How to welcome God’s word into your life

Unicode Version 

ရှင်ယာကုပ် သြဝါဒစာ ၁:၂၁ "ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ် ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်ပျိုးသောနှုတ်ကပတ်တရားကို နှုးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြလော့။  "
အမေရိကန်နိုင်ငံမှာ သမ္မာကျမ်းစာအုပ်ကို နေရာတော်တော်များများမှာ ရှာဖွေတွေ့နိုင်ပါတယ်။ ကုန်စုံဆိုင်မှအစ မိုတယ်အခန်းတွေထိတိုင် ပုံစံမျိုးစုံ၊ အရွယ်စုံနှင့်ဘာသာပြန်ဆိုထားခြင်းများစွာဖြင့် တွေ့ရပါမည်။ မဂ္ဂဇင်းတွေ ၊ TV  နှင့် ရေဒီယို တွေကနေ တစ်စိတ်တစ်ပိုင်း ကြားနာဖတ်ရှုရနိုင်ပါတယ်။ သမ္မာကျမ်းစာ၏ ကောင်းချီးမင်္ဂလာတွေကို တစ်ချို့သေယ သူတွေများသွာ လက်လွဗတ်သွားတာတွေ၊ မကြားလိုက်တာတွေ နေရာတိုင်းမှာ ရှိပါတယ်။ 

ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ ဤကောင်းချီးက အလိုအလျောက် မဖြစ်ပါ။ ရှင်ယာကုပ် သြဝါဒစာ ၁:၂၁ တွင် ကျမ်းစာအားဖြင့် ကောင်းချီးရဖို့ရန် "အထဲ၌ စိုက်ပျိုးသော နှုတ်ကပတ်တော်ကို နူးညံ့သိမ်မွေ့သော စိတ်သဘောနှင့်ခံယူကြလော့။" "ခံယူကြလော့" ဆိုတဲ့ဘအဓိပ္ပါယ်က "ကြိုဆိုဖို့ရန်" ဖြစ်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ကောင်းချီးမင်္ဂလာဖြစ်လိုပါလျှင် နှုတ်ကပတ်တော်ကို သင့်အသက်တာထဲသို့ ဦးဆုံးကြိုဆိုရပါမည်။ 

ရှင်ယာကုပ်က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို (၄) မျိုးသော တိကျတဲ့သဘောထားဖြင့် ကြိုဆိုလက်ခံခွင့်ပြုရမည်လို့ ဆိုပါတယ်။

ပထမဦးစွာ သတိပြုပါ။ ရှင်ယာကုပ် ၁:၁၉ "  သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကား ပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။" ကျွန်ုပ်တို့ကို ဘုရားသခင် နားနှစ်ဖက်နှင့် ပါးစပ်တစ်ပေါက်ပေးထားပါတယ်။ ကျွန်ုပ်တို့ ပြောဆိုနေတာထက်ကို နှစ်ဆ နားထောင်ဖို့ရန် လိုအပ်ပါတယ်။ ဖြည်းညင်းစွာ ပြောဆိုခြင်း နှင့် မြန်ဆန်စွာနားထောင်ခြင်းအရာက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံရရှိဖို့ရန် သတိပြုစရာ သဘောထားကို ပေးပါတယ်။

ဒုတိယအနေဖြင့် တည်ငြိမ်နေပါ။ ရှင်ယာကုပ် သြဝါဒစာ ၁:၁၉ နောက်ပိုင်းအပိုဒ်တွင် "အမျက်ထွက်ခြင်းငှာ နှေးကြစေ" သင်စိတ်ဆိုးနေတဲ့အခါမှာ သင်များစွာ မကြားနိုင်တော့ပါ။ သို့ပေမဲ့ တည်ငြိမ်တဲ့ စရိုက်လက္ခဏာသည် သဘောပေါက်လက်ခံလွယ်မှုကို တိုးပွားစေပါတယ်။ ဘုရားကျောင်း (သို့) သင်ကိုယ်ပိုင် စာဖတ်ခြင်း၌ ဖြစ်စေ သမ္မာကျမ်းစာကို ဖတ်ရှုနားဆင်ရန် အဆင်သင့်ဖြစ်တဲ့အခါ သင်၏ စိတ်ကိုတည်ငြိမ်အောင် အချိန်ခဏယူပါ။ သို့မှသာ ဘုရားသခင် ပြောသော စကားတော်ကို သင်နားထောင်နိုင်စွမ်း ရှိလာပါမည်။

