Unicode Version
ကောရိန္သုသြဝါဒစာ ဒုတိယစောင် ၄:၁၇-၁၈ "အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။"
ကပ်ဘေးကြောင့်ထိခိုက်နာကျင်ရတဲ့ခါ ကျော်လွှားဖြတ်သန်းဖို့ရန် လိုအပ်သော ချက်ချာပါးနပ်မှုတွေကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ တတ်ကျွမ်းပုဂ္ဂိုလ်တို့ဘာကို ပြောနေသလဲဆိုတာကို နားထောင်ပါ။ ပြီးတော့ သင်ကောင်းသော ရွေးချယ်မှုကို ပြုပါ။ ပြီးတော့ ဤအရာတွေသည် ကျော်ဖြတ်သွားလိမ့်မည်ဟု တစ်ချိန်တည်းမှာ အမှတ်ရနေပါ။ ဤအရာတွေသည် ထာဝရမတည်မြဲပါ။
ရှင်ပေတရုသြဝါဒစာ ပဌမစောင် ၄:၁၂ "ချစ်သူတို့၊ သင်တို့ကို စုံစမ်းစရာဘို့ ယခုခံရသော မီးစစ်ခြင်းအရာကိုကား၊ သင်တို့၌ အံ့ဩဘွယ် သောအရာဖြစ်သည်ဟု ထင်မှတ်၍၊ အံ့ဩခြင်းမရှိကြနှင့်။"
ဤကမ္ဘာပေါ်တွင် စစ်ဆေးစီရင်ခြင်းအချိန် နှင့်စမ်းသပ်ခြင်းအချိန်တွေ ရှိပါလိမ့်မည်။ ၎င်းင်းသည် အာမခံချက်ရှိသည်။ အပြစ်တရား ဤကမ္ဘာပေါ် စတင်ဝင်ရောက်လာကတည်းက ဘယ်အရာကမှ ကောင်းစွာ ပြည့်စုံစွာ မဖြစ်လာတော့ပါ။ လောကအရာအားလုံး ပျက်စီးသွားခဲ့ပြီ။ ရာသီဥတု ၊ စီးပွားရေး ၊ သင်၏ခန္ဓာနှင့် သင်၏အကောင်းဆုံးသော အကြံအစည်တွေ အားလုံးပေါ့။ ဘယ်အရာကမှ အသက်တာမှာ ပြည့်စုံစွာ မဖြစ်လာခြင်းသည် အပြစ်တရားက ကမ္ဘာမြေပေါ်ရှိ အရာအားလံးတို့ကို ပြိုကွဲသွားစေခဲ့ပြီ။
ဟေရှာယ ၂၄:၄-၅ ၊ ၉ "ပြည်တော်သည် ငြိုငြင် ညှိုးငယ်ခြင်းရှိ၏။ လောကသည် အားလျော့၍ ညှိုးငယ်ခြင်းရှိ၏။ ဘုန်းကြီးသော ပြည်သားတို့သည် အားလျော့ကြ၏။ ပြည်သားတို့သည် တရားတော်ကို လွန်ကျူးခြင်း၊ အမိန့်တော်ကို ပြောင်းလဲခြင်း၊ ထာဝရသစ္စာတော်ကို ဖျက်ခြင်းအကြောင်းကြောင့်၊ ပြည်တော်သည် ညစ်ညှုးခြင်းရှိ၏။
သီချင်းဆိုလျက် စပျစ်ရည်ကို မသောက်ရကြ။ သေရည်သေရက်ကို သောက်သောသူတို့သည် ပစပ်ခါးကြလိမ့်မည်။"
အရာရာဆုံးရှုံးခဲ့ပြီ၊ အပစ်ပယ်ခံရပြီ ရှုပ်ထွေးစေခဲ့ပါပြီ။ သဘာဝတရားကတောင် ညည်းညူနေပါပြီ။ အပြစ်နှင့် မကောင်းမှုကို ဤလောကသို့ ဝင်ရောက်ဖို့ရန် ဘာကြောင့်များ ဘုရားသခင် ခွင့်ပြုရသနည်းလို့ ကျွန်ုပ်တို့ သိချင်ကောင်းသိချင်နေကြမည်။ သို့ပေမဲ့ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ကို ဘုရားက ရွေးချယ်ခွင့်ပေးထားပါတယ်။
