How to Live Free from Satan’s Power

Unicode Version

စာတန်၏တန်ခိုးကနေ ကင်းလွှတ်ဖို့ရန် မည်ကဲ့သို့ အသက်ရှင်နေထိုင်မည်နည်း။
ကောလောသဲဩဝါဒစာ ၁:၁၃ “မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။”
ကြိုးကိုင်လို့ရတဲ့ သူတွေကို စာတန်ချစ်ပါတယ်။ စာတန်က အဲဒီအရာကို တချိန်လုံးလုပ်ဆောင်ပါတယ်။ စုံစမ်းနှောင့်ယှက်ခြင်း နှင့် ပြစ်တင်ဝေဖန်ခြင်းတွေသည် စာတန်စိတ်ကြိုက်လုပ်ဆောင်သော နည်းလမ်း (၂) မျိုးဖြစ်ပါတယ်။

ပထမဉီးစွာ စာတန်သည် ကျွန်ုပ်တို့ မလုပ်ဆောင်ခင်မှာ အပြစ်ကို သေးငယ်စေခြင်းအသွင်ဖြင့် စတင်စုံစမ်း ပါတယ်။ “ဤအရာတွေသည် ထိတ်လန့်စရာကြီးမဟုတ်ပါ” ၊ “ဤအရာကို လူတွေ လုပ်ဆောင်နေကြတာဘဲ” လို့ဆိုပြီး ကျွန်ုပ်တို့ကို တီးတိုးလေသံဖြင့် စာတန်ပြောလာပါမည်။ ပြီးတော့ ကျွန်ုပ်တို့ အပြစ်ပြုလိုက်သောအခါမှာ စာတန်က ပြစ်တင်ဝေဖန်ခြင်းဘက်သို့ လှည့်သွားပြီး “ဘုရားသခင် သင့်ကို ဘယ်တော့မှ မချစ်တော့ပါ” လို့ ပြောပါမည်။

ကျွန်ုပ်တို့ အပြစ်မပြုခင်မှာ စာတန်သည် အပြစ်ကို သေးငယ်သည်ဟုမြင်အောင် လုပ်ဆောင်ပြီး ကျွန်ုပ်တို့ အပြစ်ပြုပြီး နောက်မှာတော့ အပြစ်ကြီးအောင် ပြုလုပ်ပါတော့သည်။ စုံစမ်းနှောင့်ယှက်ခြင်းနှင့် ဝေဖန်ပြစ်တင် ခြင်းအားဖြင့် စာတန် ကျွန်ုပ်တို့ကို ထိန်းချုပ်ရန် ကြိုးစားပါတယ်။

သို့ပေမဲ့ သခင်ခရစ်တော်ကို ကျေးဇူးတင်ပါ။ စာတန်ကို ခွင့်မပြုပါနှင့်။ သခင်ခရစ်တော်သည် ကျွန်ုပ်တို့ကို ထိန်းချုပ်နေသော စာတန်၏ တန်ခိုးကို ဖျက်စီးဖို့ရန် ကားတိုင်ထက်တွင် အသေခံခဲ့ပါတယ်။
တမန်တော်ရှင်ပေါလုက ဖော်ပြထားသည်မှာ ကောလောသဲဩဝါဒစာ ၁:၁၃ “မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကို နှုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။”

အကောင်းနှင့် အဆိုးကြားမှာ ကြီးမားတဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ သခင်ခရစ်တော် ကားတိုင်ထက် ရှိခဲ့စဉ် အချိန်သည် စာတန်၏ အောင်နိုင်ခြင်းလိုမျိုး အမြင်ရှိနေနိုင်သည်။

