ဟေဗြဲသြဝါဒစာ ၂:၁ "ထို့ကြောင့်၊ ငါတို့သည် ကြားရသော ဒေသနာတော်ကို မမေ့မလျော့မည်အကြောင်း၊ စိတ်နှလုံး၌သာ၍ မှတ်မိစွဲလမ်းခြင်းရှိရကြမည်။ "
သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ အကြီးမြတ်ဆုံသော လက်ဆောင်ဖြစ်ပါတယ်။ သို့ပေမဲ့ ပိတ်ထားတဲ့ သမ္မာကျမ်းစာအုပ်ကတော့ တန်ဖိုးမဲ့စေပါတယ်။ သမ္မာကျမ်းစာ၏ ကောင်းကျိုးတွေကို ရိတ်သိမ်းရဖို့ရန် ၎င်း၏ သမ္မာတရားတို့ကို သင့်အသက်တာထဲသို့ ပြန်လှည့်ဖို့ရန် လိုအပ်ပါတယ်။
နှလုံးသားကို ဖွင့်ပြီး အာရုံစူးစိုက်မှုနှင့်အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံခြင်းအားဖြင့် သမ္မာတရားကို အသက်တာထဲသို့ ပြန်လှည့်ဖို့ရန် လုပ်ဆောင်နိုင်သော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သခင်ခရစ်တော် ဆိုထားသည်မှာ လုကာခရစ်ဝင် ၈:၁၃၊ ၁၈ " ကျောက်ပေါ်၌ရှိသောသူကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ခံယူသော်လည်း စိတ်နှလုံး၌အမြစ်မစွဲ၊ ခဏသာယုံကြည်သဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအခါ ဖောက်ပြန်သောသူကို ဆိုလိုသတည်း။ ထိုကြောင့်သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြောင်းမူကား၊ အကြင်သူသည်ရတတ်၏၊ ထိုသူ့အားပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ဥစ္စာရှိဟန်ဆောင်သမျှကိုပင်နှုတ်လိမ့်မည်ဟု မိန့်တော်မူ၏။"
ဤကျမ်းပိုဒ်ရှိ "ခံယူသည်၊ ရရှိသည်" ဆိုတဲ့စကားလုံးသည် ဂရိဘာသာစကားအရ "ကြိုဆိုလက်ခံ" ခြင်းအဓိပ္ပါယ်ရပါတယ်။ သဘောထားကြီးသော အိမ်ရှင်တစ်ဦးက သူစိမ်းဧည့်သည်ကို ကြိုဆိုလက်ခံသကဲ့သို့ ဘုရားသခင်၏ စကားတော်တို့ကို သင်ကြိုဆိုလက်ခံနိုင်ပါတယ်။
သို့ပေမဲ့ ဤကျမ်းပိုဒ်တွင် သတိပေးတိုက်တွန်းခြင်းတွေလည်း ပါဝင်ပါတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့နားထောင်နေသလဲ ဆိုတာကို သတိပြုဖို့တော့ လိုအပ်ပါတယ်။ စိတ်နှလုံးဖွင့်ပြီး သင်ယူနိုင်သော လက္ခဏာနှင့်အတူ ခံယူပါ။
ကြားနာခြင်းထက်ကို ၎င်းသည် ပိုမိုပါတယ်။ တစ်စုံတစ်ဦးကို အမှန်တကယ် နားထောင်ခြင်းမဟုတ်သည့်တိုင် ကျွန်ုပ်တို့ အားလုံးကြားနိုင်ပါတယ်။ ယနေ့ သတင်းစကားကို သင်ဖတ်နေသော်လည်း စကားလုံးတွေကို ဖတ်နေပေမဲ့ ပြောချင်တဲ့ Message ကိုသင်နားမထောင်နေတာလည်း ဖြစ်နိုင်ခြေရှိပါတယ်။ မျက်လုံးက ဖတ်နေပေမဲ့ စိတ်နှလုံးက မိုင်ပေါင်းများစွာ ဝေးကောင်းဝေးနေပါမည်။
