Make your decisions using the light of God’s word

ဘုရားသခင်၏ နှုတ်ကပတ်တော် အလင်းကို အသုံးပြုပြီး သင်၏ဆုံးဖြတ်ချက်တို့ကို ပြုပါ။

ဆာလံ ၁၁၉: ၁၀၅ "နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ။ "

ကျွန်ုပ်တို့သည် အရင်ကထက် များစွာသော ဆုံးဖြတ်ချက်တွေကို ယနေ့မှာ တွေ့ကြုံရင်ဆိုင်ရပါတယ်။ ၎င်းနှင့်ပတ်သက်ပြီး သံသယဖြစ်စရာမရှိပါ။ များစွာသော ရွေးချယ်မှု ဓလေ့ထုံးစံတွေမှာ ကျွန်ုပ်တို့ အသက်ရှင်နေတာဖြစ်ပါတယ်။
ဆုံးဖြတ်ချက်တွေက အရေးပါ အရာရောက်ပါတယ်။ တစ်ခါတစ်ရံမှာ သေးငယ်တဲ့ဆုံးဖြတ်ချက်ကတောင် ကြီးမားတဲ့ တံခါးကို လွှဲယမ်းစေတဲ့ ပတ္တာလိုမျိုးတူပါတယ်။ ကြည့်လိုက်ရင် သေးငယ်ပေမဲ့ အသက်တာအတွက် လားရာကို လုံးဝ ပြောင်းလဲသွားနိုင်ပါတယ်။

ကျွန်တော် ကောလိပ်တက်စဉ်ခါက ကျောင်းသားစုံညီပွဲ တက်ရန် ပွဲမတိုင်မှီအချိန်မှ သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ကျမှ ရောက်သည့်အတွက်   နောက်ဆုံးခုံမှာ ထိုင်ခဲ့ပါတယ်။ ၎င်းထိုင်ခုံတွင်  "Kay" ဆိုသော အမျိုးသမီးတစ်ဦး   ထိုင်နေခဲ့ပါတယ်။ စုံညီပွဲပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်သူ့ကို ချိန်းခဲ့ပါတယ်။ အဲဒီနောက် ကျွန်တော်တို့ စေ့စပ်ခဲ့ကြပါတယ်။ 
အမြင်အားဖြင့် အရေးမကြီးတဲ့ ဆုံးဖြတ်ချက်က ကျွန်ုပ်အသက်တာ တစ်ခုလုံး၏ ဦးတည်ရာကို ပုံသွင်းခဲ့ပါတယ်။

ဆုံးဖြတ်ချက်တွေက လွန်စွာ အရေးပါတဲ့အတွက် မည်သို့ပြုရမည်ကို ကျွန်ုပ်တို့ အမြော်အမြင်ရှိရပါမည်။ သုတ္တံကျမ်းတွင် ဖော်ပြထားသည်မှာ ၂:၃-၅၊ ၉ " စေတနာစိတ်နှင့်ဥာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်၎င်း၊ သိပ္ပံအတတ်ကိုခေါ်၍၊ ဥာဏ်နောက်သို့ အသံ ကိုလွှင့်လျှင်၎င်း ၊ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဥာဏ်ကို စူးစမ်း လျှင်၎င်း၊  ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍၊ ဘုရားသခင်ကိုသိသော ဥာဏ်နှင့်ပြည့်စုံ လိမ့်မည် ၊ ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ်စွာ ကျင့်ခြင်း။ တရားသဖြင့်စီရင်ခြင်း၊ လျစ်လျူစွာ ဆုံးဖြတ် ခြင်းမှစ၍၊ ကောင်းသောလမ်းရှိသမျှတို့ကို သိနားလည် လိမ့်မည်။"

ဆုံးဖြတ်ချက်ပြုရမည့်အချိန်တွင် ဘုရားသခင်အား သင်မည်သို့ နားဆင်ပါသနည်း။ ဤအရာကိုညကျွန်ုပ် "အသင့်ဆုံး စမ်းသပ်မှု" လို့ပြောချင်ပါတယ်။ သင်၏ ဆုံးဖြတ်ချက်တွေနှင့် လုပ်ဆောင်ချက်တွေသည် ဘုရားသခင်၏ အလိုတော်အတိုင်းရတပြေးညီရှိပါသလား။ သမ္မာတရားနှင့် သဟဇာတ ဖြစ်ပါရဲ့လား။

