How to build your life on a strong foundation

Unicode Version

“The blessings of the bible come when you put its teachings into practice”
ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၂၄ " အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။ "

သခင်ခရစ်တော်သည် ရှင်မဿဲခရစ်ဝင်ကျမ်းတွင်တ ည်ဆောက်သူ နှစ်ဦးဖြစ်တဲ့ ပညာရှိသောသူ နှင့် မိုက်မဲသောသူ အကြောင်းကို ပြောခဲ့ပါတယ်။

မိုက်မဲသောသူသည် သဲပေါ်တွငိ အိမ်ကိုဆောက်ပါတယ်။ လေပြင်းတိုက်ခတ်တဲ့အထါမှာ အိမ်သည် ကြီးစွာသောပြိုလဲခြင်းသို့ ရောက်ရှိပါတယ်။ အကြင်သူသည် ငါဟောသောတရားကိုညကြား၍ညနားမထောင်ဘဲနေ၏။ ထိုသူသညါ သဲပေါ်တွင် အိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို သခင်ခရစ်တော် ဆိုခဲ့ပါတယ်။

ပညာရှိသောသူကား တွေးတောဆင်ခြင်တတ်၍ ကျောက်ပေါ်တွင် သူ ၏အိမ်ကို ဆောက်လေသည်။ မိုးရွာပြီး လေအြင်းတိုက်ခတ်သောအခါ အိမ်သည် ကျောက်ပေါ်တွင် တည်သောကြောင့် မပြိုမလဲနေ၏။ ရှင်မဿဲခရစ်ဝင် ၇:၂၄ " အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။"

သမ္မာကျမ်းစာရှိ သွန်သင်ချက်တို့ကို ကျင့်သုံးခြင်းနှင့် ပတ်သက်ပြီး ရှင်ယာကုပ်သြဝါဒစာတွင်လည်း မြောက်များစွာသော ပြောစရာတွေရှိပါသည်။  ရှင်ယာကုပ်    အခန်းကြီး (၁) တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကျိုးရှိရှိ မည်ကဲ့သို့ ကျင့်သုံးဖို့ရန်အတွက် (၃)မျိုးသော ဥပမာပေးထားမှုတွေ ပါဝင်ပါတယ်။

-သင်၌ ထိန်းချုပ်တတ်တဲ့ နှုတ်ရှိပါမည်။ ရှင်ယာကုပ် သြဝါဒစာ  ၁:၂၆ "သင်တို့တွင် အကြင်သူသည် သီလဆောက်တည် ဟန်ပြုသော်လည်း၊ မိမိနှုတ်ကို မချုပ်တည်း၊ မိမိနှလုံးကို လှည့်ဖြား၏။ ထိုသူ၏ သီလသည် အချည်းနှီးသက်သက်ဖြစ်၏။ "
-သင်၌ စောင့်ရှောက်တတ်သော စိတ်နှလုံး ရှိပါမည်။ 
-သင်၌ ရှင်းလင်းသောစိတ် ရှိပါမည်။ ရှင်ယာကုပ် သြဝါဒစာ  ၁:၂၇ " ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသော သီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုတ်ဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကို ကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှါ စောင့်ရှောက်ခြင်းပေတည်း။"

အထက်ပါ ဖော်ပြချက်တွေက စစ်မှန်သော ခရစ်ယာန်ဘာသာ၏ လက္ခဏာ ၊အထောက်အထားဖြစ်တယ်လို့ ကျွန်ုပ်တို့ကို ရှင်ယာကုပ် ပြောနေပါသည်။
ရှင်ယောဟန်ခရစ်ဝင် ၁၃:၁၇ တွင် သခင်ခရစ်တော် သူ၏ တပည့်တော်တို့ကို ပြောခဲ့ပါတယ်။ "ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။" နှုတ်ကပတ်တော်တို့ကို ကျင့်သုံးခြင်း သင်ပြုလိုက်တဲ့အခါမှာ သမ္မာတရားနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာတွေ ရောက်ရှိလာမည်ဖြစ်သည်။

 သင် မည်သူဖြစ်စေကာမူ ယခုအသက်ရှင်နေထိုင်ခြင်းထက် စစ်မှန်သော ဝိညာဉ်သဘောတို့ကို သင်ပိုမိုသိရှိပါတယ်။ ဒါကြောင့် သင်ဘယ်ကို ရောက်နေပါစေ ယနေ့တွင် စတင်လိုက်ပါ။ သင်သိထားသောအရာကို ကျင့်သုံးပါ။ အြီးတော့ သင်နောက်ထပ်သင်ယူထားသမျှတို့ကိုလည်း ကျင့်သုံးပါ။ နှုတ်ကပတ်တော်တို့ကို လက်တွေ့ကျင့်သုံးသောသူ ဖြစ်စေပါ။

ဆင်ခြင်ရန်
- နှုတ်ကပတ်တော်မှ သွန်သင်ချက်တို့ကို ကျင့်သုံးခြင်းအားဖြင့် သင်၏ အသက်တာကို မည်ကဲ့သို့သော တိကျတဲ့ နည်းလမ်းတွေဖြင့် ပြောင်းလဲစေခဲ့ပါသနည်း။ 
-ရှင်ယာကုပ်ကျမ်းတွင် စစ်မှန်သော ခရစ်ယာန် လက္ခဏာအကြောင်းကို သင်ဖတ်ပြီး အဲဒီမှာ သင့်ကိုယ်သင် မြင်မိပါသလား။ မမြင်ပါလျှင် သင်၏အသက်တာကို သခင်ခရစ်တော်ထံ ယနေ့တွင် ဖွင့်ပြဖို့ရန် ကျွန်ုပ်မျှော်လင့်ပါ၏။ အောက်ပါဆုတောင်းချက်ကား သင့်အတွက် လမ်းညွှန်မှုကို အကူအညီဖြစ်စေဖို့ရန်ဖြစ်သည်။ 
"သခင်ခရစ်တော်ဘုရား သခင်ကားတိုင်ထက်တွင် အသေခံခဲ့သည်ကို ကျွန်ုပ်ယုံကြည်ပါ၏။ ကျွန်ုပ်အပြစ်အတွက် နောင်တရပါ၏။ ကျွန်ုပ်အား ခွင့်လွှတ်ပေးဖို့ရန် တောင်းလျှောက်ပါ၏။ ကျွန်ုပ်၏ အသက်တာထဲသို့ လာရောက်ဖို့ သခင့်အားအလိုတော်ရှိပါ၏။ သခင့်နောက်လိုက်ခြင်းဖြင့် အသက်တာကို ကုန်ဆုံးချင်ပါသည်။"

ဤဆုတောင်းချက်ကို သင်ပြုပါလျှင် ဘုရားသခင်သည် သင့်ကိုခွင့်လွှတ်မည်ဖြစ်ပြီး အသစ်သော အသက်တာကို ပေးပါမည်။ နှုတ်ကပတ်တော်မှ သင်လေ့လာသင်ယူသမျှတို့ကို ကျင့်သုံးခြငိးအားဖြင့် သခင်ခရစ်တော်နောက် စတင်လိုက်လျောက်ဖို့ရန် ယခုပင် ယုံကြည်ခြင်းနှင့် ရဲရင့်ခြင်းရှိပါ။