သမ္မာကျမ်းစာက ဆိုထားသည်မှာ ဘုရားသခင်၏ စကားတော်ကို ကျွန်ုပ်တို့ လက်ခံဖို့ လိုအပ်ပါတယ်။ WiFi ဆက်သွယ်မှုကို ကြည့်ရအောင်။ မြန်နှုန်းမြင့်တဲ့ ဆက်သွယ်မှုအတွက် သင်လိုချင်တဲ့အရာကို အလျင်အမြန်၊ ချောမောစွာ download နိုင်ပါတယ်။ WiFi မရသည့် အခြေအနေမှာဆိုရင် သင်၏ device မှာ သင်လိုချင်တာ မရနိုင်ပါ။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည်လည်း ထိုနည်း၎င်းပင် ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ ခိုင်မာတဲ့ ဆက်သွယ်မှု မရှိပါ။ ၎င်းသည် ဘုရားသခင်၏ စကားတော်ကို လက်ခံရရှိဖို့ ကင်းဝေးစေပါတယ်။
တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ အာရုံစိုက်မှု မရှိတဲ့အတွက်ကြောင့် သမ္မာတရားနှင့် ဆက်သွယ်မှု အားနည်းကြပါတယ်။ တစ်ချို့အရာတွေက ဘုရားနှင့် ဆက်သွယ်မှုကို ပိတ်ဆို့ နေတတ်ပါတယ်။ ဘုရားနှင့် ဆက်သွယ်မှုရှိခြင်း (သို့) တစ်စုံတယောက်နှင့် ဆက်သွယ်မှု ပြတ်တောက်ခြင်းတွေ ဖြစ်ကောင်းဖြစ်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ခိုင်မာသော ဆက်သွယ်မှု ပြန်လည်ရှာဖွေနိုင်တဲ့အခါမှာ ဘုရားသခင်သည် ၎င်းအားအသုံးပြုပြီး သင့်ကိုစကားပြောပါလိမ့်မည်။
ဟေဗြဲ ၂:၁ " ထို့ကြောင့်၊ ငါတို့သည် ကြားရသော ဒေသနာတော်ကို မမေ့မလျော့မည်အကြောင်း၊ စိတ်နှလုံး၌သာ၍ မှတ်မိစွဲလမ်းခြင်းရှိရကြမည်။"
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လွင့်မျောသည့်အခွင့်ပေးမည့်အစား မည်ကဲ့သို့ ဆုပ်ကိုင်နိုင်မည်နည်း။ တနည်းကတော့ မှတ်သားခြင်းဖြစ်တယ်။ ဘုရားသခင်သင့်အား စကားပြောသော ဤသတင်းစကား တစ်စိတ်တစ်ဒေသကို ရွေးချယ်ပြီး သင်၏ စာအုပ် (သို့) ဖုန်းတွင် ရေးမှတ်လိုက်ပါ။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စိတ်နှလုံးဖွင့်လျက် အာရုံစိုက်ပြီး လက်ခံနေတာကို သင်စတင် တွေ့မြင်ပါလိမ့်မည်။ တမန်တော် ၂:၄၁ " ထိုစကားကို အသင့်နှလုံးသွင်းမိသော သူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သော သူတို့သည်ဝင်ကြ၏။"
ဆင်ခြင်ရန်
သူစိမ်းဧည့်သည်ကို ကြိုဆိုလက်ခံဖို့ရန် ပြင်ဆင်စရာတို့ကို ရေးမှတ်ပါ။ သင့်အသက်တာတွင်လည်း သမ္မာတရားတို့ကို မည်ကဲ့သို့ တူညီသောနည်းလမ်းတွေဖြင့် လက်ခံကြိုဆိုဖို့ရန် ပြင်ဆင်နိုင်မည်နည်း။
-သမ္မာကျမ်းစာကညသင့်အသက်တာက်ု ပြောင်းလဲစေတယ်ဆိုတာကို သင်မည်ကဲ့သို့ တွေ့မြင်နိုင်ပါမည်နည်း။