God’s love Chang everything

Unicode Version

ယေရမိအနာဂတ္တိကျမ်း ၃၁:၃"ထာဝရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။ "

သင်လုပ်ဖူးသော အရာဖြစ်စေ (သို့) လုပ်ဖို့ရှိတဲ့ အရာတွေဖြစ်စေ ၊ ဘယ်အရာကမျှ ဘုရားသခင်၏ သင့်အပေါ်ထားသော ချစ်ခြင်းမေတ္တာကို မရပ်တန့်စေနိုင်ပါ။ ဘုရားသခင်က ယေရမိ ၃၁:၃ တွင် ဖော်ပြထားပါသာ်။ "ထာဝရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။"

ထာဝရ မေတ္တာသည် မည်မျှကြာမြင့်သလဲ သင်သိပါသလား။ ထာဝရ ကြာမြင့်ပါတယ်။ ဘုရားသခင် သင့်အပေါ်ထားသော ချစ်ခြင်းမေတ္တာကို သင်ရပ်တန့်ဖို့ မရပါ။ သူ့ သင့်အား ထာဝရမေတ္တာဖြင့် ချစ်ပါလိမ့်မည်။ သူ၏ ချစ်ခြင်းမေတ္တာသည် သင်လုပ်ဆောင်သော အရာပေါ် မတည်ပါ။ သူဖြစ်သည်အတိုင်း တည်ပါသည်။ သင်အသက်ရှင် နေထိုင်ရခြင်း၏ အကြောင်းရင်းတစ်ရပ်မှာ သင့်ကိုချစ်ဖို့ရန် ဘုရားသခင် ပြုတော်မူခြင်း ဖြစ်သည်။

ဒါကြောင့် ဘုရားသခင်သည် သူ၏ တစ်ဦးတည်းသော သားတော်ကို စေလွတ်ခဲ့ခြင်း ဖြစ်ပါသည်။ ရှင်ယောဟန်ခရစ်ဝင် ၃:၁၆ " ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။ "  

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်သိဖို့ရန် ဘုရားအလိုတော်ရှိသည်။ ဒီထက်မက သူ၏ ချစ်ခြင်းမေတ္တာကို သင်ခံစားရဖို့ရန် အလိုတော်ရှိပါသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်ခံစားရတဲ့အခါမှာ ၎င်းသည် သင့်ကို ပြောင်းလဲစေပါလိမ့်မည်။ အမုန်းတရားတွေ ၊ တယူသန်စိတ်တွေ ၊ လူမျိုးရေးခွဲခြားတဲ့ အယူအဆတွေရှိတဲ့ တစ်စုံတစ်ယောက်ကိုပင် နူးညံ့ညင်သာသော ၊ ကြင်နာတတ်သော ၊ မေတ္တာရှိသော သူတစ်ဦးအဖြစ် ပြောင်းလဲစေပါတယ်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သင်၏စိတ်နှလုံးကို ထိမိတဲ့အခါမှာ သင်၌ပြောင်းလဲခြင်း ဖြစ်ပါမည်။ 
သင်၏ အသက်တာ ပြောင်းလဲခဲ့ခြင်းမရှိဘူးဆိုလျှင် သင် ဘုရားသခင်ကို မသိရှိသောကြောင့် ဖြစ်ပါတယ်။ သင့်အသက်တာထဲဝင်ရောက် ပြီး ပြောင်းလဲပေးမည့်သူ ၊ ဘုရားသခင်လောက် ကြီးမြတ်တဲ့သူ တစ်ဦးတစ်ယောက်မျှ သင်မရရှိနိုင်ပါ။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သင့်အသက်တာထဲ ရောက်လာတဲ့အခါမှာ သင်လူတိုင်းပေါ်သို့ တုံ့ပြန်သော အရာတွေသည် ပြောင်းလဲသွားပါလိမ့်မည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် သဘောပေါက်နားလည်ပြီး တွေ့ကြုံခံစားရတဲ့အခါ သူတစ်ပါးကို သင်မကူညီနိုင်သည့်တိုင် သင်ပေးကမ်း မေတ္တာပြနိုင်ပါတယ်။ 

တကယ်တော့ သခင်ခရစ်တော်က ယောဟန် ၁၃:၃၄-၃၅ တွင် ဤကဲ့သို့ ဖော်ပြထားပါတယ်။ "သင်တို့သည် အချင်းချင်းတယောက်ကိုတယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ၏။ သို့ပေမဲ့ ၎င်းသည် ကျွန်ုပ်တို့အတွက် ဘုရား၏ ချစ်ခြင်းမေတ္တာကနေ စတင်ပါတယ်။ 

