Unicode Version
ဤအမှုပြီးပြီ
ဤအမှုပြီးပြီ
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၉:၂၈,၃၀ "ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှါ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။ ယေရှုသည် ပုံရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို ငိုက်ဆိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏။"
မသေဆုံးခင် ဤကမ္ဘာပေါ်ရှိ သူလုပ်ဆောင်စရာ အားလုံးတို့ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သူတစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ သခင်ခရစ်တော်ဖြစ်ပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၄:၃၄ တွင် သခင်ခရစ်တော် ပြောထားသည်မှာ "ယေရှုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။"
ဘုရားသခင် ပေးတော်မူသော လုပ်ဆောင်စရာတို့ကို သခင်ခရစ်တော် ပြုခဲ့ခြင်းက သင်နှင့် ကျွန်ုပ်အတွက် အလွန်တရာ အကျိုးထူးပါသည်။ သခင်ခရစ်တော် ကားတိုင်ထက် မသေဆုံးခင်မှာ ပထမဆုံးငသာ Good Friday, တွင် သမ္မာကျမ်းစာက ဖော်ပြထားသည်မှာ
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၉:၂၈,၃၀ "ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှါ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။ ယေရှုသည် ပုံရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို ငိုက်ဆိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏။"
"ဤအမှုပြီးပြီ" လို့ သခင်ခရစ်တော်ဆိုသောစကားသည် အောင်နိုင်သူ တစ်ဦး၏ အော်သံဖြစ်ပါတယ်။ ဤစကားရပ်သည် ဂရိဘာသာစကားတွင် ”tetelestai” ဖြစ်ပြီး ရှေးဂရိလူမှုအဖွဲ့အစည်းတွင် အဓိပ္ပါယ်များစွာဖြင့် ရှိခဲ့သော စကားလုံးဖြစ်ပါသည်။ သခင်ခရစ်တော် ကားတိုင်ထက်က ပြောခဲ့သော ဤစကားသည် အဓိပ္ပါယ်များစွာကို ဖော်ညွှန်းပါသည်။
-အမှုထမ်း၊ အလုပ်သမားတို့ အလုပ်ပြီးမြောက်လို့ အလုပ်ရှင်ထံ သတင်းနှင့်အတူ ပြန်လာတဲ့အခါမှာ ၎င်းစကားကို အသုံးပြုပါတယ်။ သခင်ခရစ်တော်သည်လည်း ဘုရားသခင် ပေးအပ်ထားတဲ့အမှုကို ပြီးမြောက်စေခဲ့ပါတယ်။
- အကျဉ်းသားတစ်ယောက်၏ အကျဉ်းကျခံရချိန်ကို ပြည့်ဝစွာ ကျေပွန်ခဲ့တဲ့အတွက် တရားသူကြီးက သူ့အား တရားရေးဆိုင်ရာကြေငြာချက် ထုတ်ပြန်ချက်တွင် ဥပဒေဆိုင်ရာ ဝေါဟာရအဖြစ်လည်း ၎င်းစကားကို အသုံးပြုပါတယ်။
