Worry Doesn’t Solve Anything
Unicode Version
စိုးရိမ်ခြင်းက ဘယ်အရာကိမျှ မဖြေရှင်းနိုင်ပါ။
ရှင်မဿဲခရစ်ဝင် ၆:၂၅ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဘို့မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ် သည်မဟုတ်လော။
စိုးရိမ်ခြင်းဆိုတာ အခြေခံအားဖြင့် ထိန်းချုပ်မှုအကြောင်းတစ်ခု ဖြစ်ပါတယ်။ ထိန်းသိမ်းတားဆီးလို့မရခြင်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားခြင်းဖြစ်ပါတယ်။ စီးပွားရေးကိစ္စကို ကျွန်ုပ်တို့ မထိန်းချုပ်နိုင်ပါ။ ဒါကြောင့် စီးပွားရေးအတွက် ကျွန်ုပ်တို့ စိုးရိမ်ကြပါတယ်။ ကလေးတွေနှင့် ပတ်သက်ပြီး ထိန်းချုပ်မရလို့ စိုးရိမ်ကြပါတယ်။ အနာဂတ်နှင့် ပတ်သက်ပြီး ထိန်းချုပ်မရလို့ ကျွန်ုပ်တို့ စိုးရိမ်ကြပါတယ်။
သို့ပေမဲ့ စိုးရိမ်ခြင်းက ဘယ်အရာကိုမျှ မဖြေရှင်းပေးပါ။ ဘာမှ မလုပ်လည်းအဲဒီအရာက ကျွန်ုပ်တို့ကို ထိတ်လန့်စေပါတယ်။
(၁) စိုးရိမ်ခြင်းသည် မလျော်ကန်ပါ။
ရှင်မဿဲခရစ်ဝင် ၆:၂၅ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဘို့မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ် သည်မဟုတ်လော။
ဤစိုးရိမ်ခြင်းသည် တာရှည်မခံပါ။ မစိုးရိမ်ကြပါနဲ့လို့ သခင်ခရစ်တော်ပြောနေပါတယ်။ တစ်စုံတစ်ခုနှင့် ပတ်သက်ပြီး စိုးရိမ်ဖို့ရန် သင်ပြောင်းလဲနိုင်တာက မိုက်မဲခြင်းဖြစ်တယ်။ သင်မပြောင်းလဲနိုင်တဲ့အရာအပေါ်မှာ စိုးရိမ်ခြင်းသည် အချည်းနှီးဖြစ်ပါတယ်။ ထိုနည်းတူစွာ စိုးရိမ်ဖို့အတွက် မတန်ပါ။
(၂) စိုးရိမ်ခြင်းက သဘာဝမကျပါ
ရှင်မဿဲခရစ်ဝင် ၆:၂၆ “မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့ သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူ သော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည် မဟုတ် လော။
အထက်ပါကျမ်းပိုဒ်တွင် သဘာဝအကြောင်းကို သခင်ခရစ်တော် သာဓကပြ ပြောဆိုခဲ့ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဖန်ဆင်းထားတဲ့အရာအားလုံးထဲမှာ စိုးရိမ်တတ်တာ လူတစ်မျိုးဘဲ ရှိပါတယ်။ဘုရားဖန်ဆင်းခဲ့တဲ့ ကျွန်ုပ်တို့သည် ဘုရားသခင်ကို မယုံကြည်သောသူတွေသာ ဖြစ်ပါတယ်။ ဒါသည် သဘာဝမကျဘူးလို့ ဘုရားသခင်ဆိုပါတယ်။
() စိုးရိမ်ခြင်းက အကူအညီမဖြစ်ပါ။
စိုးရိမ်ခြင်းက ဘယ်အရာကိုမျှ မပြောင်းလဲနိုင်ပါ။ ရှင်မဿဲခရစ်ဝင် :၂၇အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။
ပြသနာတစ်ခုနှင့် ပတ်သက်ပြီး သင်စိုးရိမ်တဲ့အခါမှာ အဖြေရှာခြင်းဆီသို့ တစ်လက်မလေးတောင် မပို့ဆောင်နိုင် ပါ။ ရှေ့နောက်လှုပ်ရမ်းတဲ့ ထိုင်ခုံလိုပေါ့။ များစွာသော လှုပ်ရှားမှု ၊ စွမ်းဆောင်မှုတွေ ရှိပေမဲ့လည်း အလုပ်မဖြစ်ပါ။ စိုးရိမ်ခြင်းဆိုတာ သင်ကလွဲပြီး ဘယ်အရာကိုမှ မပြောင်းလဲနိုင်ပါ။ သင့်ကိုသာ စိတ်ဆင်းရဲစေပါတယ်။
(၄) စိုးရိမ်ခြင်းက မလိုအပ်ပါ။
ရှင်မဿဲခရစ်ဝင် :၃၀ “ယုံကြည်အားနည်းသော သူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက် ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်း တော်မူမည် မဟုတ်လော။” 
ဘုရားသခင်ကို သင်ယုံကြည်တယ်ဆိုလျှင် စိုးရိမ်ဖို့ မလိုအပ်ပါ။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ သင်၏ လိုအင်မှန်သမျှအားလုံးတို့ကို ဂရုစိုက်ပေးဖို့ရန် ကတိပေးထားခဲ့ပါတယ်။
ဖိလိပ္ပိဩဝါဒစာ ၄:၁၉ “ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့် မည်။
ဤအရာတွင် သင်၏ ကုန်ကျစရိတ်တွေ ၊ ပဋိပက္ခတွေ ၊ အိမ်မက် ၊ ပန်းတိုင် ၊ ရည်မှန်းချက် နှင့် သင်လုပ်ဆောင် လို့မရတဲ့ ကျန်းမာရေး ကိစ္စတွေ ပါဝင်ပါတယ်။ သခင်ခရစ်တော်အားဖြင့် သင်၏လိုအင်မှန်သမျှကို ဘုရားသခင် ဖြည့်ဆည်းပေးပါလိမ့်မည်။
အဲဒီအတွက် မစိုးရိမ်ပါနှင့်။
ဆင်ခြင်ရန်
-စိုးရိမ်နေမည့်အစား ဘုရားသခင်ထံမှ မည်သို့သော ကတိတွေကို သင်အာရုံပြုနိုင်မည်နည်း။
-သင် စိုးရိမ်နေခဲ့ရတဲ့ တစ်စုံတစ်ရာ အကြောင်းကို စဉ်းစားကြည့်ပါ၊ စိုးရိမ်ခြင်းအစား မည်သို့သော လုပ်ဆောင်မှု ခြေလှမ်းတွေကို သင်ယူဆောင်နိုင်ပါမည်နည်း။
-ဆုတောင်းခြင်းက သင့်ကို စိုးရိမ်ခြင်းကနေ ကင်းဝေးအောင် မည်ကဲ့သို့ အကူအညီဖြစ်စေသနည်း။
-------------------------------------------------------------------------------------------
Zawgyi Version
(၃) စိုးရိမ်ခြင်းက အကူအညီမဖြစ်ပါ။
ရှင်မဿဲခရစ်ဝင် ၆:၃၀ “ယုံကြည်အားနည်းသော သူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက် ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်း တော်မူမည် မဟုတ်လော။” 
ဆင်ခြင်ရန်