How and why you should memorise scripture


ကောလောသဲသြဝါဒစာ ၃:၁၆ "ခရစ်တော်၏ နှုတ်ကပတ်တရားသည် ပညာ အမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာ တည်နေ၍ သင်တို့သည် ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့်၊ အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းကိုပြု၍၊ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။ "

သမ္မာကျမ်းစာသည် သင့်အားများပေးစွမ်းသော လက်ဆောင်တစ်ခုဖြစ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေ ပြည့်နေတဲ့သေတ္တာတစ်လုံးလို ဖြစ်ပေမယ့်လည်း ၎င်းကို ပွင်စေတဲ့သော့ သင်၌မရှိပါလျှင် သင့်အတွက် ကောင်းသောအရာ မဖြစ်ပါ။
သမ္မာတရားကို ပွင့်သွားစေသည့် သော့ကား သမ္မာတရားတို့ကို ကျက်မှတ်ခြင်းဖြစ်ပါတယ်။ ကျမ်းပိုဒ်တွေကို လေ့ကျင့်ကျက်မှတ်ခြင်းအလေ့အထကို တိုးတက်စေခြင်းထက် တခြားမည်သည့်အရာကမျှ သင်၏ခရစ်ယာန်အသက်တာကို ပွားများစေမည်မဟုတ်ပါ။
၎င်းအလေအထသည် စုံစမ်းနှောင့်ယှက်ခြင်းကို ကျော်လွှားနိုင်ဖို့ရန် သင့်ကို ကူညီပေးပါလိမ့်မည်။ ဆာလံ ၁၁၉:၁၁ " ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည် အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။" သမ္မာတရားတို့ကို အမှတ်ရခြင်းသည် စုံစမ်းနှောင့်ယှက်ခြင်းကို ခုခံဖို့ရန် ကူညီပါလိမ့်မည်။
ယောဟန် ၁၅:၇ တွင် ဖော်ပြထားသည်မှာ သင်၏စိတ်နှလုံးထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှတ်သား သိုမီးခြင်းသည် အဖြေရသော ဆုတောင်းအတွက်လည်း ဦးတည်စေပါသည်။"သင်တို့သည် ငါ၌တည်၍ ငါ့စကားသည်သင်တို့၌တည်လျှင်၊ သင်တို့သည်တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်။  "

သမ္မာတရားတို့ကို ကျက်မှတ်သိုမှီးခြင်းသည် သင်၏ဆုတောင်းခြင်း အသက်တာကို တိုးတက်စေပါသည်။ သင့်အား အားပေးခြင်းဖြစ်စေပြီး စိုးရိမ်ခြင်းတွေကို အောင်မြင်စေဖို့ရန် ကူညီပါသည်။ တခြားသူတွေနှင့် သခင်ခရစ်တော်၏ သတင်းစကားကို ဝေဌခြင်းအရာ၌လည်း နှုတ်ကပတ်တော် အမှတ်ရနေခြင်းက ပိုလွယ်ကူစေပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်၌ ကျမ်းပိုဒ်တွေ အမြဲတမ်းအဆင်သင့် ရှိနေလို့ ဖြစ်ပါတယ်။

သမ္မာတရားကို အမှတ်ရခြင်းအတွက် ဆင်ခြေတွေကို ကျွန်ုပ်ကြားနေခဲ့ရပါတယ်။ လူတွေက "ငါမမှတ်မိဘူး" လို့ဆိုကြပါတယ်။
သင်အသုံးပြုနေသော အရာတွေ ၊ သင့်အတွက် အရေးကြီးတဲ့အရာကိုသာ မှတ်မိခြင်းက အမှန်တရားဖြစ်တယ်။ ဤသို့ဆိုလျှင် မေးခွန်းက "အမှတ်ရစေဖို့ရန် တစ်ချို့ကျမ်းပိုဒ်တွေကို ကျက်မှတ်ဖို့ရန် ဘုရားသခင်၏ သမ္မာတရားတို့ကို ကျေနပ်လောက်အောင် သင်တန်ဖိုးထားပါသလား။"