-ပေးဆပ်စရာအားလုံး အပြည့်အဝ ပေးခဲ့ပြီးလို့လည်း စာရင်းအင်းဝေါဟာရအရ ၎င်းစကားလုံးကို အသုံးပြုပါတယ်။ ကျွန်ုပ်တို့၏ အပြစ်ကြွေးတို့ကို သခင်ခရစ်တော် ပြည့်ဝစွာ ပေးခဲ့ပြီ ဖြစ်တယ်။
-ပန်းချီဆရာ တစ်ဦးသည်လည်း ပန်းချီဆွဲတဲ့အခါ သူ၏နောက်ဆုံးစုတ်ချက်ကို အညွှန်းသင်္ကေတပြုဖို့ရန် "ပြီးဆုံးပြီ" ဆိုတဲ့ သတ်မှတ်ခေါ်ဝေါ်ခြင်းအဖြစ် ၎င်းစကားလုံးကို အသုံးပြုပါတယ်။
ဘုရားသခင်၏ ဖန်ဆင်းခြင်းထဲမှ အထွတ်အထိပ်ဖြစ်တဲ့ ကျွန်ုပ်တို့ကို အပြစ်ကြွေးမှ ရွေးနုတ်ဖို့ရန် ဖြစ်နိုင်သမျှ လုပ်ဆောင်ခဲ့ခြင်းအားဖြင့် သခင်ခရစ်တော်၏ စွန့်လွှတ်ခဲ့မှုသည် ဘုရားသခင်၏ ကြီးမြတ်သော လက်ရာတော်ဖြစ်ပါတယ်။
-ဘုန်းတော်ကြီးတို့သည်လည်း ဘုရားသခင်ထံ ယဇ်ပူဇော်ခြင်းပြုတဲ့အခါမှာ "ဤယဇ်ပူဇော်ခြင်း ပြုပြီးပြီ"လို့ ပြီးဆုံးခြင်းဆိုတဲ့ ဝေါဟာရအဖြစ် အသုံးပြုပါတယ်။ သခင်ခရစ်တော်၏ ကားတိုင်ထက် အသေခံခြင်းသည် ကျွန်ုပ်တို့ အပြစ်အတွက် စွန့်လွှတ်အနစ်နာခံခြင်း ဖြစ်ပါတယ်။
ဤအမှုပြီးပြီဆိုတဲ့ ရိုးစင်းတဲ့စကားလုံးသည် ခရစ်ယာန်ဖြစ်ခြင်းဆိုတာကို တခြားသော ဘာသာရေးတွေကနေ ခွဲခြားသိမြင်စေခြင်း ဖြစ်တယ်။ တခြားသော ဘာသာရေးတွေက သူတို့၏ ဘုရားနှင့် မှန်မှန်ကန်ကန်ပြုဖို့လိုအပ်ခြင်း အကြောင်းတရား ဖြစ်ပါတယ်။
သခင်ခရစ်တော် ပြောထားသည်မှာ "ဤအမှုပြီးပြီ"။ ဘုရားသခင်ကို ရဖို့ သင်ဘာမှ လုပ်ဆောင်စရာမလိုပါ။ အရာအားလုံးအတွက် သူပြုခဲ့ပြီးပြီ။ သင်သူ့ကိုသာ ယုံကြည်ဖို့ ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-သင့်အတွက် သခင်ခရစ်တော် အရေးကြီးတဲ့အရာတွေကို လုပ်ဆောင်ခဲ့ပြီလို့ သိရှိခြင်းသည် ယနေ့ သင့်ရှေ့တွင်ရှိနေသော လုပ်ဆောင်စရာတွေပေါ် မြင်သောအမြင်ကို မည်ကဲ့သို့ ပြောင်းလဲစေပါသနည်း။
-"ဤအမှုပြီးပြီ" လို့ အဓိပ္ပါယ် သက်ရောက်စေတဲ့ အထက်ပါ အချက် (၅) ချက်တွင် မည်သည့်အချက်က သင့်အတွက် အရေးကြီးဆုံး ဖြစ်ပါသနည်း။ ဘာကြောင့်နည်း။
- ကျွန်ုပ်တို့အတွက် တစ်ပြားမှ မကုန်ခဲ့တဲ့ ကယ်တင်တော်မူခြင်းနည်းကို ဘုရားသခင်ပြုခဲ့သော ဖြစ်ရပ်အားဖြင့် ဘုရား၏ ဝိသေသလက္ခဏာနှင့် ပတ်သက်ပြီးရကျွန်ုပ်တို့ မည်ကဲ့သို့ သိရှိနားလည် နိုင်ပါမည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
ဤအမႈၿပီးၿပီ
ဆင်ခြင်ရန်