Want to grow spiritually? Accept the bible's authority.

သုတ္တံကျမ်း ၃၀:၅ "ဘုရားသခင်၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။  "

ကလေးတစ်ဦးတွင် ကြီးထွားဖို့ရန် များစွာသောအရာတို့ လိုအပ်ပါတယ်။ အသိသာဆုံးသော လိုအပ်ချက်က အာဟာရ ဖြစ်ပါတယ်။ သင်ကလေးကို လှုပ်ရမ်းနိုင်တယ်၊ ဆုပ်ကိုင်နိုင်တယ်၊ သီချင်းဆိုပေးနိုင်ပါတယ်။ သို့ပေမဲ့ နို့မပါလျှင်တော့ ကလေးသည် ကြီးထွားမှု ရှိမည်မဟုတ်ပါ။
ကျွန်ုပ်တို့၏ စိတ်နှလုံးသည်လည်း ထိုနည်း၎င်းပင် ဖြစ်ပါသည်။ ဝိညာဉ်ေရးရာ ကြီးထွားဖို့ရန် ဝိညာဉ်အစာတွေကို ကျွန်ုပ်တို့ လိုအပ်ပါတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကနေ ကျွန်ုပ်တို့ရရှိပါသည်။ ရှင်ပေတရုသြဝါဒစာ ပဌမစောင် ၂:၂ တွင် " အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်းအလိုငှါ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း။ "

သို့ပေမဲ့ သမ္မာကျမ်းစာကို ဖတ်ရှုနိုင်ချေရှိပြီး ဘာမှ မရရှိတာတွေရှိတယ်။ ကျမ်းပိုဒ်ကို ဖွင့်လှစ်ဖို့ရန် သင်၌ သေချာတဲ့ သော့တွေရှိဖို့တော့ လိုအပ်ပါတယ်။ အဲဒီသော့တွေထဲက တစ်ခုသော သော့ကတော့ ၎င်းသြဇာကို လက်ခံပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ကြောင်းကို သမ္မာကျမ်းစာက သက်သာလောနိ ပဌမစောင်  ၂:၁၃ " ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏ နှုတ်ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ရောက်သော သင်တို့အထဲ၌ ပြုပြင်သော ဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် အစဉ်မပြတ်ချီးမွမ်းကြ၏။"

ယနေ့ ဤကမ္ဘာမှာ မြောက်များစွာသော ရှုပ်ထွေးမှုတွေ ဖြစ်ရခြင်း၏ အကြောင်းရင်းက လူတော်တော်များများ သြဇာညောင်းတဲ့ ကွဲပြားမှုတွေပေါ်မှာ နားဆင်နေကြပြီး ၊ "မည်သူမှန်သနည်း" လို့မေးနေကြပါတယ်။
၎င်းအရာကို သင်သဘောပေါက်နားလည်သည်ဖြစ်စေ၊ နားမလည်သည် ဖြစ်စေ သင့်အသက်တာအတွက် သင်၌သြဇာရှိပါတယ်။ ၎င်းသည် သင်၏ ရွေးချယ်မှုကို ပြုဖို့ လုပ်ဆောင်တဲ့အရာ ဖြစ်ပါတယ်။ 

