To develop strong convictions, get to know the bible

ခိုင်မာသော ယုံကြည်ချက် တိုးတက်ကြီးထွားစေရန် သမ္မာတရားကို သိကျွမ်းစေပါ။

တရားဟောရာကျမ်း ၅:၂၉ "သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း၊ ငါ့ကို ကြောက်ရွံ့၍ ငါပညတ်သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သောစိတ်နှင့် ပြည့်စုံ ကြပါစေသော။" 

ခံယူချက်ဆိုသည်မှာ သင်၏ အပြုအမူကို ပုံဖော်ပေးတဲ့ ယုံကြည်ခြင်း ဖြစ်ပါတယ်။ ၎င်းသည် သင်ခိုင်မာစွာ ယုံကြည်သ ည်အတိုင်း လုပ်ဆောင်သောအရာကို ဖော်ဆောင်ပါသည်။ တခြားသော ထင်မြင်ချက်အနေနဲ့ တစ်စုံတစ်ခုတွင် ဆွေးနွေးခြင်း (သို့) ငြင်းခုံခြင်းအကြောင်းတွင် တစ်စုံတစ်ရာအတွက် အသက်ကိုပင် စွန့်နိုင်တဲ့ ယူဆချက်ဖြစ်ပါတယ်။
ဤကမ္ဘာပေါ်မှာ အကြီးမားဆုံးသော အဆိုး (သို့) အကောင်းကိုပြုသော သူတွေသည် ချက်ချာပါးနပ်လွန်းသူမဟုတ်သလို အလွန်ချမ်းသာသောသူလည်း မဟုတ်ပါ။ သူတို့မှာ နက်ရှိုင်းလေးနက်တဲ့ ယူဆချက် ၊ ခံယူချက်တွေ ရှိနေခဲ့လို့ ဖြစ်ပါတယ်။ 
တန်ဖိုးရှိသော အရာတိုင်းသည် ဆုပ်ကိုင်ဖို့ ဖြစ်တယ်လို့ ကျွန်ုပ်တို့ လူ့ဘောင်အဖွဲ့အစည်းက ဆိုပါတယ်။ ကိုယ်ကျင့်တရား ပျက်ပြားမှုမရှိဘဲ လုပ်ချင်တာကို လုပ်နိုင်သည်ဟု ဆိုသည်။

သို့ပေမဲ့ သမ္မာတရားက ဆိုထားသည်မှာ သင်သည် တစ်စုံတစ်ခုအတွက် မရပ်တည်ဘူးဆိုလျှင် သင်ဘာမှ လုပ်နိုင်တော့မည် မဟုတ်ပါ။ မိမိယုံကြည်ရာကို သိခြင်းနှင့်အတူ ခံယူချက်ရှိသောလူတို့ကို ကျွန်ုပ်တို့ ယနေ့လိုအပ်ပါတယ်။ သို့ပေမဲ့ အမှန်အမှားကို ယနေ့တွင် သိရန်ပင် ဖြစ်နိုင်ပါသလား။ မကောင်းမှုအရာမှသည် ကောင်းသောအရာအဖြစ် သိနိုင်ပါမည်လား။

သိနိုင်တာပေါ့။ တစ်ချို့အရာတွေက လုံးဝမှန်ကန်ပါတယ်။ အချို့အရာတွေကျတော့ မှားယွင်းနေပါတယ်။
မှားယွင်းနေခြင်းကနေ အမှန်ကို မည်ကဲ့သို့ သိမြင်နိုင်မည်နည်း။ သမ္မာကျမ်းစာကို အသုံးပြုပါ၊ အသက်ကယ်တင်ရာ ဘုရားသခင်၏ မူပိုင်လက်စွဲဖြစ်ပါတယ်။

ဟေဗြဲ ၅:၁၄ "ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍ သိနိုင်သောဥာဏ်ပေးတတ်သော၊ အကြားအမြင်အတွေ့ အစမ်းများသော သူတည်းဟူသော၊ စုံလင်သော အရွယ်ရှိသော သူတို့မူကား၊ ကြေခဲသော အစာအာဟာရကို သုံးဆောင်ရကြ၏။" 

အမှန်တရားကို သိသောသူများသည် ဘုရားသခင် နှုတ်ကပတ်တော်၏ ကြေခဲသောအစာကိုညစားသုံးသူများဖြစ်သည်။ အမှန်အမှားကိုသိဖို့ရန် သမ္မာတရားက သူတို့ကို ကူညီပေးပါတယ်။

US ဘဏ္ဋ္ဌာရေးဌာနတွင် ငွေစက္ကူအတုများမှ စစ်မှန်သော ငွေတို့ကို ခွဲခြားနိုင်ဖို့ရန် သင်ယူကြတဲ့အခါမှာ ငွေစက္ကူအတုတွေကို သူတို့ မလေ့လာကြပါ။ အစစ်တို့ကိုသာ လေ့လာဖို့သာ အချိန်ပေးခဲ့ကြတယ်။ အဲဒီနောက် ငွေစက္ကူအတုတွေ အချိန်ကြာကြာ ပေါ်ပေါက်လာတဲ့အခါမှာ သူတို့တွေ အဲဒီအတုတွေသည်အစစ် မဟုတ်ကြောင်း သတိပြုမိလာကြသည်။
အမှန်တရားကို သိဖို့ရန်အတွက် ခံယူချက်တို့ကို ကြီးထွားစေရပါလိမ့်မည်။ ဘုရားသခင်၏ တန်ဖိုးထားမှုတွေကို သင်ဝေဌပါလိမ့်မည်။ 
တရားဟောရာကျမ်း ၅:၂၉ " သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း၊ ငါ့ကို ကြောက်ရွံ့၍ ငါပညတ်သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သောစိတ်နှင့် ပြည့်စုံ ကြပါစေသော။"

ယုံကြည်ချက်တို့ကို ကြီးထွားစေခြင်းအားဖြင့် ဘုရားသခင်၌ရှိသော စိတ်နှလုံးကို ရရှိပါမည်။ ဘုရားသခင်၏ သမ္မာတရားတို့ကို သိရှိခြင်းအားဖြင့်လည်း ယုံကြည်ချက်တို့ကို ကြီးထွားစေပါတယ်။

ဆင်ခြင်ရန်
-ထင်မြင်ချက်နှင့် ယုံကြည်ချက်ကြားရှိ ခြားနားမှုကို သင်မည်သို့ ရှင်းပြနိုင်မည်နည်း။ သင်၏ ထင်မြင်ချက် တစ်ချို့က ဘာတွေလဲ။ ယုံကြည်ချက်တစ်ချို့က ဘာတွေဖြစ်မည်နည်း။
-သင်လက်ကိုင်ထားသော ယုံကြည်ချက်ကို ကြီးထွားဖို့ရန် သမ္မာကျမ်းစာက မည်သို့ကူညီခဲ့ပါငနည်း။
-ကမ္ဘာကြီးကို ပြောင်းလဲမှု ဖြစ်စေနိုင်င်တွေသူတွေသည် ခူံယချက်ရှိတဲ့ သူတွေဖြစ်တယ်။ ဆုတောင်းခြင်း အချိန်ယူပါ။ ပြီးတော့ ဘုရားတန်ခိုးထားတဲ့အရာတွေကို ယုံကြည်ချက်ဖြင့် တန်ဖိုးထားတတ်သူတစ်ဦးဖြစ်လာဖို့ရန် ဘုရားသခင် ထံတောင်းလျှောက်လိုက်ပါ။