Why you shouldn’t fear death
Unicode Version
ရောမ ၅:၁၇ "ထိုမှတပါး၊ လူတယောက်သည် ပြစ်မှားသောကြောင့်၊ ထိုတယောက်သော သူအားဖြင့် သေခြင်းတရားသည် အစိုးရ၏။ ကျေးဇူးတော်၏ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့သွင်းပေးတော်မူခြင်းကို၎င်း ခံရသောသူတို့သည် တယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် အသက်ရှင်လျက်သာ၍ စိုးစံရကြလတံ့။"
သေခြင်းတရားကို လူတိုင်းကြောက်ကြပါတယ်။
သို့ပေမဲ့ ကျွန်ုပ်တို့ EASTER ကို ဆင်နွဲဖို့ရန် ပြင်ဆင်သကဲ့သို့ အဲဒီကြောက်ရွံ့ခြင်းကို ကားတိုင်ထက်တွင် သခင်ခရစ်တော် လုပ်ဆောင်ခဲ့သော အရာကို သတိရ အောက်မေ့ဖို့ရန် အရေးကြီးပါတယ်။ 
ရောမ ၅:၁၇ တွင် တမန်တော် ရှင်ပေါလု ပြောထားသည်မှာ "ထိုမှတပါး၊ လူတယောက်သည် ပြစ်မှားသောကြောင့်၊ ထိုတယောက်သော သူအားဖြင့် သေခြင်းတရားသည် အစိုးရ၏။ ကျေးဇူးတော်၏ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့သွင်းပေးတော်မူခြင်းကို၎င်း ခံရသောသူတို့သည် တယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် အသက်ရှင်လျက်သာ၍ စိုးစံရကြလတံ့။"
ကျွန်ုပ်တို့အသက်တာရှိ အပြစ်၏တန်ခိုးနှင့် သေခြင်းတရားတို့ကို သခင်ခရစ်တော် မည်ကဲ့သို့ လုပ်ဆောင်ခဲ့ပါသနည်း။
ကျမ်းစာတွင် ဖော်ပြထားသည်မှာ ဟေဗြဲ ၂:၁၄-၁၅ "ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူ သောအားဖြင့်၊ သေခြင်းတရားကို အစိုးရသော သူတည်းဟူသော မာရ်နတ်၏ တန်ခိုးကိုချိုးဖဲ့ ဖျက်ဆီး ခြင်းငှါ၎င်း၊ သေဘေးကိုကြောက်၍ တသက်လုံး ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။"
သေဆုံးနိုင်ဖို့ရန် ဘုရားသခင်သည် လူ့ဇာတိ ခံယူခဲ့တယ်။ လူသားတွေသာလျှင် သေဆုံးနိုင်ပါတယ်။ သေဆုံးခြင်းအားဖြင့်သာ သေခြင်း၏တန်ခိုးကို သခင်ခရစ်တော် ဖျက်စီးနိုင်သည်။ ၎င်းသည် သေခြင်းကို ကြောက်ရသော ကျေးကျွန်အဖြစ် အသက်ရှင်နေထိုင်ကြသော လူတိုင်းအတွက် ကယ်တင်နိုင်ဖို့ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
ဤအခြင်းအရာသည် ဗတ္တံဇံ နှင့် သက်ဆိုင်သော အရာအားလုံးဖြစ်သည်။ ၎င်းသည် သခင်ခရစ်တော်၏ သေခြင်းတရားကို အောင်နိုင်သော ပုံဆောင်မှုဖြစ်သည်။ ရေနှစ်ခြင်းခံခြင်း၏ သမ္မာတရားဖြစ်တဲ့ တစ်နေ့မှာ သင်သေဆုံးပြီး မြေကြီး၌ မြေမြှုပ်ခံရမည်။ ပြီးနောက် သခင်ခရစ်တော် ကားတိုင်ထက် လုပ်ဆောင်ပေးခဲ့သော အရာအားဖြင့် သင်အသက်ရှင်ပြန်လာခြင်းသို့ ရောက်ရှိလာမည်ကို ကိုယ်စားပြုခြင်း ဖြစ်ပါတယ်။ 
ရောမ ၆:၃-၄ တွင် ဖော်ပြထားသည်မှာ "ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့ မသိသလော။ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။"
သေခြင်းတရားသည် သငိ့အတွက် အဆုံးသတ်မဟုတ်ဘူးဆိုတာကို သင်၏ ရေနှစ်ခြင်းခံခြင်းက ကမ္ဘာကြီးရော ၊ သင့်အတွက်ပါ သင်္ကေတ အမှတ်သညာ ဖြစိပါတယ်။
သေခြင်းတရားကို သခင်ခရစ်တော် အောင်နိုင်ခဲ့တဲ့အတွက်ကြောင့် သင်၌ ကြောက်စရာ ဘာမှ မရှိပါ။
ဆင်ခြင်ရန်
-သေခြင်းတရားနှင့် ပတ်သက်ပြီး လူတွေအကြောက်ဆုံးဖြစ်တယ်လို့ သင်ဘာကြောင့်ထင်ပါသတည်း။ ဘာကြောင့်နည်း။
-သေခြင်းတရားနှင့် ပတ်သက်ပြီး သင်တွေးမြင်မှုတွေကို သခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကဘမည်ကဲ့သို့ ပြောင်းလဲစေပါသနည်း။
-အကယ်၍ သင်က ခရစ်တော် နောက်လိုက်ဖြစ်တယ်၊ နှစ်ခြင်းမင်္ဂလာ မခံယူရသေးပါလျှင် မည်ကဲ့သို့သောအရာက ဤအဆင့်ကိုပြုဖို့ ကင်းဝေးစေပါသနည်း။ သင်နှစ်ခြင်းမင်္ဂလာခံယူသူ ဖြစ်ဖို့ရန် ဘာကြောင့်အရေးကြီးပါသနည်း။
------------------
Zawgyi Version 
ဆင်ခြင်ရန်