ရှင်ယောဟန်ခရစ်ဝင် ၁၃:၁၇ " ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။"
၁၉ ရာစု နှောင်းပိုင်းတွင် D.L, Moody ဆိုသူသည် ထက်မြက်ထူးချွန်သော တရားဟောဆရာ၊ ဓမ္မသင်ဆရာတစ်ဦးဖြစ်ပါတယ်။ " သမ္မာတရားသည် ကျွန်ုပ်တို့၏ အသိအလိမ္မာကို တိုးတက်စေရုံလေးမဟုတ်ဘဲ ကျွန်ုပ်တို့၏ အသက်တာကိုပါ ပြောင်းလဲပေးဖို့ရန် ဖြစ်တယ်" လို့ ဤဓမ္မဆရာ ပြောနေကျစကားဖြစ်ပါတယ်။
ယနေ့မှာ (၃) မျိုးသော ကတိဝန်ခံချက် ပြုဖို့ သင့်ကို ကျွန်ုပ်စိန်ခေါ်ပါတယ်။

သမ္မာတရားတို့ကို ဖွင့်ဟထားသော စိတ်နှလုံးဖြင့်ရရှိနိုင်ပါသည်။ သင်ကျက်မှတ်သိုမှီးနိုင်သည် ။ အလေးအနက်အတွေးတောသုံးသပ်နနိုင်က်တယ်။ ဤအရာတွေကို သင်လုပ်ဆောင်ပြီးသည်နှင့်တစ်ပြိုက်နက် သမ္မာတရားနှင့်ဆိုင်သော အသိပညာများစွာ ရှိနေမည်။ သို့ပေမဲ့ ဘုရားသခင်င်မူ၏ သင့်အတွက်မူလပန်းတိုင်က အသက်တာပြောင်းလဲဖို့ရန် ဖြစ်ပါတယ်။
ယောဟန် ၁၃:၁၇ တွင် တပည့်တော်တို့ကို သခင်ယေရှုဆိုထားသည်မှာ "ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။ "
သမ္မာကျမ်းသာရှိ အခြေခံသဘောတရားတို့ကို မလိုက်နာတဲ့သူတွေအတွက် ဟေဗြဲတွင် ပြင်းထန်သော စကားလုံးတွေရှိပါတယ်။
ဟေဗြဲ ၅:၁၁-၁၃ " ထိုမေလခိဇေဒက်၏အကြောင်းကို ငါတို့ ပြောစရာစကားအများရှိ၏။ သို့သော်လည်း၊ သင်တို့သည် ဥာဏ်နုန့်သောကြောင့် အပြောခက်လှ၏။ သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေ့ဦးစွာ သင်ရသောတရားနုတို့ကို သူတပါးထံ၌ တဖန်သင်ရသော အကြောင်းရှိသည် ဖြစ်၍၊ ကြေခဲသောအစာကို မသုံးဆောင်၊ နို့ကိုသာ သုံးဆောင်ရသောသူဖြစ်ကြ၏။ နို့ကိုသာသုံးဆောင်သောသူမည်သည်ကား၊ သူငယ်ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်းတရား၌ လေ့လာခြင်းမရှိ။"

သင့်အသက်တာနှင့်ပတ်သက်ပြီး စဉ်းစားကြည့်ပါ။ သင်လေ့လာသင်ယူခဲ့ရတဲ့ သမ္မာတရားတို့ကို အစဉ်မပြတ်ကျင့်သုံးပါရဲ့လား၊ အသုံးချပါရဲ့လား။ (သို့) အခြေခံတွေကို လေ့လာသင်ယူနေတုန်းလား။
ဟေဗြဲဆရာက ဆက်ပြောထားသည်မှာ ဟေဗြဲ ၅:၁၄ "ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍ သိနိုင်သောဥာဏ်ပေးတတ်သော၊ အကြားအမြင်အတွေ့ အစမ်းများသော သူတည်းဟူသော၊ စုံလင်သော အရွယ်ရှိသော သူတို့မူကား၊ ကြေခဲသော အစာအာဟာရကို သုံးဆောင်ရကြ၏။ " ၊
ဟေဗြဲ ၆:၁ " ထိုကြောင့်၊ သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကို နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဗတ္တိဇံ တရားကိုသွန်သင်ခြင်း၊ လက်ကိုတင်ခြင်း၊ သေလွန်သော သူတို့၏ထမြောက်ခြင်း၊ ထာဝရစီရင် ဆုံးဖြတ်ခြင်းတည်းဟူသော မူလအမြစ်ကို ငါတို့သည် ပြန်၍ မတည်ဘဲ ၊ ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ်သော အကြောင်းအရာတို့ကိုထား၍၊ စုံလင်သောအဖြစ် သို့ တက်ကြကုန်အံ့။"

