To gain insight into God’s word, learn to meditate on it.


The bible promises tremendous blessings if you spend time meditation on it

ယောရှုမှတ်စာ ၁:၈ " ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကို မဘတ်မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည်အကြံထမြောက်၍ အောင်မြင်လိမ့် မည်။ "
သမ္မာကျမ်းစာကပေးသော လက်ဆောင်မွန်တို့ကို ဖွင့်ဖို့ရန် လုပ်ဆောင်နိုင်သော အရာများစွာရှိပါတယ်။ သမ္မာတရားကို ဖတ်ရှုနိုင်တယ်၊ လေ့လာနိုင်တယ်၊ ကျက်မှတ်သိုမှီးနိုင်ပါတယ်။ သို့ပေမဲ့ ၎င်းကို အလေးအနက်တွေးတောသုံးသပ်ဖို့လည်း သင်ပြုသင့်ပါတယ်။
တိမောသေသြဝါဒစာ ဒုတိယစောင် ၂:၇ "ငါ့စကားကိုဆင်ခြင်လော့။ ထာဝရဘုရားသည် အရာရာတို့၌ဥာဏ်ကို သင့်အား ပေးသနားတော်မူပါစေသော။ "

သမ္မာကျမ်းစာပေါ်တွင် ထင်မြင်ချက်ထားပြီး တွေးတောဆင်ခြင်ပါလျှင် ၎င်းကို ထိုးထွင်းသိမြင်နိုင်သောဉာဏ်ကို ဘုရားသခင် ပေးပါသည်။ တွေးတောဆင်ခြင်ဖို့ရန်ဆိုတဲ့ အဓိပ္ပါယ်ကား မည်သို့နည်း။ တစ်စုံတစ်ရာနှင့် ပတ်သက်ပြီး အလေးအနက်ထား စဉ်းစားဖို့ရန် ရိုင်းရှင်းစွာ ဆိုလိုပါသည်။ အဓိပ္ပါယ်က သင်၏ စိတ်တို့ကို ချိတ်ဆက်ခြင်းဖြစ်ပါတယ်။
မည်ကဲ့သို့ တွေးတောဆင်ခြင်ရမလဲဆိုတာ သိချင်ပါသလား။ မည်သို့စိုးရိမ်သလဲဆိုတာကို သင်သိပါလျှင်  မည်သို့တွေးတောဆင်ခြင်ရမည်ကို သင်သိပါသည်။ စိုးရိမ်ခြင်းသည် တွေးတောဆင်ခြင်မှုကို ဆန့်ကျင်ပါသည်။ သင်စိုးရိမ်ပါလျှင် (-) အနုတ်သဘောဆောင်တဲ့ အတွေးတွေကို သင်၏စိတ်နှလုံးတွင် ထပ်ခါထပ်ခါ စဉ်းစားနေပါမည်။ ပြီးတော့ သင်ပိုပြီး စိုးရိမ်လေလေ ပိုကြီးမားတဲ့ အတွေးတွေ ဝင်လာ လေလေဖြစ်ပါတယ်။ 
တွေးတောဆင်ခြင်ခြင်းတွင် သမ္မာတရားကို ပြုခြင်းနှင့်တူပါသည်။ သို့ပေမဲ့ စိုးရိမ်ခြင်းနဲ့တော့ မတူပါ။ သမ္မာတရားပေါ်မှာ တွေးတောဆင်ခြင်လေလေ (+) အပြုသဘောဆောင်တဲ့ လက္ခဏာရလဒ်တို့ကို ထွက်ပေါ်စေပါတယ်။ 

အသံထွက်ရွတ်ဖတ်ခြင်းနည်းလမ်းအားဖြင့် သမ္မာတရားတို့ကို တွေးတောဆင်ခြင်နိုင်ပါတယ်။ ကျမ်းပိုဒ်တို့ကို အသံကျယ်ဖြင့် ကြိမ်ဖန်များစွာ ဆိုခြင်းဖြစ်သည်။ သင်ရွတ်ဆိုလိုက်သော အကြိမ်တိုင်းသည် စကားလုံးတို့ကို အလေးထားမှု ဖြစ်စေပါတယ်။
သာဓကအနေဖြင့် ဖိလိပ္ပိ ၄:၁၃ " ရှုတ်ချခြင်းကို၎င်း၊ ကြွယ်ဝခြင်းကို၎င်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲ ခြင်းတို့ကို ခံရအံ့သောငှါ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။"

ကျမ်းပိုဒ်တို့ကို ဆိုတဲ့အချိန်တိုင်းတွင် ကွဲပြားသော နည်းလမ်းတွေဖြင့် အဓိပ္ပါယ်ကို မသိမသာ ကွဲပြားစေပါတယ်။
သမ္မာတရားရှိ ဇာတ်ကြောင်းတိုင်းသည် မပြောင်းလဲသော အခြေခံသဘောတရားဖြစ်ပြီး ဤအရာကို တွေ့ရှိဖို့ရန် အလေးအနက်ထား စဉ်းစားခြင်းကွင်းဆက်က သင့်အားကူညီပေးပါမည်။ ဇာတ်ကြောင်းကို သင်ဖတ်ပြီး ကနဦးဖြစ်ပျက်ခဲ့ခြင်း၏ အဓိပ္ပါယ်ကိုမေးတဲ့အခါ စဉ်းစားမှု ကွင်းဆက်က ဘယ်လိုဖြစ်မလဲ။ သင့်အတွက်ယနေ့တွင် မည်သို့အဓိပ္ပါယ်ဖြစ်စေသလဲလို့ မေးခြင်းအားဖြင့် ကိုယ်ပိုင် အမှတ်သညာ ပြုလုပ်ထားပါ။ အချိန်ပေးပြီး အလေးအနက် တွေးတောသုံးသပ်လျှင် ကြီးမားသော ကောင်းချီး ဖြစ်စေသည်ကို သမ္မာကျမ်းစာတွင် ကတိတော်ရှိပါသည်။ 

ယောရှုမှတ်စာ ၁:၈ " ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကို မဘတ်မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည်အကြံထမြောက်၍ အောင်မြင်လိမ့် မည်။"

ဘုရားသခင်၏ နှုတ်ကပတ်တရားတို့ကို အလေးအနက်တွေးတောသုံးသပ်တဲ့အလေ့အထကို တိုးတက်စေဖို့ရန် ယခုပင် အချိန်ယူပါ။ အဲဒီနောက်တွင် ကျန်ရှိသော သင့်အသက်တာအတွက် အကျိူးကျေးဇူးတို့ကို သင်ရိတ်သိမ်းရပါမည်။

ဆင်ခြင်ရန်
-သမ္မာတရား၌ အလေးအနက်တွေးတော သုံးသပ်ခြင်းက မည်သို့သော (+) အပြုသဘောဆောင်သည့် လက္ခဏာ ဖြစ်စေသနည်း။
-သမ္မာတရားတို့ကို ရွတ်ဆိုခြင်းအားဖြင့် လေးနက်စွာ တွေးတောသုံးသပ်ဖို့ရန်နည်းလမ်းကို ဘာကြောင့် ဘုရားသခင်က သင်ကြားပေးပါသနည်း။