How to let the Bible change you
Unicode Version
ရှင်ယာကုပ်သြဝါဒစာ ၁:၂၂ "ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။ "
ခန္ဓာရေးရာ ကျန်းမာခြင်းနှင့် ပတ်သက်ပြီး သင်အလေးအနက်ထားတယ်လို့ ခန့်မှန်းကြည့်ကြရအောင်။ လေ့ကျင့်ခန်း စာအုပ်တွေ ဝယ်ယူပြီး မိတ်ဆွေတွေကိုလည်း ဤအကြောင်းတွေ ပြောမည်။ "ဤစာအုပ်က သင့်ကို ပြောင်းလဲစေတယ်" ဆိုပြီး သင်ဆိုမည်။
ခြောက်လကြာပြီးနောက် သင်သည် ယခင်ခန္ဓာကိုယ်အတိုင်းဖြစ်ပြီး  မိတ်ဆွေတို့ကို ထပ်မံ  တွေ့ပြီး "လေ့ကျင့်ခန်းစာအုပ်က ဖတ်ဖူးထားတဲ့ စာအုပ်တွေထက် အလွန်ကောင်းနေတယ်။ တစ်ချို့သောစာသားတွေကို မျဉ်းသားပြီး မှတ်သားထားတယ်။  အလုံးစုံ လေ့လာမှုတွေစတင်နေပါပြီ" လို့ သင်ပြောပါမည်။
သို့ပေမဲ့ စာအုပ်ကနေ သွန်သင်လမ်းညွှန်ထားတဲ့အရာတွေကို သင်ဘယ်တော့မှ မလေ့ကျင့်ခဲ့တဲ့အတွက်ကြောင့် သင်၌ပြောင်းလဲခြင်း မရှိခဲ့ပါ။
ထိုနည်းတူစွာပင် သင့်ကိုယ်သင် ဘုရားသခင်၏ နှုတ်ကပတ်တော်၌လည်း လုပ်ဆောင်တယ်လို့ တွေ့မြင်ပါသလား။ နှုတ်ကပတ်တော်တွေကို မျဉ်းသားထားပြီး အဲဒီနှုတ်ကပတ်တော်က သင့်ကို လမ်းညွှန်ဖို့တော့ သင်ခွင့်မပြုခဲ့ပါ။
ရှင်ယာကုပ်သြဝါဒစာ ၁:၂၂ "ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။ "
သမ္မာကျမ်းဆိုင်ရာ ကောင်းချီးမင်္ဂလာကို ရယူဖို့ရန် ၎င်းကို တုံ့ပြန်ဖို့လိုပြီး သင့်ကို ပြောင်းလဲဖို့ ခွင့်ပြုရပါမည်။ 
နှုတ်ကပတ်တော်တွေကို တုံ့ပြန်ဖို့ရန် လေ့ကျင့်မှု ၊ အလေ့အကျင့်မပြုရသေးပါလျှင် ဘယ်နေရာကနေ စတင်ရမလဲဆိုတာကို သိဖို့ရန် ခက်ခဲပါလိမ့်မည်။ ကျမ်းပိုဒ်တွေကို သင်ဖတ်ရင်းနဲ့ အောက်ပါမေးခွန်းတို့ဖြင့် သင့်ကိုယ်သင် ပြန်မေးနိုင်ပါသည်။
-ဤအရာတွေက ကျွန်ုပ်ဝန်ခံဖို့ လိုအပ်တဲ့အပြစ်တွေ (သို့) ပြောင်းလဲဖို့ လိုအပ်တဲ့ အကျင့်လက္ခဏာတွေကို ဖော်ပြပါသလား။
-နာခံဖို့ရန် အမိန့်တော် (သို့) လိုက်လျှောက်ဖို့ရန် ဥပမာကို ဘုရားသခင် ပေးပါသလား။
-မိမိအတွက် (သို့) တခြားသူတွေအတွက် ဤကျမ်းပိုဒ်တွင် ဆုတောင်းချက်ရှိပါသလား။
အထက်ပါမေးခွန်းတွေဖြင့် စတင်လိုက်ပါ။ ဤအရာတွေကို အလေ့အကျင့်အဖြစ် သင်လုပ်ဆောင်တဲ့အခါမှာ သင့်ကိုယ်သင် အရင်လူမဟုတ်တော့ဘူးဆိုတာကို မကြာမီ တွေ့မြင်လာ ပါလိမ့်မည်။
သမ္မာကျမ်းစာကို ဘာသာပြန်တွေမှာ အသက်ရှင်သော သမ္မာကျမ်းစာလို့ ဖော်ပြပါတယ်။ ၎င်းသည် ကျွန်ုပ်တို့ အယောက်စီတိုင်း အသက်ရှင်သင့်သော အရာဖြစ်သည်။ ကျမ်းပိုဒ်ကို အကောင်းဆုံး ဘာသာပြန်ဆိုခြင်းသည် အဲဒီကျမ်းပိုဒ် သင့်အသက်တာထဲကို အကောင်အထည်ဖော်ပြီး သင်၌ ပြောင်းလဲဖို့ ခွင့်ပြုလိုက်တဲ့ အချိန်ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-သမ္မာကျမ်းဆိုင်ရာ ကောက်နုတ်ချက်တွေက သင့်ကို မည်ကဲ့သို့ ပြောင်းလဲစေခဲ့ပါသနည်း။
-မကြာသေးမီက မည်သည့်ကျမ်းပိုဒ်ကို သင်ဖတ်ခဲ့သနည်း။ ၎င်းကျမ်းပိုဒ်အား သင်၌ ပြောင်းလဲဖို့ရန် ခွင့်ပြုခြင်းမရှိဘဲ ထွက်ခွါစေပါသနည်း။
-ဖတ်ဖို့ရန် ကျမ်းပိုဒ်ကို ရွေးချယ်လိုက်ပါ။ ဘယ်ကျမ်းပိုဒ်ကနေ စတင်ရမလဲ မသိပါလျှင် ရှင်ယာကုပ် အခန်းကြီး (၁) ကို ဖွင့်ပြီး ဖတ်ပါ။ ဖတ်ပြီးတဲ့အခါမှာ အထက်ပါ မေးခွန်းတွေကို သင့်ကိုယ်သင် ပြန်မေးပြီး တုံ့ပြန်မှုပြုပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော် သင်၌ ပြောင်းလဲဖို့ရန် ခွင့်ပြုလိုက်ပါ။
----------------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်