သမ္မာကျမ်းစာတွင် အံ့သြဖွယ် ဆက်သွယ်မှုရှိတဲ့ ပုဂ္ဂိုလ်ကတော့ ရှောလု ဖြစ်ပါတယ်။ သူသည် ခရစ်ယာန်တွေကို သတ်ခဲ့သော ဘာသာရေးအစွန်းရောက်တစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာ ဒမာသက်မြို့သို့ သွားရာလမ်းတွင် ကောင်းကင်ထက်က အလင်းသည် သူ့ပတ်လည်၌ ရုတ်ခနဲ ထွန်းတောက်ပြီး  ရှင်ပြန်ထမြောက်တော်မူသော သခင်ခရစ်တော်နှင့် တွေ့ဆုံခဲ့ပါတယ်။ "အဘယ်ကြောင့် ငါ့ကို ညှဉ်းဆဲသနည်း" ဟု မိမိအားပြောသော စကားသံကို ကြားလျှင် "ကိုယ်တော်သည် အဘယ်သူ ဖြစ်သည်ကို မေးလျှောက်၏" 

တချိန်က ဘာသာရေးအစွန်းရောက်ခဲ့ဖူးသော သူတစ်ဦးသည် ချစ်ခြင်းမေတ္တာ၏ တမန်တော်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ရှောလုသည် ယခုပေါလုဟု ခေါ်ဝေါ်သော သူသည် လှပသော ချစ်ခြင်းမေတ္တာစကားလုံးတွေဖြင့် ၁ကော အပါအဝင် ဓမ္မသစ်ကျမ်းအများစုကို ရေးသားသော သူဖြစ်ခဲ့ပါတယ်။

ဤအရာကို ပြီးပြည့်စုံသော ဘုရား၏ အခမဲ့ ချစ်ခြင်းမေတ္တာ ၊ ထာဝရဖြစ်သော မေတ္တာသည် လုပ်ဆောင်မှု ပြုပါလိမ့်မည်။ ၎င်းသည် အသက်တာကို ပြောင်းလဲစေပါသည်။
သင်၌ ပြောင်းလဲပြီလား။
ဆင်ခြင်ရန်
-ဘုရား၏ ချစ်ခြင်းမေတ္တာသည် သင့်အတွက် ထာဝရဖြစ်တယ်လို့ သင်တွေးမြင်တဲ့အခါမှာ ၎င်းသည် သင်၏ အသက်ရှင်နေထိုင်သော သင့်အသက်တာကို မညိကဲ့သို့ သက်ရောက်ပါသနည်း။
-ဘုရား၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ သိရုံမက ခံစားရဖို့ရန် ဘုရားအလိုတော်ရှိပါတယ်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့ကြုံခံစားရခြင်းက အရေးကြီးတယ်လို့ ဘာကြောင့်များ တွေးမြင်ပါသနည်း။ 
-ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့ကြုံခံစားရတဲ့အခါမှာ သင်၌လည်းကောင်း၊ သူတပါး၌လည်းကောင်းမည်သို့သော  ကြီးမားတဲ့ ပြောင်းလဲမှုကို သင်တွေ့မြင်ပါသနည်း။