ရင့်ကျက်ဖို့ရန် မည်ကဲ့သို့ ပြုရမည်ကို သင်သိမြင်ပါသလား။ သမ္မာတရားကို အစဉ်မပြတ် လေ့လာခြင်းမဟုတ်ပါ၊ (သို့) ညီလာခံဆွေးနွေးပွဲတွေဆက်တိုက်တ က်ရောက်ခြင်းကလည်း မဟုတ်ပါ။ သမ္မာတရားကနေ သင်လေ့လာသင်ယူထားသည့်အရာ တို့ကို အစဉ်မပြတ်ကျင့်သုံးခြင်း ၊ ရည်ရွယ်ချက်ရှိရှိကျင့် သုံးခြ င်းအားဖြင့် သင်၌ ရငိ့ကျက်မှုတွေ ရှိလာပါမည်။ သင်၏ အသိအလိမ္မာတို့ကို လက်တွေ့လုပ်ဆောင်မှုပြုရန် လိုအပ်ပါသည်။
သင်လေ့လာသင်ယူထားသောအရာတို့ကို လက်တွေ့လုပ်ဆောင်နေတယ်ဆိုလျှင် သူတစ်ပါးတို့ကိုလည်း သင်ကြားပြသဖို့ရန် စတင်ရမညိ့အချိန်ဖြစ်ပါတယ်။
ဝိညာဉ်ရေးရာ ရင့်ကျက်မှုတွင် ကြီးထွားစေဖို့ရန် အလျင်မြန်ဆုံးသောနည်းမှာ သင်ကြားပေးခြင်းဖြစ်ပါတယ်။ တကယ့်ကို တော်တဲ့ဆရာတစ်ဦးဖြစ်ဖို့ရန်မလိုပါ။ ဘုရားသခင်အတွက် သင်အဆင်သင့်ရှိနေဖို့ဘဲ အလိုတော်ရှိပါတယ်။
ယနေ့မှာ (၃) မျိုးသော ကတိဝန်ခံချက် ပြုဖို့ သင့်ကို ကျွန်ုပ်စိန်ခေါ်ပါတယ်။
-ပုံမှန်ကျမ်းစာဖတ်ခြင်း၊ လေ့လာခြင်း၊ ကျက်မှတ်ခြင်း ၊ အလေးအနက် တွေးတောငုံးသပ်ခြင်း အစီအစဉ်ကို စတင်ပါ။
-သမ္မာကျမ်းစာကို သင့်အသက်တာအတွက် ဘုရားသခင်၏ သြဇာအမိန်အဖြစ် လက်ခံပြီး ပြောတဲ့အတိုင်း စတင်လုပ်ဆောင်ပါ။
-သမ္မာကျမ်းစာ လေ့လာ သင်ကြားနိုင်တဲ့ အဖွဲ့ငယ်တစ်ခုနှင့် ဆက်သွယ်ပါ။
အထက်ပါ အခြင်းအရာတို့ကို သင်လုပ်ဆောင်တဲ့အခါမှာ ယောဟန် ၁၃:၁၇ တွင်သခင်ခရစ်တော်၏ ကတိတော်တွေ မှန်ကန်ကြောင်းကို သင်တွေ့ရှိပါလိမ့်မည်။
ရှင်ယောဟန် ၁၃:၁၇ " ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။"
ဆင်ခြင်ရန်
-ဝတ်ပြုဆုတောင်းခြင်းကို အချိန်ပေးလျက် ဘုရားသခင်၏ သမ္မာတရားတို့ကို သင်ယူခြင်း၊ ကျင့်သုံးခြင်း၊ သိရှိခြင်းအားဖြင့် ရင့်ကျက်ခြင်းအရာ၌ ကြီးထွားဖို့ရန် ဝန်ခံပါ။ မည်သို့ စတင်ပြောဆိုရမည်ကို မသိပါလျှင် ဤသို့ပြောပါ။ " အဖဘုရား ကျွန်ုပ်အသက်တာအတွက် သြဇာအခြေခံအဖြစ် သမ္မတရားတို့ကို ယခုပင် လက်ခံပါမည်။ သမ္မာတရားတွင်ဆိုထားသောအရာတို့ကို ကျွန်ုပ်၏ အသိအလိမ္မာဖြင့် အကောင်းဆုံးလုပ်ဆောင်ပါမည်။ အဖဘုရား၏ စကားတော်တို့ကို ပုံမှန်ရယူချင်ပါသည်။ လေ့လာသင်ယူရဖို့ရန် ကူညီမစတော်မူပါ။ လေ့လာသင်ကြားလို့ ရနိုင်မည့် ခရစ်ယာန်တို့
ရှိသော အသင်းအဖွဲ့ငယ်ကို တွေ့ဖို့ရန်ကူညီမစတော်မူပါ။ အာမင်"
ရှိသော အသင်းအဖွဲ့ငယ်ကို တွေ့ဖို့ရန်ကူညီမစတော်မူပါ။ အာမင်"