သို့ပေမဲ့ သခင်ခရစ်တော် ကားတိုင်ထက်တွင် “အမှုပြီးပြီ”လို့ မိန့်တော်မူခဲ့ပါတယ်။ “ကျွန်ုပ်ပြီးပြီ”လို့မပြောခဲ့ပါ။ သုံးရက်မြောက်သောနေ့တွင် သင်္ချိုင်းမှ ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ သခင်ခရစ်တော် မပြီးသေးပါ။ စာတန်က တော့ ပြီးခဲ့ပြီ။ သခင်ခရစ်တော်၏ ကားတိုင်ထက် လုပ်ဆောင်ခဲ့မှုသည် ကျွန်ုပ်တို့ကို ထိန်းချုပ်ရန် ရှိနေသော စာတန်၏စွမ်းအားတွေကို တစ်သက်လုံးနှိမ်နင်းလိုက်ခြင်းဖြစ်ပါတယ်။

သန့်ရှင်းသော ဝိညာဉ်တော်ကို သင့်အထဲ၌ရှိစေပြီး ဘုရားသခင်ပေးသော ကယ်တင်ခြင်းကို သင်လက်ခံခဲ့မယ်ဆို လျှင် သင် စာတန်ကို အရှုံးပေးသလောက်သော စွမ်းအင်ကိုသာ စာတန်ပိုင်ဆိုင်ပါတယ်။ ကြောက်ရွှံ့ခြင်းတွေ ၊ ခါးသီးခြင်းတွေ ၊ စိုးရိမ်ပူပန်မှုတွေ အားဖြင့် စာတန်အား စွမ်းအင်တန်ခိုးတွေကို သင်ပြန်ပေးနိုင်သည်။ သို့ပေမဲ့ သင်က ဘုရားသခင်ကို ယုံကြည်ပြီး မျှော်လင့်ခြင်း နှင့် ခွင့်လွှတ်ခြင်းတို့ကို ရွေးချယ်တဲ့အခါမှာ သင့်အသက်တာမှ စာတန်၏တန်ခိုး မဲ့သွားပါလိမ့်မည်။

ဘာကြောင့်လဲဆိုတော့ သင့်ကို ချုပ်ကိုင်မည့်စာတန်၏ တန်ခိုးကို သခင်ခရစ်တော်ဖျက်စီးခဲ့ပြီ ဖြစ်တယ်။ စာတန် ကြိုးကိုင်လို့ရတဲ့ သားကောင်အဖြစ်သို့ လဲကျဖို့ မလိုအပ်ပါ။ ဘုရားသခင် သင့်ကို အသက်ရှင်ဖို့ ဖန်တီးထားတဲ့ နည်းလမ်းအတိုင်း လွှတ်လပ်စွာ အသက်ရှင်နိုင်ပါတယ်။ You can live in freedom—the way God made you to live.

ဆင်ခြင်ရန်
-ဝေဖန်ပြစ်တင်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို စာတန် မည်ကဲ့သို့ ကြိုးကိုင်ပါသနည်း။
-သင့်ကိုယ်သင် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်း (သို့) ပြစ်တင်ဝေဖန်ခြင်းများစွာ သို့ လဲကျသော သားကောင်းအဖြစ် မြင်ပါသလား။
-ကျွန်ုပ်တို့ကို ထိန်းချုပ်ဖို့ရန် စာတန်၌ တန်ခိုး ကြာရှည်စွာ မရှိပါလျှင် ကျွန်ုပ်တို့က စာတန်အား တန်ခိုးကို ဘာကြောင့်များ ခဏခဏ ပြန်ပေးပါသနည်း။

---------------------------------------------------------------------------------


Zawgyi Version

စာတန္၏တန္ခိုးကေန ကင္းလႊတ္ဖို႔ရန္ မည္ကဲ့သို႔ အသက္ရွင္ေနထိုင္မည္နည္း။
ေကာေလာသဲဩဝါဒစာ ၁:၁၃ “ေမွာင္မိုက္တန္ခိုးမွလည္း ငါတို႔ကိုႏႈတ္၍၊ ခ်စ္ေတာ္မူေသာ သားေတာ္၏ႏိုင္ငံထဲသို႔ သြင္းေတာ္မူ၏။”
ႀကိဳးကိုင္လို႔ရတဲ့ သူေတြကို စာတန္ခ်စ္ပါတယ္။ စာတန္က အဲဒီအရာကို တခ်ိန္လုံးလုပ္ေဆာင္ပါတယ္။ စုံစမ္းေႏွာင့္ယွက္ျခင္း ႏွင့္ ျပစ္တင္ေဝဖန္ျခင္းေတြသည္ စာတန္စိတ္ႀကိဳက္လုပ္ေဆာင္ေသာ နည္းလမ္း (၂) မ်ိဳးျဖစ္ပါတယ္။