သမ္မာကျမ်းစာ အစား လူတို့သည် အောက်ပါ (၄)မျိုးသော ကိုးစားမရတဲ့ သြဇာတွေကို မကြာခဏဆိုသလို အသုံးပြုကြပါတယ်။
-ဓလေ့ထုံးစံ
ဤအရာကို လိုက်လျှောက်သောသူတို့က "၎င်းအရာကို လူတိုင်းလုပ်ဆောင်နေကြတယ်" လို့ပြောပါမည်။ ထွက်မြောက်ရာကျမ်းက ၎င်းကို ယခုတိုင် ဆန့်ကျင်ပြီး သတိပေးထားပါတယ်။ ၂၃:၂ " လူများနောက်သို့လိုက်၍ မတရားသဖြင့်မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌နေ၍၊ တရားလမ်းမှ လွဲစေခြင်းငှါမပြောရ။"
-ရိုးရာအစဉ်အလာ
ဤသူတွေက "ငါတို့ အဲဒီအရာတွေကို ၎င်း နည်းလမ်းအတိုင်း လုပ်ဆောင်ခဲ့ပြီးပြီ" လို့ဆိုပါတယ်။ ဘာသာရေးပုဂ္ဂိုလ်တို့ကို သခင်ခရစ်တော် ပြောထားသည်မှာ မာကု ၇:၈ " အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူသော လူတို့မှ ဆက်ခံသောနည်းဥပဒေသကို ခံယူလျှက်၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ရှိကြ၏။"
-အကြောင်းပြချက်
ဤအားကိုးမရခြင်းတွေနောက်လိုက်တဲ့သူတွေက " ၎င်းသည် ယုတ္တိရှိတယ်၊ စဉ်းစားချင့်ချိန်လို့ရတယ်" လို့ဆိုပါတယ်။ သို့ပေမဲ့ မိမိအသိဉာဏ်ကို မိမိသြဇာအဖြစ် အသုံးပြုခြင်းကို သမ္မာကျမ်းစာက သတိအေးထားပါတယ်။ သုတ္တံ ၁၆:၂၅ " လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ ပို့သောလမ်းတမျိုးရှိ၏။"

-ပုဂ္ဂိုလ်ရေးရာခံစားချက်
အမေရိကန်မှာတော့ "ငါခံစားရလို့ ငါယုံကြည်တယ်" လို့ပြောနေသူတွေကို သင်တွေ့ရပါလိမ့်မည်။ ဤစရိုက်လက္ခဏာတွေကြောင့် ကမ္ဘာကြီးမှာ ပရမ်းပတာ အခြေအနေဖြစ်မည့်အချိန်ကို သမ္မာကျမ်းစာက ဖော်ပြထားပါတယ်။ တရားသူကြီးမှတ်စာ ၂၁:၂၅ "ထိုကာလ၌ ဣသရေလရှင်ဘုရင်မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။တရားသူကြီး မှတ်စာပြီး၏။ "

ဘုရားသခင်၏ နှုတ်ကပတ်တော်သာလျှင် အသက်တာအတွက် ပြီးပြည့်စုံသော အားကိုးစရာ သြဇာဖြစ်ပါတယ်။ ၂တိ ၃:၁၆-၁၇ " ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။"

သုတ္တံကျမ်း ၃၀:၅ တွင် ရိုးရှင်းစွာ ဖော်ပြထားပါတယ်။ 
သင်၏ စိတ်နှလုံးထဲတွင် ယနေ့ပင်စတင်အခြေချလိုက်ပါ။ " ကျွန်ုပ်အသက်တာရှိ အရာရာတိုင်းအတွက် သြဇာညောင်းမည့်အရာအဖြစ် သမ္မာကျမ်းစာကို လက်ခံပါတော့မည်။ ဤသြဇာကို သင်စတင်လက်တဲ့ အခါမှာ သမ္မာကျမ်းစာအားဖြင့် များစွာသောအရာတို့ကို သင်စတင်ပါလိမ့်မည်။
ဆင်ခြင်ရန်
-ကလေးတွေ ကြီးထွားဖို့ရန် နို့လိုအပ်ပါတယ်။ သင်၏ ဝိညာဉ်ရေးရာကြီးထွားဖို့အတွက် မည်သို့သောအရာတွင် သင်အားထားနေပါသနည်း။
-တစ်ချို့သော အားကိုး၍မရသော ရိုးရာ၊ အစဉ်အလာ၊ အကြောင်းပြချက် နှင့် စိတ်ခံစားချက်တွေပေါ် လူတွေယုံကြည်ကြပါတယ်။ ဤအရာတွေ ကျရှုံးတယ်ဆိုတာကို သင်မည်သို့ တွေ့မြင်ပါသနည်း။ 
-သမ္မာကျမ်းစာသည် သင့်အသက်တာအတွက် ကိုးစားရာ၊ သြဇာဖြစ်ပါတယ်။  ၎င်းကို အားထားတဲ့ အခါမှာ သင့်အသက်တာ မည်ကဲ့သို့ မြင်လာသေပါသနည်း။