-----------------------------------------------------------------------


Zawgyi Version

ေယရမိအနာဂတၱိက်မ္း ၃၁:၃"ထာဝရဘုရားသည္ အေဝးက ထင္ရွား၍ မိန႔္ေတာ္မူသည္ကား၊ အကယ္စင္စစ္ ထာဝရေမတၱာႏွင့္ သင့္ကိုငါခ်စ္၏။ ထိုေၾကာင့္၊ က႐ုဏာေက်းဇူးကို သင္၌ၾကာျမင့္စြာျပ၏။ "
သင္လုပ္ဖူးေသာ အရာျဖစ္ေစ (သို႔) လုပ္ဖို႔ရွိတဲ့ အရာေတြျဖစ္ေစ ၊ ဘယ္အရာကမွ် ဘုရားသခင္၏ သင့္အေပၚထားေသာ ခ်စ္ျခင္းေမတၱာကို မရပ္တန႔္ေစႏိုင္ပါ။ ဘုရားသခင္က ေယရမိ ၃၁:၃ တြင္ ေဖာ္ျပထားပါသာ္။ "ထာဝရဘုရားသည္ အေဝးက ထင္ရွား၍ မိန႔္ေတာ္မူသည္ကား၊ အကယ္စင္စစ္ ထာဝရေမတၱာႏွင့္ သင့္ကိုငါခ်စ္၏။ ထိုေၾကာင့္၊ က႐ုဏာေက်းဇူးကို သင္၌ၾကာျမင့္စြာျပ၏။"
ထာဝရ ေမတၱာသည္ မည္မွ်ၾကာျမင့္သလဲ သင္သိပါသလား။ ထာဝရ ၾကာျမင့္ပါတယ္။ ဘုရားသခင္ သင့္အေပၚထားေသာ ခ်စ္ျခင္းေမတၱာကို သင္ရပ္တန႔္ဖို႔ မရပါ။ သူ႔ သင့္အား ထာဝရေမတၱာျဖင့္ ခ်စ္ပါလိမ့္မည္။ သူ၏ ခ်စ္ျခင္းေမတၱာသည္ သင္လုပ္ေဆာင္ေသာ အရာေပၚ မတည္ပါ။ သူျဖစ္သည္အတိုင္း တည္ပါသည္။ သင္အသက္ရွင္ ေနထိုင္ရျခင္း၏ အေၾကာင္းရင္းတစ္ရပ္မွာ သင့္ကိုခ်စ္ဖို႔ရန္ ဘုရားသခင္ ျပဳေတာ္မူျခင္း ျဖစ္သည္။
ဒါေၾကာင့္ ဘုရားသခင္သည္ သူ၏ တစ္ဦးတည္းေသာ သားေတာ္ကို ေစလြတ္ခဲ့ျခင္း ျဖစ္ပါသည္။ ရွင္ေယာဟန္ခရစ္ဝင္ ၃:၁၆ " ဘုရားသခင္၏သားေတာ္ကို ယုံၾကည္ေသာသူအေပါင္းတို႔သည္၊ ပ်က္စီးျခင္းသို႔မေရာက္၊ ထာဝရအသက္ကို ရေစျခင္းငွါ၊ ဘုရားသခင္သည္ မိမိ၌ တပါးတည္းေသာ သားေတာ္ကို စြန႔္ေတာ္မူသည္တိုင္ေအာင္ ေလာကီသားကို ခ်စ္ေတာ္မူ၏။ "

ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာကို သင္သိဖို႔ရန္ ဘုရားအလိုေတာ္ရွိသည္။ ဒီထက္မက သူ၏ ခ်စ္ျခင္းေမတၱာကို သင္ခံစားရဖို႔ရန္ အလိုေတာ္ရွိပါသည္။ ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာကို သင္ခံစားရတဲ့အခါမွာ ၎သည္ သင့္ကို ေျပာင္းလဲေစပါလိမ့္မည္။ အမုန္းတရားေတြ ၊ တယူသန္စိတ္ေတြ ၊ လူမ်ိဳးေရးခြဲျခားတဲ့ အယူအဆေတြရွိတဲ့ တစ္စုံတစ္ေယာက္ကိုပင္ ႏူးညံ့ညင္သာေသာ ၊ ၾကင္နာတတ္ေသာ ၊ ေမတၱာရွိေသာ သူတစ္ဦးအျဖစ္ ေျပာင္းလဲေစပါတယ္။ ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာသည္ သင္၏စိတ္ႏွလုံးကို ထိမိတဲ့အခါမွာ သင္၌ေျပာင္းလဲျခင္း ျဖစ္ပါမည္။
သင္၏ အသက္တာ ေျပာင္းလဲခဲ့ျခင္းမရွိဘူးဆိုလွ်င္ သင္ ဘုရားသခင္ကို မသိရွိေသာေၾကာင့္ ျဖစ္ပါတယ္။ သင့္အသက္တာထဲဝင္ေရာက္ ၿပီး ေျပာင္းလဲေပးမည့္သူ ၊ ဘုရားသခင္ေလာက္ ႀကီးျမတ္တဲ့သူ တစ္ဦးတစ္ေယာက္မွ် သင္မရရွိႏိုင္ပါ။
ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာသည္ သင့္အသက္တာထဲ ေရာက္လာတဲ့အခါမွာ သင္လူတိုင္းေပၚသို႔ တုံ႔ျပန္ေသာ အရာေတြသည္ ေျပာင္းလဲသြားပါလိမ့္မည္။ ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာကို အမွန္တကယ္ သေဘာေပါက္နားလည္ၿပီး ေတြ႕ႀကဳံခံစားရတဲ့အခါ သူတစ္ပါးကို သင္မကူညီႏိုင္သည့္တိုင္ သင္ေပးကမ္း ေမတၱာျပႏိုင္ပါတယ္။