ပထမဉီးစြာ စာတန္သည္ ကြၽႏ္ုပ္တို႔ မလုပ္ေဆာင္ခင္မွာ အျပစ္ကို ေသးငယ္ေစျခင္းအသြင္ျဖင့္ စတင္စုံစမ္း ပါတယ္။ “ဤအရာေတြသည္ ထိတ္လန႔္စရာႀကီးမဟုတ္ပါ” ၊ “ဤအရာကို လူေတြ လုပ္ေဆာင္ေနၾကတာဘဲ” လို႔ဆိုၿပီး ကြၽႏ္ုပ္တို႔ကို တီးတိုးေလသံျဖင့္ စာတန္ေျပာလာပါမည္။ ၿပီးေတာ့ ကြၽႏ္ုပ္တို႔ အျပစ္ျပဳလိုက္ေသာအခါမွာ စာတန္က ျပစ္တင္ေဝဖန္ျခင္းဘက္သို႔ လွည့္သြားၿပီး “ဘုရားသခင္ သင့္ကို ဘယ္ေတာ့မွ မခ်စ္ေတာ့ပါ” လို႔ ေျပာပါမည္။

ကြၽႏ္ုပ္တို႔ အျပစ္မျပဳခင္မွာ စာတန္သည္ အျပစ္ကို ေသးငယ္သည္ဟုျမင္ေအာင္ လုပ္ေဆာင္ၿပီး ကြၽႏ္ုပ္တို႔ အျပစ္ျပဳၿပီး ေနာက္မွာေတာ့ အျပစ္ႀကီးေအာင္ ျပဳလုပ္ပါေတာ့သည္။ စုံစမ္းေႏွာင့္ယွက္ျခင္းႏွင့္ ေဝဖန္ျပစ္တင္ ျခင္းအားျဖင့္ စာတန္ ကြၽႏ္ုပ္တို႔ကို ထိန္းခ်ဳပ္ရန္ ႀကိဳးစားပါတယ္။

သို႔ေပမဲ့ သခင္ခရစ္ေတာ္ကို ေက်းဇူးတင္ပါ။ စာတန္ကို ခြင့္မျပဳပါႏွင့္။ သခင္ခရစ္ေတာ္သည္ ကြၽႏ္ုပ္တို႔ကို ထိန္းခ်ဳပ္ေနေသာ စာတန္၏ တန္ခိုးကို ဖ်က္စီးဖို႔ရန္ ကားတိုင္ထက္တြင္ အေသခံခဲ့ပါတယ္
တမန္ေတာ္ရွင္ေပါလုက ေဖာ္ျပထားသည္မွာ ေကာေလာသဲဩဝါဒစာ ၁:၁၃ “ေမွာင္မိုက္တန္ခိုးမွလည္း ငါတို႔ကို ႏႈတ္၍၊ ခ်စ္ေတာ္မူေသာ သားေတာ္၏ႏိုင္ငံထဲသို႔ သြင္းေတာ္မူ၏။”

အေကာင္းႏွင့္ အဆိုးၾကားမွာ ႀကီးမားတဲ့ တိုက္ပြဲေတြ ျဖစ္ေနပါတယ္။ သခင္ခရစ္ေတာ္ ကားတိုင္ထက္ ရွိခဲ့စဥ္ အခ်ိန္သည္ စာတန္၏ ေအာင္ႏိုင္ျခင္းလိုမ်ိဳး အျမင္ရွိေနႏိုင္သည္။