တတိယအနေဖြင့် သန့်ရှင်းစင်ကြယ်ပါ။ ရှင်ယာကုပ်က ကျွန်ုပ်တို့ကို ပြောထားသည်မှာ ယာကုပ် ၁:၂၁ "ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ် ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်ပျိုးသောနှုတ်ကပတ်တရားကို နှုးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြလော့။"။ ညစ်ညူးသော စကားလုံးသည် ဂရိစကားအရ "နားဖားချေး" လို့အဓိပ္ပါယ်ရပါတယ်။ သင့်အသက်တာတွင် အပြစ်ပြုတဲ့အခါမှာ
ဘုရားသခင်၏ နှုတ်ကပတ်တော် ကြားခြင်းအရာကို ပိတ်ဆို့သွားစေပါတယ်။ အဲဒီ နားဖာချေးကို မည်ကဲ့သို့ သန့်ရှင်းအောင် လုပ်ဆောင်မည်နည်း။ ဝန်ခံခြင်းဖြငိ့ လုပ်ဆောင်ရပါမည်။
ရှင်ယောဟန် သြဝါဒစာ ပဌမစောင် ၁:၉ "ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။"

စတုတ္ထအနေဖြင့် နှိမ့်ချခြင်းရှိပါ။ ရှင်ယာကုပ် ၁:၁၉ " သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကား ပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ "။ ဘုရားသခင်ထံ သင်ကြားနိုင်သော ၊ စွန့်လွဗတ်နိုင်သော ၊ အပ်နှံနိုင်သော သူဖြစ်စေပါ။ အားလုံးကို သိတယ် ပုံစံနဲ့ သမ္မာကျမ်းစာဆီ ချဉ်းကပ်တဲ့အခါမှာ နှုတ်ကပတ်တော်သည် သင်၌မရောက်ရှိတော့ပါ။ ပြောင်းလဲဖို့ရန်ဘတစ်စုံတစ်ခုကျုညပြင်ဆင်ခြင်း အသက်တာဖြင့်သမ္မာကျမ်းစာဆီ သွားပါ။

ဘုရားသခင်၏ နှုတ်ကပတ်တော် ကောင်းချီးမင်္ဂလာကို သင့်အသက်တာထဲသို့ ကြိုဆိုဖို့ရန် အဆင်သင့် ဖြစ်ပြီလား။ သတိရှိခြင်း ၊ တည်ငြိမ်ခြင်း ၊ သန့်ရှင်းစင်ကြယ်ခြင်း နှင့် နူးညံ့ သိမ်မွေ့ခြင်း ၊ နှိမ့်ချခြင်း လက္ခဏာများဖြင့်တိုးဝင်ပါ။ ၎င်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရရှိဖို့ရန် နှင့် ကတိတော်နှင့်ဆိုင်သော ကောင်းချီးမင်္ဂလာကို ကြိုဆိုဖို့ရန် ပြင်ဆင်ပေးပါလိမ့်မည်။

ဆင်ခြင်ရန်
-ဘုရားသခင်၏ နှုတ်ကပတ်တော် ကောင်းချီးမင်္ဂလာကို သင်ဘယ်အချိန်တုန်းက တွေ့ကြုံခံစားရပါသနည်း။ အဲဒီကောင်းချီးမင်္ဂလာကို လက်ခံရရှိဖို့ရန် မည်သို့သော တွေးခေါ်မှုနှင့် လက္ခဏာတွေ သင်၌ ရှိနေပါသနည်း။
-နေ့စဉ်အသက်တာ၌ သမ္မာတရားကို မည်သို့သော အရာတွေဆီကနေ လက်ခံတွေ့ဆုံနေပါသနည်း။ စာအုပ်စင်ပေါ်ကဘကျမ်းစာအုပ် (သို့) ဖုန်း (သို့) အလုပ်သွားချိန် လမ်းတွင် podcast ကနေ ရရှိပါသလား။ နေ့စဉ်အသက်တာမှာဘနှုတ်ကပတ်တော်ကိုညလက်ခံရရှိဖို့ရန် သင့်ကိုယ်သင် မည်ကဲ့သို့ ပြငိဆင်ပါသနည်း။
-ဘုရားသခင်၏ နှုတ်ကပတ်တော်ဆီ ချဉ်းကပ်တဲ့အခါမှာ သတိပြုခြင်း၊ တည်ငြိမ်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း နှင့် နှိမ့်ချခြင်းတွေ ပြုသင့်ပါတယ်။ ဤအရာတွေထဲက မည်သည့်အရာက သင့်အတွက် အခက်ခဲဆုံးဖြစ်ပါသနည်း။ ဤတစ်ပတ်တွင် အဲဒီ လက္ခဏာအချက်ကို အာရုံစိုက်ဖို့ရန် ရွေးချယ်ပါ။