To benefit from the Bible, you have to read it.

ဗျာဒိတ်ကျမ်း ၁:၃ " ကာလအချိန်ရောက်လုနီးပြီဖြစ်၍၊ ဤအနာဂတ္တိကျမ်းစကားကိုကြည့်ရှု ဘတ်ရွတ်နားထောင်၍၊ ရေးထားသမျှတို့ကို စောင့်ရှောက်သော သူတို့သည် မင်္ဂလာရှိကြ၏။" 

သမ္မာကျမ်းစာကို သင်နားမလည်ဘူးလို့ ခံစရဖူးပါသလား။ သင့်အသက်တာအတွက် ကျမ်းစာက ထူးခြားတဲ့ ကြီးမားသောအရာ မလုပ်ဘူးလို့ ဘာကြောင့် တွေးထင်ပါသနည်း။ ဤသို့ဆိုလျှင် "ကျမ်းစာဖတ်ဖို့ သင်အချိန်မည်မျှပေးသနည်း" လို့ ကျွန်ုပ်မေးပါရစေ။ 
ခရစ်ယာန်တို့၏ သမိုင်းတွင် ခရစ်ယာန်ဘုန်းတော်ကြီးတွေသာ ကျမ်းစာအုပ်ပိုင်ဆိုင်ကြပါတယ်။ ဤရလဒ်ကား သမ္မာကျမ်းတို့ကို အဓိပ္ပါယ်ပြောနိုင်၊ ရှင်းလင်းနိုင်သော သူတွေ ဖြစ်ခဲ့ပါတယ်။သူတို့ပြောသမျှတို့ကို လူတိုင်း လက်ခံရဖို့ဘဲ ရှိပါတယ်။

၁၄၄၀ ခုနှစ်ဝန်းကျင်မှာ Johannes Gutenbergbဆိုသူက ပုံနှိပ်စက်ကို တီတွင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သာမန်လူတို့ သမ္မာကျမ်းစာအုပ်ကို ပုံမှန်လက်ခံရရှိလာခဲ့ကြပါတယ်။ ဘုန်းတော်ကြီးတွေ ပြောတဲ့အရာသည် သမ္မာကျမ်းနှင့်မကိုက်ညီဘူးလို့ သူတို့ ဆိုခဲ့ပါတယ်။
သာမန်လူတွေဆီက သမ္မာကျမ်းစာ ရရှိနိုင်ခြင်းက ဆန့်ကျင်ခြင်းပုံစံကို ဦးတည်စေခဲ့ပါတယ်။ အဲဒီမှာ ယခုကျွန်ုပ်တို့သိထားတဲ့ ပရိုတက်စတင့် သာသနာပြုပြင်ရေး အသင်းတော်တွင် ကသောင်းကနင်းဖြစ်ခဲ့ပါတယ်။

ပုံနှိပ်စက်နှင့် သာသနာပြုပြင်ရေးတွေကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့် သင်နှင့် ကျွန်တော် နေ့စဉ် ကျမ်းစာဖတ်ရှုနိုင်တာ ဖြစ်တယ်။ သို့ပေမဲ့ သင်ဖတ်ရှုပါသလား။
ကျွန်ုပ်သိပါတယ်။ တစ်ချို့သောဘခရစ်ယာန်တွေသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထက် အားကစားသတင်းစာမျက်နှာတို့မှာ ပိုပြီးသစ္စာရှိကြပါတယ်။ သမ္မာကျမ်းစာကို မိနစ်အနည်းငယ်သာဖတ်ပြီး TV ကြည့်ရှုခြင်း (သို့) Social Media ကိုတော့ တစ်နေ့မှာ (၃) နာရီလောက် အချိန်ကုန်စေပါတယ်။ ဤပုံစံအတိုင်းက သူတို့ကို ကြီးမားတဲ့ ဝိညာဉ်ရေးရာအဖြစ် ပြောင်းလဲပေးမည်ကို မျှော်လင့်ကြပေမဲ့ ဤနည်းလမ်းက အလုပ်မဖြစ်ပါ။

သမ္မာကျမ်းစာကနေ ကြီးထွားဖို့နှင့် သဘောပေါက်နားလည်ဖို့ရန် သမ္မာကျမ်းစာကိုရဖတ်ရှုရပါမည်။ ဤသို့ဖတ်ရှုခြင်းက သင်ထင်မြင်ထားတာထက်ကို လွယ်ကူစေပါတယ်။ တစ်နေ့ကို ၁၅ မိနစ် ဖတ်ရှုပါလျှင် တစ်နှစ်ပတ်လုံး ၁၅ မိနစ်အချိန်သာရှိမည်။ မိနစ် ၃၀ TV programs ကြည့်ခြင်းတွင် သမ္မာကျမ်းစာ ဖတ်ရှုခြင်းကို အစားထိုးပါလျှင် တစ်နှစ်ပတ်လုံး သင်နှစ်ဆတော့ ဖတ်ဖြစ်ပါလိမ့်မည်။

နေ့စဉ် သင်ဘာကို အချိန်ပေးပြီး ဖတ်နေသလဲဆိုတာကို စဉ်းစားကြည့်ပါ။ Favourite Blogger,  သတင်းစာ (သို့) Social Media Feed တွေလား။ သမ္မာကျမ်းစာ ဖတ်ခြင်းကရော ဘယ်လိုလဲ။ 
သင်၌ သမ္မာကျမ်းစာ နေ့စဉ်ဖတ်ရှုခြင်း မရှိပါလျှင် ယနေ့တွင်စတင်လိုက်ပါ။ သင်ဖတ်ရှုနေတဲ့ ကိုးစားမရတဲ့ အရာတစ်ခုတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် အစားထိုးလိုက်ပါ။ ဗျာဒိတ်ကျမ်း တွင်ဖော်ပြထားတဲ့ " ကာလအချိန်ရောက်လုနီးပြီဖြစ်၍၊ ဤအနာဂတ္တိကျမ်းစကားကိုကြည့်ရှု ဘတ်ရွတ်နားထောင်၍၊ ရေးထားသမျှတို့ကို စောင့်ရှောက်သော သူတို့သည် မင်္ဂလာရှိကြ၏။" " ကို အမှတ်ရနေပါ။

ဆင်ခြင်ရန်
-နေ့စဉ်အသက်တာတွင် မည်သို့သော Media ကို သင်ကြည့်ရှုနေပါသနည်း။ ၎င်းတို့ထဲမှ မည်သည့်ရင်းမြစ်က ပြည့်ဝစွာ ကိုးစားလို့ရပါသနည်း။
-နေ့စဉ်ဖတ်ရှုနေသော Media (သို့) TV program တွေမှ မည်သို့သောနည်းလမ်းတွေက သင့်ကိုပုံဖော်သနည်း။ သမ္မာကျမ်းစာ နေ့စဉ်ဖတ်ရှုခြင်းက သင့်ကို မည်သို့သော နည်းလမ်းများဖြင့် ပုံဖော်စေသလဲဆိုတာကို စာရင်းပြုစုပါ။
-သင်နေ့စဉ်ဖတ်ရှုနေသော Media နေရာတွင် သမ္မာကျမ်းစာဖတ်ရှုခြင်းအား ဤသတင်းပတ်တွင် အစားထိုးလိုက်ပါ။ ဉပမာ သင် Facebook (သို့) Twitter မှာ ၁၀ မိနစ်အချိန်ပေးမည့်အစား သမ္မာကျမ်းစာကို ၁၀ မိနစ်အချိန်ပေးနိုင်တယ်မဟုတ်လား။