Unicode Version
ရှင်ယာကုပ်သြဝါဒစာ ၁:၂၃-၂၄ " တရားကိုမကျင့်ဘဲနာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သော သူနှင့်တူ၏။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ခြင်း မေ့လျော့တတ်၏။"
ရှင်ယာကုပ်သြဝါဒစာ ၁:၂၃-၂၄ " တရားကိုမကျင့်ဘဲနာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သော သူနှင့်တူ၏။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ခြင်း မေ့လျော့တတ်၏။"
သင်နောက်ဆုံး မှန်ကြည့်ခဲ့တာ ဘယ်အချိန်ဖြစ်သနည်း ။ တစ်နေ့ တစ်ကြမ်ကြည့်တာ ဖြစ်နိုင်ချေ ရှိသလို ဒီထက်မက ကြည့်ကောင်းကြည့်ပါမည်။ ဘာကြောင့် မှန်ကို ကြည့်ရပါသနည်း။ သင့်ကိုယ်သင် ချင့်ချိန်နိုင်ဖို့ သင်အသုံးပြုပါတယ်။ ပြီးတော့ သင်မြင်ရတဲ့အရာနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ လုပ်ဆောင်ပါတယ်။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မှန်နှင့်တူတယ်လို့ သမ္မာကျမ်းစာက ဖော်ပြထားပါတယ်။ ရှင်ယာကုပ် သြဝါဒစာ ၁:၂၃-၂၄ " တရားကိုမကျင့်ဘဲနာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သော သူနှင့်တူ၏။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ခြင်း မေ့လျော့တတ်၏။"
အပြင်ပန်းသဏ္ဌာန် ဖြစ်သည်အတိုင်း မှန်ထဲတွင် ထင်ဟပ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည်လည်း သင့်အထဲက ဖြစ်တည်သည့်အတိုင်း ထင်ဟပ်ပါသည်။
သင့်ကိုယ်သင် သမ္မာကျမ်းစာတွင် မြင်ဖူးပါသလား။ ဟေဗြဲ ၄:၁၂ တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏လို့ ဆိုထားပါတယ်။ " ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။ ၎င်းသည် လူတော်တော်များများ ကျမ်းစာ မဖတ်ခြင်း၏ အကြောင်းရင်းဖြစ်ပါတယ်။ သူတို့၌ဖြစ်သော စစ်မှန်မှုကို ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ကြည့်ဖို့ရန် ကြောက်ကြပါဆယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်၏စိတ်ဝိညာဉ်ကြည့်သောမှန်အဖြစ် အသုံးပြုဖို့ရန် အဆင်သင့်ဖြစ်ပါလျှင် လုပ်ဆောင်ဖို့ရန် ရှင်ရာကုပ်ကျမ်းက သင့်ကို အသုံးဝင်သော နည်းလမ်း (၃) မျိုးကို ပေးပါတယ်။
ပထမဦးစွာ ဖတ်ရှုပါ။ သာမန်ကာလျှံကာ မဖတ်ပါနှင့်။ စေ့စပ်သေချာစွာ ဖတ်ပါ။ ရှင်ယာကုပ် သြဝါဒစာ ၁:၂၅ တွင် "စုံလငိသော တရား၌ စေ့စေ့ကြည့်ရှု၍" လို့ဖော်ပြထားသော သူကဲ့သို့ ဖြစ်စေပါ။ ကျွန်ုပ်တို့အားလုံး မှန်ကို ဖျတ်ခနဲကြည့်လိုက်ပြီး အလျင်အမြန် ထွက်ခွါသွားကြတယ်။ မြင်ခဲ့ရတဲ့အရာ အသေးစိပ်တို့ကိုလည်း မေ့သွားကြပါတယ်။ သျု့ပေမဲ့ ကျွန်ုပ်တို့ဘနှုတ်ကပတ်တော်မှန်ကို အချိန်ယူလျက် စေ့စေ့ကြည့်ဖို့ရန် ဘုရားသခင် အလိုတော်ရှိပါတယ်။