တကယ္ေတာ့ သခင္ခရစ္ေတာ္က ေယာဟန္ ၁၃:၃၄-၃၅ တြင္ ဤကဲ့သို႔ ေဖာ္ျပထားပါတယ္။ "သင္တို႔သည္ အခ်င္းခ်င္းတေယာက္ကိုတေယာက္ ခ်စ္ၾကေလာ့။ ငါသည္သင္တို႔ကို ခ်စ္သည္နည္းတူ အခ်င္းခ်င္းခ်စ္ၾကေလာ့ဟု ပညတ္သစ္ကို ငါေပး၏။ သင္တို႔သည္ အခ်င္းခ်င္းခ်စ္ၾကလွ်င္၊ လူအေပါင္းတို႔သည္ ထိုေမတၱာကိုေထာက္၍ သင္တို႔သည္ ငါ၏တပည့္ျဖစ္သည္ကို သိၾကလိမ့္မည္ဟု မိန႔္ေတာ္မူ၏။ သို႔ေပမဲ့ ၎သည္ ကြၽႏ္ုပ္တို႔အတြက္ ဘုရား၏ ခ်စ္ျခင္းေမတၱာကေန စတင္ပါတယ္။

သမၼာက်မ္းစာတြင္ အံ့ၾသဖြယ္ ဆက္သြယ္မႈရွိတဲ့ ပုဂၢိဳလ္ကေတာ့ ေရွာလု ျဖစ္ပါတယ္။ သူသည္ ခရစ္ယာန္ေတြကို သတ္ခဲ့ေသာ ဘာသာေရးအစြန္းေရာက္တစ္ဦးျဖစ္ပါတယ္။ တစ္ေန႔မွာ ဒမာသက္ၿမိဳ႕သို႔ သြားရာလမ္းတြင္ ေကာင္းကင္ထက္က အလင္းသည္ သူ႔ပတ္လည္၌ ႐ုတ္ခနဲ ထြန္းေတာက္ၿပီး  ရွင္ျပန္ထေျမာက္ေတာ္မူေသာ သခင္ခရစ္ေတာ္ႏွင့္ ေတြ႕ဆုံခဲ့ပါတယ္။ "အဘယ္ေၾကာင့္ ငါ့ကို ညႇဥ္းဆဲသနည္း" ဟု မိမိအားေျပာေသာ စကားသံကို ၾကားလွ်င္ "ကိုယ္ေတာ္သည္ အဘယ္သူ ျဖစ္သည္ကို ေမးေလွ်ာက္၏"

တခ်ိန္က ဘာသာေရးအစြန္းေရာက္ခဲ့ဖူးေသာ သူတစ္ဦးသည္ ခ်စ္ျခင္းေမတၱာ၏ တမန္ေတာ္တစ္ဦး ျဖစ္လာခဲ့ပါတယ္။ ေရွာလုသည္ ယခုေပါလုဟု ေခၚေဝၚေသာ သူသည္ လွပေသာ ခ်စ္ျခင္းေမတၱာစကားလုံးေတြျဖင့္ ၁ေကာ အပါအဝင္ ဓမၼသစ္က်မ္းအမ်ားစုကို ေရးသားေသာ သူျဖစ္ခဲ့ပါတယ္။
ဤအရာကို ၿပီးျပည့္စုံေသာ ဘုရား၏ အခမဲ့ ခ်စ္ျခင္းေမတၱာ ၊ ထာဝရျဖစ္ေသာ ေမတၱာသည္ လုပ္ေဆာင္မႈ ျပဳပါလိမ့္မည္။ ၎သည္ အသက္တာကို ေျပာင္းလဲေစပါသည္။
သင္၌ ေျပာင္းလဲၿပီလား။
ဆင္ျခင္ရန္
-ဘုရား၏ ခ်စ္ျခင္းေမတၱာသည္ သင့္အတြက္ ထာဝရျဖစ္တယ္လို႔ သင္ေတြးျမင္တဲ့အခါမွာ ၎သည္ သင္၏ အသက္ရွင္ေနထိုင္ေသာ သင့္အသက္တာကို မညိကဲ့သို႔ သက္ေရာက္ပါသနည္း။
-ဘုရား၏ ခ်စ္ျခင္းေမတၱာကို ကြၽႏ္ုပ္တို႔ သိ႐ုံမက ခံစားရဖို႔ရန္ ဘုရားအလိုေတာ္ရွိပါတယ္။ ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာကို ေတြ႕ႀကဳံခံစားရျခင္းက အေရးႀကီးတယ္လို႔ ဘာေၾကာင့္မ်ား ေတြးျမင္ပါသနည္း။