This Is Not the End of the Story
Unicode Version
ဤအရာသည် ဇာတ်လမ်းအဆုံးမဟုတ်ပါ။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄:၈-၉, ၁၄ “ငါတို့သည်အမျိုးမျိုးသော နှောင့်ရှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည် နိုင်အောင်ရှိသော်လည်း စိတ်မပျက်။  ညှင်းဆဲခြင်းကိုခံရသော် လည်းဆုံး ရှုံးခြင်း မရှိ။ အောက်သို့ လှဲခြင်းကိုခံရသော်လည်းဆုံးရာသို့မရောက်။”
အနာဂတ်တွေ မသေချာ မရေရာဖြစ်လာတဲ့အခါမှာ ကမ္ဘာကြီးရပ်တန့်သွားစေဖို့ဖြစ်လာပြီး များစွာသော ကြောက်ရွံခြင်းတွေ ရှိလာမည်။ သင်၏ အဖြစ်တွေအဆုံးသတ်ဖို့ ဖြစ်လာသလို ဖြစ်ကောင်းဖြစ်မည်။
သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ပြောထားပါတယ်။ ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄:၈-၉, ၁၄ “ငါတို့သည် အမျိုးမျိုးသော နှောင့်ရှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည် နိုင်အောင်ရှိ သော် လည်း စိတ်မပျက်။  ညှင်းဆဲခြင်းကိုခံရသော် လည်းဆုံး ရှုံးခြင်း မရှိ။ အောက်သို့ လှဲခြင်းကို ခံရသော်လည်း ဆုံးရာသို့မရောက်။”
သင်မဆုံးရှုံးနိုင်ပါ။ အဆုံးမှာ ဘာတွေဘဲဖြစ်ပါစေ သင်အောင်မြင်မည်။ ကမ္ဘာအနှံ့ ရောဂါတွေ သင့်အသက်ကို ယူဆောင်သွားသည့်တိုင် သခင်ခရစ်တော်ကို သင်၏ ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်ပါလျှင် ဘုရားသခင်ရှိရာသို သင့်တည့်တည့် ဝင်ရောက်ရပါမည်။
သင်၏ဇာတ်ကြောင်း စတင်အစပြုပါလိမ့်မည်။
တီဗွီဇာတ်လမ်းတွဲတွေကို သင်ကြည့်ဖူးပါသလား။ အဲဒီဇာတ်လမ်းတွဲ တခန်းပြီးတိုင်းမှာ ဇာတ်လိုက် ကယ်တင်ရာ မရဘူးလို့ ထင်စရာတွေ ကျန်ခဲ့စေတဲ့ သည်းထတ်ရင်ဖိုမှုတွေဖြင့် အဆုံးသတ်ထားပါတယ်။ စိုးရိမ်ပူပန်မှုတွေ အလွန်ကြီးမားစေနိုင်ပါတယ်။
သို့ပေမဲ့ ဇာတ်လမ်းပြီးဆုံးတဲ့အထိ သင်စောင့်ကြည့်ပါလျှင် ဇာတ်လမ်းတွဲတစ်ခုလုံးကို သင်ကြည့်နိုင်မည် ဖြစ်သည်။
ဇာတ်လမ်းတွဲ တစ်ခုက season (၆) ကြိမ်မက ကြာမြှင့်ကြသည်ကို သင်သိတဲ့အခါမှာတော့ ဇာတ်လိုက်သည် အခက်အခဲကို ကျော်လွှားလိမ့်မည် (သို့) မကျောင်လွှားမည်ကို သင်မစိုးရိမ်တော့ပါ။ ဇာတ်လမ်းတစ်ခန်းစီတိုင်းက ဇာတ်လမ်းအဆုံးမဟုတ်လို့ ဖြစ်ပါတယ်။
ဤလောကမှာ ကျွန်ုပ်တို့အတွက် အချိန်မည်မျှ ကျန်သည်ကို မသိကြပါ။ သို့ပေမဲ့ မျှော်လင့်ချက်မဲ့စွာ အသက်ရှင်ဖို့ မဆိုလိုပါ။ ကပ်ဘေးအလယ်မှာ ကမ္ဘာအနှံ့အပြားဖြစ်ပွားတဲ့ ရောဂါအခြေအနေမှာ မျှော်လင့်ခြင်းဖြင့် အသက်ရှင် နိုင်ဖို့ရန် သင်၏ရှုတောင့်အမြင်ကို ပြောင်းလဲရပါမည်။ နစ္စထာဝရ၏အလင်း၌ အသက်ရှင်နေထိုင်ဖို့ ဖြစ်ပါတယ်။
တစ်နေ့မှာ  သခင်ခရစ်တော်နှင့် ကောင်းကင်ဘုံတွင် တွေ့တဲ့အခါ သင်၏နာကျင်မှု ၊ နာမကျန်းမှု ၊ ဝမ်းနည်းပူ ဆွေးမှု ၊ စိတ်ဖိစီးမှု နှင့် သောကတွေ ပြီးဆုံးသွားပါမည်။
ရှေ့ဆက်လျှောက်လှမ်းဖို့ရန် ဤကျမ်းပိုဒ်ကို ကြည့်ဖို့ဖြစ်တယ်။
ဗျာဒိတ် ၂၁:၄ “ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိက်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ။
၎င်းသည် ဇာတ်လမ်းအဆုံးမဟုတ်ပါ။ အနာဂတ်က ဘာကို ထိန်းချုပ်သလဲ ကျွန်ုပ်မသိပါ။ သို့ပေမဲ့ အနာဂတ်ကို ထိန်းချုပ်တဲ့သူကိုတော့ ကျွန်ုပ်သိပါသည်။
ဆင်ခြင်ရန်
-ကြောက်ရွှံ့ခြင်းမှ မျှော်လင့်ခြင်းဆီသို့ သင်၏အာရုံစူးစိုက်မှုကို မည်ကဲ့သို့သော တိကျတဲ့ နည်းလမ်းတွေဖြင့် ပြောင်းလဲဖို့ရန် သင်လိုအပ်ပါသနည်း။
-စိတ်ဓါတ်ကျခြင်း (သို့) ကြောက်ရွှံ့တုန်လှုပ်ခြင်းတွေကို သင်ခံစားရသောအခါ မျှော်လင့်ခြင်း နှင့် ပတ်သက်ပြီး သတိပေးနိုင်စေသော မည်သည့်လက်နက်မျိုးကို သင်လိုအပ်ပါသနည်း။
-ကပ်ဘေးဆိုက်မှုအလယ်တွင် ခရစ်ယာန်တွေ၌ မျှော်လင့်ခြင်းနှင့် ယုံကြည်ခြင်းရှိတယ်ဆိုတာကို ကမ္ဘာကြီးကို ဘာကြောင့်များ ကျွန်ုပ်တို့မြင်စေချင်ပါသနည်း။
---------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်