သို႔ေပမဲ့ သခင္ခရစ္ေတာ္ ကားတိုင္ထက္တြင္ “အမႈၿပီးၿပီ”လို႔ မိန႔္ေတာ္မူခဲ့ပါတယ္။ “ကြၽႏ္ုပ္ၿပီးၿပီ”လို႔မေျပာခဲ့ပါ။ သုံးရက္ေျမာက္ေသာေန႔တြင္ သခ်ႋဳင္းမွ ရွင္ျပန္ထေျမာက္ခဲ့ပါတယ္။ သခင္ခရစ္ေတာ္ မၿပီးေသးပါ။ စာတန္က ေတာ့ ၿပီးခဲ့ၿပီ။ သခင္ခရစ္ေတာ္၏ ကားတိုင္ထက္ လုပ္ေဆာင္ခဲ့မႈသည္ ကြၽႏ္ုပ္တို႔ကို ထိန္းခ်ဳပ္ရန္ ရွိေနေသာ စာတန္၏စြမ္းအားေတြကို တစ္သက္လုံးႏွိမ္နင္းလိုက္ျခင္းျဖစ္ပါတယ္။

သန႔္ရွင္းေသာ ဝိညာဥ္ေတာ္ကို သင့္အထဲ၌ရွိေစၿပီး ဘုရားသခင္ေပးေသာ ကယ္တင္ျခင္းကို သင္လက္ခံခဲ့မယ္ဆို လွ်င္ သင္ စာတန္ကို အရႈံးေပးသေလာက္ေသာ စြမ္းအင္ကိုသာ စာတန္ပိုင္ဆိုင္ပါတယ္။ၾကာက္႐ႊံ႕ျခင္းေတြ ၊ ခါးသီးျခင္းေတြ ၊ စိုးရိမ္ပူပန္မႈေတြ အားျဖင့္ စာတန္အား စြမ္းအင္တန္ခိုးေတြကို သင္ျပန္ေပးႏိုင္သည္။ သို႔ေပမဲ့ သင္က ဘုရားသခင္ကို ယုံၾကည္ၿပီး ေမွ်ာ္လင့္ျခင္း ႏွင့္ ခြင့္လႊတ္ျခင္းတို႔ကို ေ႐ြးခ်ယ္တဲ့အခါမွာ သင့္အသက္တာမွ စာတန္၏တန္ခိုး မဲ့သြားပါလိမ့္မည္။

ဘာေၾကာင့္လဲဆိုေတာ့ သင့္ကို ခ်ဳပ္ကိုင္မည့္စာတန္၏ တန္ခိုးကို သခင္ခရစ္ေတာ္ဖ်က္စီးခဲ့ၿပီ ျဖစ္တယ္။ စာတန္ ႀကိဳးကိုင္လို႔ရတဲ့ သားေကာင္အျဖစ္သို႔ လဲက်ဖို႔ မလိုအပ္ပါ။ ဘုရားသခင္ သင့္ကို အသက္ရွင္ဖို႔ ဖန္တီးထားတဲ့ နည္းလမ္းအတိုင္း လႊတ္လပ္စြာ အသက္ရွင္ႏိုင္ပါတယ္။ You can live in freedom—the way God made you to live.

ဆင္ျခင္ရန္
-ေဝဖန္ျပစ္တင္ျခင္းအားျဖင့္ ကြၽႏ္ုပ္တို႔ကို စာတန္ မည္ကဲ့သို႔ ႀကိဳးကိုင္ပါသနည္း။
-သင့္ကိုယ္သင္ စာတန္၏ စုံစမ္းေႏွာင့္ယွက္ျခင္း (သို႔) ျပစ္တင္ေဝဖန္ျခင္းမ်ားစြာ သို႔ လဲက်ေသာ သားေကာင္းအျဖစ္ ျမင္ပါသလား။
-ကြၽႏ္ုပ္တို႔ကို ထိန္းခ်ဳပ္ဖို႔ရန္ စာတန္၌ တန္ခိုး ၾကာရွည္စြာ မရွိပါလွ်င္ ကြၽႏ္ုပ္တို႔က စာတန္အား တန္ခိုးကို ဘာေၾကာင့္မ်ား ခဏခဏ ျပန္ေပးပါသနည္း။