တစ်နေ့တာအတွင်းမှာ သင်၏ Smartphone ကို ကိုင်တဲ့အချိန်ကာလတွေကို စဉ်းစားလိုက်ပါ။ နေ့လည်စာမစားခင် (သို့)ညနေခင်းကွပ်ပျစ်ပေါ်ထိုင်တဲ့ အချိန်တွေ ဖြစ်ကောင်းဖြစ်မည်။ အဲဒီအချိန်တွေအစား သမ္မာတရားကို ကျက်မှတ်သိုမှီးဖို့ရန် အစားထိုးမည်လား။ ဤနည်းလမ်းဖြင့် သင့်အသက်တာ အချိန်ကာလတွေမှာ သမ္မာတရားနှင့်ဆိုင်သော စာတွေကို များစွာ ကျက်မှတ်သိုမှီးနိုင်ခြေ ရှိပါမည်။

သမ္မာတရားကို ကျက်မှတ်သိုမှီးဖို့ရန် သင်အခုမှ စတင်မည်ဆိုလျှင် တစ်ပတ်ကို ကျမ်းတစ်ပိုဒ် စတင်မှတ်သားပါ။ ကျမ်းပိုဒ်ကို စာရွက် (သို့) note book တွင် ချရေးပါ။ ကြိမ်ဖန်များစွာ ပြန်ကြည့်ပါ။ နောက်ထပ်ကျမ်းပိုဒ်သို့ သင်ကျက်မှတ်ဖို့ရှိပါလျှင် ဤမှတ်သားပြီးသားကျမ်းပိုဒ်ကိုလည်း ပြန်လည်ဖတ်ရှုပါ။
သင်၌ မိတ်ဆွေ၊ ခုပ်ဖော်ကိုင်ဘက်၊ ဇနီး (သို့) ခင်ပွန်း ၊ သားသမီး ရှိဖို့ အရေးပြီးပါတယ်။ တစ်ဦးနှင့် တစ်ဦး ကျမ်းပိုဒ်တွေကို ပြောပြပြီး အားပေးမှုတွေဖြင့် အလေ့အထကို ထိန်းသိမ်းဖို့ရန် ဖြစ်စေပါတယ်။
သမ္မာကျမ်းစာကို သင်ကျက်မှတ်သိုမှီးသည်နှင့် ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်နေမည်ကို သင့်ကိုယ်သင် တွေ့မြင်လာပါလိမ့်မည်။

ဆင်ခြင်ရန်
- သီချင်းစာသား၊ ကျောင်း(သို့) လုပ်ငန်းခွင်ညဆောင်ပုဒ် (သို့) သမ္မာကျမ်းစာတို့နှင့်ပတ်သက်ပြီး အမှတ်ရသမျှတွေကို စဉ်းစားကြည့်ပါ။ ဤအရာတွေ အမှတ်ရနေခြင်းက သင့်အသက်တာကို မည်ကဲ့သို့ သက်ရောက်မှု ရှိစေပါသနည်း။
-သမ္မာကျမ်းစာ ကျက်မှတ်သိုမှီးခြင်းတွင် မည်သူက သင်၏ မိတ်ဆွေဖြစ်နိုင်မည်နည်း။ အဲဒီပုဂ္ဂိုလ်ကို ဆက်သွယ်ဖို့ အစီအစဉ်ဆွဲပါ။ သင့်နှင့်အတူ ပူးပေါင်းဖို့ရန် ဖိတ်ခေါ်ပါ။
-ကျက်မှတ်ဖို့ရန် ကျမ်းပိုဒ်တစ်ခုကို ရွေးချယ်ပါ။ ယနေ့သတင်းစကားကနေလည်း စတင်နိုင်ပါတယ်။ သင်အမြဲတွေ့နိုင်မည့် နေရာတွင်ထားရှိပါ။ တစ်ပတ်အတွင်း ၎င်းကို ကျက်မှတ်သိုမှီးဖို့ရန် ပန်းတိုင်ထားပါ။ ပြီးနောက် နောက်ထက် ကျမ်းပိုဒ်ကို ရွေးချယ်ပါ။