ထို့နောက် ပြန်လည်ဆန်းစစ်ပါ။ ဤရှင်ယာကုပ်ကျမ်းကဘဲ "နှုတ်ကပတ်တော်ကို တစ်ကြိမ်သာ ကြည့်သောသူ မဟုတ်ဘဲ အကျင့်ကျင့်သောသူ" အကြောင်းကို ဖော်ပြထားပါတယ်။ ဤလူကား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကြိမ်များစွာ ကြည့်ရှုပါသည်။ ရှင်ယောဟန်ခရစ်ဝင် ၈:၃၁ "ထိုအခါယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။ " ဆာလံကျမ်း ၁၁၉:၉၇ " ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန် နှစ်သက်ပါ၏။ တနေ့လုံးဆင်ခြင်အောက်မေ့လျက် နေပါ၏။"
တတိယအနေဖြင့် သမ္မာကျမ်းစာကို အမှတ်ရနေပါ။ ရှင်ယာကုပ် ၁:၂၅ တွင် သမ္မာကျမ်းစာ ဖတ်ပြီးနောက် သတိရဖို့ရန် အကြောင်းဖော်ပြထားပါတယ်။ နှုတ်ကပတ်တော်ကို သိုမှီးထားခြင်း အလေ့အထသည် သင်၏ စိတ်ဝိညာဉ်အသက်တာကို ပွားများလာစေပါသည်။ ဆာလံကျမ်း ၁၁၉:၁၁ " ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည် အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။ "
တခြားနည်းလမ်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ သင်ယူရရှိသည့် အရာတွေကို ချရေးထားခြင်းဖြင့်လည်း အမှတ်ရစေပါတယ်။ ဟေဗြဲ ၂:၁ " ထို့ကြောင့်၊ ငါတို့သည် ကြားရသော ဒေသနာတော်ကို မမေ့မလျော့မည်အကြောင်း၊ စိတ်နှလုံး၌သာ၍ မှတ်မိစွဲလမ်းခြင်းရှိရကြမည်။" နောက်တစ်ကြိမ် ဘုရားသခင်သွန်သင်ပေးသော ဒေသနာတို့ကို ချရေးလိုက်ပါ။ သို့မှသာ လက်လွတ်ဆုံးရှုံးမှု မရှိနိုင်မည်။
မှန်ကို စေ့စေ့ကြည့်ပြီး မိမိကိုယ်ကို ပြောင်းလဲဖို့ အသုံးပြုသော ထိုသူကို သတိရပါသလား။ သင်သည်လည်း ထိုသူကဲ့သို့ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း ၊ ပြန်လည်ဆန်းစစ်ခြင်း နှင့် အမှတ်ရခြင်းအားဖြင့် သင့်ကိုယ်သင် ထင်ဟပ်စေနိုင်ပါသည်။
ဆင်ခြင်ရန်
- သင်၏ နှောင်းပိုင်းအသက်တာအကြောင်းကို ပြန်လည်တွေးကြည့်ပါ။ ဘုရားသခင်၏ နဗုတ်ကပတ်တော်မှန်ကို ဖျတ်ခနဲ (သို့) စေ့စေ့ကြည့်ခဲ့ဖူးပါသလား။ ဤတစ်ပတ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်ကဲ့သို့သော နည်းလမ်းဖြင့် သင်စေ့စေ့ကြည့်နိုင်ပါမည်နည်း။
-သင့်ကိုယ်သင် နှုတ်ကပတ်တော်မှန်ကနေ တွေ့မြင်ဖူးပါသလား။ သင်မြင်ခဲ့ရသော အရာနှင့် ပတ်သက်ပြီး ဘာကိုသင် လုပ်င်ခဲ့ဆောင်ခဲ့ပါသနည်း။
-ဘုရားသခင် သွန်သင်သောအရာ -ကျမ်းပိုဒ်တွေကို (၂) မျိုးသော နည်းလမ်းဖြင့် သိုမှီးခြင်း (သို့) မှတ်သားခြင်းဖြင့် ရည်ရွယ်ချက်ရှိရှိ မှတ်ယူရရှိနိုင်ပါမည်။ ယနေ့သတင်းစကားကို ပြန်လည်ကြည့်ရှုပါ။ သင်ဖတ်ရှုသော ဘုရား၏ သင့်အပေါ် သွန်သင်ချက်တွေကို ရေးချပါ (သို့) အမှတ်ရစေဖို့ရန် ကျမ်းပိုဒ်တစ်ခုကို ရွေးချယ်လိုက်ပါ။