သင်၌ ရွေးချယ်စရာ (၂) မျိုးရှိပါတယ်။ လောကနှင့်ဆိုင်သောအရာ -သူတပါးပြောသောအရာ (သို့) သမ္မာတရား -ဘုရားပြောသောအရာ တို့ဖြစ်တယ်။
လက်ရှိ ထင်ရှားတဲ့ ထင်မြင်ချက်တွေပေါ်မှာ သင်၏ ဆုံးဖြတ်ချက်ကို တည်ပါလျှင် သင်အမြဲတမ်း ကတုန်ကရင် ဖြစ်နေပါမည်။ ဘာကြောင့်လဲဆိုတော့ ဓလေ့ထုံးစံတွေက နေ့စဉ် ပြောင်းလဲနေပါတယ်။ တခြားတဖက်မှာတော့ ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားတို့ပေါ် သင်၏ဆုံးဖြတ်ချက်ကို တည်စေပါလျှင် သင်၌ခိုင်မာသော အုတ်မြစ်ရှိနေပါမည်။ ဘာကြောင့်လဲဆိုတော့ သမ္မာတရားသည် ဘယ်တော့မှ မပြောင်းလဲပါ။

တစ်လောက ကျွန်တော့အိမ်၏ အမိုးထပ်ခိုးပေါ် တက်ခဲ့ပါတယ်။ အဲဒီမှာ ရှိတဲ့အလင်းက ပျက်နေပါတယ်။ အမှောင်ထဲမှာ လျှောက်ရင်း ခေါင်းကို ဆောင့်မိခဲ့ပါတယ်။ လက်နှိပ်ဓါတ်မီး လိုတယ်လို့ ကျွန်ုပ်စဉ်းစားမိလိုက်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ ဆုံးဖြတ်ချက်ချတဲ့အခါမှာ အမှောင်ထဲမှာ ခေါင်းဆောင့်သလို ခံစားကောင်း ခံစားရပေမည်။ ကံကောင်းစွာဖြင့် ဘုရားသခင်က လက်နှိပ်ဓါတ်မီးလိုမျိုး အရာဖြစ်တဲ့ သမ္မာကျမ်းစာကို ပေးခဲ့ပါတယ်။

ဆာလံ ၁၁၉:၁၀၅ " နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။"
သင်နားမလည်သည့်တိုင် ဘုရားသခင်၏ နှုတ်ကပတ်တော် အလင်းငည် သင်၏ ရွေးချယ်မှုကို ရှင်းလင်းစေပါတယ်။ ကျွန်ုပ် လျှပ်စစ်အကြောင်းကိုတော့ နားမလည်ပါ။ သို့ပေမဲ့ အလင်းပေးခြင်းနှင့် TV ကြည့်ခြင်းတွေကို မရပ်တန့်စေပါဘူး။ ကျွန်ုပ် ရူပဗေဒဆိုင်ရာ ဆီလောင်ကျွမ်းခြင်းမှ အင်ဂျင်လည်ပတ်ခြင်းအကြောင်းကို နားမလည်ပါ။ သို့ပေမဲ့ ကျွန်ုပ်ကားမောင်းနေစဲပါ။ 

သမ္မာကျမ်းစာရှိ ဘုရားပြုသောအရာမှ အကျိုးကျေးဇူးဖြစ်ဖို့ရန် ဘာကြောင့် ဘုရားသခင်ပြောသလဲဆိုတာနဲ့ ပတ်သက်ပြီး သင်နားလည်ဖို့ရန် မလိုအပ်ပေ။ ဘုရားသခင်၏ လမ်းညွှန်မှုတွေကိုသာ လိုက်နာပြီး အခြေခံငဘောတရားတို့အတိုင်း လိုက်လျှောက်အသက်ရှင်ဖို့သာ လိုအပ်ပါဆယ်။ သင်၏အကျိုးကျေးဇူးအတွက်ဘသူ၏လမ်းညွှန်ချက်တွေကို ပေးနေပါတယ်။ ၎င်းကို လိုက်လျောက်အသက်ရှင်ခြင်း ရလဒ်အနေဖြင့် သင်ကောင်းချီးခံစားရပါမည်။

ဆင်ခြင်ရန်
- အမြင်အားဖြင့် အရေးမကြီးဘူးလို့ ထင်ရတဲ့ မည်သို့သော ဆုံးဖြတ်ချက်က သင့်အသက်တာအတွက် ကြီးမားတဲ့ တံခါးကို လွှဲယမ်းစေခဲ့တဲ့ ပတ္တာသေးတစ်ခုလို ဖြစ်နေခဲ့ပါသနည်း။
- လေကကြီးရဲ့ အကြံဉာဏ် (သို့) ဘုရားသခင်၏ သမ္မာတရားပေါ်မှာ သင်၏ ဆုံးဖြတ်ချက်တွေကို ချခဲ့ဖူးပါသနည်း။ သမ္မာတရားပေါ်မှာ ဆုံးဖြတ်ချက် ချဖို့ရန် မည်သို့သောခြေလှမ်းတွေဖြင့် ယနေ့တွင် သင်ပြုနိုင်မည်နည်း။
- တစ်စုံတစ်ခုသော ဆုံးဖြတ်ချက်ချဖို့ရန် အကြောင်းကို စဉ်းစားကြည့်ပါ။ ၎င်းနှင့် ပတ်သက်ပြီး အချိန်ခဏယူလျက် ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားကနေ ဘုရားဘာကို ဖော်ပြသလဲဆိုတာကို ကြည့်လိုက်ပါ။