အဲဒီမကောင်းမှုတွေကို ဖြစ်စေတာ ကျွန်ုပ်တို့အပါအဝင် ဖြစ်ပါတယ်။ တစ်ကိုယ်ကောင်းဆန်ကာ ကိုယ့်အတွက်သာ ကြည့်တတ်ကြပြီး လူမှုအဖွဲ့အဆည်းနှင့် ပတ်ဝန်းကျင်တို့တွင် ပြသနာဖန်တီးနေကြတဲ့ သူတွေထဲမှာ ကျွန်ုပ်တို့အပါအဝင် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် "အလိုတော်သည် ကောင်းကင်ဘုံတွင် ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော်" လို့ဆုတောင်းနေရတာပေါ့။ ဘာကြောင့်လဲဆိုတော့ ဤနေရာက ကောင်းကင်ဘုံမဟုတ်ပါ။ ကောင်းကင်ဘုံဆိုတာ ပြီးပြည့်သုံတဲ့နေရာ ၊ ပူဆွေးခြင်းမရှိ၊ ဖျားနာခြင်း ၊ ဝမ်းနည်းခြင်း၊ စိတ်ဖိစီးမှုတွေမရှိပါ။ ဤလောကတွင် ကောင်းကင်ဘုံ မျှော်လင့်ခြင်းကို မပြုသင့်ပါ။
ကျွန်ုပ်တို့ ဤကပ်ဘေးဆင်းရဲကို ဖြတ်ကျော်သွားပါလိမ့်မည်။ တစ်နေ့မှာ ဤ Coronavirus ကပ်ဘေးသည် ကျွန်ုပ်တို့၏ သမိုင်းတွင် တစ်စိတ်တစ်ဒေသအဖြစ် ရှိနေပါလိမ့်မည်။
မကြာသောအချိန်တွင် ဤကပ်ဘေး၏ ဒုက္ခအလယ်မှ ဘုရားသခင် လုပ်ဆောင်ခဲ့တာတွေကို ကျွန်ုပ်တို့ တစ်ခြားဘက်မှ ရှုမြင်တဲ့အခါ အံ့သြဖွယ်ရာတွေကို မြင်ရပါလိမ့်မည်။
များစွာသော စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဖို့နှင့် ဒုက္ခအခက်အခဲကို ကြံ့ကြံ့ခံနိုင်ဖျု့ရန် ရှိပါလိမ့်မည်။ ၎င်းင်းသည် ကျွန်ုပ်တို့၏ ဤလောကရှိ ကိုယ်တွေ့ဖြစ်ရပ် တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့ အမြဲတမ်း မှော်လင့်ပါတယ်။
ကောရိန္သုသြဝါဒစာ ဒုတိယစောင် ၄:၁၇-၁၈ " အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။"
ဆင်ခြင်ရန်
-ကျွန်ုပ်တို့သမိုင်းတွင် ဝရုန်းသုန်းကားဖြစ်တဲ့အချိန်တွေကို ပြန်ကြည့်တဲ့အခါမှာ သင်၏ ဝိညာဉ်ရေးရာ ၊ ခန္ဓာရေးရာနှင့် စိတ်ခံစားချက်တွေကို မည်သို့သော နည်းလမ်းတွေဖြင့် ကြီးထွားစေနိုင်ပါသနည်း။
-အဆိုးတွေဖြစ်လာဖို့ရန် ဘုရားဖြစ်ပေါ်စေတာ မဟုတ်ပါ။ ဤသို့သော အချိန်တွင် အဲဒီအရာတွေကို ဘုရားမည်ကဲ့သို့ အဖတ်ဆယ်ချင်သလဲလို့ သင်တွေးမြင်အါသနည်ူ။
-ဤကပ်ဘေးကာလတွင် သင်၏မျှော်လင့်ခြင်းကို မည်သည့်နေရာတွင် ထားရှိပါသနည်း။ အဲဒီအရာက သင့်ကို အကူအညီဖြစ်စေဖို့ နှင့် အကျိုးပြုစေဖို့ လုံလောက်ပါရဲ့လား။
-----------------------------------------------------------------------------
Zawgyi Version
ကောရိန်သုသြဝါဒစာ ဒုတိယစောင် ၄:၁၇-၁၈ "အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။"
ကောရိန်သုသြဝါဒစာ ဒုတိယစောင် ၄:၁၇-၁၈ " အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။"
ဆင်ခြင်ရန်