ ရင်ဆိုင်ရပါသနည်း။
-ဘုရားသခင်၏နှုတ်ကပတ်တော်၌
မည်သည့်အပိုင်းကို သင်သံသယဝင်ပါသနည်း။ ဘုရားသခင်၏ ယုံကြည်ကိုး စားဖို့ နှင့် နာခံဖို့က
ဘာနဲ့တူပါသနည်း။
Zawgyi Version
ဆင်ခြင်ရန်