What’s controlling You?
Unicode Version
သင့်အား မည်သည့်အရာက ထိန်းချုပ်နေပါသနည်း။
ရောမ ၆:၁၂-၁၃ “ထိုကြောင့်၊ သင်တို့၏သေတတ်သော ကိုယ်ခန္ဓာ၏တပ်မက်ခြင်းအလိုသို့ လိုက်ရသည်တိုင် အောင်၊ အပြစ်တရားသည် ထိုကိုယ်ခန္ဓာ၌ အစိုးမရစေနှင့်။ ၁၃သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့။”
သင့်အသက်တာတွင် တစ်စုံတစ်ရာအားဖြင့် နေ့စဉ် ထိန်းချုပ်ခံနေရပါတယ်။ သင့်၏အတ္တတွေ (သို့) သူတစ်ပါး၏ မျှော်လင့်ချက်တွေဖြင့် ထိန်းချုပ်ခံရကောင်း ခံရပါမည်။ ကြောက်ရွံ့ခြင်း ၊ ကိုယ့်ကိုယ်ကို အပြစ်ရှိခြင်း ၊ လိပ်ပြာမလုံခြင်း ၊ မကျေမချမ်းဖြစ်ခြင် (သို့) နာကြည်းခြင်း များဖြင့်လည်းကောင်း အရာဝတ္တု (သို့) အလေ့အထတွေဖြင့်လည်း ထိန်းချုပ်ကောင်း ထိန်းချုပ်ခံရမည်။ အဓိက အကြောင်းကတော့ နေ့စဉ်နေ့တိုင်းမှာ တစ်စုံတစ်ရာ အားဖြင့် သင်ထိန်းချုပ်ခံနေရပါတယ်။
သင့်ကို ထိန်းချုပ်မည့်အရာကို သင်ရွေးချယ်လိုက်တဲ့အခါမှာ လွှတ်မြောက်ခွင့်တွေ ရောက်လာပါတယ်။ သင့်အသက်တာကို ထိန်းချုပ်ဖို့ရန် သခင်ခရစ်တော်ကို သင်ရွေးချယ်တဲ့အခါမှာ သခင်ခရစ်တော်၏ အုပ်စိုးခြင်းကို ခံယူလိုက်ခြင်းဖြင့် အရာရာတိုင်းကို သင်ဉီးဆောင်ဉီးရွက် ပြုနိုင်မည်ဖြစ်သည်။
သင့်အသက်တာမှာ ဘုရားသခင်သည် နံပါတ် (၁) နေရာတွင် မရှိပါလျှင် တစ်စုံတစ်ရာသည် သင့်ကို (-) အနုတ်လက္ခဏာ သဘောဆောင်မှုဖြင့် ထိန်းချုပ်သွားပါလိမ့်မည်။ သင့်အသက်တာတွင် သခင်ခရစ်တော် ထိန်းချုပ်မှုအောက်ရှိတဲ့အခါမှာ သင့်ကို အမြဲတမ်းမှန်ကန်သော လမ်းပေါ်သို့ ပို့ဆောင်ပေးပါသည်။
ရောမ ၆:၁၂-၁၃ “ထိုကြောင့်၊ သင်တို့၏သေတတ်သော ကိုယ်ခန္ဓာ၏တပ်မက်ခြင်းအလိုသို့ လိုက်ရသည်တိုင် အောင်၊ အပြစ်တရားသည် ထိုကိုယ်ခန္ဓာ၌ အစိုးမရစေနှင့်။ ၁၃သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့။”
သခင်ခရစ်တော်ကို ထိန်းချုပ်ဖို့ရန် ပေးအပ်ခြင်းသည် ရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်ဖို့ရန် တစ်ချို့သော အချက်တွေက အကူအညီဖြစ်စေပါတယ်။
-ဘုရားသခင်ကို သင်ဆော့ကစားဖို့ ကြိုးစားဖူးတယ်ဆိုတာ ဝန်ခံပါ။
-သင်၏အကြံအစည် ၊ အစီအစဉ်ဖြင့် ပြောင်းလဲမှု မပြုနိုင်ဘူးဆိုတာကို ဝန်ခံပါ။
-သင် ပြောင်းလဲဖို့ရန် ဘုရားသခင်ထံ နှိမ့်ချစွာ တောင်းလျှောက်ပါ။
-သင့်အသက်တာရှိ ပြောင်းလဲဖို့ရန် လိုအပ်သော အရာတွေနှင့် ပတ်သက်ပြီး တစ်စုံတစ်ယောက်ကအစ ရိုးသားဖြောင့်မတ်စွာ နေပါ။
-သင့်အသက်တာအားလုံးကို သခင်ခရစ်တော် ပိုင်ဆိုင်မှု အဖြစ် အပ်နှံပါ။
သင်အမှန်တကယ် ပြောင်းလဲချင်ပါသလား။ ဒီအကြောင်းအရာတွေကို လုပ်ဆောင်ဖို့ရန် ဆန္ဒရှိပါသလား။ “ကြိုးစားခြင်းနှင့် ကျရှုံးခြင်းတွေ အတွက် ကျွန်ုပ်အရမ်းပင်ပန်းခဲ့ပါပြီ” လို့သင်ပြောမည်။ ကြိုးစားနေတာတွေကို ရပ်တန့်လိုက်မည့်အစား ယုံကြည်မှုကို စတင်လိုက်ပါ။ ဘုရားသခင်ပေါ် အားကိုးခြင်း (သို့) သင့်ကိုယ်သင် အားကိုးခြင်း ဆိုတဲ့ ရွေးချယ်မှုကို ဘုရားသခင် ပေးပါတယ်။ ရလဒ်ကလည်း လွတ်လပ်ခြင်း (သို့) စိတ်ပျက်ခြင်း ရှိပါတယ်။
သခင်ခရစ်တော်ဆီ အားလုံးဘာကြောင့် မအပ်နှံပါသနည်း။ သင်ဘာကို ဆုံးရှုံးဖို့ ရှိပါသနည်း။
ဆင်ခြင်ရန်
-ဘုရားသခင်ဆီ သင်၏အသက်တာ ထိန်းချုပ်ဖို့အပ်နှ့ခြင်းကို မည်သို့သော ဉာဉ်စရိုက် (သို့) အခြေအနေတွေက ကင်းဝေးစေပါသနည်း။
-မည်သို့သော နည်းလမ်းတွေဖြင့် ဘုရားသခင်ကို သင်ဆော့ကစားဖို့ ကြိုးစားခဲ့ဖူးပါသနည်း။
-အသက်တာ တစ်ခုလုံးကို ဘုရားထံ အပ်နှံခြင်း၏ အဓိပ္ပါယ်က မည်သို့နည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်